Wednesday 5 January 2011

ခင်ရာဆွေမျိုး ၊ Hollandse appeltaart နဲ့  အထပ်တရာ

Hollandse appeltaart

ပြီးခဲ့တဲ့ အောက်တိုဘာလက ကျမတို့  ဟော်လန်ကိုသွားလည်ခဲ့ကြပါတယ်။
အဲ့ဒီခရီလေးအကြောင်းတောင်ဒီမှာရေးခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းက
Oostervoorde မြို့ မှာ သွားလည်ခဲ့တဲ့ ဟောလန်မိတ်ဆွေတွေက
အခု ကျမတို့ နေတဲ့မြို့ နားကိုလာလည်တာနဲ့ တွေ့ ဖြ
စ်ကြပါတယ်။

ကျမကဟော်လန်လူမျိုးတွေကို သဘောကျပါတယ်။
သူတို့ က ပွင့်ပွင့်လင်းလင်း
နဲ့  ဖေါ်ရွေကြပါတယ်။ သူတို့ လာလည်တော့ ကျမက ကိတ်တစ်ခုဖုတ်ထားပါတယ်။
သူတို့ က ကျမအတွက် ဟောလန် ပန်းသီးကိတ် ယူလာ
ပါတယ်။


ကျမအတွက် စပျစ်သီးခြောက်တွေ၊ ပန်းသီးအတုံး သေးသေးလေးတွေထဲ့ထားတဲ့
Hollandse appeltaart က အရသာတမျိုးထူးနေပြီး တော်တော်လေးလည်းစား
ကောင်းပါတယ်။ ကျမမှာ မုန့် လုပ်နည်းတော့ရှိနေပါပြီေ
နာက်လုပ်ဖြစ်ရင်တင်ပေးပါအုံးမယ်။

နောက် ၂ရက်လောက်ကြာတော့ သူတို့ တည်းတဲ့ ဆီကို တ
ါသွားလည်ကြပါတယ်။
တောင်ကုန်းတွေနဲ့ မြို့ လေးမှာ လမ်းလျှောက်ရင် စကား
တွေပြောဖြစ်ကြပါတယ်။
တွေ့ တာမကြာ၊ သိတာမကြာသေးပေမဲ့ 
ဘာရ်ကြောင့်မှန်းမသိ ရင်းနှီးတဲ့ ခံစား
မှုတွေ ရရှိခဲ့ပါတယ်။

ဒါကတော့ ကျမစမ်းလုပ်ထားတဲ့ အထပ်တရာမုန့် ပါ။ မုန့် လုပ်နည်းကို Facebook
ရတာနဲ့ စမ်းလုပ်ကြည်တာ အဆင်ပြေပါတယ်။ အရောင်ထဲ့တာနဲနဲများသွားတယ်။


10 comments:

Sunny said...

အထပ်တစ်ရာမုန့်လေးက လှလိုက်တာ.. ဟော်လန်ကိတ်လည်း စားကြည့်ချင်တယ်..

Baby taster said...

အထပ်တရာ မုန့်လေးစိတ်ဝင်စားတယ်

မိုးစက်ပွင့် said...

မမရှင်လေး
အထပ်တရာဆိုပြီး ငါးထပ်ထဲ ပါလားနော်...(ဟဲဟဲ)
ခရီးသွားတုံးက လွတ်သွားတဲ့စာတွေအားလုံး ဖတ်သွားပါတယ်...........

Anonymous said...

မုံလေးက ချစ်စရာကောင်းလိုက်တာ စားချင်တယ်ဗျို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ
ရောင်စုံလေးနဲ့ ချစ်စရာလေး အရောင်လေးက ပိုချစ်ဖို့ကောင်းတယ် စားဖို့ထက်ကို
ပန်းသီးကိတ်ကိုလည်းစိတ်ဝင်စားတယ်..
အင်း ကိုယ်တိုင်တော့ မုန့်တွေ ဖုတ်စားဖြစ်သူမဟုတ်တော့ သူများလုပ်တာလေးတွေ ငေးသွားတယ်..

မီးမီး said...

ဒေါ်ကြီးရေ.ဟော်လန်ကလူတေ
ွတော်တော်ပန်းသီးကြိုက်တာဘဲ
.ပြီးခဲ့တဲ့thanksgiving ကာလတုံးကလမ်းထိပ်မှာတဲထိုးပြီး
မုန့်ရောင်းတာမြင်တယ် လူတွေကလည်းတန်းစီဝယ်လို့.
ကိုယ်လည်းဝယ်စားတယ်
မုန့်ကဆီနဲ့ကြော်တာ
မုန့်လုံးကြီပုံစံဘဲ
ဘာမှန်းကိုမသိဘူး မေးတော့လည်းပြန်ဖြေတာ
နားလည်းမလည်ပါဘူး.စားကြည့်တော့ ပန်းသီးမုန့်ကြော်ကြီးရယ်.
ပန်းသီးကိုမုန့်နှစ်နဲ့ကြော်.
နောက်တမျိုးကပန်းသီးနဲ့ဂျူံရောပြီး လက်သီးဆုပ်လောက်
အလုံးကိုဆီနဲ့ကြော်တာ ပြီးသကြားအမှူန့်ဖြူးပေးတာပါဘဲ..
ဦးသောမတ်ကိုမေးပြီးလုပ်စားကြည့်ပေါ့ သူတို့ရိုးရာမုန့်တဲ့..
ကိုယ်တော့ ဘာမှမလုပ်တတ်တာ ညံချက်ကန်းကုန်ဘဲ :))
ဒေါ်ကြီးလုပ်တဲ့မုန့်ဘဲအတွေးနဲ့စားသွားတယ်

Shinlay said...

Sunny, Baby, ရွှေစင်၊ ချော၊ မိုစက် နဲ့ မီးမီး
အထပ်တရာက တကယ်လည်းစားကောင်းပါတယ်။
ငယ်ငယ်က တရုတ်အိမ်နီးချင်းတွေဆီကစားရလေ့ရှိတယ်။
လုပ်ကြည့်ချင်တာကြာပါပြီ၊ တခါလုပ်ကြည့်တာ မအောင်မြင်ဘူး။ အခုမှရတော့တယ်။
လာလည်တာကျေးဇူးပါနော်။
မီးရေ... သူကမိးပြောတဲ့ပန်းသီးကိုသိတယ်တဲ့။

ဇွန်မိုးစက် said...

မုန့်လေးတွေက စားချင်စရာပဲ အမ။ ဟော်လန်တွေက အဲလိုမုန့်မျိုးတွေ ခဏခဏလုပ်စားလေ့ရှိတယ် ထင်တယ်နော်။
ဒတ်ခ်ျအဲလိုင်းစီးရင်လည်း သူတို့ဒေသထွက်မုန့်လေးတွေ ဗန်းထဲထည့်ပြီး ကြိုက်ရာရွေးစားခွင့် ပေးတယ်နော်။

ချစ်ကြည်အေး said...

စားချင်စရာလေး...၊ သူငယ်ချင်းရေ အဲဒီ ထပ်တရာ လုပ်နည်းလေး တင်ပေးပါနော်....

Shinlay said...

သူငယ်ချင်းရေ မုန့် လုပ်နည်းကို ဒီကယူထားပါတယ်။
http://www.facebook.com/index.php?lh=cd420b73dd24439ff3c3a4d870d2f3ac&eu=rLMIxX67K8dLwOEPdkRPEA#!/photo.php?fbid=178952728789721&set=o.194642427649