Sunday, 9 May 2010

အမေနေ့ 

ဒီနေ့ အမေနေ့ တဲ့
အမှတ်တရ စကားလှလှပြောဖို့ ၊
အမေ့ဆီ ဖုန်းခေါ်ပေမဲ့၊
ဖုန်းလိုင်း မကောင်းတာလား၊
ပျက်နေတာလား ...မသိ ခေါ်၍မရပါ။

အမေကတော့ ဒီနေ့ ကို အထူးတလည်
အမေနေ့ မှန်း သိမှာမဟုတ်လို့ 
ကျမဖုန်းကို မျှော်နေမှာတော့မဟုတ်ပါ...လို့ 
စိတ်ဖြေတွေးရင်.....
ကျမ အတွက် နေ့ ရက်တိုင်းဟာ
အမေနေ့ တွေပါ...နော် ... အမေ။

8 comments:

Vista said...

ဟုတ်တယ် မရှင်လေး နေ့ တိုင်းပေါ့နော်
ကျနော်တော့ ခေါ်လို့ ရတယ် ၊ မေမေ့ပုံတင်မလို့ ခွင့်တောင်းတာလေ ဟိဟိ

Evy said...

ဟုတ်တယ် အစ်မရေ၊ အမေ့ကို ချစ်တဲ့ သမီးတစ်ယောက်အတွက် နေ့တိုင်းကအမေနေ့ တွေပါဘဲ။

Anonymous said...

မမရှင်လေး..

ဖုန်းဆက်မရလို့ မပြောရပေမယ့် စိတ်မကောင်းဖြစ်နေလား။ ဒါပေမယ့် မမလွမ်းနေတာကို မမမေမေက နှလုံးထဲကနေ အလိုလို သိနေ လွမ်းနေမှာပါ။
မိဘနဲ့ သားသမီးကြားမှာ ရှိတဲ့မမြင်ရတဲ့ ကြိုးတစ်ချောင်းက ဘယ်လောက်ပဲ သမုဒ္ဒရာခြားပါစေ ဆက်နေတာမို့ သားသမီးခံစားချက်ကို မိဘတွေက အလိုလိုသိနေတယ်တဲ့.. ကြားဖူးတာပြောတာ..
ညီမလည်း အမေ့ကို လွမ်းနေတယ်။

Shinlay said...

Vista,Evy နဲ့  လသာ...
ကျေးဇူးပါပဲ။

ဇွန်မိုးစက် said...

ဟုတ်ပါတယ် အစ်မရှင်လေးရေ ... ညီမအတွက်လည်း နေ့ရက်တိုင်းဟာ အမေများနေ့ပါပဲ။

အမေများအားလုံး ကျန်းမာပျော်ရွှင်ပါစေ။

Yu Ya said...

ဟလို..ဟလို... ဟင်..
ကျွန်တော်လည်း ခေါ်မရဘူး..

စိတ်မကောင်းမဖြစ်ပါနဲ့ မရှင်းလေးရယ်...

yu ya

မီးမီး said...

ခံစားချက်ခြင်း တူတယ်ဗျာ

ကိုလူထွေး said...

ဒါဆိုလည်း နေ့တိုင်း နှင်းဆီပန်းတွေ ဝယ်ဝယ်ပို့ပေါ့အေ...

ပုံ
အမေ

းဝ)