Thursday 28 October 2010

ဂျာမနီကို လာလည်ကြသူများ

၂၀၀၉ နှစ်ကုန်ပိုင်ကစပြီး ဆာဗီးယား၊ မက်စီဒိုးနား၊ မွန်တီနီဂရိုး နိုင်ငံများဟာ
ဂျာမနီနိုင်ငံကို လာလည်ဖို့ ဗီဇာမလိုတော့ပါဘူး။ အဲ့ဒီအချိန်ကစပြီး အဲ့ဒီနိုင်ငံ
များက ဂျာမနီကိုလာလည်ကြသူ တွေများလာခဲ့ပါတယ်။ သူတို့ တွေဟာ
ဘတ်စ်ကားတစ်စီးဆိုရင် ခရီးသည် ၇၀လောက်ပါကြပြီး
ကီလိုမီတာ ၁၅၀၀ ဝေးတဲ့ ဂျာမနီတောင်ပိုင်းက Bayern ဒေသကိုလာလည်
ကြပါတယ်။ လာလည်ကြသူတွေဟာ မိသားစုလိုက်လာကြတာပါ။

ဂျာမနီရောက်တော့ သူတို့ ရဲ့ နိုင်ငံမှာ အလုပ်မရှိလို့ ၊ ပိုက်ဆံမရှိလို့ ၊
တိုးတက်ရာတိုးတက်ကြောင်း မရှိလို့  စတဲ့ အကြောင်းပြချက်တွေနဲ့ 
ခိုလှုံခွင့် ( Asylum) တောင်းကြပါတယ်။
၂၀၁၀ ဇန်န၀ါရီမှာ ခိုလှုံခွင့်တောင်းခဲ့သူ ၁၀၂ ယောက်ရှိခဲ့ရာက
၂၀၁၀ စက်တင်ဘာမှာ ၁၈၀၈ ယောက်အထိရှိ လာခဲ့ပါတယ်။
အဲ့ဒီထဲကမှ ခိုလှုံခွင့် ရခဲ့သူဟာ 0,9% ပဲရှိခဲ့ပါတယ်။ ခိုလှုံခွင့် တောင်းခံသူ
၂၆၇၁ မှာ ၂၅ ယောက်ပဲခိုလှုံခွင့်ရခဲ့ပါတယ်။

Bayern ပြည်နယ်ရဲ့  ပြည်တဲရေးဌာနကပြောတာကတော့ ဒီလူတွေဟာ
ခိုလှုံခွင့် တောင်းခံထားတယ်ဆိုတဲ့စာရွက်စာတမ်းရဖို့ သာ အဓိကဖြစ်ပါတယ်
လို့ ပြောပါတယ်။ တကယ်တော့ သူတို့ ဟာ ဂျာမန်အစိုးရရဲ့  ဒုက္ခသည်ဥပဒေကို
အလွဲသုံးစားလုပ်ကြတာပါ။

ဂျာမနီမှာ ခိုလှုံခွင့်တောင်းထားသူတွေကို မိမိသဘောအတိုင်း မိမိမူလတိုင်းပြည်
ကိုပြန်မယ်ဆိုရင်လေယာဉ်၊ရထား ၊ဘတ်စကား ခရီးစာရိတ်နဲ့ ထောက်ပံ့ကြေးငွေ
( လူကြီးဆိုရင် ၂၀၀ ယူရို၊ ကလေးဆို ယူရို ၁၀၀ ) ပေးပါတယ်။ ဒါ့အပြင် မိမိတို့ 
နိုင်ငံမှာ ဘ၀သစ်ထူထောင်ဖို့  အတွက် လည်း လူကြီးဆို ယူရို ၄၀၀၊ ကလေးဆိုရင်
ယူရို ၂၀၀ ပေးပါတယ်။
ဒီတော့ အတော် အသင့် ကြီးတဲ့ မိသားစု တစ်စုဆိုရင် ယူရို ၂၅၀၀ လောက်ရပါတယ်။
အဲ့ဒီငွေနဲ့  ဆိုရင် သူတို့ နိုင်ငံမှာ တော်တော်လေးအဆင်ပြေပြေလုပ်စားလို့ ရသွားတယ်
လို့ သိရပါတယ်။
တကယ်တော့ အဲ့ဒီလူတွေအတွက် ခိုလှုံခွင့်ရရေး၊ မရရေး ကအရေးမကြီးပါဘူး။
သူတို့ ရည်ရွယ်ချက်က ခိုလှုံခွင့် လျှောက်ထားတယ်ဆိုတဲ့ စာရွက်ရဖို့ ရယ်၊
ွှဲ့ဒီစာရွက်ပြပြီး သူတို့ တိုင်းပြည်ပြန်ရင် ဂျာမနီ အစိုးရက ထောက်ပံ့ တဲ့ငွေရယ် ကို
ပဲစိတ်ဝင်စားတာပါ။

ဂျာမနီရဲ့  ခိုလှုံခွင့် ဥပဒေဟာ အလွန်ပျော့ပျောင်းပါတယ်။ ဒီတော့လူတွေက
နည်းမျိုးစုံနဲ့  ကြိုးစားကြပါတယ်။ နည်းမျိုးစုံနဲ့ လိမ်လည်ကြတယ်။ ဂျာမနီကလည်း
ဝင်လာတဲ့ ဒုက္ခသည်တွေကို တော်တော်လေးထောက်ပံ့ပါတယ်။ အခွန်ပေးနေရတဲ့
သူတွေကတော့ သိပ်မကျေနပ်ကျဘူးပေါ့။ဒါကြောင့်မို့ လည်း နိုင်ငံခြားသားမြင်ရင်
ငါတို့ ထောက်ပံ့တာစားနေတဲ့ ဒုက္ခသည်လားလို့ ထင် ကြတယ်။ နောက်မှ ဂျာမနီမှာ
ခိုလှုံခွင့်တောင်းသူများ အကြောင်း ရေးပါအုံးမယ်။

Focus Magazin, Nr.43, 25.10.2010, Urlaub,supergünstig ဆိုတဲ့ ဆောင်းပါး
ကိုဖတ်ပြီး သဘောကျလို့ ရေးလိုက်တာပါ။

13 comments:

Sunny said...

ဂျာမနီက အကြောင်းတွေ ၊ ဂျာမန်တွေအကြောင်းတွေ များများရေးပါဦးအစ်မ.. အနော်က Berlin ကပါ.. ဒီရောက်တာ ကြာပေမယ့် သူတို့အကြောင်းတွေ သိပ်မသိဘူးရယ်.. အစ်မဘလော့ကိုတော့ ခဏ ခဏ လာလည်ဖြစ်ပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျာမဏီအကြောင်း ဗဟုသုတတစ်ခု တိုးသွားရပါပြီ ကျေးဇူးပါ မရှင်လေး
နောက်ကိုလဲ လာဖတ်ပါမယ်။
ဟင်းချက်စရာတွေလည်း စိတ်ဝင်စားတယ်လေ..

ညီလင်းသစ် said...

ဂျာမနီရဲ့ ခိုလှုံခွင့်ဥပဒေက ပျော့ပျောင်းတယ်ဆိုလို့ ပြီးခဲ့ တဲ့ လအနည်းငယ်တုန်းက ဂရိမှာ ငွေကြေး အကြပ်အတည်းဖြစ်တုန်းက ကိစ္စလေး သတိရမိတယ်၊

ဂရိကို ဒီအကြပ်အတည်းက လွတ်မြောက်စေဖို့ ဘယ်သူ ကငွေချေးမလဲလို့ ဆွေးနွေးကြတော့ နောက်ဆုံးမှာ Angela Merkel ကပဲ သဘောတူလိုက်တယ်၊ ဒီကိစ္စကို ဂျာမန်တွေ ဘယ်လိုသဘောရသလဲလို့ စစ်တမ်း ကောက်တော့ အများစုက ဥရောပမှာ တခုခုဖြစ်ရင် ငါတို့ ခေါင်းပေါ်ပဲ ရောက်ရောက်လာကြတယ်၊ ငါတို့ လည်းချမ်းသာကြတာ မဟုတ်ဘူး၊ အင်းလေ...ငါတို့ဆီ ကဥပဒေတွေက ပျော့ပျောင်းတော့ လူတွေက ငါတို့ကိုပဲ နောက်ဆုံးတော့ မျက်စောင်းထိုးကြတာပါပဲ-လို့ ပြော ကြတာ မှတ်မိသေးတယ်၊ လက်တွေ့မှာတော့ တကယ်ပဲ ငွေချေးဖြစ်လား မသိလိုက်ဘူး။

Anonymous said...

အမရှင်းလေးရေ....ကျေးဇူးပါပဲ
ဗဟုသုတရတယ်

မြတ်နိုး

ဇွန်မိုးစက် said...

Thanks for sharing, ama Shin Lay. I'm looking forward to read some more about Germany's Asylum Law and Policies.

Have a good day ahead! :)

Anonymous said...

ဟိုတလောက ပြင်သစ်က ဆီဂွိုင်းနားတွေကို လူကြီး ၃၀၀၊ ကလေး ၁၀၀ ယူပြီးရိုမဲနီးယန်းနဲ့ ဘူလ်ဂါးရီးယန်းကို ပြန်ကြသလိုပေါ့နော်။ ပိုက်ဆံယူပြီး
လူ ၇၀၀ လောက်ပြန်ကြမယ်လို့ကြားခဲ့ရတယ်။
သူတို့တွေပြန်လာကြဦးမှာထင်တယ်။ ဒါကြောင့်လည်း ဂျာမန်တွေက အစိုးရက ဘာလုပ်လုပ် ဘာပေးပေး ငါတို့ငွေနဲ့ပေးတာ၊ ငါတို့ကပဲ နောက်ဆုံးတော့ငွေထွက်တာ ဆိုပြီးခံစားချက်ရှိကြတာ။ အေအူ လုပ်လိုက်တာလည်း တိုးတက်တဲ့နိုင်ငံတွေအတွက် နာသွားတာပေါ့။ ဒါကြောင့် သူတို့တွေက နိုင်ငံခြားသားဆို သိပ်ကြည့်မရကြတာနေမှာ။

စူးနွယ်လေး

မီးမီး said...

ခိုလူံခွင့်တောင်းပြီးလာရောက်နေထိုင်ကြတဲ့လူတွေကလည်း
အလုပ်လည်းလုပ်ကြဘူးလားမသိဘူးနော်
စည်းကမ်းလည်းမရှိကြဘူးနော်.
တောင်းစားကြတာအများကြီးဘဲ.
ကိုယ်နေခဲ့တဲ့နေရာလေးကBayernဒေသလေ.
ဆောင်းတွင်းနှင်းခဲတွေကြားထဲမှာ.
ဒူးထောက်ပြီးတောင်းနေကြတာ.သနားစရာကောင်းသလို. စိတ်ပျက်စရာလည်းကောင်းတယ်.
အမိုက်ပုံးတွေလိုက်ဖွလို့ရဲနဲ့စကားပြောဆိုနေတာတွေ့ဖူးတယ်.

Thet Oo said...

လာရောက်အားပေးဖတ်ရှုပါတယ်။ ဗဟုသုတရစရာလေးတွေ ရေးပေးတာ အလွန်ကောင်းပါတယ်။

ကောင်းမွန်ဝင်း said...

ရှင်လေးရေ။
မင်္ဂလာပါ။
အဲလိုမျိုးတွေလည်းရှိတာပဲလား။
ဒီလိုရေးပေးမှပဲ သိရတော့တယ်။
မျှဝေတာကျေးဇူးနော်။

Unknown said...

မရှင်လေး..

ဂျာမဏီကအကြောင်းတွေ တော်တော်ဗဟုသုတရသွားပါတယ်။ ကျေးဇူးတင်ပါတယ်နော်။
နောက်လည်း အဲလိုမျိုး ရေးပါဦး..။ ခိုလှုံခွင့်တောင်းသူများအကြောင်းလေ...

Kyaw Hnin Se Lwin said...

မရေ
ဂျာမနီအကြောင်းတွေကသိပ်သိတာမဟုတ်တော့ အမျိုးမျိုးသိရတယ်။
ဗဟုသုတလည်းရတယ်။
ဒါဆိုညီမလည်း ဂျာမနီခဏအလည်လာပြီး မုန့်ဖိုးလာတောင်းမလားလို့ :D
နောက်တာပါ မရယ်

Anonymous said...

မရှင်လေး
အဲ.လို ကိုယ်ရေးကိုယ်တာအကြောင်းမပါတဲ.၊ ကိုယ်နေနေတဲ.တိုင်းပြည်အကြောင်း၊ လူမျိုးအကြောင်း၊ တခြားတို.တိတို.တိမျိုးလေးတွေကိုဖတ်ရတာ သိပ်စိတ်ဝင်စားပါတယ်။
ကျမက တခြားမြန်မာဘလော.ဂ်တွေလဲတော်တော်များများလိုက်ဖတ်ကြည်.ပါတယ်၊ များသောအားဖြင်.ကတော. ကိုယ်ရေးကိုယ်တာ ၊ကိုယ်.အကြောင်းတွေချည်းများနေလို.၊ တော်တော်ရွေးဖတ်ရပါတယ်။
အခုလိုမရှင်လေးရေးတဲ.ဂျာမဏီအကြောင်းအရာမျိုးဆို စိတ်ဝင်စားဖို.လဲကောင်း၊ ဗဟုသုတလဲရစေပါတယ်။
ကျေးဇူးတင်ပါတယ်။ နောက်ကိုလဲဒီလိုပို.စ်မျိုးလေးကို မျှော်လင်.လျှက်ပါ။

Moe Cho Thinn said...

စိတ်ဝင်စားပါတယ် ပြောပြပါအုံး။ ဂျာမဏီ ရောက်တုန်းက မြို့ခံတွေ နိုင်ငံခြားသားတွေအပေါ်မှာ ပြုံးပြုံးရွှင်ရွှင် မရှိတာ သတိထားမိပါတယ်။

လည်ဖူးတဲ့ ဥရောပ နိုင်ငံတွေထဲမှာတော့ ဂျာမဏီက ဂျာမန်တွေရဲ့ ဆက်ဆံရေးက အအေးစက်ဆုံးလို့ ခံစား မိခဲ့တယ်။

ဂျာမဏီကနေ အိမ်ကလူဆီ ပို့စကဒ် ပို့တော့တောင် “အသည်းနှလုံးအေးစက်တဲ့ မြို့မှ ပူနွေးတဲ့ အချစ်စာ” လို့ ရေးပို့ခဲ့တယ်။