Thursday 16 September 2010

ရန်ကုန်မှ အတွေ့ အကြုံများ (၂)

ဘတ်စ်ကားများ
ဘတ်စကားတွေက အရင်တုန်းကထက်စာရင်ချောင်လာတာတွေ့ ရပါတယ်။
၂၀၀ တန်ကားတွေကတော်တော်လေးများလာပါတယ်။ ချောင်ချောင်ချိချိ နဲ့ 
မြန်မြန်ရောက်စေတာဖို့ ကျမတော့ ကြိုက်ပါတယ်။ တက္ကစီတွေတက်စာရင် ဈေးလည်းအများကြီးသက်သာတယ်။မကြာခဏ စီးဖြစ်ပါတယ်။

ဖုန်းဆက်ဖို့ 
ကျမတို့ အိမ်မှာ ဖုန်းမရှိပါဘူး။ ဒါပေမဲ့ နေရာတိုင်းမှာ မြို့ တွင်း၊ မြို့ ပြင်ဖုန်း
ခေါ်နိုင်တဲ့ ဆိုင်လေးတွေနေရာအနှံ့ မှာ တွေရတော့ အဆင်ပြေပါတယ်။
၁မိနစ်ကို ၅၀ ကျပ်ကနေ ၁၀၀ကျပ်အထိတောင်းကြပါတယ်။ ကျမကတော့
လမ်းပေါ်ရောက်နေချိန် အဆင်ပြေသလို သူငယ်ချင်းတွေကို ဖုန်းဆက်ဖြစ်
ပါတယ်။ တခါတခါ အမေ့အိမ်ပြန်ရင်ဆက်ပါတယ်။
ဖုန်းတွေက မျာသောအားဖြင့် လမ်းမပေါ်၊ လမ်းမဘေးနေရာတွေမှာပါ။
ကားသံတွေဆူနေတော့ စကားပြောရတာတော်တော်အဆင်မပြေပါဘူး။
အေးအေးဆေးဆေး ပြောနိုင်မဲ့ လမ်းကြားထဲကဆိုင်တွေသွားပြန်တော့လည်း
ရေစက်မောင်းသံ၊ ကားသံ၊ ထီရောင်းတဲ့ကား၊ အလှူခံကား၊ ဆိုင်မှာ
အချင်းချင်းပြောနေတာကလည်း အော်ပြောနေကြတယ်ဆိုတော့ ကျမ
မနဲနားထောင်နေရတယ်။ တခါတခါလည်း ဖုန်းနံပါတ်ကပါမလာတာနဲ့ 
မဆက်ဖြစ်ပြန်ဘူး။ တခါတခါ ၁၀ ထပ်ကအောက်မဆင်းချင်တာနဲ့ 
မဆက်ဖြစ်ပြန်ဘူး။ မိုးရွာလို့ ၊မီးပျက်လို့ စသည်ဖြင့်ပေါ့။ ဖုန်းမရှိတော့
ကျမဆီကိုဆက်သွယ်ဖို့ လည်းခက်ပြန်ရော။
ရန်ကုန်ရောက်တုန်းဖုန်းမဆက်မိတဲ့သူငယ်ချင်းတို့ နားလည်နိုင်အောင်ပြောပြတာပါ။

လျှပ်စစ်မီး
လေဆိပ်ကရောက်လို့ ကားပေါ်ကလည်းဆင်းရော အမရေ မီးပျက်နေတယ်တဲ့။
၁၀ ထပ်ကို ပါလာတဲ့အထုပ်ဘယ်လိုတင်ရပါ့။ တော်ပါသေးရဲ့ မကြာလိုက်ဘူး၊
မီးပြန်လာပါတယ်။။
ဒီတခါတော့မီးလာပါတယ်။ ရေလည်းလာပါတယ်။ မီးက မနက် ၉နာရီကနေ၊
၁၁ နာရီလောက်အထိ မီးအားကျတတ်ပါတယ်။ မီးအားကျရင် ဓါတ်လှေကားမရပါ။
မလွှဲသာလို့ သွားရ၊ပြန်လာ ရမယ်ဆိုရင် ၁၀ ထပ်ကို ခြေထောက်နဲ့ သာ တက်ပေ
တော့ပဲ။ တခါတလေ နေ့ ခင်းပိုင်းလည်း မီးအားကျလို့  ဓါတ်လှေကားပိတ်ရပြန်ရော။
ရေခဲသေတ္တာကတော့ မလည်တာများပါတယ်။ အိမ်မီးရနေတာကိုပဲတော်ပါသေးရဲ့။
အသက်ကြီးတဲ့သူ၊ အမြင့်မတက်နိုင်တဲ့သူ၊ဓါတ်လှေကားထဲပိတ်မိမှာကြောက်တဲ့
မိတ်ဆွေတွေကိုတော့ အိမ်မလာပါနဲ့ လို့ ပဲပြောပြီး။
ကျမပဲကြိုးစားသွားတွေ့ ပါတယ်။ တခါတလေလည်း ဆိုင်တဆိုင်မှာချိန်းပြီး
စကားပြောကြရပါတယ်။

ဈေးနှုန်းများ
ပိုက်ဆံကုန်တာမြန်ပါတယ်။ အသုံးမခံပါ။ အသားဈေးတွေကတော်တော်ဈေးကြီးပါတယ်။ ဒီကထက်ဈေးကြီးပါတယ်။
ံ့လူသုံးကုန်တွေလည်းဈေးကြီးပါတယ်။ ပိုက်ဆံဘယ်များရောက်သွားပါလိမ့်လို့ တွေး မိတယ်။ တထောင်၊တသောင်းဆိုတာဘာမှမဟုတ်တော့တဲ့ ပမာဏပါ။ အကြွေ ဆိုတဲ့
၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တွေကတော့ ဘယ်လောက်စုတ်စုတ် ပြဲပြဲ ယူပါတယ်။
အ၀တ်အစားတွေကတော့ တော်တော်ခေတ်မီတာတွေ့ ရပါတယ်။
ဘောင်းမီတိုတိုလေးတွေ၊စကတ်တိုတိုလေးတွေ တော်တော်ဝတ်ကြတာတွေ့ ရပါတယ်။

9 comments:

Moe Cho Thinn said...

ရိုးရိုးရှင်းရှင်းလေး ရေးသွားတာကို သဘောကျမိတယ်။ ဈေးနှုန်းတွေကတော့ international standard ထက်တောင် ကျော်ကုန်ပါပြီလေ..

လသာည said...

ဖုန်းဆက်ရင်း ဘေးကဆူနေတော့ အော်ပြောရတာ တကယ့်ကို အဆင်မပြေဘူးနော်။ လမ်းဘေးဖုံးရုံလေးတွေ ရှိလာမယ့်အချိန်ကို စောင့်မျှော်မိတယ်..

ရွှေဘ၇ူနိုင်း said...

ဟုတ်ပဗျာ...
အခုမှပဲစဉ်းစားမိတယ်။
ငါတို့အော်ပြောတာအကျင့်ပါ...
ဆူညံသံတွေနဲ့ယဉ်ပါး....
ဈေးနှူံးတွေကနိုင်ငံတကာထက်များ...

.....
.....
ကျန်းမာချမ်းသာကြပါစေ...

စန္ဒကူး said...

မပြန်ခင်ပိုက်ဆံကြိုစုရမယ်..
ကုန်ဈေးနှုန်းအမှီလိုက်ဖို့..း)

Anonymous said...

ကျွန်တော်ကတော့ အပြင်က ပြန်လာရင် ပိုက်ဆံတွေ ကျပျောက်ခဲ့တယ် ပဲ မှတ်တယ်၊

T T Sweet said...

မရှင်လေးရေးတဲ့ ရန်ကုန်အတွေ့အကြုံတွေကို စောင့်ဖတ်နေပါတယ်။ ရေးထားတာ ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။

Thet Oo said...

မကြုံစဖူးထူးကဲတဲ့နေရာ မြန်မာ ဆိုတဲ့ ဗီဒီယိုလေး ကြည့်ထားတာ မကြာသေးဘူး။ အဲဒီမှာ မြန်မာပြည်က မိုဘိုင်းဖုန်းအတွက် SIM ကဒ်ဈေးကို နိုင်ငံခြားသား လန့်သွားပုံလေး သဘောကျတယ်။ လင့်က ဒီမှာပါ... http://masumon.blogspot.com/2010/09/burma-dictatorship-of-absurd-teaser.html

Anonymous said...

ကြွားဝါခြင်း အလျဉ်းမရှိပဲ ရိုးရိုးသားသားလေးရေးတာကို သဘောကျပါတယ်။

Anonymous said...

I like your writing style,

you & Thomas wore myanmar traditional dress in ygn :)