http://www.papst-in-freiburg.de မှာတော့ ပုံတချို့ ကိုကြည့်လို့ ရပါတယ်။
ပုပ်ရဟန်းမင်းကြီး မလာခင် ၂ပတ်လောက်ကတည်းက လူတိုင်းရဲ့ စကားဝိုင်း
မှာ ဒီအကြောင်းရေပန်းစားနေပါတယ်။ လူ တစ်သိန်းကျော်လောက်လာကြမဲ့
ပွဲမှာ ဘယ်လိုစီစဉ်ကြမှာလဲ၊ ဘာတွေလုပ်ကြမှာလဲ၊ဘယ်တွေကိုသွားလဲ။
ပုပ်ရဟန်းမင်းကြီး ဘယ်မှာတည်းမှာလဲ.....။
လမ်းတွေလည်းပိတ်မယ်။ ဈေးဆိုင်တွေလည်းပိတ်မယ်။ ဘယ်နေရာတွေပိတ်မှာလဲ။
ဘယ်အချိန်အထိလဲ...စသဖြင့် မေးခွန်းတွေများစွာနဲ့  အလုပ်များနေကြပါတယ်။
ဒီအထဲမှာကျမလည်းပါတာပေါ့။ သိချင်တာကို....
လုံခြုံရေးအတွက် လုံခြုံရေးအဖွဲဝင် ၅၀၀၀ ကိုချထားမယ်တဲ့။


မှာနေသူတွေဆို ပြူတင်းပေါက်တောင်မဖွင်ရဘူးလို့ သိရပါတယ်။ အပြင်ထွက်ပြီးပြန်ဝင်ရင်
အဲ့ဒီဇုံအတွင်းမှာ နေထိုင်တဲ့ ကဒ်( နေထိုင်ကြောင်းစာရွက်)ကိုပြရပါမယ်။ စက်ဘီးတွေကား
တွေလည်းမ၀င်ရပါ။မြို့ထဲကဆိုင်များလည်းပိတ်ကြရပါတယ်။ ဘတ်စကား၊ဓါတ်ရထားများ
လည်းမထွက်ကြရပါ။

Freiburg မှာလုပ်တဲ့ ပုပ်ရဟန်းမင်းကြီး ၀တ်ပြုပွဲလုပ်မဲ့စင်ပါ။ လူ တစ်သိန်းကျော်လာမယ်လို့ 
တွက်ထားကြပါတယ်။
အမှတ်တရလက်ဆောင်ပစ္စည်းများ ကိုလည်းရောင်းကြပါတယ်။

ရေခဲမုန့် ဆိုင်ကလည်း Papst Benedikt XVI. ရေခဲ့မုန့် ဝယ်လို့ ရသတဲ့။ ဒီနေရာမှာ
http://www.fr-online.de/der-papst-kommt,10846758,10885770.html
တခြားအမှတ်တရပစ္စည်းတွေ ကို ကြည့်လို့ ရပါတယ်။
အဲ့ဒီလို ပုပ်ရဟန်းမင်းကြီးလာလို့ ဝမ်းမြောက်ကြိုဆိုကြသလို သူလာတာကို ကန့် ကွက်
ကြတဲ့အဖွဲ့ တွေလည်းရှိပါသေးတယ်။ http://freiburgohnepapst.de/wp/
ကျမတော့ တီဗီက တိုက်ရိုက်ပြတာပဲကြည့်မှာပါ။ လူတွေကများတော့ သွားလည်း ဘာမှ
မြင်ရမယ်မဟုတ်ပါလား။
6 comments:
လင့်ခ်ကဖတ်တတ်ဘူး ရှင်လေးရေ။ အဲဒီသတင်းတော့ စိတ်ဝင်စားတယ်။ လုံခြုံရေးအင်အားမနည်းဘူး။အခုဆို ပုပ်ရဟန်းမင်းကြီး ရောက်နေပြီပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးတင်ပါတယ်အန်တီတင့်ရှင့်။
ကြီးကြီးကျယ်ကျယ် စီစဉ်တာပဲနော်။
ဟုတ်တယ် အရမ်းလူကြပ်မယ့်နေရာတော့ သိပ်မသွားချင်ဘူး။
တီဗွီက ပိုကြည့်ကောင်းမယ်ထင်ပါရဲ့။
ဒေါ်ကြီးကလည်း..
ကိုယ်တို့ လာတုံးကနေရာတွေလိုက်ပို့ လိုက်ပေါ့။
အဟဲ....တီဗီဂျီးမှာကြည့်ရဗျား.
ပြင်ဆင်နေလိုက်တာ။
ဆန္ဒပြနေကြတာရော။
သူကြီး
လူတစ်သိန်းကျော်ဆို နည်းဘူးကြီးပဲ။ ဘယ်လို ထိမ်းကြမလဲမသိဘူးနော်။ သူတို့တွေလဲ ဘာသာတရားတော်တော် ကိုင်းရှိုင်းကြတယ်။
ကောင်းမွန်ဝင်း ၊ သူကြီး နဲ့  မဆွိ.. မနေ့ ညက လူငယ်တွေနဲ့ တွေ့ တဲ့ ပွဲကတော်တော် လေးကောင်းတယ်။ လူငယ်တွေလည်း
တက်တက်ကြွကြွနဲ့ ။ နောက်ဆုံးမီးတိုင်လေးတွေကိုင်ပြီး
ပွဲသိမ်းတယ်။
ဒီနေ့ မနက်တော့ မြို့ ရဲ့  လေယာဉ်ကွင်းနေရာမှာ ၀တ်ပြုပွဲလုပ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းသူတွေ
စုစုဝေးဝေးနဲ့  နေကလည်းသာ၊ ကောင်းပါတယ်။
Post a Comment