Wednesday 14 September 2011

မြန်မာ့ယဉ်ကျေးမှုဆိုပဲ

ရန်ကုန်မှာရှိနေချိန်အများစုကကြည်နူးစရာအချိန်တွေပါ။ ဒါအပြင် စိတ်
ကသိကအောက် ဖြစ်ရတဲ့ အချိန်တွေလည်းရှိခဲ့တာပေါ့။
အထူးသဖြင့် အိမ်နီးချင်း
ကြောင့်ဖြစ်ရတဲ့ ဒုက္ခပါ။ ကျမတို့ တိုက်က ရုံးခန်းတွေ
ရော၊ အိမ်ခန်းတွေပါရောနေတယ်။
ကျမတို့ အရှေ့အခန်းက ကုမ္ပဏီရုံးခန်းပါ။ သူတို့ က တ
ံခါးကို အမြဲဖွင့်ထားပြီး
ဝန်ထမ်းတွေ စကားစုပြောကြတာတော်တော်ဆူညံပါတယ်။ ကျမတို့ အခန်းက
သူတို့ ရဲ့စကားသံတွေ၊ရီသံတွေ၊ သီချင်းဆိုသံ၊အော်သ
ံ၊သီချင်းဖွင့်သံ၊ ဖုန်းပြောသံ
တွေကို အကုန်လုံးကိုကြားနေရပါတယ်။ အစပိုင်းတော့ တိုးတိုးပြောကြဖို့ 
ကိုသေ
ာမတ်စ်ကသွားပြောပါတယ်။
၃ရက်လောက်ပြောလည်း မထူးပါဘူး။ ပြောမြဲပြော၊ရီမြဲရီ နေတာပါပဲ။ သူ့ အလုပ်ရှင်
ရှိနေချိန်လောက်ပဲနဲနဲငြိမ်ပါတယ်။


၎ ရက်မြောက်တဲ့နေ့ မှာတော့ သူတို့ ရဲ့ တံခါးကိုပိတ်ဖို့ သွားပြောပါတယ်။ကိုသောမတ်စ်
ပြောတာကိုလည်းနားလည်ပုံမရလို့ သူက တံခါးပိတ်ဖို့ လက်ကိုင်ကိုဆွဲပိတ်ပြပါတယ်။
အဲ့ဒီအချိန်မှာကျမကလည်းအပြင်ရောက်နေပါတယ်။ ကျမပြန်လာတော့ ကိုသောမတ်
အပြင်သွားပါတယ်။ အဲဒီအချိန်မှာ အိမ်ရှေ့ခန်းက အလုပ်ရှင်ရဲ့ အဖေဆိုတဲ့  အသက်
၆၀ ကျော်ခန့်  လူကြီးတံခါးလာခေါက်ပြီ မင်းယောင်္ကျားကိုရဲတိုင်မယ်ဆိုပဲ။
သူ့ အိမ်တံခါးကို လာပိတ်လို့  ပိုင်နက်ကျူးလွန်မှုနဲ့ ရဲတိုင်မယ်ဆိုပဲ။

ကျမက ကျမယောင်္ကျားမရှိကြောင်း၊ပြန်လာရင်သူနဲ့ ပြောရန်ပြောပါတယ်။ မရပါ။
နိုင်ငံခြားသားက လာအနိုင်ကျင့်တာလုံးဝမခံ နိုင်ဘူးဆိုပြီးနိုင်ငံခြားသားမုန်းတီရေး
စပါတယ်။။ ကျမက ဦးလေးတို့ အခန်းကအလွန်ဆူတာကြောင့်သူလာပိတ်ခိုင်းတာနေ
မှာပါ။ တံခါးပိတ်ထားတော့ကျမတို့ နားဆူတာနဲနဲသက်သာတာပေါ့လို့ ပြောမိတယ်။
လူကြီးက ဒါသူ ပိုင်တဲ့အခန်း သူဘာလုပ်လုပ်အော်အော်ဆူဆူ နားငြီးရင် ကိုယ့်အခန်းကို
အင်္ဂျင်နီယာခေါ်ပြီး အသံလုံအောင်လုပ်ဆိုပဲ။ ဒီမှာလာပြီးဗိုလ်ကျလို့ မရဘူးဆိုပဲ။

သူတို့ က မြန်မာ့ယဉ်ကျေးမှု အတိုင်းဆူဆူလောင်လောင်ပဲ နေတယ်တဲ့။ သူတို့ 
စင်္ကာပူသွားလည်း မြန်မာ့ဓလေ့အတိုင်းဆူဆူလောင်လောင်ပဲနေသတဲ့။ အနောက်နိုင်ငံ
မှာသူတို့ အခန်းလိုဆူနေရင်ရဲကိုဖုန်းဆက်တိုင်ပြီးလောက်ပြီတဲ့။(ဒါတော့သိသားပဲ)
ငါးစိမ်းတမ်းလာပြီးငါးညှီနံ့ နံတာကိုလာမပြောနဲ့ ဆိုပဲ။ ကျမက ဦးလေးဘာတွေလာပြော
နေတာလဲ။ ကျမ ဦးလေးနဲ့ ရန်ဖြစ်ရမဲ့သူမဟုတ်ပါဘူးလို့ ပြောလည်းမရ။ ဒေါသတွေနဲ့ 
မဆိုင်တာတွေပြော။ ကျမက ဦးလေးတို့ ဆူညံမှုက တဖက်လူကိုအနှောက်အယှက်ဖြစ်စေ
ပါတယ်။ မြန်မာယဉ်ကျေးမှုမှာ မိမိကြောင့်သူတပါးအနှောက်အယှက်မဖြစ်စေအောင်နေရ
မယ်လိုဆိုထားတာပဲ။

ပြောနေဆိုနေတုန်း ကိုသောမတ်စ်ရောက်လာပါတယ်။ ကျမက အကျိုးအကြောင်းရှင်းပြပါတယ်။
သူက ဟုတ်တယ်။သူပြောတာကို ခင်များဝန်ထမ်းတွေနားလည်ပုံမရတာနဲ့  တံခါးပိတ်ပြတာလို့ 
ပြောပြီးခင်များအလုပ်ကတံခါးဖွင့်လုပ်ရမယ်ဆိုလည်းဖွင့်ပေါ့။ ဒါပေမဲ့ တိုးတိုးသက်သာတော့
ပြောကြပေါ့ပြောပါတယ်။ အဲ့ဒီအခါကျတော့ ဒေါသကြီးနေတဲ့လူကြီးက Please apologise me
and just forget it ဆိုပဲ။
နောက်နေ့ တွေမှာလည်းအဲ့ဒီအခန်းကဆူမြဲပါပဲ။

အဲ့ဒီနေ့ က ကျမစိတ်ပျက်မိပါတယ်။ ကျမငယ်ငယ်ကသိထားတဲ့ စကားတိုးတိုးပြောရမယ်။
စကားအော်ကျယ်ပြောတာရှက်စရာကောင်းကြောင်း (အထူးသဖြင့်မိန်းကလေးတွေ)၊
ခေါ်ကျယ်၊ပြောကျယ်၊ရယ်ချေကျယ်၊သန်းကျယ် ကျယ်ငါးအပယ်သားဆိုတာတွေ ဘယ်လို
ဖြစ်ကုန်ပြီလဲ။ မိမိကြောင့်ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက်မဖြစ်စေနဲ့ ဆိုတဲ့ ဆုံးမ
မှုတွေဘယ်မှာလဲ။ ပိုစိတ်မကောင်းဖြစ်ရတာက ကျမသိထားတဲ့ အဆုံးအမတွေနဲ့ 
ဆန့် ကျင်ဘက်ပြောနေတဲ့သူက လူကြီးအရွယ်။ သူ့ ဝန်ထမ်းတွေဆူညံနေရင်တောင် သူက
ဆုံးမရမဲ့သူ။ အခုတော့ဒီလိုလူကြီးက မဆုံးမတဲ့အပြင် ငါလုပ်ချင်တာလုပ်မယ်၊ ဆူချင်သလို
ဆူမယ်။ဒါဟာ မြန်မာ့ယဉ်ကျေးမှုဆိုပဲ။





မြန်မာ့ယဉ်ကျေးမှုအရ အမှိုက်မပြစ်ရတဲ့နေရာမှာ သူတို့ ချထားတဲ့ပစ္စည်းတွေ ကိုတွေ့ တော့
သြော် သူ တို့ မှာ ...... ....... မရှိဘူးဆိုတာသိလိုက်ရပါတယ်။

အဲ့ဒီနေ့ ကအကြောင်းကို ကျမ လူတွေနဲ့ တွေ့ တိုင်းပြောပြမိတယ်။ မြန်မာ့ယဉ်ကျေးမှုကိုဆွေး
နွေးမိတယ်။ ကိုသောမတ်စ်ကိုတော့ ကျမသိပြီးသူ့ ကိုသင်ထားတာနဲ့ တခြားစီဖြစ်နေတဲ့
မြန်မာ့ယဉ်ကျေးမှုအကြောင်းကိုရှင်းပြမိတယ်။

21 comments:

AMK said...

ဦးသောမတ်စ် ကိုအားနားလိုက်တာအစ်မရယ် ပြောပြလိုက် အဲလိုလူတွေလဲ အများကြီးပါပဲလို့ 

ညီလင်းသစ် said...

အဲဒီလို စိတ်ဓါတ် ပိုင်ရှင်တွေနဲ့ စကားပြောရတာ တကယ်ပဲ စိတ်ပျက်ဖို့ ကောင်းတယ်၊ ကိုယ့်ကြောင့် သူတပါးကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး ဆိုတာ ရှင်းရှင်းလေးပေမယ့် အသက်သာ ကြီးလာတယ်၊ သဘောမပေါက် နိုင်သူတွေ အများကြီး ရှိနေတုန်းပါပဲ။

Anonymous said...

အင်း..ဘာပြောရမှန်းတောင်သိတော့ဘူး။
ဒီလိုလူတွေက လူမျိုး ဘာသာနိုင်ငံနဲ့ ၊
ဟိုလူမျိုးမို့ ဒီနိုင်ငံကမို့ ဆိုပြီး၊
ပြောလို့ မရပေမဲ့ ကျမတို့ ဆီမှာတော်တော်၊
ပေါများလာတဲ့ လူဦးရေလို့ ဆိုရမှာဘဲ။
သူကြီး

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်ခဏပြန်တုန်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်ပေါ့နော်။
စိတ်မကောင်းပါဘူး ပျော်ရွှင်ချမ်းမြေ့ပါစေ မရှင်လေး

Anonymous said...

ဦးသောမတ်စ်ကို အားနာစရာ။ ဆူညံပွက်လောရိုက်နေတဲ့နေရာနားတော့ ဘယ်သူမှ နေချင်မှာမဟုတ်ဘူး။ ဘယ်လူမျိုးမဆို စိတ်ညစ်မှာပဲ။

ksl said...

အဲဒီနိုင်ငံ ( Germany )မှာလည်းတရားဝင်ဥပဒေရှိတာပဲမဟုတ်လား။ ဥပမာ ဘယ်ချိန်ကနေဘယ်ချိန် မဆူညံရဆိုတာ။ ခုနားမလည်နိုင်တာက ဘာကြောင့်ဗမာအမျိုးသမီးဖြစ်တဲ့အမက
ကိုယ်တိုင်သွားမပြောဘဲ ယောက်ျားဖြစ်သူနိုင်ငံခြားသားကဘာကြောင့်complain သွားလုပ်ရတာလဲ။ ဒါတောင်မကလို့ တံခါးကိုတောင်သွားဆွဲပိတ်သေးတယ်။ ဂျာမဏီမှာလဲဒီလိုလုပ်ခွင့်မရှိနိုင်ပါဘူး။ တရားဝင်သတ်မှတ်ထားတဲ့အလုပ်ချိန်အတွင်းမှာဆူညံမှူ(စကားသံထက်ကျယ်လောင်တာ)ရှိတာကိုဘယ်သူမှ ( ဘယ်နိုင်ငံမှာမဆို )complain မလုပ်နိုင်ပါဘူး။ လူကိုလူလို့မြင်နိုင်ပါစေ။

TZH1985 said...

ရေအိုင်ထဲက ဖားသူငယ်လေးများပဲ :)
သနားစရာကောင်းတာက...
ကိုယ့်အထုတ် ကိုယ်ဖြည်...
ကိုယ့်အရှက် ကိုယ်ခွဲနေတာတောင် မသိဘဲ... ဂုဏ်ယူနေသေးသဗျာ...

Anonymous said...

KSL သို့

လူကိုလူလို မြင်လို့ လူလိုသွားဆွေးနွေးတာ ဖြစ်မှာပေါ့။ ဒါကို လူလို တုံ့ပြန်စဉ်းစားဖို့ပဲ လိုပါတယ်။

ဆူညံတယ်ဆိုတာ အေးချမ်းစွာနေချင်တဲ့ လူတိုင်း မကြိုက်ကြပါဘူး။ မြန်မာလူမျိုးတွေလဲ ဆူညံတာကို အောက်တန်းကျတယ်မြင်လို့ ဆူဆူညံညံ နေတတ်သူတွေနား နေရရင် ငါးစိမ်းတန်းရောက်နေသလိုပဲလို့ တင်စားကြတာပေါ့။(ငါးရောင်းသူတွေကို ထိခိုက်ပြောတာ မဟုတ်ပါဘူး၊ ပါဏာတိပါတမှုကို မကြိုက်တဲ့ မြန်မာတွေက လူဆူလူညံတွေကို ငါးသတ်သူနဲ့ တင်စားတယ်ဆိုတာ ပြောပြတာပါ)။

စာကျက်နေတဲ့ကျောင်းသားလဲ ဆူညံသံကို မကြိုက်ဘူး။ တရားထိုင်လေ့ရှိသူလဲ ဆူညံသံကို မကြိုက်ဘူး။ စာဖတ်စာရေး လုပ်နေချင်သူလဲ ဆူညံသံကို မကြိုက်ဘူး။ ဒါတော့ နားလည်ပေးသင့်ပါတယ်။

ဥပမာ သူများအတင်း သိပ်ပြောတတ်တဲ့သူတွေ အိမ်လည်လာရင် နားမထောင်ချင်တဲ့သူက အိမ်တံခါးပိတ်ထားမှာပဲ။ ဒါကို ငါ့ပါးစပ်နဲ့ငါပြောတာ၊ သူ့ပါးစပ် ငှားပြောတာမဟုတ်လို့ ငါစိတ်ချမ်းသာအောင် နားထောင်ပေးရမယ် လုပ်လို့ ရမလား။ လူဆုတာ သူတစ်ဖက်သားကိုလဲ လေးစားဦးမှပေါ့။

ဦးသောမတ်က အခန်းထဲမှာ လွတ်လွတ်လပ်လပ် ဆူညံနေချင်ရင်လဲ တံခါးပိတ်ထားဖို့ အမူအရာနဲ့ လုပ်ပြတာ ဖြစ်မှာပါ။ အပြင်ကို အသံမထွက်ရင် အထဲမှာ သူတို့ဟာသူတို့ မရှက်လို့ တော်သလင်းပွဲ လုပ်နေနေ ဘာမှ လာပြောစရာမလိုဘူး။ ဘေးခန်းတွေ မခံနိုင်အောင် ဆူညံနေရင် ဘေးလူမှာလဲ ပြောခွင့်၇ှိပါတယ်။

ရဲ အားကိုးလို့ရတဲ့ နိုင်ငံမှာဆို သူတို့လုပ်ပုံက ရဲတိုင်ခံရမယ်မှန်းတော့ သိသားပဲ။ ပြန်ပြောတာကြီးက ကျုပ်တို့က နိုင်ငံခြားမှာလဲ ကိုယ်တိုင်းပြည်အရှက် ခွဲလာခဲ့တာပဲ။ ရောက်ရာအရပ်မှာ ဆူညံနေတာလို့ ပြောသလိုကြီး။

Anonymous said...

တချို့ တွေ့ က အဲ့ဒီ့လို သူတို့ လုပ်တာကိုဘဲ ဂုဏ်ယူနေသလို ပုံစံဖြစ်နေတာ။ ဥပမာ သူများကို ပုံစံတစ်မျိုးမျိုးနဲ့ အနှောက်အယှက် ပြုရတာကိုဘဲ ငါတို့  လုပ်ချင်သလို လုပ်လို့ ရတယ်ဆိုတဲ့ ပုံစံနဲ့ နေထိုင်တဲ့ သိပ်အဆင့်မရှိတဲ့ ပုံစံမျိုးပေါ့။ အမြင်မရှိဘူးလို့  ပြောရအောင် လည်း နိုင်ငံခြားတိုင်းပြည်တွေ ရောက်ဖူးတယ်လို့ ပြောတော့ ဒီလိုလူမျိုးတွေကြောင့် မြန်မာလူမျိုးတွေက ဒီအတိုင်းဘဲ ဆိုပြီး နှာခေါင်းရှုံ့ ခံကြရတာဖြစ်မှာကို သဘောပေါက်လိုက်မိပါတယ်။ မြန်မာနိုင်ငံမှာက ခက်တာက မှားတဲ့သူက စင်ပေါ်ရောက်နေတတ်တာမျိုးဆိုတော့ မှန်တဲ့သူက ဘယ်ကို တိုင်လို့ တိုင်ရမှန်းမသိ။ အခုလို အသေးအဖွဲ ကစလို့ ပေါ့။ ကိုယ့်လူမျိုးကို ပြန်ပြီး အရှက်ခွဲ သလို ဖြစ်နေတယ်

Anonymous said...

ကျန်သွားလို့ ပါ။ အမရေ အဲ့ဒီ့လိုမျိုး အဆင်မပြေကြရင် ကွန်ဒိုတွေမှာ ကော်မတီဆိုတာမျိုး ရှိကြတယ်လေ။ အမသွားတိုင်ပစ်လိုက်ပါလား။ သူတို့ က ကုမ်ပဏီဖွင့်ပြီး စီးပွားရေးလုပ်နေတာ။ ကိုယ်က နေထိုင်တာ။ သူတို့  အလွန် ဆိုတာ တခြားအခန်းတွေလည်း ကြားသိမှာဘဲ ဆိုတော့...လေ။

မိုးစက်ပွင့် said...

အဲဒီတိုက်ခန်းကလူကြီး မြန်မာ့ယဉ်ကျေးမှု ဘာညာနဲ့ စွတ်ပြောနေတာ၊ လောကနီတိဆိုတာ ကြားဖူးပုံတောင် မပေါ်ဘူး....

Shinlay said...

သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။

ကျမတို့ တိုက်ကလူတချို့ (မြန်မာအချင်းချင်း)လည်း ကျမတို့ လိုပဲ အတွေ့ ကြုံတွေရှိကြပါတယ်။ အပေါ်ထပ်က ပါတီပေးလို့ ဒုန်းဒုန်းပြေးနေတာ သွားပြောလို့ ရန်ဖြစ်၊ရဲရောက်တဲ့အထိဖြစ်တာလည်း ကြားဖူးပါတယ်။
တခြားနေရာတွေမှာလည်း ဘေးအိမ်တွေ၊ အပေါ်ထပ်နဲ့ အောက်ထပ်တွေ ရန်ဖြစ်ကြတာ မြန်မာတွေ အချင်းချင်းမှာလဲ မြင်တွေ့ ဘူးကြမှာ ပဲလေ။

တိုက်ကော်မတီကလည်း ဘာမှမလုပ်နိုင်ပါ။ ငါတို့ ပိုက်ဆံရှိလို့ ဝယ်ထားတာ ဘယ်သူ့ ဂရုစိုက်ရမလဲဆိုတာ တွေရှိပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။
ကိုယ့်အပြစ်ကိုထောက်ပြရင် မကြိုက်ကြတာ များပါတယ်။

ဂျာမနီမှာ မဆူညံရတဲ့ အချိန်ဆိုတာရှိပါတယ်။ အဲ့ဒီအချိန်တွေမှာ မြက်ရိတ်တာတို့ ၊ ဖုန်စုတ်စက်ဖွင့်တာတို့ ၊အိမ်ပြင်တာတို့  မလုပ်ရပါဘူး။
ပါတီလုပ်မယ်ဆိုရင်တောင်မိမိတိုက်မှာ အသိပေး ရပါတယ်။ ဆူညံချိန်ပြင်ပ မှာလည်း ဘယ်သူမှ
ဆူဆူညံညံ မလုပ်ကြပါဘူး။
အိမ်တံခါးဖွင့်ပြီးဆူချင်သလိုဆူနေလို့ တော့မရပါဘူး။

ဘေးအိမ်မှာ ဘယ်သူနေနေ ၊နေတဲ့လူတယောက်
အတွက်အနှောက်အယှက်ဖြစ်ရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် သွားပြောရမှာပါပဲ။ သူလည်းလူပဲမဟုတ်လား။

ကိုယ်တွေ့ ကြုံရရင်တော့ ပိုနားလည်မှာပါ။

Kyaw Hnin Se Lwin said...

စိတ်ညစ်စရာမရယ်
ကိုသောမတ်စ်ကိုမျက်နှာပူလိုက်တာ

Anonymous said...

မြန်မာ့ယဉ်ကျေးမှုကနှစ်ပေါင်းများစွာထဲကသူ့ဟာသူရှိပီးသားပါ။..ယဉ်ကျေးမှုဖေါက်ဖျက်တဲ့သူတွေလဲအ၇င်ထကြရှိပီးသားပါပဲ။ဒါပေမဲ့ဆူညံတာကိုယဉ်ကျေးမှုအ၇လို့သုံး၇င်တော့နားမလည်တာထက်ကိုယ့်ယဉ်ကျေးမှုကိုကိုယ်နှိမ့်ချရများရောက်နေမလားပဲ..

လသာည said...

အဲဒီလူစရိုက်က တော်တော်ရိုင်းလိုက်တာနော်။ သူ့ကြောင့် မြန်မာအားလုံး ဒီလိုပဲလို ထင်သွားစရာ ဖြစ်သွားမှာ စိုးရိမ်လိုက်တာ။

Anonymous said...

ဦးသောမတ်စ်က ဘာသာစကားမပေါက်ရောက်လို့ body language နဲ့ တံခါးပိတ်ပြတာလေ...အတင်းသွားပိတ်ပြီးပြန်တာမှ မဟုတ်တာ...ထစ်ခနဲ့ရှိရဲတိုင်လိုက်မယ်၊ နိုင်ငံခြားသားဘာလုပ်လုပ် ငါတို့ကိုစော်ကားနေတယ်၊ နိုင်ငံခြားသားက ငါ့တို့နိုင်ငံမှာလာနေလို့ ငါတို့ကိုတောင်းပန်ရမယ်ဆိုတဲ့ စိတ်ဓါတ်တွေက သူတို့ရဲ့မပြည့်ဝတဲ့အဆင့်အတန်း အတွေးအခေါ်ကိုဖော်ပြနေတာထင်ရှားတယ်လေ...ပိုက်ဆံဘယ်လောက်ရှိရှိ၊ ပညာဘယ်လောက်သင်ထားသင်ထား သူတို့နေထိုင်လာရတဲ့ ဘ၀နဲ့ အဆင့်အတန်းက လူကိုတန်ဖိုးဖြတ်ပေးလိုက်တာပဲလေ...

Anonymous said...

မြန်မာ့ ယဉ်ကျေးမှုကြီးတစ်ခုလုံးနဲ့တော့ မဆိုင်ဘူးထင်ပါတယ်လေ.....လူပဲ လူတွေမှာ ရှိတတ်တဲ့အကျင့်ရှိတယ်ထင်ပါတယ်.....မြန်မာထဲလည်း ကောင်းကောင်းပြောလို့ရတဲ့လူရှိတယ် ပြောမရတဲ့လူရှိတယ် အောက်တန်းစားရှိတယ် အထက်တန်းစားရှိတယ်.....နိုင်ငံခြားသားထဲလည်း ဒီလိုပဲ အောက်တန်းစား အထက်တန်းစား ရောနေတာပဲ.....ဂျာမဏီမှာလည်း ဆူညံနေရင် သွားပြောပိုင်ခွင့်လည်း မရှိပါဘူး မကျေနပ် ရဲတိုင် ရဲလာမှရှင်း အဲလိုပါ....
ထားပါတော့လေဒါကတော့ ပြောတဲ့အချိန်မှာ ပြောတဲ့လူရဲ့ ဟန်ပန်အမူအရာ တွေနဲ့ဆိုင်သလို အပြောခံရတဲ့ လူရဲ့ အခြေခံ အဆင့်အတန်းနဲ့လည်း ဆိုင်ပါတယ်.....

ဒီလူတွေ ဒီလို လုပ်ယုံနဲ့ အကြီးအကျယ် ပြန်ရှင်းပြနေရတယ်ဆိုရင် ရှင်းပြတဲ့ လူကော ရှင်းပြခံရတဲ့ လူကော တစ်မျိုးလွဲနေတယ်ထင်တာပဲ......နေရာတိုင်းမှာ လူတိုင်းဟာ ဒီလို အကျင့်တွေရှိကြတာပဲ ဆိုတာကို သိနေရင် လူမျိုးကြီးနဲ့ ဆိုင်ပြီး ရှင်းပြစရာတော့မလိုဘူးထင်ပါတယ်....နိုင်ငံခြားသားတွေ အောက်တန်းကျတာ အများကြီးပဲ.....တာဝန်အရ မလုပ်ဖို့ တားတာကို မင်းတို့ကနိုင်ငံခြားသား ဒါ တို့နိုင်ငံ ငါ နိုင်ငံသားကွ လို့လည်း အလုပ်ခံရဖူးပါတယ်......ဥပဒေ ဘောင်ထဲကနေ အလိမ်လည်း ခံခဲ့ရဖူးပါတယ်.....

Myanmar Good Knowledg Co., Ltd said...

မရှင်လေးရေ
ပြောချင်တာကိုသဘောပေါက်တယ်။
အခြေအနေကိုလည်း ခန့်မှန်းလို့ရပါတယ်။

Anonymous said...

Anonymous..ပြောတာကို လက်ခံပါတယ်၊ ပြီးတော့ ပညာရှိအောက်တန်းကျပြီ၊ ကောက်ကျစ်ပြီဆို ဘယ်သူမှလိုက်လို့မမှီဘူး...ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် စိတ်ဓါတ်အဆင့်အတန်းပြည့်စုံမှုက ပညာ၊ ငွေကြေးပြည့်စုံမှုတွေနဲ့ မဆိုင်နိုင်ဘူး....မိဘအသိုင်းအ၀ိုင်းနဲ့ နေထိုင်လာရတဲ့ ဘ၀အဆင့်အတန်းကစကားပြောတယ်။

Anonymous said...

ဒုတိယအပေါ်က anonymous ရေ။ ခင်ဗျားကြည့်ရတာ ရောက်ရာအရပ်မှာ ဆူညံမှုနဲ့ အတိုင်အတောခံရတတ်တဲ့လူ၊ ခဏခဏ ပြဿနာဖြစ်နေကျ လူများလား။ လာပြောလို့မရဘူး၊ မကျေနပ်ရင် ရဲတိုင် ဆိုတာချည်းပဲ။ ခင်ဗျား ရောက်နေတဲ့နိုင်ငံမှာတော့ ရဲခဏခဏ အတိုင်ခံရအောင် နေတဲ့နည်းနဲ့ တိုင်းပြည်သိက္ခာကို မချလိုက်ပါနဲ့ဗျာ။

မြတ်စွာဘုရားက အေးချမ်းတိတ်ဆိတ်ခြင်းကို အလွန်နှစ်သက်တော်မူပါတယ်။ ခင်ဗျား ဗုဒ္ဓဘာသာဆိုရင် ဒါလေးတော့ ဂရုပြုပေးစေချင်ပါတယ်။ ခင်ဗျားလို လူမျိုးတွေက မြတ်စွာဘုရားက ကျောင်းတော်ကတောင် နှင်ခဲ့ရဖူးပါတယ်။

Anonymous said...

ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် စိတ်ဓါတ်အဆင့်အတန်းပြည့်စုံမှုက ပညာလို့ ပြောသွားတာကို လုံးဝထောက်ခံပါတယ်။
ဒီလိုလူတွေက ဘယ်နေရာမဆို ရှိပါတယ်။ အမှန်တော့ မရှင်လေးတို့က အေးအေးဆေးဆေးပြန်ပြောလိုက်လို့ သူတို့်အနေနဲ့ စိတ်အနှောက်အယှက်ဖြစ်သွားတာက ပိုပါလိမ့်မယ်။ သူတို့မှ စိတ်မထားတတ်တာ။ မထားသင့်တဲ့ မခံချင်စိတ်ကို အလိုလိုက်ရင်း သူတို့ဒီအတိုင်းဆက်နေပြသွားတာကလည်း သူတို့ရဲ့စိတ်ဓါတ်အဆင့်အတန်းကို ချပြနေတာပဲလေ။ ဒီလိုလူတွေကို ဥပေက္ခာ ပြုလိုက်တာအကောင်းဆုံးပါပဲ။