Sunday, 11 September 2011

အမေ...


အမေ နေကောင်းနေတာတွေ့ ရလို့ ဝမ်းသာရပါတယ်။ အသက်ကြီးလာတော့
သတိတွေ ပိုပြီး မေ့တတ်လာတယ်။ ကျမရောက်တော့ သူ့ ကိုကျမတို့ နေတဲ့
အိမ်မှာခေါ်ထားပါတယ်။ နေရာအသစ်မှာ အသားကျဖို့ အမေ့မှာ ၂ရက်လောက်
အချိန်ယူရတယ်။ ညညထရင် သူဘယ်ရောက်နေမှန်းမသိရှာဘူး။ တခါတလေ
သူနဲ့ နေနေတဲ့ ကလေးတွေကိုရှာတတ်တယ်။ ၃ရက်လောက်ကြာတော့မှ အသား
ကျသွားတယ်။
ကိုသောမတ်စ် ကအမေ့ကို ဂရုစိုက်တယ်။ အမေကလည်း သူ့ ကိုတော်တော်လေး
ခင်ပါတယ်။ သူတို့ နှစ်ယောက်အဆင်ပြေကြတော့ကျမလည်း ပျော်တာပေါ့။
ဒီတခေါက်တော့ အမေ့ကို ဘုရားတွေ၊ဘုန်းကြီးကျောင်းတွေတော်တော်လေး
လိုက်ပို့ ပေးဖြစ်ပါတယ်။ အမေကိုတွဲခေါ်ဖို့ လိုတာ ကြောင့် ကိုသောမတ်စ် ပါတော့
ကျမနဲ့ အမေအတွက် အပြင်သွားရတာပိုအဆင်ပြေသွားတာ။


ကျမကတော့ အမေစားချင်တာတွေချက်ပေးတယ်။ အမေ့သွားတွေက စိုက်ထား
တာဆိုတော့ အသားမာရင်၊ အရွက်ကြော်မာရင်မစားနိုင်ရှာဘူးလေ။ ဒီတော့
နေ့ တိုင်းနီးပါး ငါး၊ပုဇွန်၊ပဲပြား၊အာလူး၊ခေါက်ဆွဲစတဲ့ အမေလည်းကြိုက်၊ ပျော့ပျော့
ပျောင်းပျောင်းလည်းရှိတဲ့ဟင်းတွေပဲချက်ဖြစ်ပါတယ်။

အမေက(၇၉)နှစ်ရှိပြီ။ သူ့ ဆံပင်တွေကသန်တုန်းပဲ။ အမြဲတမ်းဆံထုံး ထုံးတုန်းပဲ။
တိုတိုညှပ်ဖို့ ပြောတော့ ကျမစိတ်ကျေနပ်အောင် နဲနဲတိခွင့်ပေးရှာတယ်။

အမေကငယ်ငယ်တုန်းကဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်ရတာကြိုက်တယ်လေ။
ကျမကတော့ထိုင်လေ့မရှိဘူး။ အခုတော့ ကိုသောမတ်စ် နဲ့ နေ့ လည်ဆို လက်ဖက်ရည်
ဆိုင်သွားထိုင်ကြတယ်။ ကိုသောမတ်စ်ကလည်းစိတ်ရှည်လက်ရှည်နဲ့ အမေ့ကို
ခေါ်သွားတယ်။ လက်ဖက်ရည်ဆိုင်ကပြန်လာရင် အမေ့မျက်နှာကပြုံးနေရော။

ကျမတို့ အပြင်သွားရင်အမေ့ကိုခေါ်သွားလို့ ရတဲ့နေရာဆိုရင်ခေါ်သွားလေ့ရှိပါတယ်။
တချို့ နေရာတွေကြတော့ ခေါ်လို့ မဖြစ်ပြန်ဘူး။ သွားလည်ရမဲ့နေရာက ၄ထပ်၊၅ထပ်
တို ၊့ ဟိုနားဒီနားဈေးဝယ်သွားတာတို့ ဆိုရင်အိမ်မှာ အမေ့ကို တယောက်ထဲထားခဲ့ရတယ်။
အမေက နေ့ ခင်းပိုင်းဆိုတယောက်ထဲနေခဲ့ရတာအဆင်ပြေပေမဲ့ ညနေစောင်းဆိုရင်
ကြောက်တတ်တယ်။ ကျမတို့ ပြန်မလာရင်စိတ်ပူတတ်တယ်။ သူ့ ကိုဘယ်သွားမယ်လို့ 
ပြောခဲ့ပေမဲ့ မေ့သွားတတ်တယ်။ ဒီတော့ ဘယ်သွားမယ်ဆိုတာစာရေးထားခဲ့ရတယ်။
ကျမတို့ ပြန်လာတိုင်းသူပြောလေ့ရှိတာက နင်တို့ ဘယ်တုန်းကထွက်သွားတာလဲ၊
ငါအိပ်ပျော်နေလို့ မသိလိုက်ဘူးတဲ့။ တကယ်တော့သူမေ့သွားတာပါ။
အမေကပြောတယ် တခါတခါ အိပ်ပျော်သွားသလိုပဲ အကြောင်းအရာတွေကို မသိလိုက်
တော့ဘူးတဲ့။

ညနေစောင်းသွားစရာရှိရင် ကျမနဲ့ ကိုသောမတ်စ် တလှည့်ဆီထွက်ရတယ်။ ကျမနောက်
ကျရင်အမေက ကိုသောမတ်စ်ကို ကျမကိုသွားရှာ ခိုင်းလေ့ရှိတယ်။
ကျမလည်း အပြင်ရောက်တာနဲ့ အိမ်ပဲပြန်ဖို့ စိတ်စောနေတာပဲ။ အကြောင်းသိကြတဲ့
သူငယ်ချင်းတွေက ကျမကိုလာတွေ့ ကြတယ်။ သူတို့ ကိုကျမတကယ်ကျေးဇူးတင်မိပါတယ်။
ကျမကို မအားတဲ့ကြားက အချိန်ပေးပြီးလာတွေ့ လို့ ပါ။

ကိုသောမတ်စ်က ၄ရက်စောပြီး ဘန်ကောက်ကိုသွားပါတယ်။ အမေ့မှာ ကိုသောမတ်စ်
ပျောက်သွားလို့ လိုက်ရှာနေရှာတယ်။ ၂ရက်လောက်ကြာမှာ သူမှတ်မိသွားတယ်။
အခုကျမပြန်လာတော့လည်းသူကျမကိုရှာနေမှာ။

ကိုသောမတ်စ် ပြန်သွားပြီး ကျမတို့ အိမ်က ဓါတ်လှေကားတစ်စီးကပျက်ပါတယ်။
တပတ်လောက်ကြာမယ်ဆိုတာနဲ့ အမေ့ကို သူ့ အိမ်ကိုပြန်ပို့ ဖို့ စီစဉ်ရပါတယ်။
အမေ့ကိုပြန်ပို့ ပြီး ကျမရဲ့ အိမ်ကိုပြန်တော့ အမေက ကျမကိုစိတ်ပူနေရှာတယ်။
ကျမတယောက်ထဲအိပ်လို့ ဖြစ်ပါ့မလားပေါ့။
သူ့ ကိုကျမဆီပြန်ပို့ ပေးပို့ ပြောနေရှာတယ်။ ဓါတ်လှေကားက ညနေကျတော့
ပြန်ကောင်းလာတာနဲ့ ကျမလည်းအမေ့ကိုပြေးသွားခေါ်လိုက်တယ်။ အမေကလေ
ကျမသူ့ ကိုလာခေါ်တော့ပျော်နေလိုက်တာ။ သူခမျာကျမရှိနေချိန်မှာ ကျမအနားမှာ
အချိန်ပြည့်နေချင်တာတဲ့။ ကျမစိတ်မကောင်းဖြစ်ရပါတယ်။

ကျမပြန်လာတော့ သြော် တစ်နှစ်တော့ပြီးသွားပြန်ပြီလို့ အမေကပြောရှာတယ်။
လာမယ်ဆိုရင်ပျော်ရသလို ပြန်မယ်ဆိုတော့လည်းစိတ်မကောင်းဘူးတဲ့။
ကျမလည်းအမေ့ကို အဝေးမှာထားခဲ့ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဂျာမနီရောက်လို့ 
ဖုန်းဆက်တော့ အမေ့အိမ်ကဖုန်းကပျက်နေလို့ ခေါ်မရပြန်ဘူး။ အဒေါ်ဆီဖုန်းဆက်ပြီး
ကျမကောင်းမွန်စွာရောက်ကြောင်းသတင်းပေးခိုင်းလိုက်ရပါတယ်။
အမေ ကျန်းမာပါစေ။

18 comments:

PhyoPhyo said...

မရှင်လေး မေမေအကြောင်းဖတ်ပြီး မေမေ့ကိုလည်းလွမ်းသွားတယ်။
မရှင်လေး မေမေ ကျန်းမာပျော်ရွှင်ပါစေ။

ညီလင်းသစ် said...

မရှင်လေး အမေက ကျန်းမာလိုက်တာနော်၊ ၇၉ နှစ်ဆို တာ တကယ်ကို မထင်ရဘူး၊ ဆံပင်တွေလည်း အများကြီးနဲ့ သန်တုန်းပဲ၊ လာလည်တော့ ပျော်ရသလို ပြန်ကြတဲ့ အချိန်ကျတော့လည်း ဝမ်းနည်းရပြန်တာပါပဲ ဆိုတာ တကယ်ပဲ မှန်တယ်ဗျာ၊ ဖတ်ရတာ ကြည်နူးသလို၊ ဝမ်းနည်းသလိုနဲ့.....။

Anonymous said...

ဒေါ်ကြီးရေ..
ပြန်ရောက်ပြီလား၊
အမေကကျမ်းမာနေသေးတယ်နော်။
Oostvoorne က Peter တို့ 
ပြီးခဲ့တဲ့လကတည်းက
ဟိုရောက်နေတယ်။
အိတို့ ၎ ပတ်ကြာမယ်လို့ 
တော့ပြောထားတယ်။
သူတို့ လည်းဂျာမဏီမှာ၎ပတ်လောက်
နေမယ်ပြောတယ်။
အမ(မမစ)လည်းကျမတို့ 
ဆီလာလည်မယ်တဲ့။
သွားတွေ့ အုံးမယ်။
သူကြီး

Anonymous said...

အမေ့ကို ပြုစုခဲ့တာတွေ သာဓု သာဓု သာဓု ခေါ်ပါတယ် မရှင်လေးရေ။ ဦးသောမတ် ဒုလ္လဘဝတ်မယ်လို့ မျှော်လင့်ထားတာ။ မဝတ်ဖြစ်ဘူးဆိုတော့ မဆီမဆိုင် ဝမ်းနည်းသွားသလိုပဲ။ ကျွန်တော်ဆို ဝတ်ချင်ရက်နဲ့ နောက်တစ်ခေါက် မဝတ်နိုင်တာ ၁၀ နှစ်ကျော်ပြီ။ ကျွန်တော့်သူငယ်ချင်းလဲ ထိုင်းပြန်ပြီး သင်္ကန်းစည်းမယ်ကြံနေတာကြာပြီ။ ကြွေးတွေ ရှိနေတော့ သိမ်ထဲမှာ မေးမယ့် ကြွေးမြီကင်းရှင်းရဲ့လားဆိုတဲ့ မေးခွန်းနဲ့ ငြိနေလို့ မဝတ်ရဘူး။

Anonymous said...

ဦးသောမတ်နဲ့ အမေ့ ပုံတွေကို မြင်ရတာ ကြည်နူးရတယ်လို့ ပြောပေးပါ။

အပေါ်က တယောက်ပြောသလိုဘဲ အကြွေးမကင်းလို့ ဘုန်းကြီးမ၀တ်ဖြစ်သေးတဲ့ ကလေးတွေရှိနေကြတယ်။
အင်စတောမန့်လည်း အကြွေးဆိုတော့ မရသေးဘူးပေါ့။

R said...

အင်စတောမန့်ကတော့ တစ်လုံးတည်းပေး မဟုတ်ဘဲ လစဉ်ပေးဖို့ ရောင်းသူကိုယ်တိုင်က သဘောတူ ကမ်းလှမ်းတာ ဖြစ်တဲ့အတွက် ဒီလိုပေးဖို့ သဘောတူပြီးမှ မပေးဘဲ လှည့်ဖြားရှောင်တိမ်းနေတာမျိုး မဟုတ်ရင် ဝတ်လို့ရတယ်လို့ သိရပါတယ်။ အိမ်မှာ အလှူလုပ်ဖို့ မိတ်ဆွေတစ်ယောက်ဆီက အသုံးအဆောင်တွေ ချေးငှားထားတယ်၊ ပြန်ပေးရမယ့်အချိန်မှာ ပိုင်ရှင်က ရပ်ဝေးခရီးထွက်နေလို့ ရိုးသားစွာ မပေးရသေးဘူးဆိုလဲ ဒီခြွင်းချက်မျိုးက ရပါတယ်။ ခင်မင်စွာဖြင့်

Myanmar Good Knowledg Co., Ltd said...

မရှင်လေးရဲ့ အမေကို သနပ်ခါးအဖွေးသားနဲ့ ပြုံးပြုံးရယ်ရယ်တွေ့ရတာ စိတ်ချမ်းသာတယ်။

တချို့နေရာလေးတွေဖတ်ရတာ ၀မ်းနည်းပြီး မျက်ရည်တောင်လည်မိတယ်။

အမေအဖေနဲ့ ဝေးနေရတဲ့ခံစားချက်ကို သဘောပေါက်ပါတယ်။

အနော် said...

အမ စိတ်မကောင်းဘူး. မျက်ရည်ကျတယ်. အိမ်က အမေနဲ့အဖေကို သတိရတယ်. ကိုယ်ကိုယ်တိုင်လဲ အိမ်ကိုမပြန်နိုင်သေးသလို အဖေအမေကလဲ အိမ်ကိုပြန်လာပါလို့ မခေါ်နိုင်သေးတဲ့အချိန်ဖြစ်နေတုန်း ဒီပို့စ်ကို ဖတ်ရတာ ပိုစိတ်မကောင်းဘူး.. :(

Anonymous said...

အမေပိန်သွားတယ်နော်အစ်မ..။ အပေါ်ဆုံးပုံက ပြုံးနေတာ ချစ်စရာကောင်းလိုက်တာ။
mm

Margaret Joe said...

မမရှင်လေးက..အမေတူတယ်နော်...
မအေချစ်တဲ့သမီးတယောက်မို့..မျက်ရည်များနဲ့...ရင်ထဲစို့နင့်နေအောင်..ခံစားဖတ်ရှု့သွားပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် မရှင်လေး မေမေက အသက်ကြီးပေမဲ့ သနပ်ခါး အဖွေးသားနဲ့ ချစ်ဖို့ကောင်းလိုက်တာ
အနားကပ်ရင် နံ့သာနံ့ သနပ်ခါးနံ့လေး သင်းနေမှာဘဲ
အဖွားကိုတောင် သတိရသွားပြီ
အဖွားလည်း အမြဲသနပ်ခါးဖွေးနေမှ စိတ်ချမ်းသာတာတဲ့

Anonymous said...

ရှင်လေးက အမေတူဘဲ။ ရီတာလေးက တပုံစံတည်းဘဲ။
အတူနေပြီးမှ ခွဲထားခဲ့ရပြန်တော့ စိတ်မကောင်းဖြစ်နေအုန်းမယ်ဆိုတာ ခံစားမိပါတယ်။ ဒါပေမဲ့ အမေ့ကို ပျော်အောင်ထားပြီး ပြုစုခဲ့တာလေးတွေတွေးပြီး ကျေနပ်နိုင်ပါစေလို့ ...
အိုင်အိုရာ

TZH1985 said...

တစ်နှစ်တော့ သွားပြန်ပြီး ဆိုတဲ့စကားက ရင်မှာ စို့သွားတာပဲ...

Shinlay said...

ကျေးဇူးပါ Phyo Phyo။

ကိုညီရေ အမေက သူ့ ကိုယ် သူကျန်းမာအောင်ကျိုးစားနေရှာတယ်။ သူနေမကောင်းရင် အနားမှာ ကျမမရှိလို့ တဲ့။

သူကြီးရေ... ပြန်ရောက်ပါပြီ။ ကိုပီတာတို့ နဲ့ တော့မတွေ့ နိုင်တော့ပါ။

ကျေးဇူးတင်ပါတယ် Anonymous ။ ကိုသောမတ်စ်တော့ ဒီနှစ်ဘုန်းကြီးမ၀တ်ဖြစ်ခဲ့ပါဘူး။
ကိုယ့်မှာ စေတနာရှိနေပြီပဲ တနေ့ နေ့ တော့ အောင်မြင်မှာပါ။

R ပြောပြပေးတာကျေးဇူးပါ။

ကောင်းမွန်ဝင်းရေ အမေက သနပ်ခါးသိပ် ကြိုက် ပါတယ်။ မနက်မိုးလင်းတာနဲ့ သနပ်ခါးကဖွေးနေရော။

အနော် စိတ်မကောင်းမဖြစ်ပါနဲ့  တနေ့ တော့ ပြန်ဖြစ်မှာပါ။အားတင်းထားနော်။

mm ဟုတ်တယ်။အမေတော်တော်လေးပိန်သွားတယ်။

Margaret Joe လာလည်တာကျေးဇူးတင်ပါတယ်။

ချောရေ...အဖွားနဲ့ အမေနဲ့ တကယ်တူတယ်။ သနပ်ခါးကြိုက်ကြတာလေ။

ကျေးဇူးပါပဲ အိုင်အိုရာ ကျမလည်းဒီလိုပဲတွေး ထားရပါတယ်။

MGTHANT ။ အမေပေးတဲ့ခွန်အားတွေနဲ့  နောက်နှစ်အတွက်အားစိုက်ကြိုးစား လိုက်အုံးမယ်။

လာလည်ကြတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ
်ရှင်။

Kyaw Hnin Se Lwin said...

မရှင်လေးရေ
အမေ့အကြောင်းဖတ်ရတာ ပျော်လည်းပျော် သနားလဲသနားတယ်။ သူ့ခမျာလိုက်ရှာနေတော့မှာပဲ။ ညီမအဘွားဆိုလည်း အဲလိုပဲသိပ်မေ့တတ်တော့ ခံစားဖူးတာမို့နားလည်တယ်။ ကဲ နောက်တနှစ်မြန်မြန်ရောက်ပါစေနော်
:)))

Shinlay said...

ကျော်နှင်းဆီ...ကျေးဇူးပါညီမေ၇။

Anonymous said...

Hi Ma Shinlay,

Can you take your mother to your place currently where you are staying ?

Jasmine

Anonymous said...

oh ama,
This is my first time i came and read ur blog. When i read this letter, my tears came out. Wish your mom to be healthy and wish that u can back home frequently