Saturday 4 December 2010

Kinderpunsch



တခုတလော ကျမတို့ ဆီမှာ တော်တော်လေးအေးပါတယ်။ နှင်းတွေက ကျ၊
နေရောင်က သိပ်မရနဲ့ နေရထိုင်ရတာမပျော်ပါဘူး။ ဒီနေ့ တော့ နေရောင်လေး
ကထွက်လာတော့ ဟိုနားဒီနား လမ်းလေးလျှောက်ဖြစ်ပါတယ်။
အိမ်ပြန်ရောက်တော့ အချမ်းပြေ Kinderpunsch လုပ်သောက်ဖြစ်ပါတယ်။

အခုအချိန် ခရစ္စမတ် ရာသီမှာ ခရစ္စမတ်ပွဲလေးတွေ ကိုမြို့ တိုင်းနီးပါးမှာတွေ့ 
ရပါတယ်။ အေးအေးချမ်းချမ်း ပွဲဈေးလျှောက်ကြပြီး ၀ိုင်ပူ (Glühwein) ဆိုင်တွေ
မှာ အချမ်းဖြေကြတာတွေ့ ရပါတယ်။


ကျမတို့ ကတော့ အရက်မပါတဲ့ ကလေး Punch (drink) / Kinderpunsch
ကိုသောက်ဖြစ်ပါတယ်။

ဒီနေ့ တော့ အိမ်မှာ Kinderpunsch လုပ်ဖြစ်ပါတယ်။
4-6 ခွက်အတွက် လိုအပ်တာတွေကတော့
0,5 L fruit tea
0,5 L Grape juice( စပျစ်ရည်)
ပျားရည် 3-4 စားဇွန်း
သစ်ကြပိုးခေါက် လက်တဆစ် ခန့် 
လေးညှင်း ၂ ပွင့်
နာနတ်ပွင့် ၁ပွင့်
လိမ္မော်သီးတလုံး

ကြို ထားတဲ့ fruit tea နဲ့ စပျစ်ရည် ကို အိုးတလုံးထဲမှာ ရောပါ။

ပျားရည်၊ သစ်ကြပိုး၊လေးညှင်း၊ နာနတ်ပွင့်တို့ ကိုထည့်ပါ။

လိမ္မော်သီးကို ရေနွေးလေးနဲ့ ဆေးပြီး အကွင်းလေးတွေလှီးပါ။
ပြီးရင် တကွင်းကို ၈စိတ်ခန့် လှီးပြီး အရည်အရောထဲကို ထည့်ပါ။

အားလုံးရောထားတာကို အပူပေးပါ။ ဆူအောင်မတည်ရပါ။

ဒါဆိုရင် ဆောင်းတွင်းအေးအေးမှာ အချမ်းပြေသောက်ဖို့ 
အရက်မပါတဲ့ Kinderpunsch ရပါပြီ။
ဓါတ်ဘူးထဲထဲ့ပြီး လမ်းမှာသောက်ဖို့ သယ်သွားလို့ လည်းရပါတယ်။

11 comments:

မိုးစက်ပွင့် said...

စိတ်နဲ့ မှန်းကြည့်ရတာ ချိုချဉ်ဖန်ပူမွှေးလေး နေမှာဘဲနော် ..... မမရှင်လေးက လိမ္မာတယ်... ဒီက မလိမ္မာသေးသူ တယောက်ကတော့ အယ်လ်ကိုဟော ပါတဲ့ ၀ိုင်ကလေးတွေ သောက်မိနေတုန်းဘဲ..

Shinlay said...

မိုးစက် ကျမက အများကြီးမိုက်ခဲ့ပြီးပြီလေ။ သိသားနဲ့ ၊
ရှင်ကလိမ္မာပြီးသားပါ။

Sunny said...

ကျေးဇူး မမ.. အိမ်မှာလုပ်သောက်လို့ရပြီ.. :)

ဇွန်မိုးစက် said...

စင်္ကာပူမှာတော့ မိုးတွေကောင်းနေလို့ မိုးအေးအေးနဲ့ ကွေးနေရတယ် မရှင်လေးရေ။း)

Anonymous said...

too cold here too..
and my throat was too pain..
so drink hot ginger with sugar cane.next time I will make this one and drink...
ရွာသူကြီး:

kokonaing said...

kinderpunsch kaunde
alkohol meschibu
dhima, Bodhgaya, chai chaide, kinderpunsch meschibu

လသာည said...

ပျားရည်ရယ် သစ်ကျပိုးကောက်ရယ် လေးညှင်းရယ် နာနတ်ပွင့်ရယ် သွားဝယ်ပြီး လုပ်သောက်ဦးမယ်။

ဒီမှာလည်း နေပွင့်လိုက် မိုးရွာလိုက် နှင်းအေးလိုက်နဲ့..နေရတာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး..

နောက်ရက်ခရီးထွက်ဦးမယ် မ။ ၂၀၁၁ နှစ်သစ်မှာ ပြန်ဆုံမယ်နော်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီမှာလည်းချမ်းတယ်သိလား
နေ့ခင်းကြီးဂွမ်းစောင်လေးခြုံပြီး ဘလော့လည်ဖတ်နေတာ
မရှင်လေးရဲ့ဖျော်ရည်လေးတွေ့တော့ သိပ်စိတ်ဝင်စားတာဘဲ
လုပ်သောက်ဦးမယ်နော်
ချမ်းချမ်းနဲ့ဆို ရေလည်မိုက်မယ်
ဟိဟိ ၀ိုင်ကလေးနည်းနည်းရောမယ်နော်း)

ညီလင်းသစ် said...

ဒီမှာလည်း ဝိုင်ပူ (vin chaud) တွေက ပြေးမလွတ်ဘူး၊ ဟိုတစ်နေ့က အလုပ်မှာတောင် အားလုံးစုပြီး လုပ် သောက်ကြသေးတယ်၊

အချမ်းပြေ ရာသီစာလေးပါပဲ....။

Kyaw Hnin Se Lwin said...

မရှင်လေးရေ
သောက်ချင်စရာလေး
ဒီမှာလည်း အတော်အေးလာနေပြီ
:))

Anonymous said...

Dear Shinlay,

here is a link to the Buddhist Bakery done in Freising:

http://bodhi-vihara.org/blog/2010/12/12/buddhas-fusabdrucke-buddhapada-in-freising/

Sabba mangalam!