Saturday 26 March 2011

ကိတ်မုန့် ဖုတ်ဖြစ်တယ် (Italienischer Haselnusskuchen )



ဒီမုန့် ဖုတ်နည်းကိုရထားတာ ကြာပါပြီ။ မအားတာရယ်၊စားမယ့်သူမရှိတာရယ်
ကြောင့်မလုပ်ဖြစ်ခဲ့ဘူး။ ဒီနေ့ တော့ဧည့်သည်ဖိတ်ထားတာနဲ့ လုပ်ဖြစ်ပါတယ်။
ဧည့်သည်တွေကို နေ့ လည်စာ အုန်းနို့ ခေါက်ဆွဲကျွေးပါတယ်။
စားသောက်ပြီးခဏနေတော့ ကိတ်မုန့် နဲ့ လက်ဖက်ရည်၊ကော်ဖီပေါ့။
ကျမကိတ်မုန့် လေးကို သူတို့ အကြိုက်တွေ့ ကြတယ်။ လုပ်နည်းပါတခါတဲ
တောင်းသွားပါတယ်။
လုပ်ရတာလည်းလွယ်၊ကောင်းလည်းကောင်းတဲ့ ကိတ်ပါ။
သူငယ်ချင်းတို့ စမ်းလုပ်ကြည့်ဖို့ ရေးပေးလိုက်ပါတယ်။


Italienischer Haselnusskuchen (Torta di Nicciole)

125 g ကြိတ်ထားတဲ့  hazel nut

100 g ထောပတ် ပျော့

70 g သကြား (မုန့် နှစ်အတွက်) und 55 g သကြား ( ကြက်ဥအကာခေါက်တဲ့အခါထဲ့ဖို့ )

4 ကြက်ဥ (အလုံကြီး) (ကြက်ဥကို အကာနဲ့ အနှစ်ခွဲထားပါ။)

2 Tablespoon ဇကာချထားတဲ့ ဂျုံမှုန့် 

125 g Ricotta

2 Tea spoon ခြစ်တားတဲ့ သံပုရာအခွံ

2-3 Table spoons apricot jam (ရေ လက်ဖက်ရည်ဇွန်ု တ၀က်ခန့် နဲ့ ရောမွှေထားပါ။)

50 g dark chocolate

Oven ကို ၂၀၀ဒီဂရီ ကြိုပြီးအပူပေးထားပါ။

ထောပတ်ပျော့ကို သကြား ရ၀ ဂရမ်ရယ် ကြက်ဥ ၄လုံးရဲ့ အနှစ် ရယ်ကို

ရောပြီးစက်နဲ့ မွှေပါ။

ခရမ်ဖြစ်လာတဲ့အထိမွှေပါ။ ပြီးရင် ဇကာချထားတဲ့ဂျုံမှုန့် ထဲ့မွှေပါ။

ဇလုံတခုထဲမှာ Ricotta ထဲ့ပါ။ Hazel nut အမှုန့် ကိုထဲ့ပါ။ ခြစ်ထာတဲ့ သံပုရာခွံထဲ့ပြီး

ဇွန်းနဲ့ မွှေပါ။ ပြီးရင်ကြက်ဥအနှစ်အရောထဲထည့်ပါ။

ကြက်ဥ အကာကို သကြား၅၅ ဂရမ်နဲ့ ရောပြီး စက်နဲ့ ပွတက်လာတဲ့အထိမွှေပါ။

ပြီးရင် မုန့် နှစ်အရောထဲထဲ့ အထက်အောက်သမအောင်ဇွန်း နဲ့ ဖြေးဖြေး

ရောပေးပါ။

မုန့် ဖုတ်တဲ့ခွက် 25 cm အ၀ိုင်း ကိုထောပတ်သုပ်ပါ။ ကြိုအပူပေးထားတဲ့

Oven ထဲကို ထဲ့ပါ။ ၂၀၀ ဒီဂရီနဲ့  အလယ်အဆင့်မှာထားပြီး မိနစ် ၃၀ ခန့် 

ဖုတ်ပါ။

ကျက်ရင် မုန့် ကို အအေးခံပါ။ အနည်းငယ်အေးလာရင် မုန့် ဖုတ်ခွက်ထဲကထုတ်ပါ။

လုံးဝအေးသွားရင် apricot Jam ကို ကိတ်မုန့် အပေါ်နဲ့ ဘေးတွေကို သုပ်ပေးပါ။

ချောကလက်ကို ခြစ်ပြီးအပေါ်က ဖြူးလိုက်ပါ။

အုန်းသီးမှုန့် လေးတွေ ပါ ဖြူးလိုက်ပါတယ်။
(ကျမကတော့ 18cm အ၀ိုင်း နဲ့ ဖုတ်ထားလို့ ပုံထဲမှာမုန့် က ထူနေပါတယ်။ )

16 comments:

khin oo may said...

သင်တန်းလေးတော့တက်ချင်သား။

လပြည့်ရိပ် said...

စားချင်တယ်......

ညီလင်းသစ် said...

ကော်ဖီနဲ့ တွဲစားလိုက်ရရင် ပြီးပြီပဲ...။း)

စူးနွယ်လေး said...

စမ်းလုပ်ကြည့်ဦးမယ် မရှင်လေး

rose of sharon said...

အဲလို ကိတ်တွေဘာတွေကို စားဘဲစားချင်တာ ကိုယ်တိုင်မလုပ်ချင်ဘူး... အိမ်နီးရင်လာစားမှာ.. :)

Mon Petit Avatar said...

Yummy yummy!!! စားချင်လာပြီတကယ်။

Evy said...

မရှင်လေးဆီက မုန့်လာစားသွားတယ် :-)

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စဖွယ်လေး
ကိတ်မုန့်အရောင်က ညိုညိုလေးဆိုတော့ ဘိန်းမုန့်နဲ့ တူလို့ ဘိန်းမုန့်တောင် သတိရသွားပြီ။

Shinlay said...

မခင်ဦးမေ၊ လပြည့်ရိပ်၊ကိုညီ၊စူးနွယ်၊မရို့ ၊Mon Petit Avatar၊ Evy နဲ့ ချော...
မုန့် လာမြည်းကြတာကျေးဇူးပါပဲ။
ကြုံတဲ့အခါ အတူတူစားကြတာပေါ့။

Myanmar Good Knowledg Co., Ltd said...

အားကျလိုက်တာ။
ကိတ်မုန့်တစ်ခါမှ မဖုတ်ဖူးဘူး။
စားချင်စရာလေး။ ချောပြောသလို ဘိန်းမုန့်နဲ့ ဆင်တယ်။
ကော်ဖီလေးနဲ့ သောက်ပစ်လိုက်တော့မယ်။

Anonymous said...

ကျမတော့ ကိတ်မုန့်လုပ်တိုင် ပျက်တယ်း)
ကြာတော့ သိတ်မလုပ်ချင်တော့ဘူး
ဒါပေမဲ့ ဟိုနေ့ကတော့ ရွှေချီကိတ်လုပ်စားတယ်။

Baby taster

Sunny said...

ကိတ်မုန့် ကိုယ်တိုင်မဖုတ်ချင်ဘူး.. မမရှင်လေးဆီကပဲ စားသွားတော့မယ်နော်..

kokonaing said...

sa kaunde......!

KhinU Khine said...

Hi, ricotta: is it ricotta cheese. please let me know.

Shinlay said...

ကောင်းမွန်ဝင်း၊ ဘေဘီ၊ ဆန်းနီး....ကျေးဇူးပါပဲ။
KhinU Khine, it is ricotta cheese.
Thanks for your visit.

KhinU Khine said...

Hi Shinlay, i always visit your blog. thanks. i will definitely try your cake. regards to u.