Sunday 7 February 2010

မင်္ဂလာရှိကြပါစေ။

ငယ်ငယ်တုန်းက အလိမ္မာဝတ်အသင်းမှာ ဆရာဦးသစ်ဆန်းလွင်
သင်ပေးခဲ့တဲ့ ၃၈ ဖြာမင်္ဂလာ လိုရင်းဆောင်ပုဒ် ဆိုတာလေးပါ။
၁။ လူမိုက်ရှောင်မင်္ဂလာ ၊
၂။ လူလိမ္မာပေါင်း မင်္ဂလာ ၊
၃။ ပူဇော်ထိုက်သူ ပူဇော် မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၃ ဖြာ။

၎။ သင့်ရာနေ မင်္ဂလာ၊
၅။ ကြိုတင်ကောင်းမှုပြုမင်္ဂလာ၊
၆။ ကိုယ့်ကိုကိုယ်ထိန်း မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၃ ဖြာ။

၇။ အကြားအမြင်များ မင်္ဂလာ၊
၈။ အတတ်ပညာသင် မင်္ဂလာ၊
၉။ ကျင့်ဝတ်လေ့လာ မင်္ဂလာ၊
၁၀။ စကားလိမ္မာ မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၁၁။ မိဘလုပ်ကျွေး မင်္ဂလာ၊
၁၂။ သားမယားချီးမြှောက် မင်္ဂလာ၊
၁၃။ အလုပ်အပြစ်ကင်း မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၃ ဖြာ။

၁၄။ ပေးကမ်းလှူဒါန်း မင်္ဂလာ၊
၁၅။ တရားသဖြင့်ကျင့်ကြံ မင်္ဂလာ၊
၁၆။ ဆွေမျိုးချီးမြှောက် မင်္ဂလာ၊
၁၇။ အများအကျိုးဆောင် မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၁၈။ မကောင်းမှုဝေးဝေးရှောင် မင်္ဂလာ၊
၁၉။ မကောင်းမှု အတွေ့ ရှောင် မင်္ဂလာ၊
၂၀။ အရက်သေစာရှောင် မင်္ဂလာ၊
၂၁။ တရားမမေ့မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၂၂။ ရိုသေကိုင်းရှိုင်း မင်္ဂလာ၊
၂၃။ နှိမ့်ချကျိုးနွံ မင်္ဂလာ၊
၂၄။ ရောင့်ရဲတင်းတိမ် မင်္ဂလာ၊
၂၅။ ကျေးဇူးသိတတ် မင်္ဂလာ၊
၂၆။ တရားနာ မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၅ ဖြာ။

၂၇၊ သည်းခံမင်္ဂလာ၊
၂၈။ နာခံလွယ် မင်္ဂလာ၊
၂၉။ သူမြတ်ဖူးမျှော်မင်္ဂလာ၊
၃၀။ တရားဆွေးနွေး မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၃၁။ အာရုံမလိုက်စား မင်္ဂလာ၊
၃၂။ အကျင့်မြတ်ပွားများ မင်္ဂလာ၊
၃၃။ အရိယာသစ္စာသိမြင် မင်္ဂလာ၊
၃၄။ နိဗ္ဗာန် မျက်မှောက်ပြု မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၃၅။ လောကဓံမတုန်လှုပ် မင်္ဂလာ၊
၃၆။ ၀မ်းမနဲ မင်္ဂလာ၊
၃၇။ မမက်မော မင်္ဂလာ၊
၃၈။ ဘေးမရှိ မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

ဒီမှာလည်းကြည့်လို့ ရပါတယ်။

5 comments:

Swant said...

မမ ဆရာဦးသစ် ဆန်းလွင် စာတွေ ပြန်ဖတ်ရတာ ဝမ်းသာလိုက်တာ။

ဇွန်မိုးစက် said...

မမရေ ပြန်လည်ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Moe Cho Thinn said...

ဟုတ်တယ်။ တို့လဲ ငယ်ငယ်က တနလာင်္နေ့ မနက်ဆို တီတီစီမှာ ဘုရားရှိခိုးပြီးရင် ဆရာဦးသစ်ဆန်းလွင်ရဲ့ ကဗျာလေးတွေ ဆိုရတာ မှတ်မိနေတယ်။
လူမိုက်ကိုလေ
ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ ..၊ ဆိုတာလေ။
ဆရာဦးသစ်ဆန်းလွင်နဲ့ အဖေ နဲ့ သိပ်ခင်ကြတယ်။

Shinlay said...

ss; ဇွန်မိုးစက် နဲ့ မချိုသင်းရေ လာလည်တာကျေးဇူး တင်ပါတယ်။
ဟုတ်တယ်မချိုသင်းရေ။ ဆရာသင်ပေးခဲ့တာလေးတွေ၊
ငယ်ငယ်က ကျောင်းမှာ ၀တ်ရွတ်ခဲ့တာတွေ သတိရမိတယ်။

Anonymous said...

Dear Ma Shinlay,thank you so much for all these "Mingalar Zagar",very presious for me..i copied and keep in my note book(pls. allow me)..Su