Saturday 14 May 2011

ဦးထုပ် တစ်လုံး


အခုတလောအလွန်မျက်စိနောက်စရာ တစ်ခုကတော့ ကိုသောမတ်စ်ရဲ့ 
ဦးထုပ်တစ်လုံးပါ။ တကယ်တော့ သူဘယ်တော့မှဦးထုပ်ဆောင်းလေ့မရှိပါဘူး။
ဦးထုပ်ကြောင့် သူ့ ဆံပင်တွေ စေးကပ် ကုန်တယ်လို့ အကြောင်းပြပြီး ဘယ်လောက်
ချမ်းချမ်း ဦးထုပ်မဆောင်းပါဘူး။

မနှစ်ကဘုန်းကြီးလူထွက်ပြီးကတည်းက ဆံပင်ကိုတိုကပ်နေအောင်ထားရတာ
အရသာတွေ့ သွားပြီး ဂတုံးသာသာဆံပင်ပဲထားပါတော့တယ်။

သူ့ ဆံပင်ကို ၄ ပတ်တခါ ဆိုင်မှာသွားပြီး 3mm ချန်ညှပ်လေရဲ့ ။ ကျမကအိမ်မှာ
စက်ကလေးဝယ်ပြီး ကျမညှပ်ပေးမယ်ဆိုတာကို အချိန်ကြာကြာပြောယူရတယ်။
အခုတော့ ကျမရဲ့ လက်စွမ်းကိုသူယုံကြည်ပြီးအိမ်မှာပဲ ညှပ်ပါတော့တယ်။

တနေ့ လျှောက်လည်ကြရင်း နေပူတာနဲ့  ဦးထုပ်တစ်လုံးဝယ်ဖြစ်ပါတယ်။ သူက
အဲ့ဒီဦးထုပ်ကို တော်တော်သဘောကျပါတယ်။ ဦးထုပ်ဆောင်းပြီးမှန်ကြည့်ရတာလည်း
ခဏခဏပါ။ လူတွေက မင်းရဲ့ ဦးထုပ်ကလှတယ်လို့ ပြောရင် သဘောကျပြီး
မချွတ်တော့ပါ။ အပြင်ထွက် မယ်ဆိုတာနဲ့ ဦးထုပ်ကဆောင်းပြီးသား။
တခါတလေအပြင်ကပြန်ရောက်ရင်တောင် ဦးထုပ်က မချွတ်သေဘူး။

အရင်က ကားအမိုးကို မနက်အစောပိုင်းနဲ့ ညနေစောင်းနေရောင်မပြင်းတဲ့
အချိန်ပဲဖွင့်မောင်းလေ့ရှိတဲ့သူက အခုတော့ ဦးထုပ်ဆောင်းပြီး နေပူထဲလည်း
အမိုးဖွင့်မောင်းလေ့ရှိလာပြီး။ ကျမကတော့နေပူလို့ မကြိုက်။သူကတော့
ဦးထုပ်နဲ့ ဟုတ်နေရော။

ကျမလည်းတခါတလေဦးထုပ်ဆောင်းပါတယ်။ သူ့ လောက်တော့ မဟုတ်ပါဘူး။
အခုတော့ အိမ်ထဲလည်းဆောင်း၊အပြင်သွားလည်းဆောင်း၊ စက်ဘီးစီးလည်းဆောင်း၊
ကားမောင်းလည်းဆောင်း..... ကြာလာတော့ ကျမ မျက်စိနောက်လာပါတယ်။
တော်ပါသေးရဲ့ အိပ်တဲ့အခါမဆောင်းထားလို့ .... ဒါတောင် အိပ်ရာဘေးမှာ
ချိတ်ထားသေးရဲ့..............

19 comments:

Anonymous said...

စွဲလန်းခြင်းတမျိုး ထင်ပါရဲ့
ဒါမှမဟုတ် မရှင်လေးကို စချင်လို့များလား

subuueain said...

ဦးထုပ်အသစ်ကလေးမို့ စွဲလန်းနေတာနေမှာ မမရှင်လေးရဲ့

Anonymous said...

ဗီတိုအာဏာနဲ့ပိတ်ပင်လိုက်ပေါ့အစ်မရဲ့။ No hat ဆိုပြီ။ hee hee

Baby taster said...

အမရှင်လေး ပို့စ်ဖတ်ပြီး ပြုံးမိတယ်
အမကို နောက်နေတာလားမှ မသိတာနော်
စွဲလန်းနေတယ်ဆိုလည်း ကောင်းသောစွဲလန်းခြင်းပဲလေ
အပေါ်ကတယောက်ပြောသလို ဗီတိုအာဏာနဲ့ ပိတ်ပင်လည်း ရတာပဲ ဟဟ

Anonymous said...

ပြန်ရောက်လာပြီ...စတော်ဘယ်ရီက ခူးနေကျအခင်းက မရသေးဘူး... ရကာတော့ တအားကိုနီးနေပြီ...

နွေဆိုတော့ ဦးထုပ်အသုံးဝင်နေတာမို့ အကြိုက်တွေ့သွားတာဖြစ်မှာပေါ့နော်...

စူးနွယ်လေး

ဇွန်မိုးစက် said...

အမတော့ ဦးထုပ်လေးကို မနာလို ဖြစ်နေပြီ။း)

kokonaing said...

yes, amjagyi tanha (tanha=Pali= attachment) schide....

Anonymous said...

ရှင်လေးအကြောင်းတွေးမိတာရေးဘို့ ကျန်ခဲ့လို့ ခုဘဲဖြည့် ပြီးရောက်လာတာ။ ကိုယ်တွေးတာနဲ့ လွဲနေလားလို့ ကြည့်လုက်ဦးနော်။ နောက်တလုံး ထပ်မ၀ယ်မိအောင် ဆုတောင်းထားရင်ကောင်းမယ်ထင်တယ်ရှင်လေးရေ။း)
အိုင်အိုရာ

Shinlay said...

လာလည်ကြတဲ့သူငယ်ချင်းတို့ ကိုကျေးဇူးတင်ပါတယ်။
ဒီနေ့ မိုးရွာနေလို့ သူ့ ဦးထုပ်လေးအနားရနေလေရဲ့ ။
မိုးစိုသွားရင် မလှတော့မှာစိုးလို့ တဲ့။

ညီလင်းသစ် said...

အခုတလောမှာ နေကလည်း အတော်ပူနေတော့ ဦးထုပ်ဆောင်းဖို့အတွက် အတော်ပါပဲ၊ အင်ဒီယာနာဂျုန်းစ် လည်း အဲဒီလို ဦးထုပ်တစ်လုံးနဲ့ နေ့နေ့ညည ကမ္ဘာပတ်နေတာမို့ ကိစ္စတော့ သိပ်မရှိပါဘူး မရှင်လေးရာ...၊ အဲ.. ကြာပွတ်တော့ မကိုင်စေနဲ့ပေါ့၊းD

Anonymous said...

I read the post and smile.I laughed after reading both comments of ko ko naing and ko nyi.Don't wish to rain daily:)I always put on hat even in my bed during winter:D
Gyidaw

Shinlay said...

Thanks Ko Nyi ..
Thanks Gyidaw...

Anonymous said...

ဟိုတလောက တော်ဝင်မင်္ဂလာဆောင်ကြည့်ပီးတော့
ဦးထုတ်ရူးနေတာ..အတော်ပဲ..
ဟိ
အခုကိစ္စမှာ ဦးသောမတ် မှန်ပါတယ်။



ပေါက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးသောမတ်စ်က ဦးထုပ်နဲ့ ပိုပြီးခန့်ညားတာကိုး
ဒါကြောင့် သူ့ခမြာ မချွတ်တမ်းဆောင်းချင်တာ ဖြစ်မှာ
တကယ်လဲ ခန့်ခန့်ကြီးဖြစ်သွားတယ်ပြောလိုက်နော် မရှင်လေး
ဟိဟိ အိပ်တဲ့ခါပါ ထပ်ဆောင်းနေရင် ဒုက္ခ
ပျော်စရာပိုစ့်လေးအတွက် စိတ်ပျော်ရွှင်ရပါတယ်

Shinlay said...

ပေါက်ရေ ပြောလိုက်မယ်နော်။
ဟုတ်ပါ့ချောရေ...ပြောပြလိုက်တော့ရီလိုက်တာ။

Myanmar Good Knowledg Co., Ltd said...

ရှင်လေးရေ
ဒီပို့စ်လေးကိုရေးတဲ့ ရှင်လေးကော။ ဦးထုပ်ကလေးတကိုင်ကိုင်ဖြစ်နေတဲ့ ဦးသောမတ်စ်ကိုကော မြင်ယောင်ပြီး ရီချင်လာတယ်။
ကြည်နူးစရာပါ။

အဟင်းးးးး
ကိုညီလင်းသစ်ရဲ့ ပို့စ်ဖတ်ပြီး သတိရမိတယ်။
ဒါက ဦးသောမတ်စ်ရဲ့ ဒူးဒူး ပေါ့။

ပျော်စရာပို့စ်အတွက် ကျေးဇူးပါ။

Shinlay said...

ကောင်းမွန်ဝင်းရေ..ကျမလည်းအဲ့ဒီလိုတွေးမိသေးတယ်။

Moe Cho Thinn said...

ဦးထုပ်လေးနဲ့ စိတ်ပျော်ရွှင်တယ်၊ သဘောကျတယ်ဆိုရင် ၀မ်းသာစရာပဲပေါ့။ ရိုးစင်းတဲ့ သူ့စိတ်ပျော်ရွှင်မှုလေးကို ကြည်နူးလိုက်ပါ မရှင်လေးရယ်..

Kyaw Hnin Se Lwin said...

မရှင်လေးရေ
ရယ်မိတယ် တအား
တခုဆိုတခုပဲ စွဲတာ ကောင်းတာပေါ့မရဲ့
စိတ်ချရတယ်
:D