Friday 25 February 2011

Thanks Evy....


တနေ့ က EVY ရဲ့  ဘလော့မှာ တွေ့ လိုက်ရတဲ့  တို့ ဖူးအချိုပွဲလုပ်နည်းလေးပါ။
တခါကရန်ကုန်က သူငယ်ချင်းမယုရဲ့ ကောင်းမှုကြောင့် တရုပ်တန်းမှာ
စားဖူးခဲ့ပါတယ်။ ဘယ်လိုခေါ်မှန်းလည်းမသိခဲ့ရဘူး။
EVY ရေးလိုက်တော့ စားဖူးခဲ့တာလေးကိုသတိပြန်ရသွားတယ်။
အဲ့ဒီတုန်းက စားလို့ ကောင်းတယ်ဆိုတာအမှတ်ရသွားတယ်။
ဒါနဲ့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
နောက်တခုကတော့ Tofu Day လုပ်ချင်နေတဲ့စိတ်ကူးလည်းရှိတော့
အချိုပွဲ အတွက်ပိုအဆင်ပြေသွားပါတယ်။
မနေ့ ကတော့စမ်းလုပ်ကြည့်ပါတယ်။ လုပ်နည်းကတော့ EVY ရဲ့ 
http://evy-foodlover.blogspot.com မှာရှိပါတဲ့
တို့ ဖူးအချိုပွဲလုပ်နည်းလေးပါ။
ကျမကတော့ကြိုက်ပါတယ်။ ၂ယောက်စာစမ်းလုပ်ကြည့်ပါတယ်။
ကိုသောမတ်စ်ကတော့ မကြိုက်ဘူးလို့ ပြောတာနဲ့  ကျမပဲ တ၀ကြီး
စားလိုက် ပါတယ်။ ဒီနေ့ တောင်ထပ်လုပ်ထားပါသေးတယ်။
သူငယ်ချင်းတို့ လမ်းကြုံရင်ဝင်လာခဲ့ပါနော်။ အတူတူစားကြတာပေါ့။

16 comments:

လပြည့်ရိပ် said...

လာလည်ချင်တယ်...ဒါပေမယ့်လည်းလေ..... မအားဘူး ... အစ်မရေ .... ;(

ညီလင်းသစ် said...

စိတ်ဝင်စားတယ်၊ ဒါပေမယ့် ကျနော့်ဆီကနေဆို ၅ နာရီ လောက် ရထားစီးရမယ် ထင်တယ်။

Anonymous said...

စမ်းကြည့်ဖို့စဉ်းစားထားတဲ့အထဲ ဒါလည်းပါတယ်။

စူးနွယ်လေး

Anonymous said...

အမဆီက ဖတ်ရမှပဲ
တောင်ကြီး ပြန်ရင်
စားရမယ့် စာရင်းထဲမှာ ဒါလဲ ပါရမယ် ဆိုတာ
အမှတ်ရသွားပြီ၊

အပြုံးပန်း

Evy said...

မမရှင်လေးရေ ဒီပို့စ်မှာပဲ တစ်ခါပြန်စားသွားပြီ။ အဆင်ပြေပြီး ကြိုက်တာသိရလို့ အရမ်းဝမ်းသာပါတယ် :-)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကချင်မှာတော့ အချိုနဲ့အပြင် ဆီတိုဖူးကိုချက်ပြီး ထန်းညက်ရည်အစား လောင်းချပြီး အစပ်အနေနဲ့ စားကြတယ်
၂မျိုးလုံးကိုတွဲရောင်းကြတယ်
၂မျိုးလုံးလည်း ကြိုက်တယ် မရှင်လေး လုပ်ထားတာလည်း စားချင်စဖွယ်လေး ချစ်ဖို့တောင် ကောင်းသေးတော့

Rose of Sharon said...

မစားဖူးဘူးတော့... မြည်းကြည့်ချင်တယ်...

Anonymous said...

ဒီ့မှာတော့ သုပ်ဟွား(豆花)လို့ခေါ်တယ်။(မန်ဒရင်းလိုပေါ့)
ကျနော်တို့ အရပ်စကားအနေနဲ့ကျ
豆腐腦 တိုဖူးနောက်လို့ခေါ်ပါတယ်။။
ဇာတိမြို့မှာဆိုရင် အထမ်းလေးနဲ့ ထမ်းလာရောင်းပါတယ်။
သကာရည်လေးလောင်းပေးတယ်။
အခုနေတဲ့နိုင်ငံမှာကျတော့ လမ်းဘေးကအစ..ဆိုင်အကြီးကြီးထိရှိတယ်..။ ၇-၁၁မှာလည်းရတယ်..။
ဒီကတော့ မြေပဲပြုပ်နဲ့ တွဲစားတာလဲရှိတယ်..။ပဲနီစေ့ပြုပ်ပြီး
တွဲစားတာလည်းရှိ..။
ဆောင်းဆို အပူစားလေ့ရှိပြီး နွေပေါက်ရင် အအေးလုပ်စားကြတယ်..။


ပေါက်

Shinlay said...

လာလည်ကြတဲ့သူငယ်ချင်းများ ကိုကျေးဇူးတင်ပါတယ်။ တို့ ဟူး အကြောင်း ဗဟုသုတ ထပ်ပေးသွား တဲ့သူငယ်ချင်းများကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ကောင်းမွန်ဝင်း said...

တိုဖူးကို ကျွန်မအိမ်မှာတော့ တစ်ပါတ်မှာ ၃ရက်လောက်စားဖြစ်တယ်။
တိုဖူးမျိုးစုံပြီး ကျမ္မာရေးအတွက်ကောင်းတော့လည်း စားဖြစ်သွားတာပါ။
ထန်းလျက်ရည်နဲ့ တစ်ခါမှမစားဖူးသေးဘူး။
ဒီတစ်ခါ စားကြည့်ရဦးမယ်။
ညွှန်ပေးထားတဲ့ evyကိုလည်းသွားကြည့်လိုက်သေးတယ်။ နည်းတွေရလာခဲ့တယ်။

ဇွန်မိုးစက် said...

အစ်မရှင်လေးရေ...တလောက လင့်ခ်တွေဖြုတ်ထားမိလို့ မရောက်ဖြစ်ဘူး။ ခုမှစာကြွေးတွေလာရှင်းသွားတယ်။
တို့ဖူးအချိုပွဲကို မစားဖူးသေးဘူး။ ဇွန်က တို့ဖူးကိုဟင်းချက်ရင် မကြိုက်ပေမယ့် အဲလိုအချိုပွဲဆိုရင်တော့ စိတ်ဝင်တစားနဲ့ မြည်းကြည့်ချင်တယ်။

မိုးစက်ပွင့် said...

တို့ဖူးလေး နည်းနည်း မြည်းသွားတယ် အစ်မရေ... ဆိမ့်ဆိမ့်ချိုချိုလေးပါလား..

လသာည said...

မရှင်လေး
တို့ဖူးလေး စားချင်တယ်။ အဲ့လို တို့ဖူးကိုလည်း ကြိုက်တယ်..။ နောက်ပြီး ဟိုလို တို့ဖူးသုပ်စားတဲ့တို့ဖူးလည်း ကြိုက်တယ်။

ThuHninSee said...

ဒိန်ချဉ်လေးနဲ့တူတယ်။ တို့ဟူးစားရင် အမြဲ..အသားလှတယ်တဲ့။

T T Sweet said...

မရှင်လေးလဲ အချက်အပြုတ် အတော်ဝါသနာပါသနော်။ ဘလော့ဂ်လေးရေးမှ ၀ါသနာတူသူတွေ တွေ့ရတာ ငါလိုလူသား အများကြီးပါလားလို့ အားတက်ရပါတယ်။ တို့ဟူးအချိုပွဲ စလုံးမှာစားဖူးသလိုပဲ။ ဒီမှာတော့ လုပ်ပြီးသား စားရတာပိုလွယ်တယ်။ မရှင်လေးလုပ်ထားတာ စားချင်စဖွယ်ပဲ။

Shinlay said...

ကောင်းမွန်ဝင်း ..ဟူတ်ပါတယ်။ တို့ ဟူးကိုကျမလည်းကြိုက်တယ်။ မကြာခဏ စားဖြစ်ပါတယ်။

ဇွန်..သူကပျော့ပျော့လေးပါ။ စမ်းစားကြည့်လေ။

မိုးစက်.. နောက်မှလုပ်ကျွေးပါမယ်။

လသာည ..တို့ဖူးသုပ် ကို ရှောက်ရွက်လေးနဲ့ စားလိုက်ချင်တယ်။

သုနှင်းဆီ..လှနေတာတော့သေချာတယ်။။။ :)

မဆွိရေ ချက်ပြုတ်တာထက် စားရတာပိုဝါသနာပါပါတယ်။
စားချင်တော့လည်းချက်ရပြုတ်ရတော့တာပေါ့။
အဆင်သင့်ဝားလို့ ရရင်တော့.....မချက်ချင်ပါဘူး..