Wednesday 15 September 2010

ရန်ကုန်မှ အတွေ့ အကြုံများ

ရန်ကုန် လေဆိပ်ကိုရောက်တာနဲ့  လ၀က မှာ ဘာမေးခွန်းတွေမဲ့ ရင်ဆိုင်ရမလဲ။
ဘယ်လိုမမျှော်လင့်တာတွေ ကြုံရမလဲဆိုတဲ့ အတွေးတွေနဲ့  စိတ်လှုပ်ရှားမိတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကို အဆင်သင့်ပြင်ထားရင်း ကျမအလှည့်ကို
စောင့်နေခဲ့ပါတယ်။ ကျမအလှည့်ရောက်တော့ လိုအပ်တဲ့စာရွက်တွေပေး။ ပုံစံဖြည့်၊
အားလုံးပြီးတော့ အရာရှိက မေးခွန်းမေးလာပါတယ်။
စာအုပ်သက်တမ်းတိုးထားတဲ့ အထောက်အထားပါပါသလားတဲ့။ ကျမက
အထောက်အထားကတော့ စာအုပ်မှာ တုံးထုထားတာရယ်၊ လာခါနီးသံရုံး က
ထောက်ခံစာ ပေးထားတာရယ်ပဲရှိတယ်ပေါ့။
ဒီတော့သူက ကျမစာအုပ်က တံဆိပ်တုံးက အတု မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲတဲ့။
ငွေရပြေစာမပါဘူးလား၊ သက်တမ်းတိုးကြောင်းစာထုတ်မပေးဘူးလားတဲ့။
ဘယ်လိုသက်တမ်းတိုးခဲ့တာလဲတဲ့။ ကျမလည်းသူမေးတာတွေဖြေပေးနေပါတယ်။
ကျမက ဆရာတို့ ဒီမှာ သက်တမ်းတိုးထားတဲ့ ထောက်အထားအတွက် လိုအပ်မဲ့
စာရွက်စာတမ်းကိုထုတ်ပေးဖို့ သံရုံးကို အကြောင်းကြားထားပေါ့၊ ကျမတို့ က ဆရာတို့ 
လိုအပ်တာဘယ်သိမှာလဲ လို့ ကျမပြောတော့ တခါ သူက ဒီသက်တမ်းတိုးတာက
နိုင်ငံခြားရေးဝန်ကြီးဌာနက တိုးတာ၊ သူက လ၀ကဌာနချင်းမတူဘူးဆိုတာလဲပါရဲ့ ။
ကျမကတခါ ၀န်ကြီးဌာနအချင်းချင်းပြောရတာပိုလွယ်တာပေါ့လို ဖြေပြန်ရော။
Thomas မှာလည်း ကျမထွက်လာမဲ့ နေရာထိပ်ကရပ်စောင့်နေပြီ။
ကျမတို့ က မေးလိုက်ဖြေလိုက်လုပ်ကောင်းနေတုန်း။ ဒီတော့မှ သူက ကျနော်က
တာဝန်အရမေးရတာပါတဲ့။ ဟုတ်ကဲ့ ကျမကလည်း တာဝန်အရ ပြန်ဖြေတာပါ
လို့ ပြောပြီး စာအုပ်ယူကာ ထွက်လာခဲ့ပါတယ်။ စာအုပ်ထဲရက်မှားရိုက်၊ ....မှာလားလို့ 
တောင်ပြန်စစ်ရသေးတယ်။

ဒုက္ခ..... ကျမစာအုပ်က ၂၀၀၈ မှာ တက်တမ်းတိုးထားတာပါ။
၂၀၀၈ နောက်ပိုင်း ဒီစာအုပ်နဲ့ ပဲ မြန်မာပြည်ပြန်လာတာ ဒီတခါပါဆိုရင် ၄ခါရှိနေတာ
စာအုပ်ထဲက တုံးတွေမြင်နိုင်တာပဲလေ။ သက်တမ်းကုန်နေတဲ့စာအုပ်အတွက် သံရုံးကရော
ထောက်ခံစာ ထုတ်ပေးပါ့မလား။ စာအုပ်ထဲက တုံးကို အတုလုပ်မှတော့ ပြေစာတို့  ၊
ဘာတို့ လည်းအတုလုပ်မှာပေါ့.....နားမလည်နိုင်ပါ။
ရန်ကုန်မှာပြန်ပြောတော့ ပိုက်ဆံလိုချင်လို့ ပါလို့ အားလုံးကပြောကြတယ်။
အဝေးကနေ ၁၈နာရီလောက် ပင်ပန်းစွာ ပြန်လာတဲ့ ကျမ ပိုက်ဆံပေးရမယ်ဆိုတာထက်၊ ပြန်လည်ချေပရမယ်ဆိုတဲ့ အတွေးပဲခေါင်းထဲမှာရှိပါတယ်။

အဲ နောက်နေ့ ကျတော့ Thomas အတွက်မြို့ နယ်လ၀က မှာ သတင်းသွားပို့ ရပါတယ်။
ဘာရယ်မဟုတ် အဲ့ဒီကိုသွားရမှာ အရင်တွေ့ အကြုံတွေအရ တက်တက်ကြွကြွမဖြစ်ဘူး။
ဘာပဲဖြစ်ဖြစ် အလှူသွားလုပ်တယ်လို့ ပဲစိတ်ထဲမှတ်ပြီးသွားလိုက်ပါတယ်။
အရာရှိက သူ့ ဆီမှာ ၆၀၀၀ ကျပ် ထားခဲ့ဖို့ နဲ့  ၊စာရွက်စာတမ်းကြေး ၆၀၀၀ ကို အပြင်မှာ သွင်းခဲ့
ဖို့ ပြောပါတယ်။ ပုံစံတွေထုတ်ပေးတဲ့ လူကိုတော့ အရင်ထဲကသိနေတာနဲ့  ၄၀၀၀
ပေးလိုက်ပါတယ်။ အဲ့ဒီနေ့ ကငွေ ၁၆၀၀၀ ကျပ် အလှူပေးခဲ့ပါတယ်။

ရန်ကုန်က တက္ကစီများ
လေဆိပ်ကထွက်တော့ တက္ကစီငှားရပါတယ်။ Marina residence မှာ Thomas ကို ချပေးပြီးမြေနီကုန်းကိုဆက်သွားဖို့  ၈၀၀၀ ပြောပါတယ်။ နောက် ၆၀၀၀ နဲ့ ဈေးတဲ့တယ်။
ကားပေါ်ရောက်တော့ ကားမောင်းတဲ့သူက မြေနီကုန်းအရင်ပို့ ပြီးMarina ကို
အပြန်မှာဝင်ပို့ မယ်။ သူ့ အိပ်က Marina နားမှာဆိုတော့ဝင်နားလို့ ပို အဆင်ပြေတယ်ဆိုပဲ။
မရကြောင်းပြောပြီး ကျမတို့ နဂို လမ်းကြောင်းအတိုင်းမောင်းခိုင်းရတယ်။
ကားပေါ်မှာ Thomas က ပူလိုက်တာဆိုတော့ Air Con. ရှိပါတယ်။ ဖွင့်ရင် ဈေးပိုပေးရ
မယ်ဆိုပြီး ဖွင့်ပေးပါတယ်။ ကျမတို့ လည်း တောသားမြို့ ရောက် အညာခံလိုက်ရတယ်ဆိုတာ နောက်မှသိရပါတယ်။ လူတွေမရိုးသားကြတော့ပါ။

တက္ကစီခကတော့ဟိုနားဒီနား ၁၀၀၀ ကျပ်ပါ။ မီတာတွေတတ်ထားတာတွေ့ ပေမဲ့ တခါမှ
မီတာဖွင့်မောင်းတာ မတွေ့ ရပါ။ တချို့ ကတော့ ရောက်ခါနီးမှဖွင့်တာတွေ့ ရပါတယ်။
Air Con. ပါတဲ့ တက္ကစီကို တော့ ၂ခါ။၃ခါလောက်စီးခဲ့ဖူးပါတယ်။ Thomas ကတော့
Air Con. ပါတဲ့တက္ကစီဆို ပိုက်ဆံပိုပေးရှာပါတယ်။ တချို့ ကတော့ ငှားရင်
ဈေးပိုတောင်းတယ်။ ဈေးဆစ်ရတာ မလုပ်ချင်ဆုံးပါ။ ပုံမှန်ဈေးအတိုင်းပြောတဲ့
သူဆိုရင်တော့ ကျမတို့  အပိုငွေ ထပ်ပေးပါတယ်။
တက္ကစီကားတွေက အားလုံးလိုလို အစုတ် တွေပါ။ တံခါးကို မ၀င်ခင်ကတည်းက
လက်ကိုင်ချပြီးမှ ပိတ်လို့ ရတဲ့ ကား၊ ဖွင့်ရင်အပြင်ကဖွင့်မှရတဲ့ကား၊ မိုးရွာရင်
မှန်တင်လို့ မရတဲ့ကား၊ ကားထဲက ကျိုးပဲ့ နေတာတွေနဲ့ ထိခိုက်မှု မဖြစ်အောင်
သတိထားစီးရတဲ့ကား။ အပြင်ဘက်က အသစ်လို့ ထင်ရပေမဲ့၊ ကားထဲမှာ
စုတ်ပြတ်နေတဲ့ကား။ ကြောင်သေးစော်နံနေတဲ့ကား စတဲ့တက္ကစီအမျိုးမျိုးကို
စီးခဲ့ပါတယ်။ Thomas မှာတော့ ဂရုစိုက်စီးနေတဲ့ကြားက မပြန်ခင်တရက်အလိုမှာ
တက္ကစီပေါ်အတွက် ကားပေါ်က ပြုတ်ထွက်နေတဲ့ အရာတခုနဲ့ တိုက်ပြီး ခြေမထိသွားလို့ 
အခုတော့ ခြေသည်းခွာလိုက်ရပါတယ်။ သူငယ်ချင်းတို့ ပြန်ရင် မေးခိုင်ရောဂါ
ကာကွယ်ဆေးထိုးပြီးမှ တက္ကစီ စီးကြဖို့ အကြံပေးပါတယ်။

22 comments:

Anonymous said...

ခြေသည်းတောင် ခွာလိုက်ရတယ်လား....။

ဇွန်မိုးစက် said...

ဟုတ်တယ်နော်...မရှင်လေး... တက္ကစီတွေအားလုံး အကောင်းမရှိဘူး။ အစ်မပြောသလိုပဲ တစ်ခုမဟုတ်တစ်ခု ဖြစ်နေတာ။

နောက်ပြီး သူများတွေက ကိုယ့်နိုင်ငံကို ပြန်မယ်ဆို ဘာမှနောက်ဆံတင်းစရာမလိုဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လို့ရပေမယ့် ဇွန်တို့မှာတော့ လေဆိပ်အ၀င်မှာ ဘယ်လိုရစ်ခံရမလဲ၊ ဘာတောင်းမှာလဲနဲ့ စိုးရိမ်နေရတာ။

အစ်မခုချိန်ထိ ပတ်စ်ပို့မပြောင်းဘဲ ကိုင်ထားတာကို အံ့လည်းအံ့သြတယ်၊ ချီးလည်းကျူးတယ်။း)

ဇွန်သိထားသလောက် ဂျာမနီကလည်း dual passport ကိုင်ခွင့် မရှိဘူးနော်။

Anonymous said...

ပိုလိုက်တာ..ခြေသည်းတောင် ခွာလိုက်ရသလား၊ ကိုယ့်နိုင်ငံပဲကွယ် ဆင်းရဲတာ သိမှပေါ့ ၊ အပစ်ပြောနေစရာလား ၊ ခြေသည်းခွာ မေးခိုင်ပိုးကွာကွယ်ဆေးထိုးရအောင်တော့ နမော်နမဲ့ မနိုင်သင့်ဘူးပေါ့ ။ .. အသိဥာဏ်ရှိတဲ့ ၊ ဆင်းရဲသားနိုင်ငံသွားတဲ့၊ သတိမမူတဲ့၊ နမော်နမဲ့နိုင်တဲ့ သူမှာသာ အပစ်ဆိုစရာပါ..ဟုတ်တယ်လေ ..ကားစုတ်မှာ အသိဥာဏ်မှ မရှိတာ

Shinlay said...

ဇွန်ရေ..ဟုတ်တယ်။ဒီမှာ မိမိမူလနိုင်ငံက ခွင့်မပြုရင် dual ကိုင်ခွင့်မရှိပါဘူး။ ခွင့်ပြုတဲ့နိုင်ငံဆိုရင်တော့ကိုင်
ခွင့်ရှိပါတယ်။ ချွင်းချက်နဲ့ ကိုင်မယ်ဆိုရင်လည်းလျှောက်လို့ ရတယ်ပြောပါတယ်။

အမည်မရှိတဲ့သူ... ကျမတို့ နိုင်ငံဆင်းရဲလား၊ ချမ်းသာလားဆိုတာ ကျမသိပါတယ်။ အသိဥာဏ်ရှိမရှိ၊ နမော်နမဲ့နိင်မနိုင်လည်း သိပါတယ်။
ကြုံခဲ့တာေ၇းတာပါ။

nu-san said...

အမရေ.. ရန်ကုန်လေဆိပ်အ၀င်ကတော့ တမျိုး မဟုတ် တမျိုးကို ရစ်တာ.. အထွက်ရစ် အ၀င်ရစ်လေ.. တခါတလေ အိမ်ကို လွမ်းလို့သာ ပြန်တာ ရန်ကုန်လေဆိပ်က ကာစတန်နဲ့ အင်မီဂရေးရှင်းကို ဖြတ်ကို မဖြတ်ချင်ဘူး.. စိတ်ညစ်လို့.. အမပြောသလိုပဲ လေယာဉ်စီးလို့ ခရီးပန်းရတာ တမျိုး သူတို့ ရစ်တာ ခံရတာတမျိုးနဲ့.. ညီမတို့ပြန်တော့လည်း သမီးလေးက ၄ လခွဲကိုလေ မှီခိုထောက်ခံစာ မပါလို့တဲ့.. ဒီပိစိလေးကို လာရစ်တာလေ.. ပြန်လာတော့ အဲဒီ ကလေးအတွက် D-form လုပ်ပြီးမှ ထွက်ရတယ် အမရေ... စောင့်ရတာလည်း တတန်းကြီးကို ကြာတယ်.. ဒီကြားထဲနော်. ကြားဖြတ်ချင်တဲ့ လူတွေက ပါသေး.. စိတ်ကုန်ပါတယ်.. ပြောရင် ပြောမကုန်ပါ.. ကားတွေ တော်တော်များများ စုတ်တာတော့ အမှန်ပဲ.. လက်ကိုင်တွေ ပြုတ်ထွက်၊ မိုးရွာလို့ မှန်တင်ချင်ရင် ချက်ချင်းတင်မရပြန်ဘူး.. မိုးရေတွေ ရွှဲနစ်နေတာ ကူရှင်တွေမှာလေ.. တက်စီငှားစီးပြီး မိုးမိတာ..အမ အတွေ့အကြုံတွေ စောင့်ဖတ်နေမယ်နော်..

Anonymous said...

သတင်းလေးတွေ ဖတ်ရတဲ့အတွက်ကျေးဇူးပါအမ။
ဦးသောမတ်စ် အတွက် စိတ်မကောင်းလိုက်တာ။ အားနာစရာကောင်းတယ်နော်။ ကိုယ့်နိုင်ငံအတွက် လည်းရှက်ဖို့ ကောင်းတယ်။

ညီမလည်း ပထမအခေါက်ပြန်တုန်းက ထုံးစံအတိုင်း ပြသ၁နာရှာခံရတာဘဲ။ ကိုယ်က မှီခိုနဲ့ နေတာ၊ အလုပ် လဲ လုံးဝ ဘုရားစူးမလုပ်ရပါဘူး။ ထုံးစံအတိုင်း ဘယ်တုန်းကသွား တာလဲ၊ ဘယ်လောက်ကြာပြီလဲနဲ့ အရေးမပါတာတွေ မေးနေတယ်။ စာအုပ်ကိုကြည့်ပြီး သူကမေးနေတာ ဘယ်လောက်ဒေါသထွက်ဖို့ ကောင်း သလဲ လို့ ။ ဒေါသမျိုသိပ်ပြီး ပြန်ဖြေပေးရတာဘဲ။ ပြီးတော့ အလုပ် လုပ်သလားတဲ့။ မလုပ်ပါဘူးလို့ ပြောတော့ အလုပ် မလုပ်ရင် အလုပ်မလုပ်ကြောင်း ထောက်ခံစာ ပါလားတဲ့။ အလုပ်မလုပ်တာကို ဘယ်က ထောက်ခံစာ သွားတောင်း ခဲ့ရမှာလဲ။ အလုပ်လုပ်လို့ အလုပ်လုပ် ကြောင်း ထောက်ခံစာဆို ကြားကောင်း သေးတယ်။ ညီမလည်း စကားဆက်ပြီး မပြောချင် တော့တာနဲ့  အကြွေကလည်း 10 တန်ဘဲ အနည်းဆုံး ရှိတော့ ခုံပေါ်တင်ပေးလိုက်တော့ အမရယ် လေ၏လျှင်မြန်ခြင်း နဲ့ အံဆွဲထဲကို ထည့်လိုက် တာ မြန်သလားမမေးနဲ့ ။ ချက်ချင်းကိုလေသံက ပြောင်းသွားပြီး သူမေးနေတဲ့ မေးခွန်းတွေ သူ့ ဘာသာ သူ အကုန်မေ့သွားရော။ ချိုသာတဲ့အသံနဲ့  သမီးပြန်ထွက် ရင် D Form လုပ်ဖို့  မေ့နေအုံးမယ် မမေ့နဲ့ နော်ဆိုပြီး သူ့ ခုံပေါ်က ကြော်ငြာ စာရွက် ကိုပေးတယ်။ စဉ်းစား ကြည့်ပါအုံး အမရယ်။ အပြင်ရောက်တော့ ပြောပြတော့ အိမ်ကလူတွေက 5 ကျပ် လောက် ဆို တော်ပြီပေါ့ 10 များတယ်၊ နောက်လူတွေ ကို လည်း 10 လောက် တောင်း နေလိမ့်မယ် ဆိုပြီး ပြောရော။ ရှင်းရှင်း ပြောရရင် စေတနာမရှိပေမဲ့လည်း အရှက်မရှိစွာ ပြသ၁နာ လုပ်နေတော့လည်း မောမောနဲ့ ပေးရတာပါဘဲ။

အဲ့ဒါနမူနာတစ်ခုပါအမရေ.. အဝေးမှာနေရတဲ့သူတွေအဖို့ ကိုယ့်နိုင်ငံကိုလွမ်းလို့ ပြန်လာတိုင်း အ၀င်မှာတင် စိတ်အမြဲညစ်ရတယ်။ ဒါပေမဲ့လည်း သုံးလလောက်ကြာတာနဲ့  စိတ်ကပြန်ချင် လာတာပါဘဲ။ နောက်ဆုံးတစ်ခေါက်ကဆို ဈေးနှုန်း တွေအကုန်ကြီးတာကို စပြီး သတိထားမိ လာတယ်။ သာမန်လူတွေ ၀င်ငွေနဲ့ ဘယ်လို ရပ်တည် နိုင်ကြ မလဲနော်။ ဒီကအသိမိတ်ဆွေတွေ ဆိုလဲ တချို့ ကမရောက်ဖူးသေးလို့  သွားလည်လို့ ပြန်လာပြီးကြရင် နင်တို့ နိုင်ငံက တော်တော်ဆင်းရဲ တယ်နော် နဲ့  စိတ်ကုန်ပါတယ်အမရယ်။ ပြောတဲ့ သူတွေ ကိုလည်း အပြစ်မဆိုနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်နိုင်ငံ ကို အရှိအရှိအတိုင်းပြောရရင် တိုးတက် မလာဘဲ ပိုပိုပြီးဆုတ်ယုတ်လာတာကို ပြန်တိုင်းမှာ ခံစားမိ လာတာဘဲမဟုတ်လားနော်။

ညို

Anonymous said...

အမရေ

Marina residence မှာဘယ်လို ငှားရင်ရတယ်၊ ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာတွေ သိချင်ပါတယ်၊ အားရင် ရေးပေးပါနော်၊ ဒီက နိုင်ငံခြားသား အသိတွေ သွားချင်ရင် ညွှန်းပေးချင်လို့ပါ၊

ရန်ကုန် အတွေ့အကြုံတွေကို စောင့်ဖတ်နေပါတယ်၊

တက္ကဆီတွေ စုပ်တာတော့ မပြောနဲ့ ဆိုဖာ မှာ စပရိန် ကြီး ထွက်နေတာတောင် ကြုံရတယ်၊

အပေါ်က အမည်မသိ၊ အမှန်ပြောတာကို ဘာမှ စိတ်ဆိုးဖို့ မလိုပါ၊ အမက အမှန်ကို အမှန်အတိုင်း ရေးတာပါ၊

Anonymous said...

ဟုတ်တယ်..မရှင်လေး..။
ပြန်လည်တိုင်း စိတ်ရှုပ်ရတယ်..။
နှစ်တိုင်းလိုလို ပြန်ဖြစ်တော့..ပြန်ခါနီးတိုင်း
စိတ်မောရတယ်..။
ပြန်လာတော့လည်း စိတ်မောရတာပါပဲ..။



ပေါက်

ရွှေရတုမှတ်တမ်း said...

ပြန်ရင် စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့ မပြန်တာကြာလေပေါ့....

Anonymous said...

ညီမက အပေါ်ဆုံးက အမည်မသိ (15 September 2010 14:27 ပါ၊ ဦးသောမတ်စ် ခြေသည်းခွာလိုက်ရတယ်ဆိုတာ စိတ်မကောင်းလို့ မေးတာပါ။

ညီမတို့ပြန်တော့ အမျိုးသားက အခွန်အားလုံး ကြိုဆောင်ပြီးသား၊ ညီမက မြန်မာသံရုံးကနေု (၇ ကျပ်လား၊ ၁၇ ကျပ်လား ပေးပြီး) အလုပ်မလုပ်တဲ့ထောက်ခံစာပါပြီးသား၊ အမျိုးသားအလုပ်က ခွင့်စာ၊ အားလုံးပြည့်စုံအောင်ပါတယ်။ ဒါပေမယ့် စကားမပြောချင်လို့ ၁၀ ပေးလိုက်တာ ဘာပြန်ပြောလဲဆိုတော့ ၂ ယောက်ဆိုတော့ ၂၀ တော့ပေးပါတဲ့၊ စားပွဲခုံနဲ့ ယူနီဖောင်းနဲ့ တာဝန်အရထိုင်နေတဲ့ အဲဒီဝန်ထမ်း ၂ ယောက်က ဘာတောင်းပုံနဲ့ တောင်းနေတယ် ဆိုတာ ပြောမထွက်ပါဘူး၊ ရလေ၊လိုလေ အိုတစ္ဆေပါပဲ။ နောက်ထပ် ၁၀ ထပ်ပေးလိုက်တော့မှ "အပြန် D formမလုပ်ရအောင် လုပ်ပေးလိုက်တယ်နော်" တဲ့ ။ တကယ်က ၂ ပတ်ထဲပြန်တဲ့ ပီအာရ်က လုပ်ဖို့မှ မလိုတာ၊ အဟုတ်တကယ်၊ စိတ်ကုန်ရပါတယ်။

Anonymous said...

အမလေး...ဆိုးပါ့၊ ကြားရတာ အော့အံ့ချင်လိုက်တာ..
အဲ့ဒီ....တွေကတော့ လိုင်စင်ရ..တွေ။ ဦးသောမတ် အတွက် စိတ်မကောင်းပါဘူးနော်..

Anonymous said...

ဘယ်လောက်ရစ်ရစ်မပေးတာအကောင်းဆုံးပါပဲ.. တောင်းလို့ရတဲ့သူတွေ ရှိမှန်းသိတော့မရမကတောင်းကြတာအကျင့်ပါနေတာ...မနှစ်ကတော့ရှေ့ဆုံးရောက်နေတဲ့အပြင်အနောက်မှာလူတယောက်မှတော်တော်နဲ့ ရောက်မလာကြသေးလို့သိပ်မရစ်ဘူး...ကိုယ်ကရှေ့ ရောက်နေပေမယ့် နောက်မှာလူတွေရှိနေသေးရင် တခုခုအကြောင်းပြဟိုဟာဒီဟာဖြည့်ခိုင်းပြီး နောက်ဆုံးကိုပြန်ပို့်တယ်..နောက်ဆုံးဆိုပိုရစ်လို့ ကောင်းလို့လေ....မရှင်လေး မပေးတာ ကောင်းတယ်..မှန်တယ်...ကျမလည်း သူတို့ရစ်ချင်သလောက်ရစ် ကိုယ်ယူလာတဲ့စာရွက်တွေက အားလုံးအစစ်တွေပဲမို့ တပြားမှမပေးဘူးပဲ :)

Anonymous said...

ဟိ...နာမည်ရေးဖို့မေ့သွားလို့

စူးနွယ်လေး

မီးမီး said...

ကျမကိုတော့ ပတ်စ်ပို့ကြည့်ပြီး နောက်ကလူတွေကိုဆက်ခေါ်လိုက်တယ်..
ကိုယ်ကိုတော့ဟိုလိုဒီလိုနဲ့ လျောက်မေးရင် ကျမက
အ သလိုလုပ်ပြီးအီးအီးအဲအဲနဲ့လေ
ကောင်းကောင်းမဖြေခဲ့ဘူး
နောက်ဆုံးတော့ထုံးစံအတိုင်း အမမောင်တွေကိုမုန့်ဖိုးပေးပါတဲ့.
ယောကျာ်းကသင် ပေးလိုက်ပါတယ်.သူတို့စားပွဲပေါ်ကို အထုပ်တင်ပေးလိုက်ပါတဲ့..
ကျမကလည်းလုံးဝမပေးချင်ဘူး..ဒါပေမဲ့ လည်းနောက်ဆုံးတော့ပေးရတာဘဲလေ..
ကျမတခါတော့ စမ်းဘူးတယ်.
ဟိုမေးဒီမေးနေတုံးဗြုံးဆိုအထုပ်တင်ပေးလိုက်တာ..
ဟား..စကားကြီးကတန်းလန်းနဲ့.သွားလို့ရပါပြီတဲ့..အဟီး
ဦးသောမတ်..ခြေသည်းကောင်းသွားပြီလား..သက်သာလား..
သူတို့အသားအရည်က ကျမတို့အာရှအသားရည်နဲ့မှ မတူတာပိုနုတယ်..
နေပူတာ နေလောင်တာလဲ ခံနိုင်၇ည် မရှိဘူး..နားလည်ခံစားပေးတယ်..

လသာည said...

အစ်မ ရှင်လေး..
အခုလို ကြားရတာ အရမ်းစိတ်မကောင်းပါဘူး။ လေဆိပ်ကတစ်မျိုး၊ တက္ကစီတွေကတစ်မျိုး စိတ်ညစ်စရာတော့ တော်တော်ကောင်းပါတယ်။
အသိ ဂျပန်တစ်ယောက် မြန်မာပြည် အိမ်လည်လာတုန်းကတဲက တော်တော်စိတ်လေသွားတာ။

နောက်ထပ် အတွေ့အကြုံလေးတွေ ရေးပါဦးနော်။

Thet Oo said...

မပြန်ဖြစ်တာ အတော်တောင်ကြာပြီနော်... (ကိုင်ဇာ့သီချင်းပါ)

Shinlay said...

ကျေးဇူးပါသူငယ်ချင်းတို့ ရေ။ သတင်းလေးတွေဖတ်ရတော့ ကျမတယောက်ထည်း
ကိုရစ်တာမဟုတ်မှန်းသိရလို့  တော်ပါသေးရဲ့ ။

Marina Residence ကို ၀၀၉၅ ၁ ၆၅၀၆၅၁
ကို ဖုန်းဆက်ပြီး Sales Executive: Ma Su Myat Noe နဲ့ ဆက်သွယ်လို့ ရပါတယ်။
Email: marina@mptmail.net.mm
www.marinaresidenceyangon.com
အခန်းခကတော့ one Bedroom apartment, two Bedroom apartment ပေါ်မူတည်ပြီး ဈေးကွာပါတယ်။
one Bedroom apartment ကတော့ တစ်ည ကို ၇၀ ဒေါ်လာ ပေးရပါတယ်။
တစ်လ စာဆိုရင်တော့ ၁၂၀၀ လောက်ကျမလားပဲ။

Shinlay said...

ညို.. နိုင်ငံခြားသား က Social /Entry Visa
နဲ့ ဆိုရင် အိမ်မှာတည်းလို့ ရပါတယ်။

အိမ်မှာတည်း ရင် အိမ်ရှင်က သက်ဆိုင်ရာမြို့ နယ်
လ၀က မှာ သတင်းပို့ ရပါတယ်။ ဧည့်စာရင်းတိုင်တာပေါ့လေ။

အိမ်ရှင်ရဲ့ သန်းကောင်စာရင်း၊ တော်စပ်ပုံ (သံရုံးထောက်ခံစာ)၊ ဧည့်သည် Passport နဲ့ 
Visa မိတ္တူ၊ စတာတွေလိုပါတယ်။

Moe Cho Thinn said...

အတွေ့အကြုံလေးတွေ ဖတ်လို့ ကောင်းပါတယ်။ မြန်မာပြည် ပြန်ရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ ညီမရယ်..

Anonymous said...

အမပြန်ဖြေပေးထားတာ ကျေးဇူးတင်ပါတယ်ရှင်။
ဦးသောမတ်ရော ခြေထောက် ပြန်ကောင်းသွားပြီလား။
ကုန်ဈေးနှုံန်းတွေကြီးတာတော့ မပြောနဲ့ တော့ အမရေ. ညီမ နောက်ဆုံးအခေါက်က အမေ့ကိုတောင် ပြောခဲ့သေးတယ်။ အမေရယ် ဈေးကြီးလိုက်တာ ဆိုတော့ ကဲ သိပြီလားတဲ့ အမေက။

ညို

Anonymous said...

I felt sorry for U Thomas.

မြစ်ချေသူ said...

အစ်မရှင်လေးရေ ရန်ကုန်ပြန် အတွေ့ ကြုံတွေကို လာဖတ်သွားပါတယ်။