Friday 31 December 2010

Raclette နဲ့ ၂၀၁၁ ဆီသို့ 

ဒီအချိန်မှာ ကမ္ဘာ့အရှေ့ပိုင်းမှာရှိတဲ့နိုင်ငံ တချို့ မှာ နှစ်သစ်ကိုကြိုဆိုခဲ့ပြီဖြစ်ပေမဲ့
ကျမတို့ က ၄ နာရီလောက်စောင့်ရအုံးမယ်။ နှစ်သစ်ကူးအကြိုနေ့  Silvester
(New Year's Eve) နေ့ ကို ရောက်ရင် ငယ်ငယ်က မောင်နှမတွေစုပြီး
ပွဲလုပ်ကြတာကို လွမ်းမိပါတယ်။ အဲ့ဒီတုန်းကတော့ ကြေးအိုး၊ကော်ပြန့် စိမ်း၊
ကြာဇံကြော်တွေလုပ်စားလေ့ရှိတယ်။


ဒီမှာတော့ ကျမတို့ အိမ်မှာ Silvester ဆိုရင် Raclette လုပ်လေ့ရှိပါတယ်။
Raclette အကြောင်းတော့ဒီနေရာမှာ ဖတ်ကြည့်ရင်ပိုသိနိုင်ပါတယ်။
တကယ်တော့ Thomas ရဲ့ အကြိုက်ပါ။ ကျမက ချိစ်နဲ့ မတည့်ပေမဲ့ ဒီနေ့ တော့
သူနဲ့အတူ လိုက်စားပေးပါတယ်။
လိုအပ်တာတွေကတော့ Raclette လုပ်စားတဲ့ ချိစ်၊ အာလူးပြုပ်၊ အသားပြား၊
စသဖြင့်မိမိစိတ်ကူးရသလို ထည့်စားလို့ ရပါတယ်။


Schinken (Ham) အတုံးလေးတွေပါ။

အသားပြားလေးတွေနဲ့  သခွားသီးချဉ်၊ ကညွှတ်၊ မှို၊ အာလူးပြုပ်

Raclette ချိစ်ပြားတွေပါ။


ကင်တဲ့ခွက်ထဲကြိုက်တာတွေထဲ့ပြီးကင်စားရုံပါပဲ။

ကျက်ရင်ပန်းကန်ထဲ့ သွန်ချပြီး စားရုံပါပဲ။
လွယ်လွယ်နဲ့  စားလို့ လည်းကောင်း၊ အချိန် ကြာကြာလည်း စားလို့ ရတော့
ဒီနေ့ လို နေ့ မျိုးမှာ လုပ်စားရတာ ကောင်းပါတယ်။

မကြာခင် နှစ်သစ်ကိုရောက်တော့မှာဆိုတော့ သူငယ်ချင်းများအားလုံးကို
နှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေ... လို့ 
ဆုတောင်းပေးပါတယ်။
Shinlay and Thomas



14 comments:

Anonymous said...

ဦးသောမတ်စ်နဲ့မရှင်လေး
မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ။


Baby taster

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy New Year မရှင်လေး
နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ပါစေနော်...
ဦးသောမတ်လည်း ပျော်ရွှင်ပါစေ..

အဖြူရောင်နတ်သမီး said...

HAPPY NEW YEAR...ပါ မရှင်လေးရေ....

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

ငွေစန္ဒာ said...

ဦးသောမတ်စ်နဲ့မရှင်လေးရေ.....
ပျော်ရွှင်ချမ်းမြေ့ဖွယ်နှစ်သစ်ဖြစ်ပါစေနော်
မရေ ကင်ထားတာလေးကစားချင်စရာလေး

Anonymous said...

U Thomas and Ma Shin Lay,
Be healthy and peaceful in 2011.

Sunny said...

မမရှင်လေးနဲ့ ဦးသောမတ်စ်.. နှစ်သစ်မှာ စိတ်ကော လူကော ရွှင်လန်းချမ်းမြေ့ပါစေ..
ဒါနဲ့ TV မှာ မြင်လိုက်လားဟင်.. :)

ဇွန်မိုးစက် said...

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ် ၂၀၁၁ ဖြစ်ပါစေ အမရှင်လေးနဲ့ ဦးသောမတ်စ်။း)

Shinlay said...

လာလည်ကြတဲ့ သူငယ်ချင်းတို့ ကို ကျေးဇူးတင်ပါတယ်။

ညီလင်းသစ် said...

နှစ်သစ်ကူးညမှာ Raclette စားတာချင်းတော့ လာတူ နေပြီ....၊ ကျနော်တို့ဆီမှာလည်း Raclette သို့မဟုတ် Fondue တစ်ခုခု စားဖြစ်တာများတယ်၊

ပျော်ရွှင်ဖွယ်ရာ ၂၀၁၁ ဖြစ်ပါစေဗျာ....။

Swant said...

MaMa Shin Lay and U Thomas,

May 2011 bring you happiness, good health and wealth !!

Love,
swe thant

Anonymous said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ..


ပေါက်

Anonymous said...

Tonight family dinner was Raclette.Happy 2011 shinlay n Herr Thomas....
Gyidaw

ဆောင်း said...

မစားဖူးဘူး ကျေးဇူး