Wednesday 24 February 2010

ဂျာမန် တက္ကသိုလ် အကြောင်း

အိစန္ဒာ မေးထားတဲ့ ဂျာမန် တက္ကသိုလ် အကြောင်းလေးပါ။
ကျမကိုယ်တိုင်တော့ ဂျာမနီမှာတက္ကသိုလ် မတက်ဘူးတော့ ရှာတွေ့ သလောက်
ပဲရေးလိုက်ပါတယ်။
DAAD ကတော့ ဖွံ့ ဖြိုးဆဲနိုင်ငံတွေကကျောင်းသားတွေကို တော်တော်များများ
Scholarship ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံက အစိုရ၀န်ထမ်းတွေ
တော်တော်များများက DAAD Programme နဲ့ လာတက်ကြတာပါ။
အခုတော့ အပြင်ကလူတွေလည်း လျှောက်ပြီး လာတက်နေကြတာတွေ့ ရပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ ဖတ်ကြည့်ရင် ရပါလိမ့်မယ်။

တခြား ဂျာမန်ကျောင်းလျှောက်တာနဲ့ ပတ်သက်တာလေးတွေပါ။
၁။ http://www.studyineurope.eu/study-in-germany/applications/how-to-apply
၂။ http://www.studyplaces.com/study-abroad/courses/Germany
၃။ http://en.wikipedia.org/wiki/List_of_universities_in_Germany

တက္ကသိုလ်တွေမှာတော့ ဂျာမန်လို တက်ရတာရှိသလို၊ အင်္ဂလိပ်လို တက်ရတဲ့
ဘာသာရပ်တွေလည်းရှိပါတယ်။ ဂျာမန်ဘာသာ နဲ့ တက်ရမယ်ဆိုရင်တော့
Deutsche Sprachprüfung für den Hochschulzugang (DSH) ဆိုတဲ့
ဂျာမန် ဘာသာစကားစစ်တဲ့စာမေးပွဲ အောင်ရပါမယ်။

Semester ကြေးတွေကတော့ ပြည်နယ်တွေအလိုက်ကွဲပြားပါတယ်။
ဒီမှာကြည့်လို့ ရပါတယ်။ ဒီနေရာမှာလည်း ဖတ်ကြည့်လို့ ရပါတယ်။

ညီမလေး လပြည့်ရိပ်ကိုမေးကြည့်ရင်လည်းသိနိုင်ပါတယ်။

2 comments:

လသာည said...

ဂျာမဏီမှာ တက်တဲ့ ပညာရေးစနစ်အကြောင်းတင်ပေးတဲ့အတွက် ဗဟုသုတ တော်တော်ရပါတယ်။ ကျေးဇူးတင်ပါတယ် မမရှင်လေး...။
ညီမတို့ သူငယ်ချင်းတချို့လည်း ဂျမဏီစကော်လာ ရဖူးတယ်။ သွားဖို့ အားလုံး စီစဉ်ပြီးမှ projectက ပျက်သွားလို့ ဆိုလား မသွားရဘူး..။ ညီမလည်း အဲဒီကို ရောက်ဖူးချင်တာ :D

rose of sharon said...

တော်တော်စုစည်းပေးထားတာဘဲ :)