Wednesday 10 April 2013

သင်္ကြန်နီးပြီနော်....

သင်္ကြန်ရောက်တော့မယ်။ ဒီနှစ်တော့ဂျာမနီမှာ နေကမထွက်၊ ဆောင်းက
မကုန်နိုင်တာနဲ့  သင်္ကြန်ရာသီက အရင်နှစ်တွေကလို စိမ်းစိမ်းစိုစို မရှိပါဘူး။
ကျမ အတာအိုးထိုးဖို့  အိမ်နားက ပန်းခြံထဲမှာ အရွက်တွေပန်းတွေ နှစ်တိုင်း
သွားခူးလေ့ရှိပေမဲ့ ဒီနှစ်တော့ အပင်တွေမှာ အရွက်တောင်မထွက်သေးပါဘူး။
 ဒီအချိန်ပွင့်နေကြ  အ၀ါရောင်ပန်းတွေလည်း ဒီနှစ် သိပ်မတွေ့ ရသေးပါဘူး။

ဒါပေမဲ့ သွားနေကြ လောနိုင်ငံဘုန်းကြီးကျောင်း ရဲ့  သင်္ကြန်ပွဲကတော့ ၁၃.၀၄.၁၃
နေ့ မှာ ကျင်းပမယ်ဆိုလို့  ဒီတပတ်လုံး စိတ်လှုပ်ရှားနေမိပါတယ်။
တစ်နှစ်မှာ တစ်ခါ ကြုံတောင့်ကြုံခဲ သံဃာတော်တွေ ဆွမ်းကပ်ခွင့်၊ လှူတန်းခွင့်
ရတဲ့ ဒီပွဲကို မလွတ်ချင်ပါဘူး။ ဆွမ်းကပ်ဖို့ ဘာချက်ရမလဲ၊ ဘာလှူရမလဲ တွေးရင်း
စီစဉ်ရင်း နဲ့  ....ပီတိဖြစ်ရပါတယ်။

တစ်နှစ်တစ်ခါ လှလှပပ ၀တ်ခွင့်ရတဲ့ မြန်မာ ၀တ်စုံကို ၀တ်နိုင်ဖို့  အဲ့ဒီနေ့  အအေး
လျှော့ပါစေ၊ နေသာပါစေလို့ လည်းဆုတောင်းရသေးတယ်။
(မိုးလေ၀သ သတင်းမှာတော့ အအေးလျှော့မယ်ဆိုပဲ။)

အဲ့ဒီပွဲမှာ  မြန်မာသူငယ်ချင်း တစ်ယောက်၊နှစ်ယောက် နဲ့ လည်းတွေ့ ရမယ်ဆိုတော့
တကယ်ဝမ်းသာမိပါတယ်။ (သူငယ်ချင်းတို့ လည်းအဲ့ဒီနေ့ လာဖြစ်ကြပါစေ။)

အလှူလုပ်ရင်ဈေးတန်းပါလေ့ရှိတဲ့ အာရှ ဓလေ့အတိုင်း အဲ့ဒီနေ့ ကြ ဘာတွေရောင်းမလဲ၊
ဘာတွေဝယ်ရမလဲ လို့ လည်း တွေးရင်းပျော်နေမိပါတယ်။

နောက်နေ့  ၁၄.၄.၁၃ မှာတော့ ဆွစ်ဇာလန်က Gretzenbach ထိုင်းဘုန်းကြီးကျောင်းကို
သွားဖြစ်မယ်။
http://www.wat-srinagarin.com/    
အဲ့ဒီကျောင်းကတော့ အရင်ကရောက်လေ့ရှိပေမဲ့ သင်္ကြန်ပွဲ ကိုတော့  ဒီနှစ်မှသွား
ဖြစ်မှာပါ။ အနီးအနားက သူငယ်ချင်းတွေ လာဖြစ်မယ်ဆိုရင်လည်းတွေ့ ကြတာပေါနော်။

သူငယ်ချင်းတို့ လည်းသင်္ကြန်ချိန်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေ။

7 comments:

ညီလင်းသစ် said...

ဒီမှာလည်း အတူတူပဲ အစ်မရှင်လေးရေ..၊ ဒီနှစ်ဆောင်းက အတော့်ကို တာရှည်တာပဲနော်..၊ ပျော်ရွှင်ဖွယ်ရာ သင်္ကြန်ရက်များနဲ့အတူ မင်္ဂလာရှိသော မြန်မာ့နှစ်သစ် ဖြစ်ပါစေဗျာ....။

ဇွန်မိုးစက် said...

ဒါဆို ဒီပိတ်ရက်နှစ်ရက်လုံး အစ်မလည်း သင်္ကြန်ပွဲဆင်နွှဲမှာပေါ့။ ပျော်စရာကြီး။း)) ဇွန်လည်း ဒီကကျောင်းမှာ မုန့်လက်ဆောင်း စတုဒိသာအတွက် စနေရော တနင်္ဂနွေပါ လုပ်အားပေးသွားဖို့ရှိတယ် အစ်မ။

ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သင်္ကြန်ရက်မြတ် နှစ်သစ်ချိန်ခါ ဖြစ်ပါစေ အစ်မရှင်လေး။း)

Shinlay said...

ကျေးဇူးကိုညီ။
ကျေးဇူးဇွန်...

Anonymous said...

Happy Thingyan .
Ma Moe

မိုးစက်ပွင့် said...

မင်္ဂလာရှိသော နှစ်သစ်ကို ပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် မမ.....

zunelamoe said...

ET
visited

Shinlay said...

Thanks Moe sett and
Many Thanks and hello to my friend Moe Moe:::. How are you?