Freiburg မြို့ မှာတော့ ဒီဆိုင်လေးတွေဟာ 23.12.09 နေ့ အထိဖွင့်ကြပါတယ်။
တနေ့ လုံးမနက် ၁၀ နာရီကနေ ညနေ ၉ နာရီလောက်အထိဖွင့်လေ့ရှိပါတယ်။ တနင်္ဂနွေနေ့ 
ဆိုရင်တော့ ၁၁နာရီကနေ ၈ နာရီလောက်အထိဖွင့်ကြပါတယ်။
တချို့ မြို့ လေးတွေကြတော့ တစ်ရက်လောက်၊ တစ်ပတ်လောက်ပဲဖွင့်ကြတယ်။
ဆောင်းတွင်းကအေးလည်းအေး၊ မှောင်ကလည်းမှောင်ဆိုတော့ အခုလို မီးတွေထွန်း၊
လူတွေ တရုံးရုံးနဲ့ ပွဲဈေးတွေ ရှိတော့ ဘာပဲဖြစ်ဖြစ် အပျင်းပြေတာပေါ့လေ။
ကျမကတော့ပွဲဈေးဆိုဘာရယ်မဟုတ်ပါဘူး သွားကြည့်တာပဲ။ စားချင်တာတွေ့ တော့
ဝယ်စားကြည့်၊မြည်းကြည့်တာပေါ့။ ကျမအမေကပြောလေ့ရှိတယ်။ နေရာ အသစ်တနေရာကိုရောက်
တိုင်း၊ အဲ့ဒီဒေသရဲ့  အစားအစာကို မြည့်စမ်းကြည့်သင့်တယ်တဲ့လေ။ ရန်ကုန်မှာတုန်းကဆိုလည်း
ပွဲဈေးတန်းမှာ ဟိုမြည်းဒီမြည်းနဲ့ လျှောက်စားကြလေ့ရှိတယ်။ တမြို့ တနယ်သွားလည်ရင်လည်း
အဲ့ဒီဒေသက အစားအစာကို စားကြည့်တာပဲ။ များသောအားဖြင့်တော့ ကျမကြိုက်တာများပါတယ်။
ဒီမှာရှိတဲ့ပွဲဈေးတွေမှာတော့ မြန်မာပြည်ကလို ဘူသီးကြော်၊ ထမနဲ၊ ရေမုန့် ၊ မုန့် သိုင်းခြုံ၊ အမဲအူပြုတ်၊
စတာတွေမပါပဲ၊ ၀က်အူချောင်း၊ Sauerkraut , Crepes, အာလူးကိုခြစ်ပြီးကြော်ထားတာ၊ Frikadellen
und Flammkuchen, Bratkartoffeln mit Spiegelei, Gemüseknöpfle,Champignons im
Kräuterteigmantl စတဲ့ သူတို့ အစားအစာတွေ၊ အချိုမုန့် တွေ၊ လက်ဆောင်ပစ္စည်းတွေစတာတွေ
ရောင်းကြပါတယ်။ Glühwein ကတော့ဒီရာသီပွဲတွေမှာ မပါမဖြစ်ပေါ့။ ကျမတော့ တခါမှ မသောက်ဘူးပါဘူး။
ဝိုင်အရက်ရယ်၊ သစ်ကြပိုးခေါက်၊ လေးညှင်း၊သကြားနဲ့ ရောထာတဲ့ ၀ိုင်အပူလို့  ခေါ်မလားပဲ။
ကျမကတော့ ကလေးတွေသောက်တဲ့ အရက်မပါတဲ့ Glühwein ပဲ သောက်ဘူးပါတယ်။
လူထုဒေါ်အမာရေးတဲ့ ၁၂ပွဲဈေးသည် ၀တ္ထုထဲက ဈေးပွဲတွေ ကိုတော့ ဘယ်မီပါ့လဲ။
ကျမကြုံခဲ့ဘူးတဲ့ မြန်မာပြည်က ဈေးပွဲတွေ ကို သတိရမိတယ်။ ဒါပေမဲ့လည်း ဘာမှမရှိတာနဲ့ စာရင်
တော့ မဆိုးပါဘူး။ အပျင်းပြေတာပေါ့။ ဟိုငေး ဒီမော့နဲ့ လေ။

ဝက်ပေါင်ခြောက်တွေပါ။


ဖရောင်းတိုင် and Co.,


ဒါကတော့ ပန်းသီး


တုံးလေးတွေ။
မွှေးတယ်။ ကြီုက်တယ်။ လက်ဆောင်ပေးလို့ ကောင်းတယ်။




Sauerkraut and Schupfnudeln


ဈေးတန်းလေး


11 comments:
သကြားနဲ့ လှော်ထားတဲ့ almonds. စားချင်ပါတယ်။။
ငှက်ပျောသီးကို ချော့ကလက်အုပ်ထားတာလဲ
လိုက်မယ့် ပုံလေးပဲနော်။။
ဆပ်ပြာတုံးလေးတွေက လက်နဲ့လုပ်ထားတာထင်တယ်။။
ဖန်နဲ့လုပ်ထားတာ ဘာအချောင်းလေးတွေလဲ မရှင်လေး။။
ဖိနပ်ရောင်းတဲ့ ဆိုင်က စင်လေးလုပ်ထားတာ..ချစ်စရာလေး.။
ဝိုင်အပူရောင်းတဲ့ဆိုင်အရှေ့မှာ မိန်းမတွေချည်းပဲနော်။။
ဈေးတန်းလာလည်သွားပါတယ် မမရှင်လေးရေ
Sauerkraut and Schupfnudeln က မရှင်လေးစားခဲ့တာလား။ Sauerkraut ကြိုက်တယ်၊ Schupfnudeln သိပ်မကြိုက်ဘူး။ ချောကလက်ဌက်ပျောသီးကြိုက်ဘူး။
Glühwein ကြိုက်တယ်။ ပူပူလေးမို့လို့။ gebrannte Mandeln လည်း ကြိုက်တယ်။ အဲဒီပွဲဈေးလျှောက်ရင် အဲဒါ ၂မျိုးစား/သောက်ရမှ..:)
ပွဲဈေးလျှောက်ရတာကြိုက်တယ်။
မမတိတ်ခဲလေးရေ...
မမနဲ့ပွဲဈေးလျှောက်လည်ချင်တယ်လာခေါ်လှည့်နော်.
း)))))))))))))))))))
ဈေးတန်းလေးကိုလာလည်ကြတဲ့ သူငယ်ချင်းများကို
ကျေးဇူးတင်ပါတယ်။
သူငယ်ချင်းတွေနဲ့ အတူတူသာသွားရလို့ ကတော့
ငေးလို့ ၊စားလို့ ၊သောက်လို ပြီးမှာမဟုတ်တော့ဘူးနဲ့ 
တူတယ်။ ပျော်စရာကောင်းမှာနော်။
Glühwein သောက်ကြည့်ချင်တယ်။
ဈေးတန်းလေးက တမျိုးဆန်းတယ်နော်။
ပျော်စရာပဲ။
ပွဲဈေးတန်းလေး လာငေးသွားတယ်
အဲဒီလို ပွဲဈေးတန်းလေးတွေ လျှောက်ရတာ ဟိုငေး ဒီငေးနဲ့ စားကောင်းမယ် ထင်တာလေးတွေ ၀ယ်စားနဲ့.. ပျော်စရာကြီး.. အမတို့ဆီမှာတော့ X'mas နားနီးနေပြီဆိုတော့ ပျော်စရာကောင်းမှာ.. ဒီမှာတော့ Dec 25 တောင် ရုံးမပိတ်ဘူး.. ဆပ်ပြာတုံးလေးတွေတော့ စိတ်ဝင်စားတယ် မရေ..
ပေါက်ရေ...ဖန်နဲ့ လုပ်ထားတာလေးတွေက ခြံထဲမှာ၊
ပန်းပင်လေးတွေဘေးမှာ၊ ပန်းအိုးတွေထဲမှာ အလှထိုးတာ
လေးတွေပါ။ ဆပ်ပြာတုန်းလေးတွေက လက်နဲ့ လုပ်ထားတာပါ။ သဘာဝထွက်ကုန်တွေကိုသုံး ထားပါတယ်။ကျမလည်းအဲ့ဒီဆပ်ပြာတုန်းတွေ ကြိုက်တယ်။ အနံ့ မွှေးနေလို့ ပါ။
ဒီပွဲဈေးတန်းလေးအကြောင်း ကျမ အမေ ကိုဖုန်းထဲက ပြောပြတော့ တော်တော်ဆူညံနေ မှာပဲနော်လို့ မှတ်ချက်ချရှာတယ်။
ဈေးတန်းလေးကို ငေးသွားတယ်။ ရန်ကုန်က ပွဲဈေးတန်းတွေမှာ မစားရရင်မနေနိုင်တဲ့ ကောက်ညှင်းကျည်တောက်ကို သတိရသွားတယ်။
လာလည်တဲ့အတွက် ကျေးဇူးပါအစ်မရေ။ ဂျာမနီမှာ ဖားအောက်တရားစခန်း ရှိခဲ့တယ်လို့ကြားတယ်။ ဆရာတော်ဘုရားကြီးလည်း ခုနှစ်ဝါမ၀င်ခင်က ကြွခဲ့သေးတယ်။ အခုတော့ စင်္ကာပူမှာ တစ်လလောက်သီတင်းသုံးဖြစ်မယ်။
Post a Comment