Friday 20 November 2009

သစ်ကြားသီးကိက်.....

အရသာလည်းရှိ၊ လွယ်လည်းလွယ်၊ အချိန်လည်း မကြာတဲ့ ကိတ်မုန့် ပါ။
ဆွတ်ဇာလန် နိုင်ငံမှာ လုပ်လေ့ရှိတယ်လို့  သိရတာပဲ။

လိုအပ်တာတွေကတော့.....


သစ်ကြားသီး (အခွံခွာပြီးသား) = ၂၀၀ ဂရမ်

ထောပတ် = စားဇွန်းတစ်ဇွန်း

သကြား= ၁၀၀ ဂရမ်

မုန့် ကြွပ် = ၃၀ ဂရမ် ( ၃ချပ်)

ကြက်ဥ = ၃ လုံး

Baking powder လက်ဘက်ရည်ဇွန်း တစ်ဝက် တိတိ

Vollmilch- Kuvertüre 100g / Vollmilch Glasur တစ်ထုပ် (၂ခါလုပ်လို့ ရပါတယ်။)


ပုံစံခွက်သုပ်ဖို့  အတွက် ထောပတ်နဲနဲနဲ့  ဂျုံမှုန့် အနည်းငယ်


ပြင်ဆင်ချိန် ၃၅ မိနစ်၊ မုန့် ဖုတ်ချိန် ၂၅ မိနစ်


ကိတ်မုန့် တစ်တုံးမှာ၊ 230 Kcal, 15,3 g F, 5g EW, 17,3 KH


1- သစ်ကြားသီးတွေထဲက မှ ၅၀ဂရပ်ကို ခပ်နုပ်နုပ်စဉ်းပါ။

ထောပတ်ကို ဒယ်အိုထဲမှာအပူပေးပါ။ ပူပြီး အရည်ပျော်လာရင်

စဉ်းထားတဲ့ သစ်ကြားသီးတွေထဲ့ပါ။

ခဏလောက်မွှေပေးပါ။

သကြား စားဇွန်းတစ်ဇွန်း ကို ထညိ့ ပြီး Caramelized လုပ်ပါ။ (နဲနဲ ညိုလာတဲ့ အထိမွှေထားပါ။)

အအေးခံပါ။

2- ကျန်တဲ့ သစ်ကြားသီးတွေရယ်၊ မုန့် ကြွပ်ရယ်ကို အမှုန့် ကြိတ်ပါ။ ပုံစံခွက်ကို ထောပတ်သုပ်ပါ။ ဂျုံမှုန့် ဖြူးပါ။

Oven ကို 175°C အပူပေးထားပါ။

3- ကြက်ဥနဲ့ ကျန်တဲ့ သကြားကို စက်နဲ့  အမြုပ်တက်လာ တဲ့အထိ နာနာမွှေပါ။

ကြိတ်ထားတဲ့ သစ်ကြားသီး၊ မုန့် ကြွပ်အမှုန့် ၊ Baking Powder ၊ ထောပတ်နဲ့ လှော်ထားတဲ့ သစ်ကြားသီး

တို့ ကိုထည့်ပါ။ နှံ့ အောင်မွှေပေးပါ။ ပုံစံခွက်ထဲ ထဲ့ပါ။ Oven မှာထည့်ပြီး 20_25 min ခန့် ဖုတ်ပါ။

ကျက်မကျက်ကို ၀ါးဒုတ်လေးနဲ့ ထိုးပြီးစစ်ကြည့်ပါ။ ဒုတ်မှာ မုန့် နှစ်တွေကပ်မနေတော့ရင် ကျက်ပါပြီ။

ကပ်နေသေးရင်တော့ 5-10 Min လောက် ထပ်ထားပေးပါ။

မုန့် ကျက်ရင် ထုတ်ပြီး ပုံစံခွက်ထဲမှာ 10 Min ခန့် ထားပါ။ ပြီးရင် ပုံစံခွက်ထဲက ထုတ်ပါ။

Baking Grid ပေါ်တင်ပြီး အအေးခံပါ။

4- Vollmilch Glasur (Whole milk glaze) အထုတ်ကို ရေနွေးမှာ ၁၀ မိနစ်စိမ်ပါ။

အရည်ပျော်သွားလျှင် ကိတ်မုန့် ပေါ်သုပ်ပေးပါ။


11 comments:

Anonymous said...

ကိတ်တစ်ခါမှ မဖုတ်ဖူးဘူး။။
စမ်းကြည့်ချင်တယ်..
ဒါပေမယ့်လဲ.. မဖြစ်မြှောက်မှာ စိုးတယ်။။
ကျေးဇူး..မရှင်လေးရေ..

ပေါက်

Shinlay said...

ပေါက်ရေ..စမ်းကြည့်။ ကျမလည်းစမ်းစမ်းလုပ်ကြည့်
နေတာ။ ဖြစ်မှာပါ။

nu-san said...

မရှင်လေး လုပ်တဲ့ မုန့်တွေက စားကောင်းမယ့်ပုံ.. အမ အားရင်လေ.. ရွှေကြည်ဆနွင်းမကင်းလုပ်နည်းလေး မြန်မာလို ပြန်တင်ပေးပါလား.. မုန့်လုပ်ရတာတော့ ၀ါသနာ ပါတယ် မရေ.. ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် မရှိတာများတယ်.. :D ရွှေကြည်လည်း အမဆီက နည်းကို အင်္ဂလိပ်လို ဘာသာပြန်ပြီး လုပ်ကြည့်သေးတယ်.. အဟိ.. အောင်မြင်သေးဘူး.. :P

လွတ်ငြိမ်းလေပြေ (breeze) said...

လုပ္တတ္ဘူး လုပ္တတ္ဘူး း(
(အစ်မရှင်လေး လုပ်ပြီးသားကို
ညာစားရင် ကောင်းမလား)
း)

Vista said...

မုန့် မလုပ်တတ်ဘူး စားပဲစားတတ်တယ်
ဟိဟိ ..

Yu Ya said...

မုန့်လေးတွေ လာမြည်းသွားတယ် အစ်မရှင်းလေးရေ.. လုပ်နည်းလည်း မှတ်သွားတယ်.

yu ya

စူးနွယ်လေး said...

ကောင်းမယ့်ပုံပဲ မရှင်လေးရေ..အဆင်ပြေမှစမ်းကြည့်ဦးမယ်။
ဒီနှစ်တော့ weihnachtsgebäck လုပ်ကြည့်မလားလို့။
တနှစ်မှ မလုပ်ဖူးသေးဘူး။ သူများပေးတာပဲ စားနေတာ။ သိပ်မရှုပ်တာလေးတွေ ရွေးလုပ်မယ်။

မမိုး said...

မုံ့လုပ်တာ ၀ါသနာပါပါတယ်။
မုံ့နယ်တဲ့ စက်မရှိတာ
ခက်တယ်။

Shinlay said...

ကိုယုယ၊ လေပြေနဲ့ vista, မုန့် လာစားကြတာ ကျေးဇူးတင်ပါတယ်။
စမ်းလုပ်နေတာ...အရင်ကတော့ခဏခဏပျက်တယ်။
ဟဲဟဲ။ အခုတော နဲနဲ ဟုတ်လာပြီ။
nusan ရေ စိတ်မပျက်နဲ့ ။Evyရဲ့  ဘလော့ထဲမှာ
ရွှေကြည်ထိုးနည်းလေးတွေ့ ထားတယ်။
ရေးထားတာလေးရှင်းတော့ လုပ်ကြည့်ရင် အဆင်ပြေ
မှာပါ။
http://evy-foodlover.blogspot.com/

ှစူးနွယ်ရေ...weihnachtsgebäck လုပ်ရတာပျော်စရာကောင်းတယ်။
မမိုး လာလည်ရင် အတူတူလုပ်စားကြမယ်လေ။

မြတ်နိုး said...

ကိတ်တစ်ခါမှ မဖုတ်ဖူးဘူး။။
စမ်းကြည့်ချင်တယ်..
ဒါပေမယ့်လဲ.. မဖြစ်မြှောက်မှာ စိုးတယ်။။

ama, taw lite tar...

i also want to make .

Evy said...

မုန့်လုပ်နည်းလာမှတ်သွားတယ် မမရှင်လေး ရေ။ မရောက်တာတောင်ကြာပြီ။ ဒီရက်ပိုင်း နဲနဲအလုပ်ရှုပ်နေလို့။