Wednesday 15 December 2010

ကြောက်စိတ်

တနေ့ က အလုပ်နဲ့ ပတ်သက်ပြီးဆေးစစ်ရပါတယ်။ ကျမအလုပ်က လူနာတွေနဲ့ 
အမြဲထိတွေ့ နေရတာဆိုတော့ ကူးစက်ရောဂါ ကူစက်မှု ရှိမရှိ သွေးစစ်ရပါတယ်။
ကာကွယ် ဆေးထပ်ထိုးဖို့ လိုမလို သွေးစစ်ရပါတယ်။

အလုပ်လုပ်နေရင်တော့သူများဆီက ရောဂါကူးစက်မှာကို မေ့မေ့လျှော့လျှော့
ရှိနေတတ်ပြီး။ တကယ်ဆေးစစ်တော့မှ ဘာများတွေ့ မလဲ။ ရောဂါတခုခုများ
ဖြစ်နေမလား စတဲ့ ကြောက်စိတ်အတွေးတွေဝင်လာပါတယ်။ ကျမကိုကူးစက်
တာထက် ကျမကနေ ကျမယောက်ျား၊ကျမနဲ့ တွေ့ ထိနေသူတွေများ ကူးစက်
ကုန်မလားလို့ စိတ်ပူမိရသေးတယ်။အိမ်မှာကတယောက်ထဲရှိနေချိန်၊ ဖွင့်ပြောဖို့ 
သူကလည်းမရှိ။ အတွေးတွေက ဟိုရောက်ဒီရောက်။ နေရထိုင်ရတာကမပျော်
၂ရက်လောက် ရင်တထိတ်ထိတ်နဲ့ ပါ။

ဒီနေ့ မနက် အဖြေတွေရတော့မှ... သက်ပြင်းချနိုင်ပါတော့တယ်။

ဒီမှာက အလုပ် အမျိုးအစားပေါ် မူတည်ပြီး ၂ နှစ်၊၃ နှစ်ခြားတစ်ခါ စစ်ရပါတယ်။
စစ်တဲ့အခါမှာ ဆေးခန်းတိုင်းမှာစစ်လို့ မရပါဘူး။
occupational medicine ဆရာဝန်တွေဆီမှာပဲစစ်ဆေးရပါတယ်။
မိမိက ဆေးစစ်ချင်တယ်ဆိုရင် မိမိရဲ့ အလုပ်ရှင်ကိုပြောရပါတယ်။ သူကခွင့်ပြုရင်
သွားစစ်လို့ ရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အလုပ်နဲ့ ပတ်သက်တဲ့ ဆေးစစ်မှု
ဖြစ်လို့ အလုပ်ရှင်က ပိုက်ဆံပေးရမှာဖြစ်လို့ ပါ။ ဆေးစစ်ချက်နဲ့ ဘာတွေစစ်ဆေး
ခဲ့တယ်ဆိုတာတော့ အလုပ်ရှင်မသိရပါဘူး။

3 comments:

Sunny said...

အင်း ဟုတ်တယ်နော်.. ဆန်းနီလည်း အတူတူပဲ.. ဆေးစစ်ထားရင် အဲလိုပဲ လူက စိတ်ပူနေရော.. လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပဲ ဒီမှာ တစ်ခါစစ်ဘူးတယ်.. အခု ထပ်စစ်မလို့ဟာ ကြောက်နေတာနဲ့ မစစ်ဖြစ်ဘူး..

လသာည said...

မရှင်လေး ဆေးအဖြေ မြန်မြန်သိရတော့ စိတ်အေးရတာပေါ့နော်။ ညီမလည်း ဆေးစစ်တိုင်း အလကားနေကို စိတ်ပူတယ်။ ဟိုတလောက ကျောင်းစာပိနေတော့ stress တွေများပြီး လူက ကျန်းမာရေး သိပ်မကောင်းသလို ဖြစ်နေချိန် ကျောင်းသားအားလုံး ဆေးစစ်ရာသီ (တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ်စစ်ရတာ)ဆိုတော့ စစ်လိုက်ရသေးတယ်။ စိတ်ပူတာနဲ့.. resultတောင် အခုထိ သွားမယူရသေးဘူး။

အဲလိုဆေးစစ်ရတာ ကောင်းတယ်နော်။ ကိုယ့်ကျန်းမာရေးကို ပိုဂရုထားမိသွားတာဆိုတော့လေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ချမ်းသာတဲ့ အဖြေကို ထွက်ပါစေ
ကျန်းမာရေးဂရုစိုက်သူဆိုတော့ သိပ်စိတ်ပူစရာရှိမယ်မထင်ပါဘူး
ပျော်ရွှင်ပါစေနော်