Saturday, 27 March 2010

တယောက်ထဲရှိချိန်....

အိမ်မှာတယောက်ထဲရှိချိန်ဆိုတော့ အချိန်တွေက ကုန်ခဲလိုက်တာ။
ပြီးခဲ့တဲ့ အပတ်က ပူနေတဲ့နေကလည်း မရှိတော့ဘူး။ မိုးကရွာ၊လေကတိုက်
နဲ့ ဘယ်မှကိုမသွားချင်ဘူး။ ဘလော့တွေလျှောက်လည်၊ Facebook ကိုရောက်။

တယောက်ထဲဆိုတော့ ချက်ချင်တာချက်။ ကောင်းကောင်းမကောင်းကောင်း
အရေးမကြီးဘူးလေ။ ပဲပြုပ်နဲ့ မျှစ်နဲ့ ကြော်။ ခရမ်းချဉ်သီးငပိချက်၊ သခွားသီး
တို့ စရာနဲ့ ။ ကြက်သားဟင်းချိုချက်စားတယ်။

မနေ့ ကညှပ်ထားတဲ့ အင်္ကျိလေး အပြီးချုပ်လိုက်တယ်။ ဗုဒ္ဓဂါယာရောက်တုန်းက
မမာလာက လက်ဆောင်ပေးလိုက်တဲ့ ချည်ထည်လေးပါ။ နွေရောက်တော့မယ်
ဆိုတော့ ပေါ့ပေါ့ပါးပါးဝတ်ရအောင်ပါ။ ကျောင်းမှာအလုပ်ဝင်စက မကေတို့ ၊
မချောတို့ ဆီကသင်ထားရတဲ့ နည်းလေးတွေ အခုထိ အသုံးဝင်နေသေးတယ်။

ဖတ်ဖို့ ပေးထားတဲ့ သောမတ်စ်ရဲ့ စာအုပ်ကိုလည်း ကြိုးစားဖတ်ရသေးတယ်။
ဂျာမန်လိုတွေ သိပ်နားမလည်ဘူး။ သူပြန်လာရင် နဲနဲပြန်ပြောပြနိုင်ရင်ပြီးတာပဲလေ။

သူဖတ်ဖို့  အတွက်မှာထားတဲ့စာအုပ်တော့ ရောက်နေပြီ။
Männer sind vom Mars, Frauen von der Venus: Tausend und ein kleiner
Unterschied zwischen den Geschlechtern.
ရန်ကုန်ကပြန်လာတော့ မြန်မာဘာသာပြန်ထာတဲ့စာအုပ်ဝယ်ခဲ့တယ်။
ဒေါက်တာ စပယ်ပွင့်ဖြူ ရဲ့ အိမ်ထောင် သာယာဆိုပြေရေး လက်ဆွဲကျမ်း ဆိုတာပါ။
စိတ်ဝင်စားဖို့ ကောင်းတာနဲ့ သူ့ ကိုဖတ်ဖို့ တိုက်တွန်းမိတာပါ။ သဘာဝမတူတာတွေကို
သဘောပေါက်ပြီး သူလည်း ကျမ(တို့ မိန်းမသားတွေ)အပေါ် ပိုပြီးနားလည်မှုရှိလာ
မလားလို့ ။

တယောက်ထဲဖြစ်နေချိန်မှာ မိုးစက်ပွင့်ရဲ့ ကာရန်လွဲသောဆိုင်းဘုတ်များ အကြောင်း
ဖတ်ပြီးရီလိုက်ရလို့ ပေါ့ပါးသွားတယ်။ ကျေးဇူးပါ ညီမလေးရေ။ ဒါနဲ့ ပဲ ဟိုရောက်၊
ဒီရောက်၊ဟိုရေးဒီရေး Post လေးကိုတင်လိုက်ပါတယ်။

8 comments:

စူးနွယ်လေး said...

ပဲပြုပ်နဲ့ မျှစ်နဲ့ ကြော်။ ခရမ်းချဉ်သီးငပိချက် ကို မကောင်းဘူးလို့ ဘယ်သူပြောလဲ:)
ဒီနေ့ နည်းနည်းပြန်အေးတယ်နော်

Anonymous said...

ခရမ်းချဉ်သီးငပိချက်? စားချင်တယ်။ ညီမရဲ့ သူငယ်ချင်းတွေက အောက်သားတွေ ဆိုတော့ ငပိရည်ကြိုက်တဲ့သူတွေလေ။ ခရမ်းချဉ်သီးငပိချက်လို့ ပြောရင် သူတို့က ရယ်ကြတယ်။ ခရမ်းချဉ်သီးနဲ့ ချက်တဲ့ ငရုတ်သီးစပ်စပ် ငပိချက်က နင်တို့ငပိရည်နဲ့ မလဲနိုင်ဘူးလို့ သူငယ်ချင်းတွေနဲ့ စကားနိုင်လုနေကြ.။ (တကယ်က ငပိရည်လည်း ကြိုက်တယ် .း))။

တစ်ယောက်တည်းပေမယ့် မမရှင်လေးမှာ အလုပ်တွေနဲ့ ((ဘလော့ ဖေ့ဘုတ် အ၀တ်ချုပ်း)ဆိုတော့ ပျင်းစရာမရှိဘူးပေါ့နော်။ ပျင်းရင်ပြော ပုံပြောပြမယ် :D

rose of sharon said...

ဟိုရေးဒီရေးလေးက ဖတ်လို့ကောင်းပါတယ်... ဟင်းချက်ထားတာလေးတွေ ပုံတင်ထားရင်ကောင်းမှာနော်... လာငမ်းချင်လို့ :D

ဇွန်မိုးစက် said...

တစ်ယောက်ထဲ ချက်စားတာ ကောင်းလိုက်တာ။ ခရမ်းချင်သီး ငပိချက်တောင် စားချင်သွားပြီ။ အင်္ကျီလည်းချုပ်တတ်တယ်ဆိုတော့ တော်လိုက်တာ။ ဇွန်က အချက်အပြုတ်ဝါသနာပါပေမယ့် အချုပ်အလုပ်တော့မရဘူး အစ်မရေ။ :D

Shinlay said...

စူးနွယ်၊လသာ၊Rose နဲ့ ဇွန်မိုးစက် လာလည်တာ ကျေးဇူးတင်ပါတယ်။ ဒီနေ့ လည်းအေးတယ် စူးနွယ်ရေ။
Allergie တော့သက်သာတယ်။
လသာရေ ငပိရေကိုကြိုက်ပေမဲ့ ကြိုရတာမလွယ်တာ ကြောင့်(အဓိကကတော့ အနံ့ ပေါ့)၊ ခရမ်းချင်သီး ငပိချက်ကို ခဏခဏချက်စားဖြစ်တယ်။ ငရုတ်သီးစပ်စပ် ငပိချက်က ငပိရည်နဲ့ တကယ်မလဲနိုင်ပါဘူး။
Rose ရေ နောက်တခါပေါ့။ မနေ့ ကဓါတ်ပုံမရိုက်ဖြစ်ဘူး
ဇွန်မိုးစက်...နွေဦးရောက်မှ စက်ချုပ်ဖြစ်တယ်။
ဆောင်းတွင်းဆို စိတ်မပါဘူး။ လှလှပပတော့ မချုပ်တတ်ပါဘူး။

လုလု said...

မမရှင်လေးရေ
မျှစ်နဲ့ပဲပြုတ်ကြော်လည်း စားချင်တယ်။ ဒီမှာ မျှစ်လည်း ရ၀ူး။ ပဲပြုတ်ကတော့ ဝေလာဝေး။
တစ်ယောက်တည်း ပျင်းနေလား။
မပျင်းပါနဲ့နော်။
မမကွမ်ပြောသလို ပျင်းရင် အခွေတွေကြည့်ပေါ့။ ဒါမှမဟုတ် အကျီင်္ချုပ်။
ချစ်ခင်စွာဖြင့်
လုလု

Me said...

ှုဦးကိုကိုမောင် ဘယ်သွားနေလို့လဲ မမ .... ကျောင်းတုန်းက အစ်မအိမ်လိုက်ပြီး လုံချည်ချူပ်တာ သတိရတယ်... လခထုတ်ရင် လှည်းတန်းဈေးနဲ့ ကြည့်မြင်တိုင်ညဈေး မှာ ပိတ်စပြေးဝယ်ကြတာလေ... မျှစ်တွေ သိပ်မစားနဲ့နော်..ကြီးလာရင် ယူရစ်အက်စစ် တက်တတ်တယ် ဆိုလားပဲ ... ဒေါက်တာ စံပယ်ပွင့်ဖြူရဲ့စာအုပ်လေး ၀ယ်ထားပါတယ်..အကြံတူတယ် :-)

Shinlay said...

မိုးစက်..ဦးကိုကိုမောင်က တရားစခန်းသွားတယ်။
လုံချည်ချူပ်တာ၊ ပိတ်စ၀ယ်တာတွေ ကျမလည်း သတိရတယ်။ အဲ့ဒီတုန်းက ရတဲ့လစာလေးနဲ့  လှအောင်ဝတ်ကြရတာ။ ပျော်စရာလည်းကောင်း တယ်နော်။ သတိပေးတာကျေးဇူးတင်ပါတယ်။ ရံဖန်ရံခါ
တော့ မတဲ့တာတွေစားဖြစ်တယ်။
စာအုပ်လေးက မှတ်သားစရာတွေပါသားနော်။ အဆင်
ပြေတယ်။