(Christmas cookies) လေးတွေ လုပ်ဖြစ်တယ်။ အဲ့ဒီ cookies လေး
တွေကို အရင်က ခရစ္စမတ်စ် မတိုင်ခင် ၄ပတ်လောက် အလိုမှာ လုပ်လေ့ရှိကြတယ်။
အခုတော့ နိုဝင်ဘာလ လောက်ထဲက ရောင်းနေကြတာတွေ့ ရတယ်။
တချို့ ကလည်းစောပြီးလုပ်ထားကြတယ်။
ကျမလည်း အရင်က ခရစ္စမတ်စ် ပွဲ အတွက်လာမှပြင်ဆင်လေ့မရှိပါဘူး။
မနှစ်က မှ စပြီး (Christmas cookies)တို့ ၊ Adventskranz
(Advent Wreath) တို့ စလုပ်ဖြစ်တာ။







အိမ်နီးနားချင်း ကလည်း Advent အတွက်
မီးလုံးလေးတွေ ဆင်နေတယ်။
(သူမသိအောင်လှမ်းရိုက်ထားလို့ သိပ်မမြင်ရဘူး။)
11 comments:
မမတိတ်ခဲလေးရေ...
ရုံလေးမုန့် လာစားတယ်ရှင့်
မုန့်လေးတွေက ချစ်စရာလေးတွေ။ မုန့်လုပ်နည်းလေးတင်လို့ရမလားအစ်မ။
သိပ်သိပ်တော်
အိမ်နီးရင်လာတောင်းစားမှာ
မမရှင်လေးရေ
မုန့်လုပ်နည်းလေးတွေ တင်ပေးဦးနော်။
အဲ့ဒီလို မုန့်လုပ်နည်းတွေ ကောင်းကောင်း မတတ်သေးဘူးနော်။
မနှင်းဆီပြောသလိုပဲ အိမ်နီးရင် လာတောင်းစားဦးမှာ :P
မုံ့တောင်းစားချင်တဲ့ စာရင်းမှာ
ဒို့နံမည်ပါ ထဲ့လိုက်ဝေ့းး))
လုပ်ထားတာ စုံနေတာပဲ
အဖြူလေးက ဘာလဲ.. Kokosmakrone လား..ကြိုက်တယ်။
မုန့်လုပ်ရတာ ၀ါသနာပါတယ်၊ ဒါပေမယ့် မလုပ်ဖြစ်သေးပါဘူး။
ကွတ်ကီးကြိုက်တယ် အမ။
ရုံလေး၊ Evy, Vista, Rose, မလု ၊မမိုး၊ စူးနွယ်၊
နဲ့  အပြုံးပန်း...သူငယ်ချင်းတို့ လာလည်တာကျေးဇူး
တင်ပါတယ်။ အိမ်နီးရင်တော့ သိပ်ကောင်းမှာ
တယောက်ထဲ မုန့် လုပ်ရတာ စိတ်မရှည်ဘူး။
:(
တယောက်ထဲစားရတာလည်းပျင်းခြောက်ခြောက်နဲ့ ။
မုန်ဖုတ်နည်း တင်ပေးမယ်နော်။ ခဏလေး...
မရှင်းလေးရေ.. Cookies တွေ လာမြည်းသွားတယ်ဗျို့ ။
yu ya
Post a Comment