ဒီအချိန်မှာ ကမ္ဘာ့အရှေ့ပိုင်းမှာရှိတဲ့နိုင်ငံ တချို့ မှာ နှစ်သစ်ကိုကြိုဆိုခဲ့ပြီဖြစ်ပေမဲ့
ကျမတို့ က ၄ နာရီလောက်စောင့်ရအုံးမယ်။ နှစ်သစ်ကူးအကြိုနေ့  Silvester
(New Year's Eve) နေ့ ကို ရောက်ရင် ငယ်ငယ်က မောင်နှမတွေစုပြီး
ပွဲလုပ်ကြတာကို လွမ်းမိပါတယ်။ အဲ့ဒီတုန်းကတော့ ကြေးအိုး၊ကော်ပြန့် စိမ်း၊
ကြာဇံကြော်တွေလုပ်စားလေ့ရှိတယ်။
ဒီမှာတော့ ကျမတို့ အိမ်မှာ Silvester ဆိုရင် Raclette လုပ်လေ့ရှိပါတယ်။
Raclette အကြောင်းတော့ဒီနေရာမှာ ဖတ်ကြည့်ရင်ပိုသိနိုင်ပါတယ်။
တကယ်တော့ Thomas ရဲ့ အကြိုက်ပါ။ ကျမက ချိစ်နဲ့ မတည့်ပေမဲ့ ဒီနေ့ တော့
သူနဲ့အတူ လိုက်စားပေးပါတယ်။
လိုအပ်တာတွေကတော့ Raclette လုပ်စားတဲ့ ချိစ်၊ အာလူးပြုပ်၊ အသားပြား၊
စသဖြင့်မိမိစိတ်ကူးရသလို ထည့်စားလို့ ရပါတယ်။
ှ
လွယ်လွယ်နဲ့  စားလို့ လည်းကောင်း၊ အချိန် ကြာကြာလည်း စားလို့ ရတော့
ဒီနေ့ လို နေ့ မျိုးမှာ လုပ်စားရတာ ကောင်းပါတယ်။
မကြာခင် နှစ်သစ်ကိုရောက်တော့မှာဆိုတော့ သူငယ်ချင်းများအားလုံးကို
နှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေ... လို့ 
ဆုတောင်းပေးပါတယ်။
Shinlay and Thomas
Friday, 31 December 2010
Tuesday, 28 December 2010
တိပိဋက ရွတ်ပွဲ ၂၀၁၀
ဗုဒ္ဓဂါယာမှာကျင်းပတဲ့ နိုင်ငံတကာ တိပိဋက ရွတ်ပွဲ က ဓါတ်ပုံတချို့ ပါ။
ဗုဒ္ဓဂါယာခရီးအကြောင်းကို ဒီမှာရေးခဲ့ဖူးပါတယ်။
နိုင်ငံတကာ တိပိဋက ရွတ်ပွဲ ကိုတော့ ၂၀၀၆ ခုနှစ်က စတင်ပြီး နှစ်စဉ် ကျင်းပခဲ့ပါတယ်။
တိပိဋက စာအုပ်တွေကို မဟာဗောဓိဘုရားဝန်း အတွင်းမှာရှိတဲ့ မဏ္ဍုပ်ဆီကို
သယ်ဆောင်လာကြတဲ့ပုံပါ။ မြန်မာ အဖွဲ့ ဖြစ်ပါတယ်။

သီတဂူဆရာတော်ရဲ့ တရားပွဲပါ။
ထိုင်းမဏ္ဍုပ်
ဦးသောမတ်စ်နဲ့ မြန်မာခေါင်းပေါင်း :))
ပိတ်ပွဲနေ့ အမှတ်တရ
Sunday, 26 December 2010
Windbeutel လုပ်စားမလား။
တနေ့ ကစမ်းလုပ်ကြည့်ဖြစ်တာပါ။
လွယ်လွယ်ကူကူ၊မြန်မြန်ဆန်ဆန် နဲ့ အရသာလည်းရှိပါတယ်။
အချိုလည်းသိပ်မပါတော့ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ ကောင်းပါတယ်။
Windbeutel ကတော့ ဂျာမန်လိုခေါ်တာပါ။ မြန်မာလိုတော့ ဘယ်လိုခေါ်တယ်
မသိပါဘူး။ ဘာပဲဖြစ်ဖြစ်စားကောင်းဖို့ အဓိကပါလေ။
အခု ၂၀ စာအတွက် ( တ၀က်စာ လုပ်လည်းရပါတယ်။)
မုန့် သားအတွက်လိုတာတွေကတော့...
ထောပတ် 100 g
ဂျုံမှုန့်  250 g
ဆား အနည်းငယ်
ကြက်ဥ ကြီးရင် ၅ လုံး၊ သေးရင် ၆ လုံး
ရေ 500 ml
ခရမ် အစာအတွက်လိုတာကတော့
၂၅၀ ဂရမ် စတော်ဘယ်ရီ၊ လိမ္မော်သီး၊ သရက်သီ...မိမိကြိုက်ရာ
၂၅၀ ဂရမ် Sahne ခရမ်
သကြား စားဇွန်း ၂ ဇွန်း
ပြင်ဆင်ပြီး အပေါ်က ဖြူးဖို့ သကြားမှုန့် 
မုန့် ဖုတ်တဲ့ Oven ကို 220°C ကြိုတင်ပြီးအပူပေးထားပါ။
ပထမ အိုးထဲမှာ ရေ ၊ ထောပတ်၊ဆား တို့ ကို ထဲ့ပြီး ဆူအောင်တည်ပါတယ်။
ထောပတ် အရည်ပျော်သွား ရင် ဇကာချထားတဲ့ ဂျုံ မှုန့် တွေ ကိုတစ်ခါထဲထဲ့
ပြီး သစ်သားယောင်းမနဲ့ မွှေပါတယ်။ မီးလျှော့ချလိုက်ပါ။ ဂျုံတွေလုံးခဲလာပြီး
အိုးမှာ အဖြူရောင် အလွှာလေး ကပ် လာရင် ရပါပြီ။
ဂျုံလုံး ကို ခွက်တခုထဲထဲ့ပါ။ ကြက်ဥ တွေကို တလုံးစီဖေါက်ထဲ့လိုက် မွှေလိုက်
လုပ်ပြီးထဲ့ပေးပါ။ ဂျုံ သားနဲ့ ကြက်ဥ ရောသမသွားပြီး ချောသွားတဲ့အထိ
မွှေရပါမယ်။ မွှေတဲ့နေရာမှာ နဲနဲလက်ဝင်ပါတယ်။
မုန် ဖုတ်မဲ့ ဘန်းမှာ မုန့် ဖုတ်စက္ကူခင်းပါ။
ရလာတဲ့မုန့် သားတွေကို မုန့် ညှစ်တဲ့ အိတ် ထဲကိုထဲ့ပါ။ ကျမကတော့ ရိုးရိုး ပလတ်စတစ်
အိတ်ထဲထဲ့ပြီး ဒေါင့်ချွန်းလေးကိုညှပ်လိုက်ပြီး ညှစ်ယူပါတယ်။
မိမိလိုချင်တဲ့ အရွယ်လောက် ( လက်မနဲ့ လက်ညှိုး တစ်ဝိုင်းခန့် ) ညှစ် ချယူပါ။
တစ်ခုနဲ့ တစ်ခု နဲနဲခွာထားပေးပါ။
ဘန်းကို Oven အလယ် ဆင့်မှာ ထဲ့ပြီး မိနစ် ၂၀၊ မိနစ် ၃၀ လောက် ကြာအောင်
ဖုတ်ပါ။ အရွယ်ကြီးရင်ကြီးသလို ဖုတ်ချိန်ကြာပါတယ်။
မုန့် လေးတွေ ညိုလာပြီး အရွယ် ၂ ဆ တက်လာရင် ရပါတယ်။
မုန့် ဖုတ်နေတုန်း ပထမ ၁၀ မိနစ်လောက် မှာ Oven ကို မဖွင့်ပါနဲ့  မုန့် ပွမလာတတ်
သလို ၊ အေးတဲ့အခါ ပွပွလေးမနေပဲ ပြန် ကျသွားတတ်ပါတယ်။
မုန့် ကျက်ရင် Kuchengitter မုန့် တင်တဲ့ ဇကာ ပေါ်မှာတင်ပြီး အအေးခံပါ။
သိပ်မပူတော့တဲ့ အချိန်မှာ မုန့် ကို အလည်က ထက်ခြမ်းခြမ်းပေးပါ။
Sahne ခရမ် နဲ့ သကြားကို မွှေစက်နဲ့ ခဲတဲ့အထိမွှေပါ။ ညှစ်တဲ့အိပ်ထဲထဲ့ပြီး
ခြမ်းထာတဲ့ မုန့်  အောက်ခြမ်းပေါ်မှာ ညှစ်တင်ပေးပါ။ အသီးတင်ပေးပါ။
အပေါ်လွာ အုပ်ပါ။ သကြားမှုန့် ဖြူးပေးပြီးရင် အဆင်သင့်ဖြစ်ပါပြီ။
ဖုတ်ထားတဲ့ မုန့် သားတွေပိုနေရင် ရေခဲသေတ္တာထဲမှာ ခဲထားလို့ ရပါတယ်။
Friday, 24 December 2010
ပွဲတော်ညနေ
ဒီနေ့ က ခရစ္စမတ် အကြိုနေ့ ပါ။ ဂျာမနီရဲ့  ၂၀၁၀ခုနှစ် ခရစ္စမတ်ပွဲ
စတဲ့နေ့ ပါ။ တကယ်တော့ဒီပွဲက ကျမနဲ့ သိပ်မရင်နှီးပါဘူး။ ဒီနှစ်တော့
အိမ်မှာ ဘာမှပြင်ဆင်မှုမရှိပါဘူး။ ဒါပေမဲ့ မနေ့ ညနေ မြို့ ထဲရောက်တော့
လမ်းမှာလူတွေကလက်ဆောင်အ၀ယ်ထွက်ကြတာကြည့်ပြီး ပွဲလမိုင်းကပ်လာပါတယ်။
ညဘက် တီဗီမှာ ခရစ္စမတ်သီချင်းတွေနားထောင်ရင် တက်တက်ကြွကြွဖြစ်လာပါတယ်။
ဒီနေ့ မနက် နှင်းတွေကလည်းကျတော့ ခရစ္စမတ် ပွဲဟာ ပိုအဓိပ္ပါယ်ရှိလာတယ်။
ကျမကတော့ တနေ့ ခင်းလုံး ညနေစာအတွက်ပြင်ဆင်နေပါတယ်။ ဘယ်သူမှ မရှိလည်း
အကြောင်းမဟုတ်ပါဘူး။ အဓိက က ကျမကိုယ်တိုင် သူများတွေပွဲကျင်းပတဲ့အချိန်မှာ
ပါဝင်နေဖို့ ပဲလိုပါတယ်။
ဒီနေ့ ညစာကို အရင်နှစ်တွေက steak တမျိုးမျိုးလုပ်လေ့ရှိပေမဲ့ ဒီနှစ်တော့Thomas
မကြိုက်တဲ့ ဘဲသားလုပ်ဖြစ်ပါတယ်။ ဘဲကို ပေါင်းပြီး ပဲငံပြာရည်၊ ပျားရည်တို့ နဲ့ံ
့ပြန်နှပ်ထားပါတယ်။ Polenta ၊ ဥနီ၊ ဘရိုကိုလီ၊ ရွှေဖရုံသီ တို့ နဲ့ တွဲစားဖို့ ပါ။
ဆလပ်ရွက်၊ဥနီ၊ပြောင်းဖူးတို့ ကို ရောပြီး Salat လုပ်ထားပါတယ်။
အချိုပွဲကတော့ Windbeutel ကို ဗနီလာခရင်မ် နဲ့  လိမ္မော်ခြမ်းလေးတွေနဲ့ ပြင်
ဆင်ထားပါတယ်။ ပထမအကြိမ်းစမ်းလုပ်ကြည့်တာပါ။ ကော်ဖီလည်းပါပါသေးတယ်။
မြန်မာဆန်ဆန် လက်ဖက်ပွဲလေးလည်းပါသေးတယ်။ လက်ဖက်ခြောက်ကို
နှပ်ထားတဲ့ လက်ဖက်နဲ့  ဒီမှာကြံဖန်ထားတဲ့ အကြော်လေးတွေပါ။ ညဘက်
တီဗီကြည့်ရင်းစားဖို့ ပါ။
သောက်စရာကတော့ စပျစ်ဖျော်ရည်ပါ။ လက်ဘက်နဲ့ တွဲသောက်ဖို့ ကတော့
Wintertee လုပ်ထားပါတယ်။
စားနေတုန်း တီဗီက ခရစ္စမတ်သီချင်းတွေနားထောင်ရင်း ကျမရဲ့  ခရစ္စမတ် အကြို
ညနေစာ ကို စားဖြစ်ပါတယ်။
ထမင်းစားပြီးတော့ မိတ်ဆွေတချို့ ပေးထားတဲ့ လက်ဆောင်လေးတွေ ဖေါက်ဖြစ်ပါတယ်။
Brigitte က ဒီနေ့ ဘာချက်ရမလဲ လို့ ရေးတားတဲ့ ပြက္ခဒိန်လေးပေးထားပါတယ်။
တနေ့ တမျိုး ဟင်းချက်နည်းလေးတွေနဲ့ ပုံလေးတွေပါပါတယ်။ ကျမအတွက် အလွန်
အသုံးဝင်ပါတယ်။ Danke Brigitte!!!
Gavina က အနံ့ ပါတဲ့ဖယောင်းတိုင်ခွက်လေးတွေနဲ့  အမွှေးအနံ့ ထဲ့မီးထွန်း
ဖို့ ခွက်လေးပေးပါတယ်။ အနံ့ အမျိုးမျိုးပြောင်းထွန်းလေ့ရှိတဲ့ကျမအဖို့  အတော်ပါပဲ။
Danke Gavina!!!
အလုပ်ကဆရာဝန်တွေကတော့ ချောကလက်အလုံးလေးတွေ ဆွစ်ဇလန်က တကူးတက
ဝယ်လာပြီးပေးပါတယ်။ စားကြည်တော့ ထုံးစံအတိုင်း အရက်တွေပါတာနဲ့ 
ဘေးဖယ်ထားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် တကူးတက စီစဉ်ထားလို့ ကျေးဇူးတင်ပါတယ်။
Danke Chefs!!!!
အလုပ်မှာ အဟာရ ပညာပေးလုပ်သူကတော့ သူကိုယ်တိုင်လုပ်ထားတဲ့  ကဒ်လေးပေးပါတယ်။
ချစ်စရာလေးပါ။ Danke Andrea!!!
အိမ်နီးချင်းမိတ်ဆွေက ကဒ်ကလေးတခုအိမ်ဝမှာ မနက်ကလာထားသွားတယ်။
Danke Fam. Göhring!!!
ကျမတယောက်ထဲကျင်းပတဲ့ ခရစ္စမတ် အကြိုညလေးကတော့ ပျော်ရွှင်စွာ
ဲပြီးစီးသွားပါတယ်။
သူငယ်ချင်းတို့ လည်း ပျော်ရွှင်ဖွယ် ပွဲတော်ရက်တွေနဲ့  ပျော်ရွှင်ဖွယ်နှစ်သစ်
ဖြစ်ပါစေလို့  ဆုတောင်းလျှက်.........

Thursday, 23 December 2010
စကား
စကားကိုချိုချိုသာသာ၊ ယဉ်ကျေးစွာပြောတတ်စေဖို့  မိဘ၊ဆရာတွေက ကျမတို့ 
ငယ်ငယ်ကတည်းက သင်ပြပေးခဲ့ပါတယ်။ အရွယ်ရလာတာနဲ့ အမျှ ကျမတို့ 
ပတ်ဝန်းကျင်ကပြောတဲ့စကားတွေကို အတုယူပြီးပြောတတ်လာပါတယ်။
ကောင်းတဲ့စကားတွေရှိသလို၊ နားထောင်လို့ မသင့်တော်တဲ့၊ နားဝင်မချိုစေတဲ့
စကားတွေလည်း ပါတာပေါ့။ အိမ်မှာပြန်ပြောရင် လူကြီးတွေက မပြောသင့်တဲ့
စကားတွေအတွက် အကျိုးအကြောင်းနဲ့ ရှင်းပြပြီး နောက်မသုံရန်ပြောပါတယ်။
စကားအရာ အင်္ဂါလေးတန် လို့ တောင်ဆိုကြပါတယ်။
၁။ သုဘာသိတ - ကောင်းစွာပြောဆိုရခြင်း၊
၂။ ပီယဝါစာ - ချစ်ခင်နှစ်သက်ဖွယ်ပြောဆိုရခြင်း၊
၃။ သစ္စာ - ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုရခြင်း၊
၎။ ဓမ္မ - သဘာဝကျ၍ လိုက်နာကျင့်ဆောင်နိုင်ရန် ပြောဆိုရခြင်း
ကျမဂျာမန် စကားသင်တော့လည်း ကျောင်းမှာ ယဉ်ကျေးတဲ့အသုံးအနှုန်းတွေပဲ
သင်ခဲ့ရပါတယ်။ ပြောလို့ မသင့်တော်တဲ့စကားလုံးတချို့ ကို ကြားသိခဲ့
ပေမဲ့ လူရှေ့ မှာ ပြောသင့်တာမဟုတ်လို့ မပြောခဲ့ပါဘူး။
ပတ်ဝန်းကျင်မှာ စကားအရာ အင်္ဂါလေးတန်နဲ့ မညီပဲ ပြောချင်ရာပြောနေတဲ့
သူရှိခဲ့ရင် သူ့ ဆီက ယဉ်ယဉ်ကျေးကျေး မရှိတဲ့စကားပြောပုံဟန်တွေ၊
စကားလုံးတွေ မသိမသာကူးဆက်လာနိုင်ပါတယ်။ တဘက်ကလည်း
ကျမတို့ လို ဘာသာစကား မကျွမ်းကျင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ 
ယဉ်ကျေးတဲ့အသုံးအနှုန်းလား၊ ရိုင်းပြတဲ့အသုံးအနှုန်းလားဆိုတာ
ခွဲခြားဖို့  ခက်ခဲစေပါတယ်။
ကျမလုပ်ဖေါ်ကိုင်ဘက်တယောက်က ဂျာမနီမှာမွေးတဲ့ အီတလီပါ။
သူက ကျမနဲ့ ၂နှစ်ပဲငယ်ပါတယ်။ သူ့ စရိုက် အပြောအဆိုနဲ့ ကျမနဲ့ 
သိပ်အဆင်မပြေပါဘူး။ သူ့ စကားတွေက နားဝင်ချို စရာမဟုတ်မှန်း
တော့သိပါတယ်။ ဒါပေမဲ့  ကြားပါများတော့ အိမ်မှာ ပြန် သုံးမိတတ်ပါတယ်။
Thomas က ဒီစကားတွေဘယ်ကတတ်လာတာလဲ လို့  မေးလေ့ရှိပြီး
မသုံးသင့်ကြောင်း၊ အဓိပ္ပါယ်က ဘယ်လို စသဖြင့် ရှင်းပြပေးပါတယ်။
ကျမပြောချင်တာကတော့ အကြားများနေတဲ့ပတ်ဝန်းကျင်က စကားတွေ
ကို အတုယူပြောကြတဲ့အခါ အဓိပ္ပါယ်သေချာနားလည်ပြီး မှ သုံးသင့်တယ်ဆိုတာပါပဲ။
ကျမတို့ ရဲ့  စကားယဉ်ကျေးချိုသာမှု ကို ကြည့်ပြီး လူတွေက ကျမတို့ ကို တန်ဖိုးဖြတ်ကြသလို၊
ကျမတို့ ကလည်း စကားယဉ်ကျေးချိုသာမှု နဲ့  ကိုယ့်ကိုကိုယ် တန်ဖိုး ထားကြရမှာပါ။
( ကိုထက်အောင်ရဲ့  ချိုသာသောစကားလေးများ..အရေးယူပြောပါခဲ့ရင် ဖတ်ပြီး ကျမရဲ့ 
အတွေ့ အကြုံ လေးရေးဖြစ်တာပါ။)

Monday, 20 December 2010
Christmas Stress
ခရစ္စမတ်ပွဲအချိန်နီးလာတာနဲ့ အတူ ဂျာမနီက မိသားစုတွေလည်း
အလုပ်တော်တော်များကြပါတယ်။ ကျမ ရောက်စက ခရစ္စမတ်ပွဲနီးလာရင်
လူတွေက Stress တွေများတယ်လို့ ငြီးကြတာကြားတော့ နားမလည်ခဲ့ဘူး။
ပွဲလုပ်တာပဲ ဘာလို့ Stress ရသလဲပေါ့လေ။ တွေးမိတာပါ။
အခုတော့လည်း တဖြေးဖြေး သူတို့ ပြောတာကို နားလည်လာပါတယ်။
ခရစ္စမတ်မရောက်ခင် ဒီဇင်ဘာလဆန်းလောက်ကတည်းက မုန့် တွေ
ဖုတ်ကြ၊ ခရစ္စမတ်ရာသီနဲ့ အညီအိမ်မှာ ပြင်ကြဆင်ကြ၊ လက်ဆောင်တွေ
ပေးဖို့ စဉ်းစားကြနဲ့ အလုပ်ရှုပ်နေကြတာ။
အခု ပွဲတော်ချိန်နီးလာလေလေ ပိုပြီး အလုပ်တွေများလာလေလေပါ။
မိသားစုတွေအတွက် ဘယ်သူ့ ကိုဘာပေးမယ်။ အမျိုးတွေ အတွက်က ဘာဝယ်မယ်။
လုပ်ဖေါ် ကိုင်ဖက်တွေ အတွက်က ဘယ်လိုမျိုးဝယ်မယ် စသဖြင့် စဉ်းစား
ပြီး အားတဲ့အချိန်မှာ အပြေးအလွှားဝယ်ကြပါတယ်။
ဒါကြောင့် စနေ၊တနင်္ဂနွေ ( တချို့ မြို့ တွေမှာ တနင်္ဂနွေ အထူးဈေးရောင်းပေးပါတယ်။)
်နေ့ တွေဆို ဆိုင်တွေမှာ လူတွေအပြည့်ပါ။ ငွေရှင်းတဲနေရာမှာတန်းစီစောင့်
ရ တာကလည်းကြာသေးတယ်။ ဒီနှစ် အလုပ်တော်တော်များများက
ခရစ္စမတ် အပိုငွေပေးကြတော့ ၀ယ်အား ပိုများတယ်လို ပြောကြပါတယ်။
လူငယ်၊လူကြီး အားလုံးလိုလို လက်ဆောင်ပေးဖို့ အတွက် ဈေးဝယ်ထွက်
ကြပါတယ်။
လက်ဆောင်ကိစ္စပြီးပြန်တော့ ပွဲတော်နေ့ ဘာချက်ရပါ့မလဲဆိုပြီး
စဉ်းစားကြရပြန်ရော။ အဓိကနေ့ ကတော့ ၂၄ ရက် ဒီဇင်ဘာ။
အဲ့ဒီနေ့ မှာ မိမိ ရဲ့ မိသားစုတွေဆုံတွေ့ ပြီး အထူးတလည်ချက်ပြုပ်စားကြ
ပါတယ်။ အခုလိုရက်မျိုးမှာ မေးလေ့ရှိတာက ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ
ဘာချက်မှာလဲဆိုတာပါပဲ။
ချက်လေ့ရှိတာကတော့ ဘဲငန်းသားဟင်း၊ သမင်သား စတဲ့ကောင်းမယ်
လို့ ယူဆရတဲ့၊ ဒါမှမဟုတ် မိသားစု အစဉ်အလာရှိတဲ့ ဟင်းပေါ့လေ။
ဝက်သား၊ အမဲသား၊ငါးတွေလည်း ချက်ကြပါတယ်။ တချို့ ကတော့
င်္Fondu ၊ Raclette ( ချိစ် ၊ဒါမှမဟုတ် အသား) တွေလည်းလုပ်စားလေ့
ရှိပါတယ်။ အချိုပွဲကောင်းကောင်းလည်းပါသလို ၊သူတို့ ထုံးစံအတိုင်း
ဝိုင်ကောင်းကောင်းလည်းပါတာပေါ့။
အလုပ်တွေမှာတော့ ဒီလို ပွဲတော်နီးချိန်မှာ ခရစ္စမတ် ညစာစားပွဲလေးတွေ
လုပ်လေ့ရှိကြပါတယ်။ အလုပ်ရှင်က လက်ဆောင်လေးတွေလည်းပေးလေ့
ရှိပါတယ်။
တချို့ အလုပ်တွေက ခရစ္စမတ်အချိန်ကနေ ၊ နှစ်ဆန်းပိုင်း (ဇန္န၀ါရီ ပထမပတ်
အထိ) ပိတ်ကြတော့ အခုအချိန်မှာ အလုပ်များတဲ့အချိန်၊ တဘက်ကလည်း
အလုပ်လုပ်ဖို့ စိတ်မပါတဲ့အချိန်ပေါ့။
တချို့ ကြတော့လည်း ဆောင်တွင်းအေးအေးကြီးကနေလွတ်ရာကိုပြေးချင်တော့
ခရီးဝေးထွက်ကြပါတယ်။ ခရီးအတွက်လိုအပ်တာပြင်ဆင်။ နှင်းကျလို့ ရထား
နောက်ကျမလားလို့ ပူရတာနဲ့ ၊ လေယာဉ်မှထွက်ပါ့မလားလို့ ပူရတာနဲ့ ။
စိတ်ပင်ပန်းကြရပါတယ်။
ပွဲတော်နီးလာတော့ ခရစ္စမတ်သစ်ပင် ကိစ္စလုပ်ရပြန်ရော။ ဒီနှစ်ဘာအရောင်တွေနဲ့ 
အလှဆင်မယ်။ ဘယ်လို လုပ်မယ်။ စဉ်းစားကြ၊ငြင်းကြခုန်ကြ ....
ပွဲတော်နေ့  ၂၄ရက်နေ့ ရောက်တော့ လူတွေဟာ ဒီနှစ်ပွဲကို အကောင်းဆုံး
ဖြစ်ရမယ်ဆိုတဲ့စိတ်အားထက်သန်မှုတွေနဲ့ ပေါ့။ အဝေးကလူကလည်း
အိမ်ကို အချိန်မီပြန်ရောက်ဖို့ လမ်းမှာအပြေးအလွှား၊ အိမ်ကချက်တဲ့သူကလည်း
အရာသာအရှိဆုံး၊ အကောင်းဆုံးလက်စွမ်းတွေပြ၊ အချိန်မီကျက်ပါ့မလားစိတ်ပူရ၊
တချို့ ကတော့ စားသောက်ဆိုင်မှာသွားစားလိုက်ပါတယ်။ ကောင်းသားပဲ။
အိမ်မှာ တယောက်ထဲဆို အဲ့ဒီနေ့ က ပျင်းစရာကြီး၊ ဆိုင်မှာ ဆိုတော့တခြားသူတွေ
လည်းရှိတော့ အဆင်ကိုပြေနေတာပဲ။
စားသောက်ပြီးတော့ လက်ဆောင်တွေပေးကြ၊ ဖေါက်ကြ ... လိုချင်တာမဟုတ်၊
ရှိပြီးသားဖြစ်နေ၊ တခါထဲ၂မျိုးဖြစ်ချင်ဖြစ်နေပြန်၊ စိတ်လှုတ်ရှားစရာတော့ကောင်း
သားပဲ။
လက်ဆောင်တွေထဲက မကြိုက်တာ၊မတော်တာ ရှိရင် ပွဲတော်ပြီးတဲ့အခါ ဆိုင်တွေမှာ
ပြန်လဲလို့ လည်းရပါတယ်။
ဒီနှစ်ကျမက တယောက်ထဲဆိုတော့ ထွေထွေထူးထူး စီစဉ်စရာမရှိပါဘူး။
နှစ်သစ်ကူးတဲ့နေ့ မှပဲ အတူးချပျော်လိုက်ပါတော့မယ်။
ပုံကိုဒီနေရာကယူထားပါတယ်။
http://www.askloosdorf.at/neu/images/stories/allerlei/christbaum.jpg
Saturday, 18 December 2010
အဖေါ်မဲ့ချိန်
ဒီနေ့ ဆို အိမ်မှာတယောက်ထဲဖြစ်နေတာ ၃ ပတ်ရှိပါပြီ။ Thomas က ဗုဒ္ဓဂါယာ
က တိပိဋက ရွတ်ပွဲကိုသွားပါတယ်။ ဟိုမှာတစ်လကြာမှာဆိုတော့ တစ်ပတ်တော့
တယောက်ထဲဖြစ်နေအုံးမှာပါ။
သူမသွားခင်ကတော့ တယောက်ထဲရှိနေချိန်မှာ အေးအေးဆေးဆေးနေလို့ ရတယ်။
ကျမစားချင်တာတွေချက်စားမယ် စသဖြင့်အားတတ်သရော အတွေးတွေနဲ့ ပါ။
တကယ်တမ်းကြတော့ ပထမတစ်ပတ်လောက်တော့ ဟုတ်နေရော။
လုပ်စရာရှိတာကို လုပ်ချင်တဲ့အချိန်ထလုပ်လိုက်၊ နားထောင်ချင်တဲ့မြန်မာ
သီချင်းတွေနားထောင်လိုက် ( ကျမက ကိုသန်းနိုင်တို့ ၊ သန်းဖေလေးတို့ ၊
ကိုတင်ထွဋ်တို့ ကို ကြိုက်ပါတယ်။ Thomas အတွက်က ပျင်းစရာကောင်းနေပါတယ်။)
အချိန်တွေက ခဏလေးကုန်သလိုပါပဲ။
စားချင်တဲ့ ၀က်နားရွက်သုပ်၊ ၀က်ခြေတောက်စွပ်ပြုပ်၊ ဘဲပေါင်း၊ ငါးခြောက်ဟင်း
စတဲ့ သူမကြိုက်ပဲ ကျမကြိုက်တဲ့ဟင်းတွေ ချက်စားဖြစ်ပါတယ်။
အပြင်သွားဖို့ ကြတော့လည်း ရာသီဥတုက အေးလွန်းတော့ အပြင်ကို တော်ရုံနဲ့ 
မသွားဖြစ်ခဲ့ပါဘူး။ ဒါတောင် သူငယ်ချင်းတွေနဲ့  ခရစ္စမတ်ပွဲသွားလိုက်တယ်။
အင်ဒိုနီးရှားကသူငယ်ချင်းတွေရဲ့ ပွဲလည်း ရောက်လိုက်သေးတယ်။
စနေနေ့ ဆို မြို့ ထဲလည်းပတ်လိုက်ပါသေးတယ်။
အဲ ၃ပတ်လောက်ရောက်လာတော့ တယောက်ထဲနေရတာနဲနဲသိသာလာပါတယ်။
အထူးသဖြင့် တနင်္ဂနွေလိုနေ့ မျိုးမှာပါ။ အပြင်မှာ ဘယ်မှလည်းသွားစရာမရှိ၊ အလုပ်လည်း
မသွားရတော့ တယောက်ထဲနေချိန်တွေမှာ အဖေါ်ကိုသတိရလာမိတယ်။
သူကလည်း ဗုဒ္ဓဂါယာမှာ ဘုရားဖူးလိုက်၊ တရားထိုင်လိုက်၊ ဘုန်းကြီးကျောင်း
ဝေယျာဝစ္စ လုပ်လိုက်နဲ့ အဆင်ပြေနေတယ်လို့ ကြားရလို့  စိတ်မပူရပါဘူး။
မနှစ်ကသိခဲ့တဲ့ အစ်မကစာရေးလာပါတယ်။
ဦးသောမတ်စ်ကတော့-- he's having a very very nice time with U Kosalla,
Monks... Myanmar Chefs in the kitchen, some Kalar(s) and Kalama(s).
စိတ်မပူပါနဲ့ နေ့တိုင်းပြုံးလို့ရွှင်လို့ပါဘဲ ကျွန်တော်အလုပ်လုပ်ချင်တယ်-ပြောပါ-
လို့ဆိုတယ်လေ-
ဒါနဲ့တို့က ငရုတ်ဆုံ နဲ့  ကြည်ပွေ့ ကိုပြပြီး ရွှေအိက ဒီလိုထောင်းတာ
ကြိုက်တယ်လို့ပြောတော့ကျွန်တော်လည်းလုပ်ကြည့်မယ်တဲ့
ရယ်ရတယ်-
သူ အဆင်ပြေတယ်ကြားသိရလို့ ဝမ်းသာရပါတယ်။ စာရေးပြီးသတင်းပါးတဲ့
မမ ကိုလည်းကျေးဇူးတင်ပါတယ်။ တနေ့ ကတော့ ဖုန်းဆက်လာပါတယ်။
ငရုပ်သီးထောင်းရင်းမျက်စိထဲဝင်သွားလို့  သူ့ မှာ လဲကျတောင်သွားဆိုပဲ။
လူတွေက ဘယ်လက်မျက်စိထဲသင်ရင် ညာဘက်ခြေ ကိုရေလောင်းရတယ်
ဆိုပြီးလုပ်ပေးတယ်တဲ့။ သူ့ ရဲ့ အတွေ့ အကြုံတွေကိုပြောပြရှာတယ်။
တိပိဋက ရွတ်ပွဲကို မြန်မာပုဆိုးနဲ့ ၊ဘုန်းကြီးပေးတဲ့ မြန်မာခေါင်းပေါင်းအ၀ါနုရောင်
်နဲ့ သွားတယ်လို့ လည်းသတင်းကြားရပါတယ်။ ကျမကိုယ်တိုင်တော့ ဓါတ်ပုံမမြင်
ရသေးပါဘူး။လှနေတော့မှာပဲ။
ဟိုမှာတွေ့ တဲ့ အိန္ဒိယလူမျိုးတွေကို သူက မြန်မာလို့ ပြောထားတယ်တဲ့။
ဘာပဲဖြစ်ဖြစ်သူပျော်နေတယ်ဆိုတာသိရလို့ လည်းဝမ်းသာရပါတယ်။
ကျမမှာလည်း သူငယ်ချင်းတွေ၊ Blog ထဲကသူငယ်ချင်းတွေနဲ့ စကားပြောလိုက်၊
Post အသစ်တွေတင်ရင်ဖတ်လိုက်နဲ့ အချိန်ကုန်မှန်း မသိလိုက်ပါဘူး။
ဒီမှာ ၂၄.၁၂.၁၀ နေ့ က Heiligabend (Christmas Eve) မိတ်ဆွေတွေက ကျမ
တယောက်ထဲ ဖြစ်နေမလား။ ဘာလုပ်နေမှာလဲလို့ စိတ်မကောင်းစွာမေးကြပါတယ်။
ဂျာမနီမှာ အဲ့ ဒီနေ့ က ခရစ္စမတ်ပွဲရဲ့ အဓိကနေ့ ပါ။ မိသားစုတွေအားလုံးဆုံကြတဲ့
နေ့ ပေါ့။ ကျမကတော့ ကျမတို့ ဓလေ့လည်းမဟုတ်တော့ သာမန်ရက်တရက်
လိုပါပဲ။ အဲ့ဒီနေ့ တော့ ဟင်းကောင်းကောင်းချက်စားလိုက်မှာပေါ့။
တယောက်ထဲရှိနေချိန်မှာ စာရေး၊ Chatting လုပ်၊ gtalk ပြောကြတဲ့ သူငယ်ချင်များ
ကို အထူးကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေကြောင့်အနားမှာအဖေါ် မရှိပေမဲ့ 
ကျမတယောက်ထဲအထီးကျန်ဆန်မနေပါဘူး။
တဘက်ကလည်း အဖေါ်ရဲ့  တန်ဖိုးကိုနားလည်လာပါတယ်။
ဪ... အသက်ကြီးလာတော့ ဘ၀ အဖေါ်ရဲ့ တန်ဖိုးကိုပိုသိလာတာနဲ့ တူပါတယ်။

ဒါနဲ့တို့က ငရုတ်ဆုံ နဲ့  ကြည်ပွေ့ ကိုပြပြီးေ
ကြိုက်တယ်လို့ပြော

Wednesday, 15 December 2010
ကြောက်စိတ်
တနေ့ က အလုပ်နဲ့ ပတ်သက်ပြီးဆေးစစ်ရပါတယ်။ ကျမအလုပ်က လူနာတွေနဲ့ 
အမြဲထိတွေ့ နေရတာဆိုတော့ ကူးစက်ရောဂါ ကူစက်မှု ရှိမရှိ သွေးစစ်ရပါတယ်။
ကာကွယ် ဆေးထပ်ထိုးဖို့ လိုမလို သွေးစစ်ရပါတယ်။
အလုပ်လုပ်နေရင်တော့သူများဆီက ရောဂါကူးစက်မှာကို မေ့မေ့လျှော့လျှော့
ရှိနေတတ်ပြီး။ တကယ်ဆေးစစ်တော့မှ ဘာများတွေ့ မလဲ။ ရောဂါတခုခုများ
ဖြစ်နေမလား စတဲ့ ကြောက်စိတ်အတွေးတွေဝင်လာပါတယ်။ ကျမကိုကူးစက်
တာထက် ကျမကနေ ကျမယောက်ျား၊ကျမနဲ့ တွေ့ ထိနေသူတွေများ ကူးစက်
ကုန်မလားလို့ စိတ်ပူမိရသေးတယ်။အိမ်မှာကတယောက်ထဲရှိနေချိန်၊ ဖွင့်ပြောဖို့ 
သူကလည်းမရှိ။ အတွေးတွေက ဟိုရောက်ဒီရောက်။ နေရထိုင်ရတာကမပျော်
၂ရက်လောက် ရင်တထိတ်ထိတ်နဲ့ ပါ။
ဒီနေ့ မနက် အဖြေတွေရတော့မှ... သက်ပြင်းချနိုင်ပါတော့တယ်။
ဒီမှာက အလုပ် အမျိုးအစားပေါ် မူတည်ပြီး ၂ နှစ်၊၃ နှစ်ခြားတစ်ခါ စစ်ရပါတယ်။
စစ်တဲ့အခါမှာ ဆေးခန်းတိုင်းမှာစစ်လို့ မရပါဘူး။
occupational medicine ဆရာဝန်တွေဆီမှာပဲစစ်ဆေးရပါတယ်။
မိမိက ဆေးစစ်ချင်တယ်ဆိုရင် မိမိရဲ့ အလုပ်ရှင်ကိုပြောရပါတယ်။ သူကခွင့်ပြုရင်
သွားစစ်လို့ ရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အလုပ်နဲ့ ပတ်သက်တဲ့ ဆေးစစ်မှု
ဖြစ်လို့ အလုပ်ရှင်က ပိုက်ဆံပေးရမှာဖြစ်လို့ ပါ။ ဆေးစစ်ချက်နဲ့ ဘာတွေစစ်ဆေး
ခဲ့တယ်ဆိုတာတော့ အလုပ်ရှင်မသိရပါဘူး။

Saturday, 4 December 2010
Kinderpunsch
တခုတလော ကျမတို့ ဆီမှာ တော်တော်လေးအေးပါတယ်။ နှင်းတွေက ကျ၊
နေရောင်က သိပ်မရနဲ့ နေရထိုင်ရတာမပျော်ပါဘူး။ ဒီနေ့ တော့ နေရောင်လေး
ကထွက်လာတော့ ဟိုနားဒီနား လမ်းလေးလျှောက်ဖြစ်ပါတယ်။
အိမ်ပြန်ရောက်တော့ အချမ်းပြေ Kinderpunsch လုပ်သောက်ဖြစ်ပါတယ်။
အခုအချိန် ခရစ္စမတ် ရာသီမှာ ခရစ္စမတ်ပွဲလေးတွေ ကိုမြို့ တိုင်းနီးပါးမှာတွေ့ 
ရပါတယ်။ အေးအေးချမ်းချမ်း ပွဲဈေးလျှောက်ကြပြီး ၀ိုင်ပူ (Glühwein) ဆိုင်တွေ
မှာ အချမ်းဖြေကြတာတွေ့ ရပါတယ်။
ကျမတို့ ကတော့ အရက်မပါတဲ့ ကလေး Punch (drink) / Kinderpunsch
ကိုသောက်ဖြစ်ပါတယ်။
ဒီနေ့ တော့ အိမ်မှာ Kinderpunsch လုပ်ဖြစ်ပါတယ်။
4-6 ခွက်အတွက် လိုအပ်တာတွေကတော့
0,5 L fruit tea
0,5 L Grape juice( စပျစ်ရည်)
ပျားရည် 3-4 စားဇွန်း
သစ်ကြပိုးခေါက် လက်တဆစ် ခန့် 
လေးညှင်း ၂ ပွင့်
နာနတ်ပွင့် ၁ပွင့်
လိမ္မော်သီးတလုံး
ကြို ထားတဲ့ fruit tea နဲ့ စပျစ်ရည် ကို အိုးတလုံးထဲမှာ ရောပါ။
ပျားရည်၊ သစ်ကြပိုး၊လေးညှင်း၊ နာနတ်ပွင့်တို့ ကိုထည့်ပါ။
လိမ္မော်သီးကို ရေနွေးလေးနဲ့ ဆေးပြီး အကွင်းလေးတွေလှီးပါ။
ပြီးရင် တကွင်းကို ၈စိတ်ခန့် လှီးပြီး အရည်အရောထဲကို ထည့်ပါ။
အားလုံးရောထားတာကို အပူပေးပါ။ ဆူအောင်မတည်ရပါ။
ဒါဆိုရင် ဆောင်းတွင်းအေးအေးမှာ အချမ်းပြေသောက်ဖို့ 
အရက်မပါတဲ့ Kinderpunsch ရပါပြီ။
ဓါတ်ဘူးထဲထဲ့ပြီး လမ်းမှာသောက်ဖို့ သယ်သွားလို့ လည်းရပါတယ်။
Subscribe to:
Posts (Atom)