Monday 7 December 2009

ကျေးဇူးတင်ပါတယ်။

ဘာလိုလိုနဲ့  ၂၀၀၉ ခုနှစ်လည်း မကြာခင်ကုန်တော့မယ်။ ဒီနှစ်ထဲမှာ ကျမ

Blog တွေကို တော်တော်လေးလည်ဖြစ်ခဲ့ပါတယ်။ ကျမရဲ့  Bolg လေးကို

၂၀၀၇ လောက်ကစပြီးရေးဖြစ်ခဲ့ပေမဲ့ ဘယ်မှလည်းမလည်ဖြစ်၊ ဘယ်သူကမှ

လည်း လာမလည်ကြ နဲ့ ကျမတယောက်ထဲပဲ။

၂၀၀၈ လောက်ရောက်တော့ မလု ရဲ့  Blog ကတဆင့် ဘလော့ တချို့ ကို

သွားလည်ဖြစ်တယ်။ စန္ဒကူး၊ ထမင်းအိုး၊ မြူး၊ We she me, မမိုးချိုသင်း၊

စုဘူးအိမ် တို့ ဆီ ပုံမှန်ရောက်ဖြစ်တယ်။ အဲ့ဒီတုန်းကမြန်မာလိုကလည်း

မရိုက်တတ်တော့ Comment တွေ၊ Cbox တွေမှာလည်း

သိပ်မရေးဖြစ်ခဲ့ပါဘူး။

၂၀၀၉ ခု ၄လပိုင်းမှာ မြန်မာလိုရိုက်လို့ အဆင်ပြေရော ကျမ ပြောချင်တာ

တွေ၊ရေးချင်တာတွေ တော်တော်လေးေ၇းဖြစ်ခဲ့ပါတယ်။ ဘလော့တွေဆီ

လည်း တော်တော်ရောက်ဖြစ်တယ်။ဒီလိုနဲ့ ကျမ အတွက် ရင်ဖွင့်ရာ နေရာ

အသစ်လေးတခုရခဲ့တယ်။ မိတ်ဆွေသစ်တွေလည်းတိုးခဲ့တယ်။

အရင်က အိမ်ရယ်၊ အလုပ်ရယ်ပဲရှိခဲ့တဲ့ ကျမ အခုတော့ အားချိန်ရတာနဲ့ 

ဘလော့တွေဆီသွားလည်၊ အတွေ့ အကြုံတွေ ဖလှယ်ကြ၊ ဟင်းချက်နည်းတွေ

စမ်းသပ်လိုက်နဲ့  ကျမအတွက်အိမ်လွမ်းချိန်၊ တွေးချိန်၊ ဘာလုပ်ရမှန်းမသိတဲ့

အချိန်တွေ နဲလာတယ်။ တဖြေးဖြေးနဲ့ ကျမပျော်လာတယ်။ နေရတာ

အဓိပ္ပါယ်ရှိလာသလိုပဲ။အရင်က ကျမညတိုင်းလိုလို မြန်မာပြည် ကိုအိပ်မက်

မက်တယ်။ မနက်တိုင်း Thomas ကို ပြောပြလေ့ရှိတယ်။ ဒီနှစ်တော့ အဲ့ဒီ

အိပ်မက်တွေ သိပ်မမက်တော့ဘူး။

တကယ်တော့ ဘလော့လေးတွေကတဆင့် မြန်မာစာတွေဖတ်ရ၊ လွမ်းနေတဲ့

မြန်မာ အစားအစာတွေ မြင်ရ၊ ဟင်းချက်နည်းသစ်တွေရ၊ မြန်မာသူငယ်ချင်း

တွေရခဲ့တယ်။တယောက်နဲ့ တယောက် မတွေ့ ဘူး၊ မသိဘူးကြပေမဲ့ သံယောဇဉ်

လေးတွေရှိကြတယ်။သူတို့ ဆီကိုကျမ သွားမလည်ရတဲ့နေ့ တွေဆို တခုခု

ဟာနေသလိုပဲ။

ကျမဆီ လာလည်ကြတဲ့ သူငယ်ချင်းများ ကိုလည်း ကျမ အထူးကျေးဇူးတင်ပါတယ်။

ကျမကို ဗဟုသုတတွေပေးတဲ့ ဘလော့ရေးသူ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။

သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် ၂၀၀၉ မှ ၂၀၁၀ နှစ်သစ်ကို

ကူးပြောင်းနိုင်ကြပါစေလို့ ဆုမွန်ချွေလျှက်...........

15 comments:

ThuHninSee said...

same to you
:)

စူးနွယ်လေး said...

Das wünsche ich Euch auch!!!

moemoestar said...

ဟုတ်တယ်နော်
ဘလော့လည်နေရတာနဲ့ အလွမ်းပြေတယ်...

subuueain said...

အမြဲရောက်ဖြစ်တယ်ဆိုလို့ကျေးဇူးပါမမ။ နှစ်သစ်မှာ စိတ်ချမ်းသာပျော်ရွှင်ပါစေနော် :)

amk said...

Wishing you and your family a Merry Christmas and Happy New Year 2010 too. ခရီးသွားမှာမို့ ကြိုနုတ်ဆက်ပါတယ်အမရေ

meemee said...

I visit everyday...sometime 2/3 times a day...really we are getting old.And I feel like I still have to do many things before our end of day are coming.Anyway I got idea from you and Thomas,Thanks.

Anonymous said...

အဝေးရောက်ဆွေမျိုးတွေလိုပါပဲ အမရယ်။

ဇွန်မိုးစက် said...

မရှင်လေးရဲ့ blog ကိုအလည်လာဖြစ်ပါတယ်။ comment လည်း တစ်ခါပေးဖူးတယ်။ ဂျာမနီနိုင်ငံနဲ့လူမျိုးတွေအကြောင်း သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ညီမဆီလည်းလာလည်ပါ။ အစ်မဆီလည်း မကြာမကြာလာလည်ပါ့မယ်။

Evy said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ကြိုပြီးဆုတောင်း လိုက်ပါတယ်။ မုန့်တွေလည်းများများလုပ်နိုင်ပါစေ :-)

မမိး said...

စောလှချည်လား ရှင်လေးရေ..ခုမှ ၈ရက်ပဲရှိသေးတယ်လေ..အေးလေ..စောစောဆုတောင်းတော့
လဲ ဆုမြန်မြန်ရတာပေါ့။
ရှင်လေးရော ဦးသောမတ်ပါ ပျော်ရွှင်စရာ နှစ်ကူးဖြစ်ပါစေနော်....
နှစ်သစ်မှာ စိတ်ရောကိုယ်ပါ ချမ်းသာစွာရှိပါစေရှင်လေးရေ...

မမိုး said...

သြော် သိပြီ ရှင်လေးတို့ ခရီးသွားကြမလို့ဆို၊ ဒါ့ကြောင့်
စောပြီးလုပ်တာထင်တယ်..

nu-san said...

အတူတူပါပဲ အမရယ်.. Blog တွေလည်ရ ၊ ရေးရ၊ ဟင်းချက်နည်းတွေ စမ်းချက်ကြည့်ရနဲ့မို့ လူက အထီးကျန် မဖြစ်ဘူးလို့ပဲ ခံစားနေရတာ.. :)

အမလည်း နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ.. !!!

juniorwinwriter said...

dear eithu
Happy New Year 2010!!!!
Best wishes to all your family,and your mom.

rose of sharon said...

အတူတူဘဲနော်... သိတယ်ဟုတ်... ကျေးဇူးတင်ပါတယ်

Khin said...

I miss Myanmar so much and now I am back there and feel so happy.I am glad you can be in touch with online friends.