Sunday, 24 July 2011

ဧည့်သည်

ဧည်သည်... ... ... သူမလာခင်မျှော်ရ
သူ့ အတွက်ပြင်ရဆင်ရ၊
လာတော့မယ်ဆိုတော့ ပျှော်ရ၊

ဧည့်သည်... ... ... သူရှိနေတော့ စကားတွေပြောကြ၊
ရယ်ကြမောကြ၊ ဟိုနားဒီနားလျှောက်လည်ကြ၊
ဟိုဟိုဒီဒီဈေးဝယ်ထွက်ကြ၊
ဖွယ်ဖွယ်ရာရာချက်စားကြ၊ မြည်းကြ၊စမ်းကြ၊
စကားတွေ ဟိုရောက်ဒီရောက် ပြောကြ၊မေးကြ၊

ဧည့်သည်... ... ... သူပြန်သွားတော့ စိတ်ထဲမှာဟာတာတာ၊
နေရတာ တစ်ခုခုလိုနေသလို၊ စားရတာ အရသာမရှိတော့သလို၊
သူ့ အသံပဲကြားနေသလို၊ သူ့ မျက်နှာပဲမြင်နေသလို၊
စိတ်ထဲမှာလွမ်းသလိုလို...

ဧည့်သည်... ... ... အချိန်တန်လို့ အိမ်ပြန်သွားတဲ့သူကတော့
သူ့ အိမ်ပြန်ရလို့ ပျှော်နေပေမဲ့၊ ကျန်ခဲ့တဲ့ သူမှာတော့
တစ်ရက်နှစ်ရက်နေလို့ မသာဘူးကွယ်။

ဧည့်သည်... ... ... ကျမတို့ ဆီအချိန်ပေးပြီး
တကူးတက လာလည်ပေးလို့  အတိုင်းမသိ
ကျေးဇူးတင်မိပါတယ်။
နောင်လည်း အချိန်ရရင် တစ်ခေါက်လောက်
လာလည်ပါအုံးနော်။

14 comments:

Iora said...

I like it.
Iora

Myanmar Good Knowledg Co., Ltd said...

ဟုတ်တယ်ရှင်လေး။
ကျွန်မလည်း ဧည့်သည်လာရင် ပျော်တယ်။
သားဆို ဧည့်သည်နားလိုက်ကပ်တတ်လို့ ဆွဲထားရတယ်။

ဒီမှာဆွေမျိုးသူငယ်ချင်းနဲ့ တွေ့ရတယ်ဆိုတာ မလွယ်ဘူးကိုး......နော်။

စော(အဝါရောင်မြေ) said...

:)
အပျော် ကူးယူ သွားပါတယ်။

ညီလင်းသစ် said...

ဧည့်သည်လုပ်ပြီး လာဖတ်သွားပါတယ်...။

Anonymous said...

ှမရှင်လေးရေ။ ဘလော့က ပို့စ်တွေဖတ်ပြီး ကိုသောမတ်စ်လို ခင်ပွန်းမျိုး ရထားတဲ့ဘဝ သာဓုခေါ်မိတယ်။ ကျွန်မအသိ၁ယောက်ဆို ဘာသာရေး ဂရုမစိုက်တဲ့လင်က မိဘကို ပိုက်ဆံမပို့ရဘူးဆိုလို့ သူ့အမေသေတဲ့အထိ ၁ပြားမှ မပို့ရဘူး။ သူလဲ ရောဂါကျွမ်းနေတာတောင် အလှူအတန်းမလုပ်ရဘူး။ သူ့ယောက်ျားသဘောက မသေခင် သုံးမယ်၊စားမယ်၊ လှူစရာမလိုဆိုတဲ့ ဘဝအမြင်ကိုး။ ဒါနသီလရှိတဲ့အိမ်ထောင်ဖက်ရဖို့ဆိုတာ ကံကောင်းခြင်း၁ခုဆိုတာ တဖြည်းဖြည်း နားလည်လာတယ်။

မိုးစက်ပွင့် said...

မမရေ.... အလည်လာတယ်နော့... ဝေးနေကြပေမဲ့ ဒီဘလော့လေးကြောင့် နီးနေသလိုပါဘဲ... အမြဲပဲ စာတွေရေးနိုင်ပါစေ

ဇွန်မိုးစက် said...

အစ်မရေ...ဧည့်သည်လာရင် ပျော်တတ်သူဆိုလို့ ဂျာမနီလာလည်ဖြစ်ရင် ၀င်ခဲ့မယ်နော်။း)

Anonymous said...

မရှင်လေးဆီကို ဧည့်သည်အဖြစ် လာချင်ပါတယ်။ ဒါမှမဟုတ် မရှင်လေး ဧည့်သည်အဖြစ် လာလည်ပါဦး..

Mandy said...

ပြန်တောင်သွားပြီလား
ကျမလည်း သူငယ်ချင်းငတ်လို့ ကိုယ်ချင်းစာပါတယ်

Shinlay said...

သူငယ်ချင်းတို့ ရေ.. လာလည်ကြတာကျေးဇူးတင်ပါတယ်။
လမ်းကြုံရင်လည်း ၀င်လာလည်ပါနော်။
Anonymous ရေးသွားတာကို စိတ်မကောင်းစွာနဲ့ ဖတ်မိပါတယ်။ စရိုက်ခြင်း၊ဓလေ့ခြင်းမတူတော့ တခါတလေ အခက်တွေ့ ရတတ်ပါတယ်။

မီးမီးငယ် said...

ဒီဖက်ကိုလည်းဧည့်သည်လာလုပ်ပါအုံး..

Shinlay said...

ဒေါ်မီးရေ တနေ့ နေ့ တော့ရောက်မှာပါ။

ဆောင်း said...

တနေ့ တော့ လာလည်ဖြစ်အောင် ကြိုးစားမယ်
မရှင်လေး ရေ

စန္ဒကူး said...

ဧည့်သည်လာလုပ်မယ်နော် မမရှင်လေး...
ဟီးဟီး။......
ကူးလဲ ဧည့်သည်မျှော်တာ ကိုယ်က အတည်တစ်ကျအိမ်မှာ အမြဲမရှိတော့ ဘယ်သူမှလာ ချင်ဘူးး... တစ်ယောက်တည်းဘဲ... ကြာရင် ဂေါက်များ သွားမလားစိုးရိမ်မိတယ်..