Thursday 30 September 2010

Kürbiscreamsuppe ( Pumpkin soup)


အခုတလော ရွှေဖရုံသီးတွေပေါ်တာနဲ့ အမျိုးမျိုးချက်စားဖြစ်ပါတယ်။ ဆီပြန်ချက်လိုက်၊
ပဲငံပြာရည်နဲ့ ချက်လိုက်၊ အုန်းနို့ နဲ့ ချက်လိုက်၊ ၀က်သားစင်းထားတာနဲ့ ရောပြီး
ကြော်လိုက်....
ဒီနေ့ တော့ Kürbiscreamsuppe ( Pumpkin soup) ချက်ဖြစ်ပါတယ်။
လိုတာတွေကတော့
500 g ရွှေဖရုံသီး ကို အခွံနွှာ၊အစေ့ထုတ်ပြီးခပ်သေးသေးတုန်းပါ။
အာလူးအသေး (၁)လုံး အခွံနွှာသေးသေးတုန်းပါ။ ဂျင်း (1 cm) ကို သေးသေးတုန်းပါ။
အားလုံးကို ရေ မြုပ်အောင်(500ml)ထဲ့ပြီးပြုပ်ပါ။ ကြက်သားဟင်းချိုတုန်း(သို့ )
အမှုန့် ထဲ့ပါ။ သံပုရာရည် နဲနဲထဲ့ပါ။ (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ) နူးသွားရင်
စက်နဲ့ ခြေ လိုက်ပါ။
Cream (၁၀၀ ဂရမ်) ထဲ့ပါ။ အပေါ့အငန်မြည်းပြီး စားလို့ ရပါပြီ။
ခွက်ထဲ ထဲ့ပေးပြီးမှ Cream နဲနဲ ရယ်၊ ဖရုံစေ့လှော်နဲနဲ(မထည့်လည်းရပါတယ်။)
ဖြူးပေးရုံပါပဲ။

8 comments:

မီးမီး said...

အစားအသောက်ထိပ်ဆုံးရောက်ပါသည်...
ရှလွတ်..ရှလွတ်.သံပုရည်နောက်ထပ်နဲနဲလောက်ဗျို့..

PAUK said...

ရွှေဖရုံသီးမကြိုက်ဘူး။
ငယ်တုန်းက အဖိုးက သိပ်စိုက်တတ်တာ..။
ရွှေဖရုံမဖြစ်ခင် နုနုလေးတွေ အပြင်ပန်းစိမ်းမြ
နေတဲ့ ဖရုံသီးလည်း သိပ်ချက်ဖြစ်ဖူး။
ငယ်တုန်းက ရိုးအီနေအောင် စားခဲ့ရတော့
မကြိုက်တော့တာနေမယ်။ အဖိုးက ဈေးဖိုး
ချွေတာတဲ့ အနေနဲ့..ဂေါ်ရခါးသီး..ဖရုံသီး
သိပ်စိုက်..သိပ်ချက်တာ..။
ဂေါ်ခါးညွှန့် ဖရုံညွှန့်တွေလဲ သိပ်ကြော်စားတာပဲ။
အခုလို soupထားတော့လဲ စားချင်စရာ..။

စူးနွယ်လေး said...

ပေါက်နဲ့တူတယ်...ငယ်ငယ်ကတည်းကရွှေဖရုံသီး မကြိုက်တာနဲ့ ခုထိမစားဖြစ်ဘူး...အကင်းလေးတွေအစိမ်းရောင်သေးသေးနုနုလေးတွေတော့ကြိုက်တယ်.....ပဲပုပ်ခပ်ပြီး ဟင်းရွက်စုံဟင်းရည်ချက်စားတာမျိုးလေ...အမှည့်ကို တော့အိမ်မှာ အမေက ပင်စိမ်းရွက်လေးအုပ်ချက်တတ်တယ်...ခုနေ သူများကျွေးတာ စားရရင် တော့ငယ်ကလိုသိပ်ကြေးမများတော့တာမို့ စားဖြစ်မယ်ထင်တယ် :)

ဆောင်း said...

ရွှေဖရုံဆွပ်ကို ကိုအင်ဒီ ပြော ကထဲက စမ်းကြည့်သေးတယ် ရောင်းတမ်းနဲ့ မတူလို့ ။ marks& spencer က ၀ယ်သောက်ကြည့်တာ ကောင်းလို့ သဘောကျနေတာ အခု မရှင်လေးနည်းနဲ့  ထပ်စမ်းအုန်းမယ်

မိုးစက်ပွင့် said...

ဆိမ့်တဲ့ ချိုတဲ့ဟင်းရည်ထဲကို သံပုရာရည်က ဘာလို့ထည့်တာလဲဟင် ..... ကြက်ရိုး ၀က်ရိုးဟင်းချိုတွေ ဘာတွေအတွက်ပဲ ထည့်ရတယ် ထင်နေတာ...

ဇွန်မိုးစက် said...

ဖရုံသီး soup လည်း မသောက်ဖူးဘူးအစ်မ။ စမ်းလုပ်ကြည့်ဖို့ စိတ်ဝင်စားသွားပြီ။း)

Have a nice weekend ahead!

ညီလင်းသစ် said...

ဖရုံသီးမှာ Vitamin B2 ပါလို့ သွား၊ သွားဖုံးအတွက် အရမ်းကောင်းပါတယ်၊

သွားဖုံးမှာ အနာ၊ အပူဖုပေါက်တာနဲ့ ကျနော်တို့တော့ ချက်ချင်းဝယ်ချက် ဖြစ်တာပဲ...။

Shinlay said...

မီးယ ပေါက်၊စူးနွယ်၊ဆောင်း၊မိုးစက်၊ ဇွန်၊ကိုညီ..
လာလည်တာကျေးဇူးတင်ပါတယ်။