Friday, 25 February 2011

Thanks Evy....


တနေ့ က EVY ရဲ့  ဘလော့မှာ တွေ့ လိုက်ရတဲ့  တို့ ဖူးအချိုပွဲလုပ်နည်းလေးပါ။
တခါကရန်ကုန်က သူငယ်ချင်းမယုရဲ့ ကောင်းမှုကြောင့် တရုပ်တန်းမှာ
စားဖူးခဲ့ပါတယ်။ ဘယ်လိုခေါ်မှန်းလည်းမသိခဲ့ရဘူး။
EVY ရေးလိုက်တော့ စားဖူးခဲ့တာလေးကိုသတိပြန်ရသွားတယ်။
အဲ့ဒီတုန်းက စားလို့ ကောင်းတယ်ဆိုတာအမှတ်ရသွားတယ်။
ဒါနဲ့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
နောက်တခုကတော့ Tofu Day လုပ်ချင်နေတဲ့စိတ်ကူးလည်းရှိတော့
အချိုပွဲ အတွက်ပိုအဆင်ပြေသွားပါတယ်။
မနေ့ ကတော့စမ်းလုပ်ကြည့်ပါတယ်။ လုပ်နည်းကတော့ EVY ရဲ့ 
http://evy-foodlover.blogspot.com မှာရှိပါတဲ့
တို့ ဖူးအချိုပွဲလုပ်နည်းလေးပါ။
ကျမကတော့ကြိုက်ပါတယ်။ ၂ယောက်စာစမ်းလုပ်ကြည့်ပါတယ်။
ကိုသောမတ်စ်ကတော့ မကြိုက်ဘူးလို့ ပြောတာနဲ့  ကျမပဲ တ၀ကြီး
စားလိုက် ပါတယ်။ ဒီနေ့ တောင်ထပ်လုပ်ထားပါသေးတယ်။
သူငယ်ချင်းတို့ လမ်းကြုံရင်ဝင်လာခဲ့ပါနော်။ အတူတူစားကြတာပေါ့။

Tuesday, 22 February 2011

Das Herzenhören(နှလုံးသားကိုနားထောင်ကြည့်ခြင်း)

အခုတလောမအားတဲ့ကြားကပဲ jan-philipp sendker ရေးတဲ့ Das Herzenhören
ဆိုတဲ့ စာအုပ်လေးကိုဖတ်ဖြစ်ပါတယ်။ ဒီဇင်ဘာလက မြန်မာပြည်ကိုသွားလည်တဲ့
ဂျာမန် မိတ်ဆွေဇနီးမောင်နှံ က ကျမတို ဖတ်ဖို့ လက်ဆောင်ပေးတာပါ။
တယောက်၊တလှည့်ဖတ်ပြကြဖို့ လည်းမှာလိုက်ပါသေးတယ်။

Das Herzenhören ကို နှလုံးသားကိုနားထောင်ကြည့်ခြင်းလို့ ပဲကျမဘာသာပြန်
လိုက်ပါတယ်။ စာရေးသူက ၁၉၉၅ ကနေ ၁၉၉၉ အထိ "Stern"ဂျာနယ်ရဲ့ 
Asian correspondent အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

ဒီစာအုပ်လေးရဲ့  စွဲဆောင်မှုကတော့ မြန်မာနိုင်ငံ ကလောမြို့ လေးကို အခြေပြု
ထားလို့ ပါပဲ။ အချစ်ဝတ္ထုတွေဖတ်လေ့မရှိတဲ့ ကိုသောမတ်စ်တောင် ဒီစာအုပ်လေး
ကို ဆုံးတဲ့အထိဖတ်ပြီး ကောင်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ကျမကတော့ ၂ရက်ဆက်တိုက် ဖတ်လိုက်ပါတယ်။ စာရေးသူရဲ့ တင်ပြပုံက
ကောင်းတော့ လက်က မချချင်အောင်ပါပဲ။ ဇာတ်လမ်းထဲကို မျောပါလိုက်တာ
ကျမကိုယ်တိုင် မြန်မာပြည်ပြန်ရောက်သွားသလို၊ ဇာတ်ကောင်တွေအနားရောက်
သွားသလိုပါပဲ။ ဇာတ်လမ်းပြီးတော့ ရင်ထဲမှာစွဲပြီးခံစားကျန်ရစ်ခဲ့ပါတယ်။

သိပ်ချစ်ကြတဲ့ မျက်မမြင်ကောင်လေး တင်ဝင်း နဲ့ ခြေထောက်မသန်တဲ့ ကောင်မလေး
မိမိ တို့ ရဲ့ အချစ်ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအစကတော့ အမေရိကာ က ဂျူလီယာဝင်းတယောက် သူမ ဖခင်
( ဦး)တင်ဝင်း ထိုင်းနိုင်ငံမှာ ပျောက်သွားရာက စပါတယ်။
ဂျူလီယာရဲ့ အမေဟာ တင်ဝင်းရဲ့ ဘ၀နောက်ကြောင်းတွေဘာမှမသိခဲ့ရပါဘူး။
သူမသိတာတစ်ခုကတော့  မြန်မာပြည်က မိမိဆိုသူရဲ့ စာလေးပါ။
မတွေ့ ရတာ၁၆ နှစ် (၅၈၆၄ ရက်) ကြာပြီ လို့ ပါတဲ့ မေတ္တာစာပါ။
ပေးပို့ သူက မိမိ ၊ ကလောမြို့  ဖြစ်ပါတယ်။

ဂျူလီယာက သူ့ အဖေဇာတိဖြစ်တဲ့ ကလောကို ရောက်လားရင်း ဦးဘ ဆိုသူနဲ့ 
တွေ့ ပါတယ်။ ဦးဘ ကသူ့ အဖေ နဲ့  မိမိ တို့ အကြောင်းတွေ ရှင်းပြပါတယ်။

မျက်မမြင် တင်ဝင်းကို သူ့ ဦးလေးက ရန်ကုန်ခေါ်ပြီး မျက်စိကုပေး၊ ကျောင်းထား
ပေးပါတယ်။ တင်ဝင်းနဲ့ မိမိတို့ နေ့ တိုင်းစာဆရးဆက်သွယ်ကြပေမဲ့ ဦးလေးကစာ
တွေကိုကြားကနေယူထားတာကြောင့် အဆက်အသွယ်ပြတ်ခဲ့ကြပါတယ်။
တနေ့ တော့ တင်ဝင်း အမေရိကားကိုပညာတော်သင် သွားရာက နေ ဟိုမှာပဲ
နိုင်ငံသားခံလိုက်ပါတယ်။ အဓိက ကတော့ သူ့ ဦးလေး ပေးစားမယ့်မိန်းမ ကို
မယူချင်လို့ ပါပဲ။ သူ့ စိတ်ကူးထဲမှာတော့ တနေ့ ဦးလေးမရှိတဲ့အချိန် ကလောကိုပြန်ပြီး
မိမိ နဲ့ ပြန်ဆုံမယ်လို့ စဉ်းစားထားပုံရပါတယ်။
ဒီကြားထဲမှာပဲ ဂျူလီယာမိခင်နဲ့ အိမ်ထောင်ကျပြီး ဦးလေးမဆုံးခင် ၃လလောက်မှာ
ဂျူလီယာရဲ့ အကိုကြီး မွေးလာကြောင့် တင်ဝင်းခမျာ ပြန်မာပြည်မပြန်နိုင်ပဲရှိခဲ့ပါတယ်။

ဦးဘက တင်ဝင်းနဲ့ မိမိတို့ ရဲ့ ငယ်ဘ၀ အကြောင်းတွေ၊ တင်ဝင်းမရှိတဲ့နောက်ပိုင်း
မိမိ ရဲ့ ဘ၀အကြောင်းတွေ ကို ဂျူလီယာအားရှင်းပြပါတယ်။ နောက်ဆုံးတော့
တင်ဝင်းဟာ နှစ်၅၀ ကွဲနေတဲ့  မိမိ ဆီကိုရောက်လာပါတယ်။
မိမိ ဟာလည်း သူ့ မရဲ့ နောက်ဆုံး အချိန် လေးမှာ နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ 
တင်ဝင်း အလာကိုမျှော်နေပါတယ်။ တင်ဝင်းရောက်လာပြီး မိမိ နားဘေးမှာ
အတူတူအိပ်ရင်း ၂ ယောက်သားလောကကြီးက ထွက်သွားကြပါတယ်။

ှီုဦးဘ ပြတဲ့ မိမိရဲ့ ဓါတ်ပုံတွေကတဆင့် ဂျူလီယာသိလိုက်ရတာကတော့ ဦးဘ ဟာ
သူမရဲ့ ဖအေတူ မအေကွဲ မောင်နှစ်မ ဖြစ်တယ်ဆိုတာပါ။

ဒီစာအုပ်လေးမှာ မြန်မာဓလေ့တွေ အများကြီးရေးထားပါတယ်။ အချစ်ဆိုတာဘာလဲ
ဆိုတာလည်းပိုပြီးသိလာသလိုပါပဲ။ ဇာတ်ကောင်တိုင်းရဲ့ မေတ္တာ၊ အနစ်နာခံ၊စွန့် လွှတ်
မှုတွေ ကို ပီပြင်သွာရေးထားပါတယ်။

စာအုပ်ဖတ်ပြီးတဲ့နောက် ကျမတို့ နှစ်ယောက်လည်း ကျမတို့ ရဲ့ နှလုံးသားကို
အပြန်အလှန် နား ထောင်ကြည့်မိပါတယ်။

Saturday, 19 February 2011

ကြေးအိုး အလွမ်းပြေ


တနေ့ ကသူငယ်ချင်းပို့ လိုက်တဲ့ ကြေးအိုးလုပ်နည်းလေးအတိုင်းလုပ်စား
ဖြစ်ပါတယ်။ ကြေးအိုးစားရင်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အတူတူ
ကြေးအိုး ဆိုင်ထိုင်ခဲ့ရတာတွေအမှတ်ရသွားတယ်။
ကျမကြေးအိုးဆိုတာကိုစသောက်ဖူးတုန်းက တစ်ပွဲကို ၃ ကျပ်ပါ။
လှည်းတန်းထိပ်က ဆိုင်မှာ မောင်နှမတွေနဲ့ စသောက်ဖူးတာပါ။
ကျမ အစ်မ၀မ်းကွဲ မချို ကကြေးအိုး အလွန်ကြိုက်ပါတယ်။ ကျမတို့ 
နှစ်ယောက် မုန့် ဖိုး စုပြီးသွားသောက်ကြလေ့ရှိပါတယ်။ တက္ကသိုလ်
ရောက်ပြန်တော့ တွဲဖြစ်တဲ့ သူငယ်ချင်းတွေကလည်း ကြေးအိုးအလွန်ကြိုက်
ကြပါတယ်။ အချိန်ရတာနဲ့ မြို့ ထဲပြေး ကြေးအိုးသောက်ကြတာပါ။
သူငယ်ချင်းတယောက်ဆို တခါစားရင် ၂ပွဲ အသာလေးပဲ။

အခုတော့ ကျမတယောက်ထဲ ကိုယ်တိုင်လုပ်တဲ့ ကြေးအိုး ( အရသာနီးစပ်တဲ့)
ကိုစားရင်း ဘ၀ပြောင်းသွားတဲ့ မချို နဲ့  အဝေး နေရာတွေကို ရောက်နေကြတဲ့
ချစ်သူငယ်ချင်း စိုးစန္ဒာ၊ စန္ဒီ၊ ဘဲဥ၊ နဲ့ နွယ် တို့ ကို သတိရနေမိပါတယ်။
ကြေးအိုးစားပြီးတော့ ထုံးစံအတိုင်း ကျမရဲ့ ကြေးအိုး သမိုင်းကြောင်းကို
ကိုသောမတ်စ် အား အလွမ်းပြေ ပြောပြရင်း .....

ကြေးအိုးကိုတော့ ဒီမှာရေးထားတဲ့အတိုင်းလုပ်ပါတယ်။

Rice Noodle in Pork Soup Kyay-o

Kyay-o is a Burmanized style of Chinese noodle dish "Quetayong".
It originally is a Chinese dish. Very similar one is also available in
Thailand as Quetayong too. It is simple, but very popular for its
taste. This is very similar to the Vietnamese "Pho".

Ingredients: (for 2 servings)

* 2 lb pork bones
* 1 tea-sp salt
* 1 tea-sp pepper
* 1/2 tea-sp sugar
*
* 2 lb ground pork
* 1/4 tea-sp Chinese masala (5 Chinese spices)
* 1/4 tea-sp salt
* 1/2 tea-sp wheat flour
* 1/2 tea-sp rice flour
*
* 2 boiled & unshelled quail eggs
* 2 eggs
* 1/4 lb green mustard leaves
*
* 1 lb thick/thin rice noodle (boil noodle first if dried)

Instructions:

1. Boil the top 4 items in 2 quarts of water for 30 minutes until
the meat beside the bones comes out

2. Mix or blend the ground pork with spices, salt, 1 tbsp of water,
rice and wheat flour well. Leave for about 5 minutes. Then scoop
with a tea-spoon and add them into the boiling soup, scoop by scoop,
not as a whole. Keep the soup boiling and do not stir at this time,
so that the ground pork forms into meat balls.

3. Add noodle and mustard leaves into soup not more than a minute
and serve. Put raw eggs, if you wish, into the soup bowls. The soup is
so hot that eggs will get cooked in your bowl!

4. Spice up with hot and sour chily sauce, and pepper.

Monday, 14 February 2011

ချစ်သူ့ လက်ဆောင်

ချစ်သူများနေ့  မှာ ကျမရဲ့ အိမ်ဦးနတ်က အဝေးကိုရောက်နေပါတယ်။
သူခရီးသွားခင်ကျမအတွက် ချစ်သူများနေ့ လက်ဆောင်လေး ပေးသွားပါတယ်။

မဖွင့်နဲ့ အုံးနော်လို့ လည်းမှာသွားသေးတယ်။ ချစ်သူများနေ့ ရောက်မှဖွင့်ရမယ်တဲ့။
ဘာများလဲလို့ သိချင်ပေမဲ့ ...
ဒီနေ့ (၁၄.၂.၂၀၁၁) တော့ မနက်စောစောပဲ ဖွင့်လိုက်ပါတယ်။

အရုပ်ကလေးတခုရယ်။ Beauty lounge က Vacustyler ကူပွန်ရယ်.....



ကျမကို အမှတ်တရ ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Thomas ...Danke sehr für alles.

Saturday, 12 February 2011

အခုရက်တွေမှာ...

အခုရက်ပိုင်း ကျမတို့ ဆီမှာနေသာပါတယ်။ အပူချိန် ၁၂ဒီဂရီ လောက်ရှိလာပါတယ်။
နေထွက်လာတာနဲ့  ကျမရဲ့ ဒုက္ခလည်းစ
တော့တာပါပဲ။ Allergy ရှိတဲ့ကျမ ပန်းတွေ
ပွင့်မယ်မကြံသေးဘူး ရောဂါစနေပြီ။ နှ
ာရည်ယို၊ မျက်လုံးတွေယား၊ နှာတွေချေ၊
အာခေါင်တွေယားနဲ့  တော်တော်
နေရထိုင်ရခက်ပါတယ်။
ဘလော့သူငယ်ချင်းတွေကြားမှာ ၀ဲရောဂါကူးစက်ခံရတာတွေကြားနေရပါတယ်။

Image Hosted by PicturePush

ကျမဘလော့မှ
ာ ၀ဲမတွေ့ သေးပေမဲ့ Allergy ကြောင့် ဟိုနားကယား၊ဒီနားကယားနဲ့ 
အလုပ်များနေပါတယ်။
Allergy အကြောင်းတွေတော့ဒီမှာ ရေးဖူးပါတယ်။

နွေဦး Allergy , ကျမနဲ့  Allergy ( Kreuzallergie)

Wednesday, 2 February 2011

Depression? ဘာလုပ်ရမလဲ။

တနေ့ က Depression နဲ့ ပတ်သက်တဲ့Project တစ်ခုအတွက်ကျင်းပတဲ့
ဆွေးနွေးပွဲကိုရောက်ဖြစ်ပါတယ်။ ဂျာမနီမှာ လူတော်တော်များများဟာ
Depression ဖြစ်တယ်လို့ ဆိုပါတယ်။
ကျမအနေနဲ့ အရင်တုန်းက Depression ဆိုတဲ့ ရောဂါဟာ နဲနဲစိမ်းနေပါတယ်။
ဂျာမနီရောက်လာတော့မှ ဒါဟာရောဂါတစ်ခုမှန်း သိလာရပါတယ်။

လူတွေဟာ မိသားစုအတွင်း၊ အလုပ်ခွင်အတွင်း စတဲ့နေ့ စဉ်ထိတွေ့ နေရတဲ့ 
ပတ်ဝန်းကျင်မှာ စိတ်မကောင်းစရာတွေ၊စိတ်ဖိစီးမှုတွေ ကြုံတတ်ကြပါတယ်။
တချို့ ကတော့ဒီစိတ်လှုပ်ရှားမှုတွေကို အချိန်အတိုင်းအတာတခုပြီးတာနဲ့ ကျော်
လွန်သွားနိုင်ပါတယ်။ တချို့ ကြတော့ ရုန်းမထွက်နိုင်ကြပါဘူး။

သူတို့ တွေဟာ စိတ်ဖိစီးမှုတွေများလာရာကနေ လူတွေနဲ့ ရောရောနှောနှော
မနေချင်တော့ပဲသီးခြားနေချင်လာတယ်။ သွားလာလုပ်ကိုင်နိုင်ဖို့ အင်အားမရှိ
ဖြစ်လာတယ်၊ စိတ်ဝင်စားမှု၊ အာရုံစိုက်နိုင်မှုတွေနဲလာကြပါတယ်။
အိပ်မပျော်တာ၊ကိုယ်အလေးချိန်လျှော့တာတွေဖြစ်လာတတ်ပါတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိဖြစ်လာတယ်၊ အပြစ်တခုခု ကျူးလွန်ထားသလို
ထင်လာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ မျှော်လင့်ချက် ကင်းမဲ့နေပြီး၊
မကောင်းတဲ့အတွေးတွေကြားမှာပဲနစ်နေတတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာမှာ လည်း ရောဂါလက္ခဏာ တွေ ( အားအင်ကုန်ခန်းသလို၊
အိပ်မပျော်သလို )နဲ့ ရင်ဆိုင်ရင်း တချို့ ကနောက်ဆုံးမှာ ကိုယ့်ကိုကိုယ်
သတ်သေတဲ့အထိ ဖြစ်လာတတ်ပါတယ်။

လူတော်တော်များများဟာ မိမိမှာ Depression ဖြစ်နေတယ်မှန်းမသိကြပါဘူး။
မိမိရဲ့ အလုပ်ကစိတ်ဖိစီးမှုတွေကြောင့်ဒီလိုစိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာ
တွေဖြစ်နေတာလို့ ထင်တတ်ကြပါတယ်။ စိတ်ဖိစီးမှုနဲ့  Depressionကိုခွဲခြားဖို့ 
ကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ပြသ၊
တိုင်ပင်မှသာ ခွဲခြား သိနိုင်မှာဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာ တွေဖြစ်တဲ့  အသက်ရှုကျပ်တာ၊ နှလုံးခုန်တာ၊ ဗိုက်နာတာ
တွေကြောင့် ဆရာဝန်ဆီသွားပြဖြစ်ပေမဲ့ ဆရာဝန်များက ရောဂါရှာမတွေ့ တတ်ပါဘူး။
လူနာဟာ သူ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဇဝေဇ၀ါ ပိုဖြစ်လာပါတယ်။
တခါတလေ ကွယ်မြုပ်နေတဲ့ စိတ်ဖိစီးမှုကိုလွယ်လွယ်နဲ့ ရှာမတွေ့ ဖြစ်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာဆရာဝန်က တော့ဒါဟာ Depression ရဲ့ လက္ခဏာတချို့ ဖြစ်တယ်လို့ 
ကောက်ချက်ချပါတယ်။

Depression ဟာ ကုသလို့ ပျောက်တဲ့ရောဂါတခုပါ။ လူတိုင်းဘ၀မှာ တချိန်ချိန်မှာ
ကြုံတွေ့ နိုင်ပါတယ်။ ဒါဟာရှက်စရာ၊ကွယ်ဝှက်ထားစရာ ရောဂါမဟုတ်တော့ပါဘူး။
အဓိကဖြစ်ရတဲ့အကြောင်းကတော့ genetic disposition ပါ။

အခုProject ကတော့ လူတွေကို Depression နဲ့ ပတ်သက်ပြီး ပညာပေးဆွေးနွေး
ကြဖို့ ဖြစ်ပါတယ်။ ဆရာဝန်တွေ၊သူနာပြုတွေ၊ ကျောင်းဆရာတွေ၊ သက်ကြီးစောင့်
့်ရှောက်သူတွေ စသဖြင့် အလွှာပေါင်းစုံကလူတွေပါဝင်မှာဖြစ်ပါတယ်။
ဒီလိုဆွေးနွေးပွဲတွေ၊ အတွေ့ အကြုံဖလှယ်မှုတွေကြောင့် Depression ရဲ့ သဘော
ကိုပိုမိုနားလည်လာပြီး အချိန်မီကုသမှုတွေလုပ်လာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်
သတ်သေတဲ့ကိစ္စတွေလည်းလျှော့နဲလာပါတယ်ဆိုတာအလားတူ Project တွေ
အရသိရပါတယ်။

တဘက်ကလည်း လူနာရဲ့ မိသားစုတွေကို ပညာပေးမှုတွေလည်းလုပ်ပါမယ်။
Depression ဖြစ်နေတဲ့သူနဲ့ အတူတူနေရတာဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။
သူဘာဖြစ်နေတယ်ဆိုတာ ကျမတို့ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှသူ့ ကိုနာလည်
ပေးနိုင်မှာပါ။
သူ့ ခမျာရောဂါကြောင့် သွားလာလုပ်ကိုင်နိုင်ဖို့ အင်အားမရှိနေတာကို ကျမတို့ က
ဒီလူ့ ရယ်ပျင်းနေတာပဲ။ ထလုပ်လိုက်ပါလား။ဟိုဟာလုပ်ဖို့ တိုက်တွန်း
ဒီဟာလုပ်ဖို့ တိုက်တွန်း စသဖြင့်အားမလိုအားမရ ဖြစ်ပြီးအကြံတွေပေးတတ်ကြပါတယ်။

တခါတလေကြတော့လည်း ရှင့်မှာ အားလုံးပြည့်စုံနေတာပဲ၊ ဘာစိတ်ညစ်စရာရှိလိုလဲ
ပျော်ပျော်နေစမ်းပါ စသဖြင့် အကြံပေးတတ်ကြပါတယ်။

တခါတခါကြတော့လည်း ရှင့်ကိုကျမနားမလည်နိုင်တော့ဘူး ဆိုပြီး ဂရုဏာဒေါသ
နဲ့ ပြောမိတတ်ပါတယ်။

ဒါတွေဟာ သူ့ အတွက် ကူညီရာမရောက်ပဲ သူ့ ခံစားမှုကိုပိုပြီးဆိုးဝါးစေပါတယ်။
သူ့ ဘက်ကအတွေးကတော့ ကျမတို့ ဟာသူ့ ကိုနားမလည်နိုင်ဘူးဆိုပြီးစိတ်မကောင်း၊
ဝမ်းနည်းမှုဖြစ်ရပါတယ်။

သူ့အတွက်လုပ်ပေးနိုင်တာတွေကတော့ သူဖြစ်နေတဲ့ရောဂါအကြောင်းကိုနားလည်
အောင်လုပ်ပါ။ သူ့ ကို သင့်တော်တဲ့ကုသမှုရရှိအောင် စီစဉ်ပေးပါ။ သူဆေးခန်း
မှန်မှန်သွားနိုင်အောင်စီစဉ်ပေးပါ။ ဆေးများမှန်မှန်သောက်အောင်စီစဉ်ပေးပါ။
သူ့ ကို အတွေးဆိုးတွေထဲမှာပဲနစ်မနေစေပဲ အာရုံပြောင်းပေးနိုင်အောင်လုပ်
ပေးရပါမယ်။
သူနဲ့ အတူတူ ဘာလုပ်နိုင်မလဲ စဉ်းစားပါ။ သူ့ အတွက်စိတ်ဖိစီးမှုလည်းမဖြစ်စေ
တဲ့ လမ်းလျှောက်ထွက်ခြင်း၊ ဟိုနားဒီနားလျှောက်လည်တာလေးတွေလုပ်ပေးပါ။
သူဝါသနာပါတာတွေလုပ်ပါစေ၊ ဥပမာ၊ အားကစားလုပ်တာ၊ တီဗီကြည့်တာ
စတာလေးတွေပေါ့။ တခါလေကြတော့ ဒီလို တီဗီကြည့်ဖို့ တောင် အင်အားမရှိတဲ့
အချိန်တွေရှိတတ်ပါတယ်။

ဂျာမနီမှာတော့ လူနာရှင်တွေအနေနဲ့ စိတ်ပညာရှင်တွေနဲ့ သွားရောက်တိုင်ပင်
လို့ ရပါတယ်။ ဒီအတွက် ကျန်းမာရေးအာမခံကပိုက်ဆံပေးပါတယ်။
ဒါအပြင် မိမိလို လူနာရှင်တွေ တွေ့ ဆုံပြီး အတွေ့ အကြုံဖလှယ်နိုင်တဲ့ နေရာတွေရှိပါတယ်။
လူနာရှင်အနေနဲ့ လည်းစိတ်ပိုင်းဆိုင်ရာမှာကြံ့ခိုင်မှုရှိနေအောင်ကြိုးစားထားရမှာပါ။
မိမိအသိုင်းအ၀ိုင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်မှုရှိအောင်လုပ်ယူရပါမယ်။
ဒါမှလည်းလူနာကိုမေတ္တာများများပေးနိုင်မှာပါ။