စားခဲ့တာတွေ
ထွေထွေထူးထူးတော့မရှိပါဘူး။ ကျမက ငါးကြိုက်တော့ နေ့ တိုင်းငါးချက်ပါတယ်။
မိုးတွင်းဆိုတော့ ငါး၊ပုဇွန်စားရတာကောင်းပါတယ်။ ဥုးပဇင်း ကို သူ့ ကျောင်းသူ
တွေက တနေ့ တယောက်ဆွမ်းချိုင့် ပို့ ကြပါတယ်။ ကျမကတော့ အချိုပွဲနဲ့ ၊
အရံပွဲလောက်ပဲပို့ ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဆိုတော့ ဟင်စုံပါတယ်။
ဘုန်းကြီးတွေဆွမ်းစားပြီးရင် ကျမတို့ စားကြပါတယ်။ ကျမအတွက်ကတော့ ......
စားချင်နေတဲ့အရာတွေ အားရပါးရစားခဲ့ရပါတယ်။ သူငယ်ချင်းများကို
အရမ်းကျေးဇူးတင်ပါတယ်။
မကျည်းသီထောင်း၊ ကြောင်လျှာသီးကြော် (Thomas လည်းကြိုက်တယ်။)
ငပိသုပ်၊ ကတတ်ဟင်းခါး၊ ငါးနှပ်ဟင်း၊ ၀ဥသုပ်၊ မျှစ်နဲ့ ပင်စိမ်းကြော်၊
ငပိရည်နဲ့ တို့ စရာအစုံ၊ဘူးသီးနဲ့ ဂျူးမြစ်ချဉ်ရည်၊ ကင်ပွန်းချဉ်ရွက်နဲ့  ဇရစ်ရိုးချဉ်ရည် ........
ချက်စားတာတွေ ပြောရင်ကုန်မှာမဟုတ်ပါ။
မယု တို့ုဝယ်လာတဲ့ ၀က်ခေါင်းသုပ်နဲ့ အူစုံဟင်းကလည်း အခုထိ မမေ့နိုင်ပါ။
မယုတို့ ကျွေးတဲ့ တရုတ်စာများကိုအခုထိ အမှတ်ရနေပါတယ်။ ကျေးဇူးတင်ပါတယ်။
မနက်စာကိုတော့ မုန့် ဟင်းခါး၊ အီကြာကွေ၊ ဆမူဆာ၊ ကောက်ညှင်းပေါင်း၊
အုန်းနို့ ခေါက်ဆွဲတွေစားဖြစ်ပါတယ်။
နေ့ လည်ကို တော့ ဘိန်းမုန့် ၊ကောက်လှိုင်းကြည်မုန့် ၊ မုန့် ကြာစေ့၊ မုန့် လုပ်ဆောင်း၊
မုန့် ဦးနှောက်...စတာတွေစားဖြစ်ပါတယ်။ မုန့် လင်မယား၊ ရခိုင်မုန်တီ၊ပြောင်းဖူးပြုပ်၊
မြေပဲပြုပ်လည်းစားခဲ့တယ်။
၃၉လမ်းက အမဲအူသုပ်လည်းမြည်းခဲ့သေးတယ်။ တရုတ်ကောက်ညှင်းထုတ်၊
ဝက်သားလိပ်လည်းစားခဲ့တယ်။
ဂျင်းသုပ်နဲ့ ဆေးဘဲဥသုပ်လည်းမကြာခဏစားဖြစ်ပါတယ်။
ကျမချက်သမျှ ဘာမှမပြောပဲ စားရှာတဲ့ အမေနဲ့  Thomas ကိုလည်းကျေးဇူးတင်ပါတယ်။
တွေ့ ဖြစ်ခဲ့တဲ့သူငယ်ချင်းများ
ကျမ သူငယ်ချင်းတော်တော်များများနဲ့ တွေ့ ဖြစ်ခဲ့ပါတယ်။ ကျမ အိမ်ကို မအားတဲ့ကြား
ကလာတွေ့  ပေးကြတဲ့သူငယ်ချင်းများကို လည်းကျေးဇူးတင်ပါတယ်။ ၆ နှစ်လောက
်မတွေ့ ဖြစ်တဲ့ သူငယ်ချင်းကိုလည်းပြန်တွေ့ ရတယ်။ ကျောင်းထဲကိုသွားလည်တုန်း
ဦးချစ်မှာ ထိုင်လေပစ်ကြတာ တကယ့်အရသာပါပဲ။ ငယ်ဘ၀ပြန်ရောက်သလိုပေါ့။
ဒါပေမဲ့ ပြောကြတဲ့ ခေါင်းစဉ်တွေတော့ ပြောင်းလဲနေကြပြီ။
Facebook မှာသိရတဲ့ ဂျာမန်သူငယ်ချင်းကိုလည်းတွေ့ ခွင့်ရခဲ့တယ်။ ငယ်ငယ်က
ဆရာတယောက်နဲ့ ၊ ဆရာမတယောက်ကိုလည်း တွေ့ ခွင့်ရခဲ့တယ်။ မတွေ့ ဘူးသေးတဲ့
ဆွေမျိုးတွေနဲ့ လည်း Thomas ကိုမိတ်ဆက်ပေးခဲ့ရတယ်။ ဗုဒ္ဓဂါယာတုန်းက
သိခဲ့ရတဲ့မိတ်ဆွေများနဲ့ ဥုးပဇင်းတို့ွကိုလည်း ပြန်တွေ့ ဖြစ်ပါတယ်။ ငယ်ငယ်က
စားအိမ်သောက်အိမ်လိုဖြစ်ခဲ့တဲ့ သူငယ်ချင်းစန္ဒီရဲ့  အဒေါ် ဆီလည်းသွားလည်
ဖြစ်ပါတယ်။ သူက အခုအသက် ၈၉ နှစ်ရှိပါပြီ။ ငယ်ငယ်က အကြောင်းတွေ ပြောပြတာ
စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ မှတ်သားစရာတွေလည်းရခဲ့ပါတယ်။
သယ်လာတာလေးတွေ
အထွေအထူးတော့မ၀ယ်လာခဲ့ပါဘူး။ ထုံးစံအတိုင်း မရှိမဖြစ်လေးတွေပဲသယ်ခဲ့ပါတယ်။
ပဲမှုန့် အကျက်၊ငရုပ်သီးအလှော်မှုန့် ၊ ပုဇွန်ခြောက်၊ ငပိရည်အခြောက်ထုပ်၊
အာဗြဲခြောက်ကြော်၊ စားတော်ပဲ၊ လက်ဖက်ခြောက်၊
ရှောက်ရွက်၊ ငရုပ်သီးစိမ်း၊ ဂျင်း…..စတာလေးတွေသယ်လာပါတယ်။
ကျမတွေ့ ခဲ့ကြုံခဲ့ရတဲ့ အတွေ့ အကြုံတွေပါ။ ဘာပဲဖြစ်ဖြစ် အမေနဲ့ တွေ့ ရ၊နေရတဲ့
အချိန်တွေက အဖိုးအတန်ဆုံး အချိန်တွေဖြစ်ခဲ့ပါတယ်။ ကျမတို့ မိသားစု ပျော်ရွှင်စွာ
ဘုရားဖူး၊ ဘုန်းကြီးကျောင်းသွား၊ ကုသိုလ်ပြုကြရတဲ့အချိန်လေးတွေက
အမှတ်တရဖြစ်နေမှာပါ။ နောက်တခါ ပြန်ဖို့ အခွင့်သာမဲ့အချိန်ကို စောင်မျှော်နေပါတယ်။
Subscribe to:
Post Comments (Atom)
10 comments:
ဟုတ်တယ်..မရှင်လေး
ဘယ်မှ မလည်ချင်ဘူး..
စားချင်တာလေးစားရ..
အမေ့နားကပ်နေပြီး..
ငယ်သူငယ်ချင်းတွေ တွေ့ရတာကိုက
ပျော်စရာ..။
ကျနော်တို့က နယ်မှာဆိုတော့ ညဆို
မိုးကောင်ကင် မော့ကြည့်ကြတယ်..။
ကြယ်တွေစုံလို့လေ.။
နေဝင်ချိန်လဲ သဘောကျတာပဲ..။
ငယ်ဘ၀ပြန်ရောက်သလိုပေါ့။
ဒါပေမဲ့ ပြောကြတဲ့ ခေါင်းစဉ်တွေတော့ ပြောင်းလဲနေကြပြီ။
sorry ပါ enter သွားနှိပ်မိလို့ပါ။
အထက်ကစာပုဒ်လေကအကြိုက်ဆုံးပါပဲ။
အရွယ်က်ုထင်ဟပ်စေပါတယ်။
အပျော်တွေကူးစက်ပါတယ် ..
ကျမလည်း ငါးကြိုက်တယ်...အိမ်ပြန်ရောက်ရင်အဓိက ငါးပဲစားတာများတယ်...ရေချိုငါး..
စူးနွယ်လေး
အစ်မရေ ဇရစ်ရိုးချဉ်ရည်စားခဲ့တယ်လား... ဇွန်ပြန်သွားတုန်းက မစားလိုက်ရဘူး။ ဈေးထဲမှာ မတွေ့လို့။ အမေနဲ့တွေ့ခွင့်ရတဲ့၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆုံခွင့်ရတဲ့၊ ကိုယ်စားချင်တာတွေလေးတွေ စားခဲ့ရတဲ့ မမေ့နိုင်စရာ ရန်ကုန်နေ့ရက်လေးများပေါ့ အစ်မရယ်။
ထမင်းကို အာဗြဲခြောက်ကြော်နဲ့ ပဲဟင်းချိုလေးဆမ်းပြီ့း စားချင်လိုက်တာ..
သားရည်တွေတောင်ကျတယ်..ဟိ..ဟိ..
စု
စားစရာတွေများ တန်းစီရေးထားတာ..ဖတ်တဲ့သူကိုများ မသနားတော့ဘူးလား။ :))
ရှလွတ်..ရှလွတ်.ဖတ်ရတာနဲ့တင် အရသာရှိလိုက်တာ..:D
ငါးဆိုတာ..အီကိုယ်ရဲ့အကြိုက်ဆုံးပေါ့..
တော်တော်လေး စုံစုံလင်လင် စားခဲ့ရသလို၊ လူ တော် တော်များများနဲ့လည်း စုံစုံလင်လင် တွေ့ခွင့်ရခဲ့တာ ဖတ်ရလို့ ဝမ်းသာပါတယ်၊
ရှောက်ရွက်နဲ့ ငရုတ်သီးစိမ်းပါ ဝယ်လာတယ်ဆိုလို့ ပြုံးမိသွားတယ်၊ ဂျာမနီမှာ အာရှဆိုင်တွေ မရှိဘူးလား?
Post a Comment