Friday 16 September 2011

ဒီရောက်နေတဲ့ သူငယ်ချင်း

ဒီနေ့ ဖုန်းမြည်လို့ ကိုင်လိုက်တော့ ကြားဘူးသလိုရှိတဲ့ အသံကိုကြားလိုက်
ရပါတယ်။ နောက်တော့မှ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကရန်ကုန်မှာသိခဲ့ခင့်ခဲ့ရတဲ့သူ
တစ်ယောက်ဖြစ်နေပါတယ်။ သူက အခု အိမ်ထောင်ကျပြီး ဂျာမနီကိုရောက်နေ
ကြောင်းပြောတော့ ၀မ်းသာ အံသြသွားရပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်ကျော်က သူနဲ့ ကျမ ဂျာမန်သင်တန်းမှာတွေ့ တာပါ။ အဲ့ဒီတုန်းက
ကျမက အမေ့ဆီ ၃လပြန်နေတဲ့အချိန်ပါ။ ဂျာမန်စာမေ့မှာစိုးတာရယ်၊ တစ်ခုခု
လုပ်နေချင်တာရယ်၊မိတ်ဆွေသစ်တွေရချင်တာရယ်ကြောင့် ဂျာမန်စကားပြော
သင်တန်းကို သွားတက်ခဲ့ပါတယ်။ အဲ့ဒီမှာ သူနဲ့ သိခဲ့တာပါ။သူက ကျမထက်အများ
ကြီးငယ်တာပေါ့။

သင်တန်းဆင်းရင် ကျမက ရွှေဧည့်သည် (၁) ကိုစီးပြီးမြေနီကုန်းကို
ပြန်တယ်။ တခါတလေသူလည်းပါတာပေါ့။ရွှေဘုန်းပွင့်ဘုရားကိုသွားကြတယ်။
ပုဇွန်တောင်ဈေးကိုဝင်ကြတယ်။လက်ဖက်ရည်သောက်ကြတယ်။ အဲ့ဒီတုန်းက
စုစုပေါင်း ၅ယောက်အဖွဲ့ ပါ။

ကျမ ဒီကိုပြန်လာတော့ Email တစ်ခါနှစ်ခါပို့ ဖြစ်တယ်။ ရန်ကုန်ရောက်တော့
သူနဲ့ ပြန်တွေ့ ဖြစ်သေးပါတယ်။ သူ့ အိမ်ကိုကျမသွားလည်သလို ကျမဆီလည်း
သူလာလည်တယ်။ သူလက်ဆောင်ပေးထားတဲ့ မြန်မာလုံချည်အပြာလေးတောင်
အိမ်မှာရှိနေသေးတယ်။

ဒီတခါပြန်တော့ သူ တို့ လမ်းထိပ်ကိုရောက်ပြီးမ၀င်ခဲ့ရဘူး။ စိတ်ထဲမှာတော့သတိ
ရနေတယ်။ အခုသူဒီကိုရောက်နေတယ်ဆိုတော့ ကျမအတွက် သူငယ်ချင်း
တစ်ယောက်တိုးတာပေါ့။ ကျမတကယ်ပဲပျော်နေပါတယ်။ သူနဲ့ နေတဲ့နေရာချင်း
မနီးပေမဲ့ တနေ့ တော့ ကျမတို့ တွေ့ ဖြစ်ကြမှာပါ။ စကားတွေအများကြီးပြော၊
အစားတွေအများကြီးစားရင်း.... .... ....

သူငယ်ချင်း အစစအဆင်ပြေ၊ပျော်ရွှင်ချမ်းမြေ့ပါစေ.....

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မရှင်လေးနဲ့ သူငယ်ချင်းတို့ ပျော်ပျော်ရွှင်တွေ့ဆုံကြပါစေနော်

Myanmar Good Knowledg Co., Ltd said...

အဲလိုမျိုးပြန်ဆုံတွေ့ရတာ တကယ်ဝမ်းသာစရာ။
ကံတရားပဲလို့ ကျွန်မကတွေးမိတယ်။

ရှင်လေးရေ
ငလျင်ကတော့အမြဲလှုပ်နေတုန်းပါပဲ။
သတင်းလာမေးသွားတာကျေးဇူးနော်။

အိမ်မက်စေရာ said...

မရှင်လေး ပြန်ရောက်ပြီလား အရမ်းပျော်ခဲ့မှာ ဟုတ်..
မရှင်လေး သူငယ်ချင်းဆိုတာ မနီလာ များလား..
ဟီး မှန်းပြောကြည့်တာနော်.. သူလဲ အိမ်ထောင်ကျပြီးရောက်လာ တာ သုံးလ လောက်ပဲ ရှိသေးလို့ ဟဲ
ချစ်တဲ့
အိမ်မက်

Anonymous said...

အမ Oktoberfest အသွားဘူးလား...

Shinlay said...

ချောရေ ကျေးဇူးပါပဲ။
ကောင်မွန်ဝင်း....ဟုတ်တယ်။မမျှော်လင့်ပဲ အဝေးတနေရာမှာပြန်ဆုံရတာ ၀မ်းသာရပါတယ်။
အိမ်မက်စေရာ... မနီလာတော့မဟုတ်ဘူးညီမရေ...
Oktoberfest မရောက်ဖူးသေးပါဘူး.. သူငယ်ချင်းရယ်။

လသာည said...

မရှင်လေး သူငယ်ချင်းနဲ့ တွေ့ရမှာ ပျော်စရာကြီးနော်။ ပျော်စရာ တွေ့ဆုံပွဲလေးဖြစ်ပါစေ။