Wednesday 11 November 2009

11.11.11Uhr

ဒီနေ့  ၁၁.၁၁.၀၉ (၁၁)နာရီမှာ Karneval ရာသီ စပြီ။

ဒီနေ့  ကနေ Aschermittwoch ( 17.02.2010) နေ့ အထိ Karneval ပွဲလေးတွေ

လုပ်ကြပါတယ်။ Karneval ပွဲတွေရဲ့ အရှိန်အမြင့်ဆုံး အချိန်ကတော့

Fastnachtswoche ( 11.02.2010) schmotzigen Donnerstag ကနေ

Aschermittwoch ( 17.02.2010) အထိပါ။ အဲ့ဒီအချိန်မှာတော့ ၀တ်စုံတွေဝတ်ပြီး

စီတန်းလမ်းလျှောက်ပွဲတွေ၊ အလှပြကားတွေ နဲ့  ပျော်ချင်တိုင်းပျော်ကြတဲ့ အချိန်ပေါ့။

ဒီနေ့ (၁၁.၁၁.၀၉)ကစပြီးတော့ Karneval အဖွဲ့ လေးတွေဟာ ၀တ်စုံတွေ ၊

အလှပြကားတွေ အတွက် စပြီးအလုပ်ရှုပ်ကြတာပေါ့။ ဒီနှစ် ဘယ်လို ၀တ်မယ်။

ဘယ်လို အစိုးရကို သရော်မယ်၊ ဘယ်လို သီချင်းတွေစပ်မယ်. T.V မှာ ဖျော်ဖြေရေး

အစီအစဉ်တွေအတွက်ပြင်ဆင်ကြ...စသည်ဖြင့်ပေါ့။


ကျမကတော့ ပွဲကြိုက်တဲ့သူဆိုတော့ Karneval ပွဲအချိန်ဆို ပျော်တာပေါ့။

Thomas ကဂျာမနီ မြောက်ပိုင်းကလာတာဆိုတော့ Karneval ကို စိတ်မ၀င်စားဘူး။

ဒါပေမဲ့ ကျမကိုတော့လိုက်ပြပေးပါတယ်။ အဲ့ဒီအချိန်က ဖေဖေါ်ဝါရီ လ ဆိုတော့

မှောင်နေရာက တဖြေးဖြေး လင်းလာတာရယ်၊ဆောင်းတွင်းကုန်စပြုလာလို့ 

အအေးပေါ့လာတာရယ်တွေကြောင့် ကျမအတွက်တော့ ပျော်စရာ အချိန်ပါပဲ။

အခုတော့ ဒီအချိန်ရောက်ဖို့ စောင့်ရအုံးမယ်။ ပထမဆုံး ဆောင်းတွင်းကို ရင်ဆိုင်ရအုံးမယ်။

အခုတောင် ညနေ ၅နာရီလောက်ဆို မှောင်နေပြီ။ အေးကလည်းအေး၊ မှောင်ကလည်းမှောင်၊

သစ်ပင်တွေကလည်း အရိုးပြိုင်းပြိုင်း......

ဩော်.... သဘာဝပဲလေ။ စောင့်ရမှာပေါ့....

5 comments:

Anonymous said...

ရေးထားတာ လွမ်းစရာပဲ၊
ဆောင်းတွင်းအရသာလေး ခံစားကြည့်ချင်မိတယ်။

စူးနွယ်လေး said...

ဖြတ်သွားဖြတ်လာမြင်ဖူးပေမယ့် တခါမှ သေချာ လိုက်မကြည့်ဖူးဘူး

Me said...

ဖေဖေါ်ဝါရီကိုမျှော်သတဲ့လားကွယ်..ဒီမှာကတော့ ဖေဖေါ်ဝါရီဆို တော်တော်ပူနေပြီ...မတ် အေပရယ်ဆို မတွေးရဲဘူး ... ကြွပ်ရွနေတာပဲ မမရေ

rose of sharon said...

၅နာရီဆိုမှောင်ပြီလား... စောတာပေါ့နော်

မမိုး said...

ဒီမှာလဲ Karneval ပွဲလုပ်တယ် ရှင်လေးရေ..ဒို့ဆီက သင်္ကြန်မှာ ရေပက်သလိုမျိုး သူတို့က အဲ့ဒီပွဲမှာ ရောင်စုံ စက္ကူစသေးသေးလေးတွေနဲ့ ပက်ကြတာနော်။ ပျော်စရာပဲ..
ဒို့တော့ သိပ်မသွားဖြစ်ဘူး။ လူအရမ်းများလို့.. ပွဲပြီးတဲ့ နောက်နေ့ဆို တမြို့လုံး ရောင်စုံစက္ကူစလေးတွေ ခဲနေတော့တာပဲ.. အဲ့ဒါကြည့်ပြီး အလိုလိုပျော်နေတော့တာပဲ...