Sunday 11 March 2012

လောနိုင်ငံသားများရဲ့ သင်္ကြန်ပွဲ ၂၀၁၂

အရင်နှစ်တွေလိုပဲ ဒီနှစ်မှာလည်း ကျမတို့ သွားနေကြ သင်္ကြပွဲကို သွားပါမယ်။
ဒီပွဲကို ဂျာမနီမှာရှိတဲ့ လာအိုး (လော)နိုင်ငံ ဘုန်းကြီးကျောင်းက ကြီးမှူး ကျင်းပ
တာဖြစ်ပါတယ်။ ၁၄.၄.၂၀၁၂ စနေနေ့ မှာ ကျင်းပမှာပါ။
နေရာကတော့ Rheinhalle 68775 Ketsch ( Mannheim မြို့ နားမှာပါ။)
အချိန်ကတော့ မနက် ၁၀နာရီဆို သီလစပေးပါတယ်။ ဖြစ်နိုင်ရင် ၉နာရီခွဲလောက်
ရောက်ရင်ကောင်းပါတယ်။

သီလယူပြီးရင် သံဃာတော်များကို လှူဖွယ်ပစ္စည်းများလောင်းလှူကြပါတယ်။
မိမိသဒ္ဒါပေါက်ရာ လှူဖွယ်ပစ္စည်းလေးတွေနဲ့  စီတန်းလောင်းလှူရတာ ကြည်နူး
စရာကောင်းပါတယ်။

ပြီးရင်သံဃာတော်များကိုဆွမ်းကပ်ပါတယ်။

ဘုန်းကြီးကျောင်းက လာတဲ့သူတွေအတွက် အစားအသောက်စီစဉ်ထားပါတယ်။
ကျမတို့ ကတော့ တတ်နိုင်သလောက် အိမ်က ဟင်းချက်ယူသွားပါတယ်။

သီလယူ၊ ဆွမ်းကပ်၊ သင်္ကန်းကပ်၊ ဒါနပြု ၊ကုသိုလ်ပြုရတာကြည်နူးစရာပါ။

ဒါအပြင် ထိုင်းနိုင်ငံသားတွေရောင်းတဲ့ အစားအစာ ဆိုင်တွေလည်းဖွင့်ထားပါသေးတယ်။
ကျမတို့ အစားအစာနဲ့ တူတာကြောင့် ငေးရင်း မောရင်း၊ မြီးစမ်းကြည့်ရင်း... ... ...

အနီးအနားက မြန်မာသူငယ်ချင်းများလည်း အချိန်ရလို့  အဆင်ပြေရင် လာခဲ့ကြဖို့ 
သတင်းပေးတာပါ။
မနှစ်ကပုံတွေကိုတော့ဒီနေရာမှာ ကြည့်လို့ ရပါတယ်။
http://www.wat-lao.org/page12/page15/page15.html

No comments: