Tuesday 13 September 2011

ရန်ကုန်မှဓမ္မမိတ်ဆွေများ

ကျမရဲ့ မိတ်ဆွေတယောက်ဆီက တဆင့် ရန်ကုန်မှာရောက်နေတဲ့ ဂျာမန်
ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအကြောင်းကိုသိရပါတယ်။ အရှင် Hiridhammo ပါ။
ဥုးဇင်းက ကိုသောမတ်စ် တက်ခဲ့တဲ့ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်မှာ ကျောင်း
တက်နေတာပါ။ ဒါနဲ့ ကျမတို့ လည်း ဥုးဇင်းဆီသွားရောက်ခဲ့ပါတယ်။
နောက်နေ့ ကျတော့ ကျမ Emailထဲမှာ ကိုAustin Thet win က သူ့ အသိ
ဂျာမန်ဘုန်းကြီးရှိကြောင်းသွားလည်ဖို့  နှိုးဆော်စာရပါတယ်။ ကျမတို့ က သွားတွေ
့ပြီးကြောင်းနဲ့ ဆွမ်းပင့်ထားကြောင်းစာပြန်လိုက်ပါတယ်။


ဆွမ်းပင့်ထားတဲ့နေ့ ကတော့ တကယ်ကြည်နူးစရာပါ။ ကိုသောမတ်စ်ရဲ့  ဂျာမန် ဧည့်
လမ်းညွှန်မိတ်ဆွေများနဲ့  ရန်ကုန်မှာရှိနေတဲ့ ကျမတို့ မိတ်ဆွေ ဂျာမန်အမျိုးသမီးတယောက်
(မခိုင်)ကိုလည်းဖိတ်ထားပါတယ်။ မခိုင်က လည်းအဲ့ဒီ ဗုဒ္ဓတက္ကသိုလ်ကျောင်းထွက်ပါ။
မြန်မာပြည်မှာနေတာကြာတော့ ဥုးဇင်းကိုအများကြီးရှင်ပြနိုင်ပါတယ်။


ကျမကတော့ သက်သတ်လွတ်ဟင်းများပြင်ဆင်ထားပြီး၊ မုန်လာဥချဉ်ရည်ဟင်း
ချက်ထားပါတယ်။ ကျန်တဲ့ သူငယ်ချင်းတွေက တစ်ယောက်တစ်မျိုးယူလာကြတာ
ဟင်းတွေကိုစုံနေရော။ အချိုပွဲကလည်းကိတ်မုန့် တွေ၊ အသီးတွေစုံလို့ ပါပဲ။


ဥုးဇင်းလည်းဂျာမန်စကားပြော မြန်မာတွေကိုအစုတဝေးတွေ့ လိုက်ရလို့ ဝမ်းသာ
အံ့သြနေပါတယ်။ ကျမတို့ ကလည်း ဥုးဇင်းဆီကသိချင်တာတွေမေးကြ၊ဥုးဇင်း
ကလည်း သူသိချင်တာတွေမေးနဲ့ ... ... ...ဒါနဲ့  ကိုAustin Thet win ရဲ့  Email
အကြောင်းပြောပြတော့ ကမ္ဘာလေးဟာအလွန်ကျဉ်းကြောင်းပြောဖြစ်ပါတယ်။
ကိုAustin Thet win ဟာဥုးဇင်းရဲ့ ဒါယိကာ ဖြစ်နေလို့ ပါပဲ။


ဆွမ်းစားပြီးတော့ ကျမတို့ တွေစားကြပါတယ်။နောက်တော့ မေတ္တာသုတ်ကို
ဂျာမန်ဘာသာနဲ့ ဟောပါတယ်။ ပြီးတော့ရေစက်ချ၊အမျှဝေကြပါတယ်။
တကယ့်ကို ကြည်နူးစရာနေ့ တစ်နေ့ ပါ။


နောက်တစ်ပါးကတော့ ကိုသောမတ်စ် ဗုဒ္ဓဂါယာမှာသိလာတဲ့ သီလရှင်ဆရာလေးပါ။
ဆရာလေးတို့ က ကျမတို့ နားမှာကျောင်းတတ်နေကြလို့ အိမ်ကို မကြာခဏ
ရောက်ပါတယ်။ ဆရာလေးတို့ လာရင် ပဌာန်း ရွတ်ပေးပါတယ်။ တကယ့်ကို
စိတ်ကြည်နူးရပါတယ်။ ဆရာလေးတို့ ရဲ့ ကျောင်းကိုလည်းကျမတို့ သွားလည်ကြပါ
သေးတယ်။

တခါတတော့ ကိုသောမတ်စ် ဗုဒ္ဓဂါယာမှာသိလာတဲ့ မိတ်ဆွေအိမ်က ပဌာန်းပွဲပါ။
ပဌာန်းပွဲကို၅ရက်ကျင်းပပါတယ်။ ဆရာတော်အပါအ၀င် ရဟန်းသံဃာ ၁၄ ပါး
ရွတ်ဖတ်ကြပါတယ်။ ထို ပဌာန်းပွဲကိုလည်း မိတ်ဆွေမိသားစုရဲ့ ဖိတ်ကြားမှုကြောင့်
သွားရောက်နာယူခွင့်ရခဲ့ပါတယ်။ ဆွမ်းကပ်တာကိုလည်းကြည်နူးစွာ ကုသိုလ်ယူ
ခဲ့ရပါတယ်။

တနင်္ဂနွေတစ်မနက်မှာတော့ ကျမတို့  IMC တရားရိပ်သာကိုရောက်ဖြစ်ပါတယ်။
အမေ့ကိုပါခေါ်သွားပြီး စုပေါင်းတရားထိုင်ကြပါတယ်။ အမေလည်းသူ့ ရဲ့ ဓမ္မမိတ်ဆွေ
တွေပြန်တွေ့ ရလို့ ဝမ်းသာနေပါတယ်။

နောက်တယောက်ကတော့ ကျမငယ်ငယ်က တရားဓမ္မနဲ့ ရင်းနှီးလာအောင်လုပ်ပေးခဲ့
တဲ့ ဆရာ ဦးသစ်ဆန်းလွင်ပါ။ ကျမနဲ့  ကိုသောမတ်စ် ဆရာဆီသွာပြီး ကန်တော့ခဲ့ပါတယ်။
ကျမ ၃တန်းကနေ ၉တန်းအထိ လိမ္မာယဉ်ကျေးအောင်သင်ကြားပေးခဲ့တဲ့ဆရာပါ။
ကျမ ၁၀တန်းအောင်ပြီးတော့ ဆရာ့ရဲ့ အဆုံးအမတွေနဲ့ အခိုက်အတန့် ဝေးနေခဲ့ပါတယ်။
အိမ်ထောင်ကျပြီးတော့မှ ဆရာသင်ပေးခဲ့တဲ့ စာတွေဟာ အဖိုးတန်လာခဲ့ပါတယ်။
ကိုသောမတ်စ်ကလည်း သူဟာ တရားထိုင်၊သီလဆောက်တည် တာသာရှိခဲ့ပြီး
ကျမကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့  နေထိုင် ကျင်ကြံရမဲ့ စာရိတ္တသီလကို
ပိုပြီးသိရှိနားလည်လာကြောင်း ဆရာ့ကိုပြောပြပါတယ်။ ဒါကြောင့် သူကလည်း
ဆရာ့ရဲ့  အဆုံးအမကို သွယ်ဝိုက်ပြီးရတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြပါတယ်။


ဆရာကလည်း ကျမတို့ ကို အဖိုးတန်စကားများ လက်ဆောင်ပေးလိုက်ပါတယ်။
စာရိတ္တပညာ အလိမ္မာဝတ်ရွတ်စဉ် စာအုပ်အသစ်လေးကိုလည်း လက်ဆောင်
ပေးလိုက်ပါတယ်။ ကိုသောမတ်စ်က သူ့ ကို ဘာသာပြန်ပေးဖို့  ပြောထားပါတယ်။

ရန်ကုန်မှာရှိနေချိန် အခုလို ကုသိုလ်လေးတွေလုပ်ခွင့်ရတာ တကယ်ဝမ်းသာရပါတယ်။
ဂျာမနီမှာဒီလိုသံဃာတော်ဖူးခွင့်၊ဆွမ်းကပ်ခွင့်၊ပဌာန်းတရားနာခွင့်ရဖို့ ဆိုတာမလွယ်ပါဘူး။
အခုလို ကောင်းမှုတွေလုပ်ခွင့်ရအောင် အစစ စီစဉ် ဆောင်ရွက်ပေးတဲ့ ကိုသောမတ်စ်နဲ့ 
မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ရှင်။

8 comments:

TZH1985 said...

အလွန်ကြည်နှုးရပြီး သာဓုလည်းခေါ်မိပါတယ်။ အခုလို ဂျာမန်ဘုန်ဘုန်းတပါး မြန်မာပြည်မှာ သီတင်းသုံးနေတာ သိလိုက်ရတာလည်း ပိုပြီး ကြည်နူးမိပါသည်။

ဒါနဲ့ ကျနော်က မရှင်လေးရဲ့ ဘလော့ ပရိသတ်တစ်ယောက်ပါ။ ကျနော်လည်း ဘလော့လုပ်ထားလို့ အခုမှ ကောမက်ပေးဖြစ်တာပါ။ :P

ဦးသောမတ်စ်ရဲ့ ကျနော် အိမ်ဦးနတ် ဆိုတဲ့ စကားအမြဲတမ်း သတိရနေပြီး ဦးသောမတ်စ်ပြောပြတဲ့ သူရဲ့အထုံပါရမီကြောင့် တူရကီမှာ သူဝိပဿနာအကြောင်း စတင်ကြားသိရကနေစပြီး အခုလို ဗုဒ္ဓဘာသာကို လေ့လာလိုက်စား တရားထိုင်ဖြစ်တဲ့ အကြောင်း ပြန်တွေးမိတိုင်း ပြန်ပြောမိတိုင်း ကြက်သီးထနေကျသူပါခင်ဗျာ... ဆက်လက် အားပေးနေပါဦးမည်...

PhyoPhyo said...

ကြည်နူးစရာကောင်းလိုက်တာ။

မီးမီးငယ် said...

ဒေါ်ကြီးရယ်..
ဦးသောမတ်စ်ကြောင့်၊
ကျမတရားအမြဲတမ်းထိုင်ဖြစ်တာ။
ကြည်နူးစရာကောင်းတယ်၊
သံဃာတော်ဖူး၊ဆွမ်းကပ်၊ပဌာန်းတရားနာ၊
အေးချမ်းလိုက်တာနော်၊
သူကြီး

Myanmar Good Knowledg Co., Ltd said...

သာဓု သာဓု သာဓု
ပါမရှင်လေးရေ။
ကုသိုလ်ရေးတွေလုပ်နိုင်တာလည်း
ကုသိုလ်တမျိုးပါပဲ နော်။

Anonymous said...

ဦးသောမတ်စ်က လူချစ်လူခင်ပေါပုံပဲ။ တရားဓမ္မမှာ နှံ့နှံ့စပ်စပ်ရှိပြီး ကိုယ်တိုင်လဲ အားထုတ်တဲ့သူတွေကို အကဲခတ်ကြည့်ရသလောက် ပြောရရင် သူတို့က စိတ်ထားရင့်ကျက်ပြီး သဘောထားပြည့်တော့ အိမ်ထောင်ရေးမှာ တစ်ဖက်လူ စိတ်ချမ်းသာရတယ်။ ဒါပေမယ့် အချက်အပြုတ်နဲ့ အိမ်မှုကိစ္စတော့ တော်တော်အားနည်းကြတယ်။ မအားလို့ မီးဖိုချောင် တစ်ရက်လောက် ဝင်ကူခိုင်းရင် အိုးနင်းခွက်နင်းနဲ့ အလွဲတွေ လုပ်ပြလိမ့်မယ်။

ညီလင်းသစ် said...

ဖတ်ရတာ ကြည်နူးစရာကောင်းပြီး ငြိမ်းချမ်းလိုက်တာ မရှင်လေးရေ...၊

Anonymous said...

အမပို့စ်လေးတွေဖတ်ပြီး ကြည်နူးဖို့လဲကောင်း၊ စိတ်မကောင်းလဲဖြစ်နဲ့လေ...အမေကိုလဲ ပြုစုခဲ့၊ ဘာသာရေးကုသိုလ်တွေ၊ အလှူတွေလဲလုပ်ခဲ့တာ ၀မ်းသာကြည်နူးရပါတယ်၊ကုသိုလ်တွေအများကြီးရလာတဲ့အမကိုသာဓုခေါ်ပါတယ်နော်
...အမဒီထက်ပိုပြီး သာသနာအလုပ်တွေ နဲ့ အမေကိုပိုပြုစုနိုင်ပါစေလို့...စု

Shinlay said...

MGTHANT, Phyo Phyo, Meemee, ကောင်းမွန်ဝင်း၊စု၊ ကိုညီနဲ့  Anonymous ကျေးဇူးတင်ပါတယ်။