Sunday 6 June 2010

အိမ်ပြန်ရောက်ပြီ...

ဒီနေ့ တော့ ဂျာမနီပြန်ရောက်ပါတယ်။
ရန်ကုန်မှာနေခဲ့တဲ့ ၁၃ရက်အတွင်းမှာတော့ အမေ့နားမှာပဲ
အချိန်ကုန်ခဲ့တာပါ။ အမေ့ကို ပြန်တွေ့ တော့ သူပိန်သွားတာ
တွေ့ ရတယ်။ ဒါပေမဲ့ ထင်ထားသလောက် မဆိုးပါဘူး။ တော်ပါသေးရဲ့။

ပထမ တပတ်ကတော့ လုပ်စရာလေးတွေ ရှိလို့  ဟိုနားဒီနားရောက်ဖြစ်
ပါတယ်။ တနေ့ ကို ၃_ ၄နာရီတော့ ထွက်ဖြစ်တယ်။ နောက်တပတ်တော့
အမေ့နားမှာပဲ နေဖြစ်တယ်။ အကြောင်းသိတဲ့ သူငယ်ချင်းတွေကတော့
အိမ်ရောက်လာကြလို့ တွေ့ ဖြစ်ခဲ့တယ်။ ကျေးဇူးပါ သူငယ်ချင်းတို့ ရေ...

အမေ ကတော့ ကျမပြန်လာတော့ သတိရနေမှာ။ ကျမရောပဲ။
၂ပတ်ထဲပေမဲ့ အမေ နဲ့  ကျမတို့ အတွက် အဖိုးတန်တဲ့အချိန်တွေပါ။

အစစ ကူညီကြတဲ့ သူငယ်ချင်းများအားကျေးဇူးတင်လျှက်ပါ။

9 comments:

Anonymous said...

မမရှင်လေး ပြန်ရောက်ပြီလားနော်။
ဒီတစ်ခေါက် မတွေ့လိုက်ရဘူးနော်။ နောက်တစ်ခေါက်ကျရင် တွေ့ကြမယ်နော်။
အားလုံးအဆင်ပြေတယ်ဆိုလို့ ၀မ်းသာပါတယ် မ ရေ။
ချစ်ခင်စွာဖြင့်
လုလု

PAUK said...

မရှင်လေး အမေ့ဆီပြန်တာ...
ကောင်းလိုက်တာ..
အားကျတယ်..
အမေ နေကောင်းတယ်ဆိုလို့ ဝမ်းသာပါတယိ...

စူးနွယ်လေး said...

သမီးလာလို့ အမေကအားရှိပြီး နေကောင်းသွားတာထင်တယ်... ဘာတွေယူခဲ့လဲ ပြောဦးနော်...

ဇွန်မိုးစက် said...

မရှင်လေးနဲ့ ဇွန်ပြန်တာ သိပ်မကွာဘူး။ ဇွန်လည်း ၁၀ရက်ပဲ ကြာတယ်။ အမေနဲ့တွေ့ရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

Shinlay said...

လုရေ နောက်တခါ တွေ့ မယ်လေ။ ဒီတခါတော့ အချိန် သိပ်မရလိုက်လို့ ပါ။
ပေါက် နေကောင်းလား။ သူငယ်ချင်းတယောက်က သူမင်္ဂလာ ဆောင်တုန်းက မေမြို့ မှာရိုက်ထားတဲ့ပုံတွေ့ 
လို့ ပေါက် ကျုသတိရမိသေးတယ်။
စူးနွယ်ရေ... နေကောင်းပါစေလို့ စိတ်တင်းပြီးထားခဲ့ ရတာပဲ။ ဘာမှတော့မပါခဲ့ဘူး။ ၁၆ Kg ပဲပါတယ်။
ကြက်သွန်ဖြူဥတလုံးလေးတွေတော့ထဲ့လာသေးတယ်။
ဟုတ်ပါတယ်ဇွန်...အမေ့နားမှာပဲ အချိန်ကုန်ခဲ့တာ။
ဇွန်မေမေလည်းဝမ်းသာနေမှာ။

khin oo may said...

အဆင်ပြေပါစေ.။

လသာည said...

မမရှင်လေး ပြန်ရောက်ပြီကိုး.. သတိရနေတာ။
အဆင်ပြေခဲ့တယ်ဟုတ်။
တော်သေးတာပေါ့..မေမေလည်းနေကောင်း၊ မေ့မေ့နားမှာလည်း နေခွင့်ရခဲ့ဆိုတော့...နော်။ မြန်မာပြည်ပြန်ရင်း အများကြီးအလွမ်းဖြေခဲ့ရဲ့လား..။ မုန့်ရောပိုစားခဲ့လား..။

Vista said...

ပျော်ခဲ့တယ်ပေါ့..

Moe Cho Thinn said...

အမေရှိသေးလို့ တွေ့ခွင့်ရတာပဲ ၀မ်းသာစရာပေါ့။ အများကြီး ကံကောင်းပါတယ်။