Saturday 18 December 2010

အဖေါ်မဲ့ချိန်

ဒီနေ့ ဆို အိမ်မှာတယောက်ထဲဖြစ်နေတာ ၃ ပတ်ရှိပါပြီ။ Thomas က ဗုဒ္ဓဂါယာ
က တိပိဋက ရွတ်ပွဲကိုသွားပါတယ်။ ဟိုမှာတစ်လကြာမှာဆိုတော့ တစ်ပတ်တော့
တယောက်ထဲဖြစ်နေအုံးမှာပါ။
သူမသွားခင်ကတော့ တယောက်ထဲရှိနေချိန်မှာ အေးအေးဆေးဆေးနေလို့ ရတယ်။
ကျမစားချင်တာတွေချက်စားမယ် စသဖြင့်အားတတ်သရော အတွေးတွေနဲ့ ပါ။
တကယ်တမ်းကြတော့ ပထမတစ်ပတ်လောက်တော့ ဟုတ်နေရော။

လုပ်စရာရှိတာကို လုပ်ချင်တဲ့အချိန်ထလုပ်လိုက်၊ နားထောင်ချင်တဲ့မြန်မာ
သီချင်းတွေနားထောင်လိုက် ( ကျမက ကိုသန်းနိုင်တို့ ၊ သန်းဖေလေးတို့ ၊
ကိုတင်ထွဋ်တို့ ကို ကြိုက်ပါတယ်။ Thomas အတွက်က ပျင်းစရာကောင်းနေပါတယ်။)
အချိန်တွေက ခဏလေးကုန်သလိုပါပဲ။
စားချင်တဲ့ ၀က်နားရွက်သုပ်၊ ၀က်ခြေတောက်စွပ်ပြုပ်၊ ဘဲပေါင်း၊ ငါးခြောက်ဟင်း
စတဲ့ သူမကြိုက်ပဲ ကျမကြိုက်တဲ့ဟင်းတွေ ချက်စားဖြစ်ပါတယ်။

အပြင်သွားဖို့ ကြတော့လည်း ရာသီဥတုက အေးလွန်းတော့ အပြင်ကို တော်ရုံနဲ့ 
မသွားဖြစ်ခဲ့ပါဘူး။ ဒါတောင် သူငယ်ချင်းတွေနဲ့  ခရစ္စမတ်ပွဲသွားလိုက်တယ်။
အင်ဒိုနီးရှားကသူငယ်ချင်းတွေရဲ့ ပွဲလည်း ရောက်လိုက်သေးတယ်။
စနေနေ့ ဆို မြို့ ထဲလည်းပတ်လိုက်ပါသေးတယ်။

အဲ ၃ပတ်လောက်ရောက်လာတော့ တယောက်ထဲနေရတာနဲနဲသိသာလာပါတယ်။
အထူးသဖြင့် တနင်္ဂနွေလိုနေ့ မျိုးမှာပါ။ အပြင်မှာ ဘယ်မှလည်းသွားစရာမရှိ၊ အလုပ်လည်း
မသွားရတော့ တယောက်ထဲနေချိန်တွေမှာ အဖေါ်ကိုသတိရလာမိတယ်။

သူကလည်း ဗုဒ္ဓဂါယာမှာ ဘုရားဖူးလိုက်၊ တရားထိုင်လိုက်၊ ဘုန်းကြီးကျောင်း
ဝေယျာဝစ္စ လုပ်လိုက်နဲ့ အဆင်ပြေနေတယ်လို့ ကြားရလို့  စိတ်မပူရပါဘူး။
မနှစ်ကသိခဲ့တဲ့ အစ်မကစာရေးလာပါတယ်။
ဦးသောမတ်စ်ကတော့-- he's having a very very nice time with U Kosalla,
Monks... Myanmar Chefs in the kitchen, some Kalar(s) and Kalama(s).

စိတ်မပူပါနဲ့ နေ့တိုင်းပြုံးလို့ရွှင်လို့ပါဘဲ
ကျွန်တော်အလုပ်လုပ်ချင်တယ်-ပြောပါ-
လို့ဆိုတယ်လေ-

ဒါနဲ့တို့က ငရုတ်ဆုံ နဲ့  ကြည်ပွေ့ ကိုပြပြီး ရွှေအိက ဒီလိုထောင်းတာ
ကြိုက်တယ်လို့ပြောတော့ကျွန်တော်လည်းလုပ်ကြည့်မယ်တဲ့
ရယ်ရတယ်-
သူ အဆင်ပြေတယ်ကြားသိရလို့ ဝမ်းသာရပါတယ်။ စာရေးပြီးသတင်းပါးတဲ့
မမ ကိုလည်းကျေးဇူးတင်ပါတယ်။ တနေ့ ကတော့ ဖုန်းဆက်လာပါတယ်။
ငရုပ်သီးထောင်းရင်းမျက်စိထဲဝင်သွားလို့  သူ့ မှာ လဲကျတောင်သွားဆိုပဲ။
လူတွေက ဘယ်လက်မျက်စိထဲသင်ရင် ညာဘက်ခြေ ကိုရေလောင်းရတယ်
ဆိုပြီးလုပ်ပေးတယ်တဲ့။ သူ့ ရဲ့ အတွေ့ အကြုံတွေကိုပြောပြရှာတယ်။

တိပိဋက ရွတ်ပွဲကို မြန်မာပုဆိုးနဲ့ ၊ဘုန်းကြီးပေးတဲ့ မြန်မာခေါင်းပေါင်းအ၀ါနုရောင်
်နဲ့ သွားတယ်လို့ လည်းသတင်းကြားရပါတယ်။ ကျမကိုယ်တိုင်တော့ ဓါတ်ပုံမမြင်
ရသေးပါဘူး။လှနေတော့မှာပဲ။
ဟိုမှာတွေ့ တဲ့ အိန္ဒိယလူမျိုးတွေကို သူက မြန်မာလို့ ပြောထားတယ်တဲ့။
ဘာပဲဖြစ်ဖြစ်သူပျော်နေတယ်ဆိုတာသိရလို့ လည်းဝမ်းသာရပါတယ်။

ကျမမှာလည်း သူငယ်ချင်းတွေ၊ Blog ထဲကသူငယ်ချင်းတွေနဲ့ စကားပြောလိုက်၊
Post အသစ်တွေတင်ရင်ဖတ်လိုက်နဲ့ အချိန်ကုန်မှန်း မသိလိုက်ပါဘူး။

ဒီမှာ ၂၄.၁၂.၁၀ နေ့ က Heiligabend (Christmas Eve) မိတ်ဆွေတွေက ကျမ
တယောက်ထဲ ဖြစ်နေမလား။ ဘာလုပ်နေမှာလဲလို့ စိတ်မကောင်းစွာမေးကြပါတယ်။
ဂျာမနီမှာ အဲ့ ဒီနေ့ က ခရစ္စမတ်ပွဲရဲ့ အဓိကနေ့ ပါ။ မိသားစုတွေအားလုံးဆုံကြတဲ့
နေ့ ပေါ့။ ကျမကတော့ ကျမတို့ ဓလေ့လည်းမဟုတ်တော့ သာမန်ရက်တရက်
လိုပါပဲ။ အဲ့ဒီနေ့ တော့ ဟင်းကောင်းကောင်းချက်စားလိုက်မှာပေါ့။

တယောက်ထဲရှိနေချိန်မှာ စာရေး၊ Chatting လုပ်၊ gtalk ပြောကြတဲ့ သူငယ်ချင်များ
ကို အထူးကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေကြောင့်အနားမှာအဖေါ် မရှိပေမဲ့ 
ကျမတယောက်ထဲအထီးကျန်ဆန်မနေပါဘူး။
တဘက်ကလည်း အဖေါ်ရဲ့  တန်ဖိုးကိုနားလည်လာပါတယ်။
ဪ... အသက်ကြီးလာတော့ ဘ၀ အဖေါ်ရဲ့ တန်ဖိုးကိုပိုသိလာတာနဲ့ တူပါတယ်။

6 comments:

Sunny said...

မမရှင်းလေး.. ဦးသောမတ်စ်ကို လွမ်းနေပြီပေါ့.. Berlin လာလည်ပါလား..

Moe Cho Thinn said...

အမှန်ပဲ။ အသက်ကြီးလေ တယောက်နဲ့ တယောက် ပို နားလည်လေ ဖြူဖြူစင်စင် တွယ်တာလေပဲ။ မပူလောင်လို့ နေလို့ထိုင်လို့ ပိုကောင်းသလို တခါတလေ ခံစားမိတယ်။

မယ့်ကိုး said...

စာလေးက ကြည်နူးစရာအရမ်းကောင်းတာပဲ။ မမမိုးချိုသင်းမှတ်ချက်လေးရော ..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

မရှင်လေး
ပျင်းနေရင် လာလည်မယ်နော်..
ထမင်းဟင်း ကောင်းကောင်း ချက်စားကြမယ်လေ..
ဟိ စိတ်ကူးနဲ့ ပြောတာပါ
လာချင်ပါတယ်.. တကယ်တော့ မဖြစ်နိုင်ပါ။

Shinlay said...

Sunny ဘာလင်ကပိုအေးတယ်။နွေဦးလောက်တော့ရောက်မှာပါ။
လာလည်မယ်နော်။
မချိုသင်း ပြောတာသိပ်မှန်ပါတယ်။ မပူလောင်လို့ နေလို့ထိုင်လို့ ပိုကောင်း တယ်ဆိုတာပါ။
Sunny ၊မချိုသင်း၊မယ်ကိုးနဲ့  ချော ကျေးဇူတင်ပါတယ်။
ချောရေ စိတ်ကူးတွေဟာ တနေ့ တကယ်ဖြစ်လာ နိုင်ပါတယ်။ တွေ့ ကြတာပေါ့။

Anonymous said...

မမရေ...

နောက်ဆုံးစာကြောင်းလေးက အရမ်းထိရှပါတယ်..
ဟုတ်တယ်နော်.. အဖေါ်က စိတ်ခွန်အားအတွက် အရမ်းအရေးပါတယ်။ နာမည်တွေက အမျိုးမျိုး .... တိုင်ပင်ဖေါ်၊ တိုးတိုးဖေါ်၊ အားပေးဖေါ်၊ လက်တွဲဖေါ်၊ အဖေါ်မွန်တဲ့ ...။

ဦးသောမတ်စ်ကြီးက သိပ်မြန်မာမှုချစ်တာဘဲနော် ... မမရှင်လေး ကုသိုလ်ကောင်းတာပါဘဲ..။ တကူးတက ညှိမနေရတော့ဘူး။

ကြိုပြီး နှုတ်ဆက်လိုက်ပါတယ်... Merry X'mas and Happy New Year!

မိုးစက်ပွင့်