ဒီနှစ်ရန်ကုန်ပြန်တာ Thomas ပါလိုက်ပါတယ်။ သူကရန်ကုန်မရောက်တာ၊အမေနဲ့ 
မတွေ့ ရတာ လေးနှစ်လောက်ကြာနေပြီ။ အမေက Thomas ကှိုတွေ့ တော့
ဝမ်းသာရှာတယ်။ ကျမတို့ မိသားစု သုံးယောက် အတူတူ နေကြတာဒါပထမဆုံး
ပါ။ အရင်ကဆို အမေက သူ့ အိမ်မှာ ကျမတို့ က နေ့ တိုင်းသွားလည်တာပဲရှိတာ။
အမေနဲ့  Thomas က သိပ်ကို အဆင်ပြေကြတာတွေ့ ရတော့ကျမ၀မ်းသာရပါတယ်။
သူတို့ နှစ်ယောက်သိပ်နားလည်မှုရှိကြတယ်။ အစကတော့ အတူတူနေရတာ
အဆင်ပြေပါ့မလားလို့ တွေးမိနေတာ။
အမေက တော်တော်လေးသတိမေ့တတ်နေပြီ။ အကြောင်းအရာ အသစ်တခု
ကို ၃ရက်၎ရက်လောက် အချိန်ယူပြီး မှတ်မိအောင်ပြောရတယ်။
အကြောင်းအရာအသစ်တွေကိုလည်း တစ်ခါတည်းအများကြီးပြောလို့ မရပါဘူး။
အရင်တုန်းကအကြောင်းတွေကိုတော့ အားလုံးမှတ်မိပါတယ်။
ကျမ Geriatrie မှာလုပ်တုန်းက အမေ့ လိုလူနာမျိုးတွေကြုံခဲ့ဘူးတယ်။
အမေ့ကို ရွှေတိဂုံ၊ဗိုလ်တထောင်တို့ လိုက်ပို့ ပေးတယ်။ ညနေဆို ကျမတို့ 
၃ယောက် ဟိုနား၊ဒီနား လမ်းလျှောက်ကြတယ်။ ဘုန်းကြီးကျောင်းတွေသွား
ကြတယ်။ ပျော်စရာနေ့ လေးတွေပါ။
ကျမတို့ ရောက်ပြီး ၅ ရက်ကြာတဲ့နေ့ မှာ Thomas ကဘုန်းကြီးဝတ်ပါတယ်။
သားမရှိတဲ့ ကျမအမေက Thomas ဘုန်းကြီးဝတ်တော့ ၀မ်းသာနေတာ။
ဘုန်းကြီးကျောင်းကိုသွားမယ်ဘဲပြောနေတာနဲ့ မကြာခဏလိုက်ပို့ ပေးဖြစ်တယ်။
ဥုးဇင်း က တစ်ရက် အိမ်ကြွလာ ပြီး အမေ့ကို တရားဟောတယ်။
ကျမကဘာသာပြန်ပေါ့။ အဲ့ဒီနေ့ က ကျမအဖေဆုံးတာ တစ်လပြည့်တဲ့နေပါ။
အဖေဆုံးတာ ၂၆.ရ.၂၀၁၀ကျမ ဂျာမနီမှာရှိနေတဲ့ အချိန်၊ဘယ်သူ ကမှ
(အဖေ့အမျိုးတွေ) အကြောင်းမကြားခဲ့ကြဘူး။
ကျမတို့ မိသားစုအကြောင်း ဒီမှာရေးဖူးပါတယ်။
ဦးသောမတ်စ်ဘုန်းကြီးဝတ်ပြီးမှ အဖေ့တူမအိမ် ကျမရောက်တော့မှ အဖေမရှိတော့
တာသိရတယ်။ ရက်ပြန်တွက်ကြည့်တော့ ကျမ Freising မြို့ က ဘုန်းကြီးကျောင်း
မှာ ကုသိုလ်လုပ်တဲ့နေ့ ဟာ အဖေ ရက်လည်တဲ့နေ့ ဖြစ်နေမှန်း တိုက်တိုက်ဆိုင်ဆိုင်
သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ကျမပြုသမျှ ကုသိုလ်တွေကို မိဘကို အမျှဝေနေကြဆိုတော့
အဖေ့အတွက်ကုသိုလ်လုပ်ပေးတယ်လို့ ပဲ မှတ်လိုက်ပါတယ်။
အဖေဆုံးတာသိချိန်နဲ့ တစ်လပြည့်ချိန် မှာ ဦးသောမတ်စ်ဘုန်းကြီးဝတ် နေတဲ့အချိန်
ဆိုတော့ ကျမတို့ မိသားစု အဖေအတွက် အကောင်းဆုံးကောင်းမှုတွေနဲ့  ကုသိုလ်
ပြု၊ အမျှဝေနိုင်ခဲ့ပါတယ်။
အမေ့ကိုတော့ အဖေမရှိတော့တဲ့အကြောင်းကို ၄ရက်လောက်အချိန်ယူပြောပြခဲ့ရတယ်။
ဘုန်းကြီဝတ်တဲ့နေ့ မှာ ဦးသောမတ်စ်ရဲ့ ကျောင်းသား၊ကျောင်းသူများက ၀ိုင်းပြီး
ကူညီပေးကြပါတယ်။ သူတို့ ကျေးဇူးကြောင့် အဆင်ပြေစွာပြီးစီးခဲ့ပါတယ်။
ဘုန်းကြီးဝတ်တဲ့ ရရက်မှာ နေ့ တိုင်း ဆွမ်းချိုင့်ပို့ ပေးကြ၊ လာရောက်ကူညီပေးကြတဲ့
ကိုသန့် ဇင်၊ ကိုအတွတ်၊ ရင်ရင်၊နီနီ၊ မတိုး၊ စုစု၊ နွဲ့ နွဲ့ ၊မရင်နွဲ့ တို့ ကို
အထူးကျေးဇူးတင်ပါတယ်။
ဒီတစ်ခေါက် သူငယ်ချင်းတွေနဲ့ လည်းတွေ့ ဖြစ်တယ်။ တစ်ရက်မှာ မိန်းထဲက
ဦးချစ်မှာ ၂နာရီခွဲလောက်ကြာအောင် သူငယ်ချင်းတွေနဲ့ ထိုင်ဖြစ်ခဲ့တယ်။
ငယ်ဘ၀အလွမ်းပြေပေါ့လေ။
ကျန်တာတွေနောက်တော့ဆက်ရေးပါမယ်။ အခုတော့ ...နားလိုက်ပါအုံမယ်ရှင်။
Subscribe to:
Post Comments (Atom)
18 comments:
သြော်..
မရှင်လေးက ပြန်သွားတာကိုး..။
မသိလိုက်ဖူး။
အဖေဆုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး..။
ပေါက်
ဟိုတခါ ပြန်တုန်းက အဖေ နေမကောင်းဖြစ်နေတာကြားတယ် ကျမသွားရင် အဖေ့အတွက် အနှောက်အယှက် ဖြစ်မှာ စိုးတယ်ဆိုလား ပြောခဲ့တယ်နော်။ စိတ်မကောင်း စရာပဲ
ပြန်ရောက်လာလို့ ၀မ်းသာပါတယ်..အဖေဆုံးတဲ့သတင်းအတွက်.....
Ich fühle mit dir. Nimm diese wenigen Worte für mehr.
Suenwelay
Sadhu... Sadhu...Sadhu, Uzin (U Thomas). You achieved the great noble days.
I meditated both with layman's cloth and with sasana robe. In my thought, meditating with noble robe is more effective for me, to neglect personal affairs and kama desire, and to concentrate in vipasana.
အဖေ့အတွက် စိတ်မကောင်းပါဘူးမရှင်လေးရယ်။
မိသားစုပုံလေးတွေ့ရတာကြည်နူးစရာ။
ဦးသောမတ်စ်က အရပ်တအားရှည်တော့
မရှင်လေးတို့နှစ်ယောက်က ပုပုလေးတွေဖြစ်ကုန်တယ်။း)
မရှင်လေးအမေက သဘောကောင်းလားဟင်။
အမေ့ကို ကြည့်ရတာ သိပ်ချစ်စရာကောင်းတာပဲ။
ရန်ကုန်ပြန်ရင် သွားလည်မယ်နော်။
mm
မရှင်လေး..
အဖေဆုံးသွားတာ သိရလို့ စိတ်မကောင်းဘူး။ တိုက်ဆိုင်စွာ ကုသိုလ်တွေလုပ်ဖြစ်နေတာ တကယ့်ကို ထူးတဲ့အကြောင်းတရားတွေပဲပေါ့နော်။
မရှင်လေး မေမေကို အခုမှမြင်ဖူးတယ်။ တကယ့်ကို မာန်မာနကင်းပြီး စိတ်ထားဖြူစင် အေးချမ်းမယ့်ပုံ..နော်။ . မျက်နှာလေးကတော့ မရှင်လေးအတိုင်းပဲ..။
ဟုတ်ပ ဦးသောမတ်စ်က အရပ်အရှည်ကြီးပဲ...
မမအဖေဆုံးသွားတာစိတ်မကောင်းဘူး။
ပုံလေးတွေတွေ့ရတာတစ်အားစိတ်ချမ်းသာတယ်။
မသိလို့တစ်ခုလေးမေးချင်လို့..ဦးသောမတ်စ် က ဦးဇင်းဝတ်တာ စိတ်ကြည်နူးနေတဲ့ ပုံဘဲ။
Sadhu
Sadhu
Sadhu U Zin Thomas
ရှင်လေးအဖဆုံးသွားတဲ့ အတွက်စိတ်မကောင်းပါဘူး.. ရှင်လေးအမေကိုကြည့်ရတာ ငြိမ်းချမ်းတယ်... ရှင်လေးခင်ပွန်းက စိတ်ကောင်းရှိပုံရတယ်... ရှင်လေး ကျန်းမာရွှင်လန်းပါစေ
ခင်တဲ့
Rose
အမ ပြန်အလာကို မျှော်နေတာ။ အမအဖေဆုံးသွားကြောင်းသိရလို့ စိတ်မကောင်းဖြစ်ရ ပါတယ်၊၊ အမတို့ မိသားစု အတူတူ ဘုရားဖူး ကြရတာ လည်း ကုသိုလ် တစ်မျိုးပါဘဲ။ ခင်ပွန်းကောင်း ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ကုသိုလ်တွေ အတွက်လည်း သာဓုခေါ်သွားပါတယ်ရှင်။ သာဓု သာဓု သာဓုပါ။ ရန်ကုန်အကြောင်းလေးတွေလည်း အချိန်ပေးနိုင်ရင် ပို့ စ်တင်ပါအုံးနော်။ အလွမ်းပြေပေါ့။
ညို
အဖေအတွက်တကယ်စိတ်မကောင်းဖြစ်မိတယ်..
ကုသိုလ်အတွက် သာဓုသာဓုသာဓု..
မရှင်လေးတို့က တကယ်တည်ငြိမ်အေးချမ်းတဲ့.
ဘ၀ ပိုင်ရှင်တွေပါဘဲ...
အစ်မရှင်လေးရေ... အဖေဆုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အစ်မတို့ပြုလုပ်သမျှ ကောင်းမှုအားလုံးအတွက် အစ်မရှင်လေးဖေဖေ တမလွန်ကနေ သာဓုခေါ်နေမှာပါ။
အစ်မတို့မိသားစု ၃ယောက်ကို ကြည့်ရတာ စိတ်အေးချမ်းတယ်။
ရန်ကုန်နောက်ဆက်တွဲပို့စ်လေးတွေ မျှော်နေမယ်နော်။
အဖေဆုံးသွားတယ်ဆိုလို့ တကယ်ပဲ စိတ်မကောင်းပါဘူး ရှင်လေးရေ။ အမေ့ကိုပဲ တတ်နိုင်သလောက်ပြုစုရတော့မှာပေါ့။ ဦးသောမတ်ဘုန်းကြီးဝတ်တာရော ရှင်လေးကုသိုလ်ကောင်းမှု့ ပြုတာတွေရော သာဓု ၃ကြိမ်ခေါ်တယ်နော်။
လာလည်ကြတဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။
အဖေ ဆုံးသွားတယ် ကြားလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ကုသိုလ်ပြု အလှူလုပ်ချိန်ဖြစ်လို့ သာဓုခေါ်ပါတယ်။ မရှင်လေး အမျိုးသားကို စိတ်ထဲက ကျေးဇူးလဲတင်၊ ချီးလဲ ကျူးမိပါတယ်။ အမေနဲ့ ဇနီးကို စိတ်ချမ်းသာစေတဲ့အတွက်ပါ။ မုဒိတာ ပွားပါတယ်။
အစ်မအဖေအတွက် စိတ်မကောင်းပါဘူးအစ်မ ဘယ်သူမှ အသိမပေးပဲ ကုသိုလ်လုပ်နေတဲ့ချိန်နဲ့ တိုက်ဆိုင်သွားတာ အစ်မရဲ့ ကုသိုလ်ပါပဲ
ပုံတွေကြည့်ပြီးစိတ်ချမ်းသာလိုက်တာ အစ်မက အမေတော်တူတယ် ရိုးရိုးယဉ်ယဉ်လေး အမျိုးသား ကလည်း ပုဆိုးဝတ်ထားတာ မြန်မာစစ်စစ်အတိုင်းပဲ သင်ကန်းဝတ်နဲ့ လည်း ကြည်ညိုစရာကောင်းတယ်။
ဒီမိသားစုပုံတွေ ကြည့်ရတာ အရမ်းစိတ်ချမ်းသာဖို့ ကောင်းတယ်။ အစ်မအတွက်ဝမ်းသာတယ်။
Post a Comment