Wednesday, 16 June 2010

ဟိုရောက်ဒီရောက်...

ရန်ကုန်ကပြန်ရောက်ကတည်းက ဒီမှာပြန်ပြီးနေသားမကျချင်ဘူး။
စိတ်ထဲမှာ မပျော်ဘူး။ အတွေးတွေထဲမှာ ဟိုရောက်၊ဒီရောက်နဲ့ ...။
သိပ်ကြိုက်တဲ့ ဘော်လုံးပွဲလည်း သေသေချာချာမကြည့်ဖြစ်ဘူး။
မြန်မာပြည်ကိုလွမ်းနေတာနဲ့ တူပါရဲ့ ။

တခုခုကို ကြောက်နေသလို၊ လွမ်းနေသလိုလိုနဲ့  မပျော်ဘူး။

ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေက အနားကမြို့ မှာလုပ်တဲ့ ထိုင်းပွဲကိုရောက်တယ်။
စားစရာတွေစုံတယ်။ မြန်မာသူငယ်ချင်းတွေသာပါရင်....ပိုကောင်းမှာနော်။

ရာသီဦးတုကလည်း နွေသာဆိုတယ်၊ မနက်ပိုင်းဆိုအေး၊ နေ့ ခင်းဆိုနဲနဲနေသာသေးတယ်။
မိုးကရွာ၊ လေကတိုက်။.....
တော်ပါသေးရဲ့ နေကတော်တော်နဲ့ မ၀င်လို့ ။

သူငယ်ချင်းတွေရဲ့  Blog တွေလည်း သိပ်မလည်ဖြစ်ပေမဲ့ စိတ်ထဲမှာတော့ သတိရနေပါတယ်။

တဖြေးဖြေးနဲ့ အင်အားတွေပြန်လည်စုစည်းပြီး နေ့ သစ်တွေအတွက် အားမွေးရမယ်။

စနေ၊တနင်္ဂနွေ ကျရင်တော့ တယောက်ထဲ အေးအေးဆေးဆေး အနားယူလိုက်မယ်။

10 comments:

khin oo may said...

သူဘယ်ရော့က်နေလဲ။

Anonymous said...

ဒီနေ့ ငါးပိကောင်တွေ့လို့ ၀ယ်လာတယ်။ စားရင်း ဘာရယ်မဟုတ် အစ်မကို သတိရတယ်။ အဲဒီမှာကြော်လို့ရပါ့မလားမသိဘူးနော်။
ဒီမှာတော့ လူရှင်းတဲ့အချိန် အိမ်ပြင်ထွက်ပြီးဝရံတာမှာ ကြော်လိုက်တယ်။
mm

Anonymous said...

ကျနော်ကျတော့..ကြောက်သလို..
မရေရာသလို...ဖြစ်နေတာ..
ခဏ ခဏပဲ...
( ဒီနှစ် မေမြို့မပြန်ရလို့ နေမယ်..)



ပေါက်


မှတ်ချက် ။။
ဘောလုံးပွဲတော့ အကြည့်မပျက်ဘူး..
အဟဲ

Anonymous said...

မမရှင်လေးကိုလည်း သတိရနေပါတယ်..။

စိတ်က ဟိုရောက်ဒီရောက် ရောက်နေရင် အရင်လိုပဲ ဟင်းတွေလုပ်ပြီး စားပစ်သိလား..။ အားပေးသွားတယ်း)))

စူးနွယ်လေး said...

ဒီလိုပါပဲ ပြန်ရောက်ခါစဆိုရင်...ရာသီဥတုကလည်း ကိုယ့်ဖက်မပါဘူးလေ...

ဇွန်မိုးစက် said...

ဇွန်လည်း ပြန်ရောက်ခါစက တော်တော်နဲ့ နေသားမကျဘူး အစ်မ။ နှစ်ပတ်လောက်နေမှ ပုံမှန် ပြန်ဖြစ်သွားတယ်။ အစ်မ စိတ်လိုလက်ရရှိတာလေးတွေ လုပ်လိုက်ပါ။

Anonymous said...

ဟင်းတွေချက်၊ မုန့်တွေလုပ်စား
ကြက်သွန်ဖြူတွေ စားပြစ်၊

အားပေးပါတယ်၊

Shinlay said...

ကျေးဇူးပါသူငယ်ချင်းများရယ်။
မနက်ဖြန် အလုပ်ကပြန်ရင် မုန့် ဟင်းခါးချက်စားမယ်။
mm ငါးပိကောင်တွေ ထိုင်းပွဲမှာတွေ့ တယ်။
ကြည့်ပြီးပြန်လာခဲ့ရတယ်။

rose of sharon said...

အတူတူပါဘဲ... သွားလည်ရတာကခဏ လွမ်းရတဲ့ရက်တွေကပိုရှည်တယ်... နားလိုက်ပါဦး... မုန့်ဟင်းခါးချက်ပြီးရင် ပုံလေးတင်ဦးနော်

su said...

ခရီးပန်း၊အိမ်လွမ်းနေတာ..ကောင်းကောင်းအနားယူပြီးရင်ပြန်လန်းလာမှာပါ.. မုန့်ဟင်းခါးစားချင်တယ်:)
ဒီမှာဗူးရွက်တွေ့လို့ ၀ယ်လာပြီး ဘယ်လိုချက်စားရမှန်း မသိဘူး၊ အမေချက်တာ ငါး၊ ခရမ်းချဉ်သီးနဲ့ အရည်လဲပါသေးတယ်(ပြုတ်တာလား၊ကြော်တာလား၊ချက်တာလားတော့ မသိ):D