Saturday 27 November 2010

cookies ဖုတ်ကြတယ်။


အရင်နှစ်တွေကတော့ အိမ်မှာတစ်ယောက်ထဲ ပဲ Christmas cookies
တွေ ဖုတ်ဖြစ်ပါတယ်။ ဒီနှစ်တော့ ကိုThomas ကလည်း အိန္ဒိယ ၊ ဗုဒ္ဓဂါယာ
က တိပိဋက ရွတ်ပွဲကို သွားတယ်။ သူက ဟိုမှာ ၄ပတ်ကြာမှာဆိုတော့
ခရစ္စမတ်ပြီးမှပြန်ရောက်မယ်။ ဒီတော့တယောက်ထဲ မုန
့် တွေအများကြီး
နဲ့ မဖြစ်ပြန်ဘူး။ အဲ့ဒါနဲ့ ပဲဒီနှစ် အိမ်မှာ cookies တွေမလ
ုပ်တော့ပါဘူး။

ပြီးခဲ့တဲ့ အပတ်ကတော့ မိတ်ဆွေတယောက်အိမ်မှာ Christmas cookies
စုပြီးဖုတ်ကြမယ်လိုဆိုတာနဲ့ ဝါသနာအရ သွားလိုက်ပါတယ
်။
ကလေး၊လူကြီးစုစုပေါင်း ၇ ယောက်စုပြီး မုန့် တွေဖုတ်ဖို့ လ
ုပ်ကြပါတယ်။







ကလေးတွေကတော့ အဆင်သင့်ဖုတ်လို့ ရတဲ့ အထုပ်တွေကို သုံးပါတယ်။
ကျမတို့ လူကြီးအုပ်စုကတော့ မုန့် ဖုတ်စာအုပ် အကူအညီနဲ့  လက်စွမ်းပြကြ
ပါတယ်။ တက်ညီလက်ညီနဲ့ နေ့ ခင်း ၃နာရီကစလိုက်တာ
ည ၇နာရီမှပြီးပါတယ်။


စုပြီးလုပ်ကြတော့ စကားတပြောပြောနဲ့ အချိန်က ကုန်မှန်းတောင်မသိလိုက်ပါဘူး။
ဆေးကြောရှင်းလင်း စရာတွေလည်းခဏလေးနဲ့ ပဲပြီးသွားပါတယ်။
အပြန်ကြတော့ မုန့် လေးတွေခွဲဝေယူခဲ့ကြပါတယ်။
ပျော်စရာကောင်းတဲ့ နေ့ တနေ့ ပါ။

18 comments:

Sunny said...

ပျော်စရာကြီးပဲ မမ.. ဖုတ်ထားတဲ့ ကွတ်ကီးနည်းနည်းလောက်ကျွေးနော်..

Evy said...

ကွတ်ကီးတွေ အများကြီး၊ ပျော်စရာကြီးနော်

လပြည့်ရိပ် said...

အစ်မ တစ်ယောက်တည်းဆို လာလည်ချင်တယ်။ မြန်မာ ထမင်းဟင်းချက်စားရအောင်......

Shinlay said...

sunny, Evy... မြန်မြန်လာစားနော်..ကုန်သွားအုံးမယ်။
လပြည့်ရိပ်.. လာလည်လေ..ပျော်စရာကြီး။ စာချင်တာသာစဉ်းစားထားပါ။

မယ့်ကိုး said...

ပျော်စရာကြီးမမ။ မုန့်ဖုတ်ရမှာ ပျင်းပေမယ့် အရုပ်လုပ်ရတာ ပျော်စရာအရမ်းကောင်းမှပဲ။ sauce လေးတွေနဲ့ မျက်လုံးလေးတွေ ခြယ်။ ဆံပင်လေးတွေ။ ကလစ်လေးတွေနဲ့ :P

ဒါနဲ့မမ စကားမစပ် မယ့်ရဲ့ အိမ်ပြေးသူများမှာ မမမှတ်ချက်ရေးသွားအတွက် အထူးကျေးဇူးတင်ကြောင်းနဲ့ နောက်စာတစ်ပုဒ်မှာ မမစကားလေးကို ထည့်သွင်းထားကြောင်း ခွင့်တောင်းပါရစေ မမ။း)

လသာည said...

မရှင်လေး ကွတ်ကီးတွေ အများကြီးနော်။ ဆောင်းချမ်းချမ်းလေးမှာ ကော်ဖီပူပူလေးနဲ့ ကွတ်ကီးလေးနဲ့ သူငယ်ချင်းတွေနဲ့ ဆို ပျော်စရာကြီး။

ဇွန်မိုးစက် said...

ကွတ်ကီးလေးတွေက ချစ်စရာလဲကောင်း၊ စားချင်စရာလဲကောင်းး)

Anonymous said...

မနှစ်ကမုန့်မဖုတ်ဖြစ်လို့ ဒီနှစ်ဖုတ်မလားလို့စိတ်ကူးခဲ့တာ
ဒါပေမယ့် ဒီနှစ်လည်း မလုပ်ဖြစ်တော့ဘူး
တချို့တွေတော့ စုပြီး မုန့်စဖုတ်နေကြပြီ
ပျော်စရာတော့ကောင်းပါတယ်

စူးနွယ်လေး

T T Sweet said...

မရှင်လေး ... ကွတ်ကီးတွေ လာအားပေးသွားတယ်ဗျို့ ...

ကျော်နှင်းဆီလွင် said...

ဟယ် ပျော်စရာကြီးနော် မ
ကွတ်ကီးတွေက ချစ်ဖို့ကောင်းတာ ပရော်ဖက်ရှင်နယ်လက်ရာပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်ရတာကို ပျော်စရာကောင်းတယ်
ကွတ်ကီး မစားရပေမဲက အပျော်တွေကူးစက်သွားတယ်
ကျေနပ်သွားပါတယ်..

Anonymous said...

မရှင်လေးရေ မိုက်ကရိုဝေ့ဖ် နဲ့ ကူကီးဖုတ်လို့ရလားဟင်။ ဂရဲလ် တော့မပါဘူး ဖုတ်လို့ရတယ်ဆိုရင် လုပ်နည်းလေးပြောပြပါလား စမ်းလုပ်ကြည့်ချင်လို့။ အာဗင်မရှိဘဲ တစ်ခြားနည်းနဲ့ ကူကီးလုပ်နည်းလေးများသိရင်လဲ ပြောပြပါနော်။ စမ်းသပ်ရတာ ၀ါသနာပါလို့ပါ။း)

Shinlay said...

လာလည်ကြတဲ့ သုငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
Anonymous မိုက်ကရိုဝေ့ဖ် ဖုတ်လို့ ရမယ်မထင်ပါ။
အာဗင်တော့လိုပါလိမ့်မယ်။

စန္ဒကူး said...

နောက်ဆုံးကွတ်ကီးပုံကိုအကြိုက်ဆုံးဘဲ။
ချစ်စရာလေး..
ရုံမှာ ထိုင်ရီနေတယ်..

အုပ်ကြီး said...

မွှေးနေတာပဲဗျာ ...
ဒီဘက်ဘလော့ကတောင် ဗိုက်ဆာတယ်..အဟီး

Anonymous said...

ကွတ်ကီး ချိုချိုလေးနဲ့ ကော်ဖီပူပူခါးခါးလေး ဆိုရင် .......အားပါး

မိုးစက်

rose of sharon said...

ချစ်စရာလေးတွေ... စားဘို့နှမျောစရာ

မြစ်ခြေသူ said...

မရောက်တာကြာပြီ မုန့် သံကြားလို့ ပြေးလာတာ
ကုန်သွားပီလား အစ်မ :)