Tuesday 2 November 2010

ဂျာမနီက Burn-out-Alarm

ဂျာမနီနိုင်ငံက စိတ်ကျန်းမာရေးဆိုင်ရာ ဆရာဝန်များတင်ပြထားတဲ့ ဆောင်းပါး
တပုဒ်ကိုဖတ်ပြီး ဒီ Post ကိုရေးဖြစ်တာပါ။ ဂျာမနီနဲ့  ဖွံ့ ဖြိုးပြီးစက်မှုနိုင်ငံ တွေမှာ
အဖြစ်များလာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းကို
တင်ပြထားပါတယ်။

ဂျာမနီမှာ စိတ်နဲ့ ပတ်သက်တဲ့ရောဂါတွေ၊ လူမှုရေးဆိုင်ရာ ပြသနာတွေ
တဖြေးဖြေးများလာတာ တွေ့ ရပါတယ်။ တနှစ်ကို ၃၀ ရာနှုန်းလောက်တက်
လာတာတွေ့ ရပါတယ်။ အများဆုံး တွေ့  ရတဲ့ ရောဂါတွေကတော Depression,
anxiety Disorder, Psychosomatic, addiction တို့ ဖြစ် ကြပါတယ်။ WHO ရဲ့ 
သုံးသပ်ချက်အရ ကမ္ဘာပေါ်မှာ၂၀၂၀ ခုနှစ်မှာ Depression ဟာ နှလုံးရောဂါ ပြီးရင်
ဒုတိယ အများဆုံးရောဂါ ဖြစ်လာပါမယ်လို့ ဆိုပါတယ်။ Heart Attack ကနေ
mind collapse အခြေအနေကိုရောက်လာပါလိမ့်မယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာ ရောဂါ၊ ပြသနာတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးထုတ်လုပ်မှု
အပိုင်းမှာကျဆင်းလာနိုင်သလို၊ ကုသမှုစရိတ်တွေ၊ နာမကျန်း ဖြစ်လို့ ထောက်ပံ့
မှုစရိတ်တွေ၊ အချိန်မတိုင်မီ ပင်စင်ပေးလိုက်ရတဲ့ စရိတ်တွေ တက်လာပါလိမ့်မယ်။
ဂျာမနီမှာ နာတာရှည်ရောဂါ တခုခုဖြစ်နေသူတွေအတွက် ကျန်းမာရေးအာမခံ
ကုမ္ပဏီများကတစ်နှစ်ခွဲ ကြာအောင်လစာရဲ့ ၉၀ ရာခိုင်နှုန်းခန့် ပေးထားပါတယ်။

Barmer Krankenkasse (ကျန်းမာရေး အာမခံ ကုမ္ပဏီ) ရဲ့ တင်ပြချက်အရ
၂၀၀၉ ခုနှစ်မှာ နေမကောင်းလို့  ခွင့်ယူတဲ့သူတွေထဲမှာ စိတ်မကျန်းမာလို့ ခွင့်
ယူကြသူတွေက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ စိတ်နဲ့ ပတ်သက်တဲ့ရောဂါ
တွေဟာ အသက်မပြည့် ခင်ပင်စင်စောစောပေးလိုက်ရတဲ့ အကြောင်းရင်း
တစ်ခုဖြစ်လာပါတယ်။ ၂၀၀၉ ခုမှာ အသက်မပြည့်ခင် ပင်စင် ယူကြတဲ့ အမျိုးသားတွေ
အားလုံးရဲ့  ၃၂ ရာနှုန်း ၊ အမျိုးသမီးတွေအားလုံးရဲ့  ၄၄ ရာနှုန်း ဟာ စိတ်နဲ့ ပတ်သက်တဲ့
ရောဂါတွေ ကြောင့်ပင်စင်ယူကြရသူတွေဖြစ်ပါတယ်။

အစိုးရရဲ့ စာရင်းအရ ၂၀၀၈ ခုမှာ စိတ်ကျန်းမာရေးအတွက် အသုံးပြုလိုက်ရတဲ့
ကုန်ကျမှု စရိတ်ဟာ ယူရို ၂၈.၇ မီလီယံ ဖြစ်ပါတယ်။ ၂၀၀၂ ခု စာရင်းနဲ့ ယှဉ်လိုက်ရင်
၂၃ ရာနှုန်း တက်လာတာ တွေ့ ရ ပါတယ်။
စိတ်ရောဂါ ဖြစ်ပွားမှုများလာပေမဲ့  စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေ၊ကျွမ်းကျင်သူတွေ
ကနဲနေပါသေးတယ်။ လက်ရှိအခြေအနေမှာ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ ကျွမ်းကျင်
သူတွေ ဟာ မိမိတို့ ကုသပေးနိုင်တဲ့ အရေအတွက်ထက် ၃ဆ ကနေ ၅အထိ
ပိုကြည့်ပေးနေရပါတယ်။

ဒီလို စိတ်မကျန်းမာသူတွေ များလာရတဲ့ အကြောင်းရင်းတွေကိုလည်း ဆက်ပြီး
ဆွေးနွေး ထားပါတယ်။ လက်ရှိလူ့ အဖွဲ့ အစည်းမှာ စိတ်ဖိစီးမှုတွေ နေရာတိုင်းမှာ
များလာပါတယ်။ တစ်ဦးချင်းစီမှာ စိတ်ဖိစီးမှုအမျိုးမျိုးရှိနေကြပါတယ်။ အလုပ်မှာ
မိမိလုပ်နိုင်တာထက်ပိုလုပ် နေကြရတယ်။ အလုပ်ရှင်တွေကအလုပ်သမားဦးရေ ကိုလျှော့ချပြီးချိုးခြံလာကြတာကို။
တိုးတက်နေတဲ့ အတတ်ပညာနည်းပညာတွေကို အမီလိုက်နေရတယ်။
ဒီလိုနဲ့ စိတ်ပင်ပန်း မှုတွေတဖြေးဖြေးများလာပြီး၊ ပြန်လည် အနားယူဖို့ အချိန်
မပေးနိုင်ကြဘူး။

တဖက်မှာတော့ လူတွေဟာ အချင်းချင်း ထိတွေ့ မှုနဲလာကြတယ်။ လူမှုရေးရာ
အပိုင်းတွေမှာ လျှော့နည်း၊အားနည်းလာကြတယ်။ မိသားစုတွေဟာ အချိန်ကြရင် တနေရာစီကိုခွဲထွက်သွားကြတယ်။ ပြိုကွဲနေတဲ့ အိမ်ထောင်ရေးတွေ များလာတယ်။
တခြား သူတွေအတွက်အချိန်မပြောနဲ့ ကိုယ့်အတွက်တောင် အချိန်မပေး
နိုင်ကြတော့ဘူး။ လူတွေဟာ ဒီလိုနဲ့ တဖြေးဖြေး အထီးကျန်ဆန်လာကြတယ်။
အလုပ်အကိုင်တွေအရ ဟိုပြေး၊ဒီပြေး၊ ဟိုပြောင်း ဒီပြောင်းနဲ့  မိမိရဲ့မိတ်ဆွေ
အသိုင်းအ၀ိုင်းနဲ့ တွေ့ ဆုံခင်မင်ခွင့် နဲလာတာတွေ့ ရပါတယ်။
Internet, email, Facebook တွေမှာပဲတွေ့ ကြ၊ပြောကြတာများနေပါတယ်။

နောက်အကြောင်းကတော့ လူတွေဟာ အပြင်ပန်း ရုပ်ဝတ္ထု တိုးတက်မှုတွေ
နောက်လိုက်နေကြပြီး မိမိရဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုကို မေ့နေကြပါတယ်။
မန်နေဂျာတယောက်ရဲ့ ငွေဘယ်လောက်ရှာ နိုင်တဲ့ ဘယ်လို လုပ်ငန်းအောင်မြင်မှု
တွေရရှိတယ် ဆိုတာတွေနဲ့ သူ့ ရဲ့ အောင်မြင်မှုကိုတိုင်းတာပြီး တကယ်တမ်းသူ့ ရဲ့ 
အလုပ်မှာ စိတ်ချမ်းသာမှု ရှိမရှိကို မကြည့်ကြပါဘူး။
လူတွေဟာလိုချင်တာတွေများလာကြပြီး အဲ့ဒီလိုချင်မှုနောက်ကို လိုက်ကြပါတယ်။
လိုချင်မှုကြောင့် ပေးဆပ်လိုက်ရတဲ့စိတ်ဖိစီးမှုတွေကို လစ်လျူရှုထားကြပါတယ်။

ဒီအချက်တွေပေါ်မူတည်ပြီး စိတ်ပိုင်းဆိုင်ရာဆရာဝန်များရဲ့ ဆွေးနွေးချက်ကတော့
လူ့ အဖွဲ့  အစည်းရဲ့ လူနေမှုပုံစံကို ပြောင်းလဲပစ်ဖို့  လိုလာပြီလို့  ဆိုပါတယ်။
ဒီလိုပြောင်လဲလာဖို့ ဟာ လူတိုင်းမှာတာဝန်ရှိပါတယ်။ ဒီနေရာမှာ ကျမစဉ်းစားမိတာက
ကျမတို့ ငယ်ငယ်က သင်ကြား၊ မှတ်သားဖူးတဲ့ ရောင့်ရဲ တင်းတိမ် မင်္ဂလာဆိုတာပါ။
လူတိုင်းလူတိုင်း အစအစ အရာရာ မှာ ရောင့်ရဲ တင်းတိမ်နိုင်ကြမယ်ဆိုရင်...
စိတ်ချမ်းသာမှုကို ရကြမှာပါ။
Protect me from what I want....... Thomas တခါက ၀ယ်လာတဲ့ ပို့ စ်ကဒ်
က စာသားလေးပါ။
လောဘနဲ ပြီးတင်းတိမ်ရောင့်ရဲ နိုင်ဖို့  သတိပေးနေတဲ့စာတမ်းလေးပါ။

စိတ်ချမ်းသာစွာနဲ့  ကျန်းမာပျော်ရွှင်ကြပါစေ။

10 comments:

Anonymous said...

ဟုတ်တယ်..
မရှင်လေး..
စိတ်ဖိစီးမှုတွေ များနေတယ်..
အလုပ်..အလုပ်..အလုပ်ပဲ..
အလုပ်ရဲ့ အလုပ်..
အိမ် ရဲ့ အလုပ်..
ကလေးရဲ့ အလုပ်..
တခြားလူမှုရေးကိစ္စတွေ မလုပ်နိုင် မသွားနိုင်တော့ဘူး။
အလုပ်တွေက ချည်နှောင်ထားလို့..။


ပေါက်

Sunny said...

ဟုတ်တယ်.. အလုပ်ပြီးရင်းအလုပ်.. ပြီးတော့ အင်တာနက်နဲ့ virtual world .. အပြင်က ကိုယ့်ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုတွေက နည်းတော့ နည်းသွားတယ်.. အဲဒါတွေကြောင့်ပဲ ဒီမှာ စိတ်ကျန်းမာရေးအတိုင်ပင်ခံတွေတော့ တော်တော်အလုပ်ဖြစ်တယ်နော်..

Anonymous said...

တခါတခါတွေးမိတယ်...
တချို့လူတွေ ဘာမဟုတ်တာလေးနဲ့လည်း Psychotherapeut တွေဆီသွားသွားနေတာ... သူတို့စိတ်ကျရောဂါက လည်း (အားလုံးပြည့်စုံနေတော့)မရတာကို ရှာကြံစိတ်ကျနေကြတာ...Robert Enke လိုပေါ့...အသိတယောက်လည်း ကျမဆက်ဆံကြည့်ရသလောက်တော့ အကောင်းကြီးကို Psychotherapeut ဆီ အမြဲသွားသွားစကားလက်ဆုံပြောတာမျိုး လုပ်ပေးရတယ်တဲ့...အာမခံကကုန်ကျစရိတ်ပေးတယ်...တခြားနိုင်ငံက လက်တွေ့ကျကျဒုက္ခပေါင်းစုံ ခံစားရတဲ့ သူတွေလိုများဆို ခက်ရချည်ရဲ့... Psychotherapeut တွေလည်း ဗမာပြည်မှာဆို ထမင်းငတ်မှာပဲလို့

စူးနွယ်လေး

Shinlay said...

ပေါက်၊ Sunny နဲ့ စူးနွယ်..
ဟုတ်ပါတယ်။ ဒီမှာ တော်တော်လေး
စိတ်ပင်ပန်းကြပါတယ်။ တင်းကြပ်နေတဲ့စိတ်ကို ဖြေဖို့ ထွက်ပေါက်က အလွန်နည်းပါတယ်။ မိမိရဲ့ တင်းကျပ်၊ ဒုက္ခရောက်နေတဲ့စိတ်ကို ပြောဖို့  ဘေးမှာ အချိန်ယူနားထောင်ပေးဖို့  လူမရှိကြဘူး။ ဒီတော့ စိတ်ကျန်းမာရေးအတိုင်ပင်ခံတွေ သွားရင်ဖွင့်
့်ကြပါတယ်။
ကျမတို့ နိုင်ငံတွေမှာတော့ မိဘ အသိုင်းအ၀ိုင်း မိတ်ဆွေ တွေအပြင် တရားဓမ္မကလည်းအလှမ်း မဝေး တော့ ရင်ဖွင့်လို့ နည်းလေးတွေရှိသေးပါတယ်။

Moe Cho Thinn said...

ပို့စကဒ်ထဲက စာသားလေးက တကယ် တန်ဖိုး ရှိတာပါ။ အဲဒါဟာ စိတ်အလိုမပြည့်တာ ရဲ့ အဓိက အကြောင်းရင်းကို ကုသတဲ့ နည်း ဖြစ်မှာပဲ။

Anonymous said...

Hello Moe Cho,
I am happy you like these words, that I discovered by chance in a art exhibition. It is a piece of art. It is not easy to understand these words, but if one thinks about them deeply they make sense. best wishes
ko ko naing

ချော(အစိမ်းရောင်လွင်ပြင်) said...

ရုပ်ဝတ္ထုတိုးတက်လေ စိတ်တွေက ပူလောင်မှုများလေဆိုတာ တကယ်မှန်ပါတယ်..
အပြိုင်အဆိုင်ကြောင့် ဘယ်လိုမှ မငြိမ်းချမ်းနိုင်တော့ပါဘူး
အစ်မ ဒီပိုစ့်လေးက အသိတရားလေး ထည့်ပေးလိုက်သလိုပါဘဲ
ရောင့်ရဲတင်းတိမ်တတ်ဖို့တော့ ကြိုးစားရဦးမယ် အနည်းနဲ့အများတော့ပူလောင်နေရတာပါဘဲ။

ဇွန်မိုးစက် said...

ဟုတ်တယ် အမရေ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိနေတဲ့ နိုင်ငံတော်တော်များများက လူတွေမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေ ပိုများလာကြတယ်။ စိတ်ဓာတ်ကျဆင်းစရာ တစ်ခုခုကြုံပြီဆိုရင်လည်း တရားဓမ္မနှလုံးသွင်းမှု အားနည်းတော့ ကူရာကယ်ရာမဲ့ဖြစ်ပြီး နောက်ဆုံး စိတ်ရောဂါအကြံပေးဆရာဝန်တွေဆီ ရောက်သွားတာများတယ်။

လသာည said...

ဒီပိုစ်လေးက တကယ့်ကို ဆင်ခြင်စရာအချက်တွေပါပဲ မ ရယ်။
စိတ်ဖိအားများလာတာ တကယ့်တော့ အခုလို နှလုံးမသွင်းနိုင်ရင် တကယ်မလွယ်တဲ့အနေအထားပါ။

ကောင်းမွန်ဝင်း said...

ပြောရမယ်ဆိုရင် ကျွန်မနဲ့ တစ်ရုံးထဲ၊ ဆက်ရှင် တော့ မတူဘူးပေါ့။ တစ်နှစ်တည်း ရုံးဝင်ခဲ့တဲ့ ထိုင်ဝမ်မလေးကလည်း အဲဒါဖြစ်လို့ ဒီနေ့ပဲ သူလည်းဆေးရုံသွားရမယ်လေ။
မနေ့ကတော့ သောကြာနေ့မို့လို့ ၊ သူရယ် နောက် ကိုးရီးယားတရုတ် ကောင်မလေးရယ်ကို ရုံးအပြန်အိမ်ကိုခေါ်ပြီး ဂျပန် အူဒွန်း ခေါက်ဆွဲနဲ့ တင်ပူရာစားကြတယ်။
သူတို့က တစ်ယောက်တည်းသမားတွေလေ။ ကျွန်မအိမ်မှာ သားလေးကလည်းရှိတော့ သူတို့အတွက် စိတ်ပြေလက်ပျောက်ပေါ့။
ဂျပန်လူမျိုးတွေတင်ဖြစ်တာမဟုတ်ပဲ ကျွန်မပတ်ဝန်းကျင်က ကျွန်မတို့လို နိုင်ငံခြားသားတွေမှာလည်း ဖြစ်ရတာကို ကြုံတွေ့ရလောက်အောက် စိတ်ဖိစီးမှုဝေဒနာသည် က များလှပါတယ်လို့ သတိပြုမိပါတယ်။