တစ်ဦးတစ်ယောက်၊ တစ်ခုခု ကို စောင့်မျှော်ရခြင်း သည် ကျမ မလုပ်ချင်သော
အလုပ်တစ်ခုပါ။ စောင့်မျှော်ရခြင်မှာ နေ့ ရက်သေချာသောစောင့်မျှော်ရခြင်းထက်၊
မသေချာမရေရာသောစောင့်မျှော်ရခြင်းက ပိုဆိုးပါတယ်။
တစ်နေ့ လာနိုး၊တစ်နေ့ ရနိုးနဲ့ စောင့်ရခြင်းဟာ ကျမအတွက် အလွန်ပင်ပန်းပါတယ်။
ရလာတဲ့ အဖြေပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်ရမယ့်ကိစ္စတွေ အတွက်
အချိန်သိပ်မရှိဘူးဆိုရင် ပိုပြီးရင်မောရပါတယ်။
စောင့်နေရတဲ့ အဖြေတစ်ခုဟာ မိမိမျှော်လင့်သလိုဖြစ်မလာရင် ဘာဆက်လုပ်ရမလဲ၊
ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ အတွေးတွေနဲ့ ကျမ စိတ်မောနေတတ်ပါတယ်။
ဒီအတွေးတွေဟာ မကောင်းမှန်းသိလို့ အာရုံပြောင်းဖို့ ကြိုးစားပေမယ့်လည်း
ပြန်ပြန်တွေးမိနေတယ်။ အကောင်းဘက်ကတွေးပေါ့၊ ဖြစ်မှမဖြစ်သေးတာဆိုပေမဲ့
လက်တွေ့ က အပြောလောက် မလွယ်ပါ။
ဖြစ်သမျှအကြောင်းအကောင်းပဲလို့ ပြောကြတယ်။ ရွေးစရာမှမရှိတာ၊ရင်ဆိုင်ရမှာပဲ
လိုပြောကြတယ်။ ဟုတ်ပါတယ်လေ။ ဦးနှောက်ကသိနေပေမဲ့ အတွေးတွေက
လွယ်လွယ်နဲ့ လက်မခံနိုင်ဘူး။
အခုတလောအတွေးစိတ်တွေများနေပါတယ်။
မရေရာသော၊မသေချာသောစောင့်မျှော်ရခြင်းဒုက္ခမှ ကင်းဝေးကြပါစေ။
မျှော်လင့်ချက်များပြည့်ဝကြပါစေ။
Saturday 21 May 2011
Subscribe to:
Post Comments (Atom)
11 comments:
မျှော်လင့်ရတဲ့ ဒုက္ခ..
မခံစားချင်ဆုံးပါ။
အကောင်းအဆိုး မရေရာတဲ့ စောင့်မျှော်ခြင်းမျိုးဆိုရင်တော့..
အဆိုးကို ကြိုတွေးထားတတ်တယ်..။
ပေါက်
ကောင်းသောသတင်းကိုသာကြားရပါလို၏။
ဖြစ်သမျှအကြောင်း အကောင်းလို့ လက်ခံ၊
အဲဒီဆလိုဂမ်လေးဟာ အသက်ကြီးလာလေ၊ တကယ် လက်ခံနိုင်လာနေပါပဲ။
အပြုံးပန်း
လသာည၊ ပေါက် မခင်ဦးမေ၊ အပြုံးပန်း..
ကျေးဇူးပါ။ သတင်းကြားရတဲ့အခါ အကောင်း၊အဆိုး
ဝေမျှအုံးမယ်နော်။
စောင့်မျှော်ရခြင်းရဲ့ ပင်ပန်းတဲ့ စိတ်ဒုက္ခကို နားလည်ပါ တယ်ဗျာ..၊ ရေရေရာရာ မသိပေမယ့် သတင်းကောင်းပဲ ကြားပါစေလို့ ဆုတောင်းပါတယ်...။
ကျေးဇူးပါကိုညီ။ အဖြေသိလာတဲ့အခါပြောမယ်နော်။
မျှော်လင့်တဲ့ သတင်းကောင်း ကြားရပါစေ မရှင်လေး
mm
သတင်းကောင်းဖြစ်ပါစေ။
ရှင်လေး
အားပေးနေတယ်။
Wish you to get good result whatever it is you longing for.
Gyidaw
ကျေးဇူးတင်ပါတယ်။mm, gyidaw and ကောင်းမွန်ဝင်း
Post a Comment