Monday, 9 November 2009

ဆွတ်ဇာလန် ခရီး


ပြီးခဲ့တဲ့ အပတ်က ကျမတို့  ဆွစ်ဇာလန်နိုင်ငံကို ရောက်ဖြစ်ခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ကျမတို့ နေတဲ့နေရာနဲ့ နီးပေမဲ့
အနီးအနားက ဂျာမန်စကားပြောတဲ့နေရာလောက်သ

မကြာခဏရောက်ဖြစ်ခဲ့ပါတယ်။ ဒီတခါတော့ Nyon
မှာရှိတဲ့ Thomas ရဲ့ သူငယ်ချင်းကဖိတ်ထားတာရယ်၊
Lausanne မှာရှိတဲ့ ကျမ
ရဲ့ သူငယ်ချင်းမိသားစုဆီ( Blog မှာသိတဲ့  သူငယ်ချင်းပေါ့)
ဝင်လည်ချင်တာရယ်ပေါင်းပြီးပြင်သစ် စကားပြော တဲ့ အပိုင်း ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။
ပြင်သစ်စကားပြောတဲ့ အပိုင်းကို ရထားဝင်တာနဲ့ 
ရထားပေါ်မှာ ကြေညာတာတွေက
လည်း ဂျာမန်လိုကနေ ပြင်သစ်လို ပြောင်းသွားတာကြားရတယ်။
Delemont ကို ရောက်တော့ လွန်ခဲ့တဲ့ ၉ နှစ်က Tropical
Institute Basel ကနေDelemont ဆေးရုံမှာ ကွင်းဆင်းခဲ့
ရတာ အမှတ်ရမိတယ်။

လမ်းတလျှောက်မှာတော့ သိပ်လှတဲ့ မြင်ကွင်းတွေ တွေ့ ရတယ်။
ရထားလမ်းတလျှောက်မှာရေကန် ကြီးရယ်၊ တောင်ထိပ်မှာ
နှင်းဖုံးနေတဲ့ တောင်တန်းတွေရယ်...သိပ်လှပါတယ်။
Nyon ရောက်တော့ ညနေ ၅ နာရီခွဲလောက်ရှိပါပြီ။
သူငယ်ချင်း Jögen နဲ့ သူ့ ရဲ့ အမွှာသ
ားနှစ်ယောက်က လာကြိုကြတယ်။ မြိုထဲမှာဟိုနားဒီနား
လျှောက်ကြတယ်။ ဟိုကြည့်ဒီကြည့်ပေါ့။
အပြန်လမ်းမှာ Coop မှာ ဈေးဝင်ဝယ်ကြတယ်။ အဲ့ဒီမှာ အစားအစာမျိုးစုံတွေ့  ရတယ်။
သူရှင်းပြတာက Nyon က Geneva နဲ့ နီးတော့ UN မြို့ လိုဖြစ်ပြီး
လူမျိုးစုံရှိကြတယ်တဲ့။ အဲ့ဒါကြောင့် ဒီမှာ တေယ်တေယ်များများ ၀ယ်လို့ ရတယ် ဆိုပဲ။
ကျမတို့ လည်း အဲ့ဒီညက အရသာရှိတဲ့ သီးစုံထမင်းကြော်စားကြတယ်။ တခါက
ကျမသင် ပေးထားတဲ့ အတိုင်း Jögen က ကြော်ကျွေးရှာတယ်။ အဲ့ဒီနောက်တော့
ကလေးတွေက TVရှေ့မှာ ကျမတို့ ကတော့ ဟိုအကြောင်း ဒီအကြောင်း ပြောကြတာပေါ့။
နောက်နေ့ ၁ နာရီ ၁၀ မိနစ်ရထားနဲ့  ကျမသူငယ်ချင်းရှိတဲ့ Lausanne ကို ထွက်ခဲ့ကြတယ်။
နာရီဝက်လောက်ကြာတော့ Lausanne ကိုရောက်တယ်။
ဓါတ်ပုံထဲမှာပဲတွေ့ ဖူးတဲ့ သူငယ်ချင်း လာကြိုနေတာကို ရထားပေါ်ကနေလှမ်း
တွေ့ လိုက်တယ
်။ ကျမတို့ တွေ့ ကြတော့ပျော်သွားကြတယ်။ Thomas ကလည်း
သူလက်ပူတိုက်သင်ထားတဲ့ မြန်မာစကားလေးနဲ့ နှုတ်ဆက်ရှာတယ်။
ကျမတို့ လည်းဓါတ်ရထားစီးပြီး သူငယ်ချင်းအိမ်ကို ချီတက်ကြတယ်။ မြို့ ထဲကို
ဖြတ်ရင်း မြို့ ကို ကြည
့်မိတယ်။ တောင်ကုန်းပေါ်ကနေ တဖြေးဖြေးနိမ့်ဆင်းလာတဲ့
မြို့ ၊ အိမ်တွေလမ်းတွေက နိမ့်လိုက်မြင့်လိုက်၊ အနိမ့်ဆုံးကြတော့ ရေကန်ကြီး၊
ကျမတို့ ရောက်တဲ့အချိန်က မိုးရွာနေလို့ ၊ နေသာတဲ့နေ့ ဆိုရင် အရမ်းလှမှာပဲ။
သူငယ်ချင်းအိမ်ရောက်တော့ မြန်မာအငွေ့ အသက်တွေ ခံစားရတယ်။ ပြီးခဲ့တဲ့
နေ့ က ဂျာမန် အိမ်မှာ၊ အခုတော့ မြန်မာအိမ်မှာ ၊ ခံစားရတဲ့ နွေးထွေးမှုတွေကွဲ
ပြားတာတွေ့ ရတယ်။ သူငယ်ချင်းရဲ့ သားနဲ့ သမီးက သိပ်လိမ္မာတယ်။
မြန်မာဆန်တဲ့ ရိုသေမှု၊ ဖေါ်ရွေမှု၊ နွေးထွေးမှုတွေ နဲ့ ပါ။ ဒီလိုနွေးထွေးတဲ့မိသားစု
မျိုး မတွေ့ ရတြာ
ကာပြီ။ Thomas ကတော့ မြန်မာ သားသမီးတွေဟာ၊ သူတို့ နိုင်ငံ
က သားသမီးတွေနဲ့ မတူပဲ နူးညံ့ပြီး မိဘ အပေါ် သိတတ်လိမ္မာကြတယ်တဲ့။ ဒီမှာတွေ့ 
နေကြမဟုတ်တဲ့ မိသားစုပုံစံလေးကို တွေ့ လိုက်ရတယ်။
သူငယ်ချင်းကဒန်ပေါက် ချက်ထားတယ်။ ကောင်းလိုက်တာ။ နှစ်ပန်းကန် တောင်စား
လိုက်တယ်။ Thomas ရောပဲ။ ခဏနေတော့ Thomas ကို ဘူတာ
ပြန်ပို့ ကြတယ်။ သူက နောက်နေ့ မှာ မြူးနစ်ကိုသွားရမှာဆိုတော့ ဂျာမနီကို ပြန်ရမှာ။
ဘူတာကအပြန် မိုးကလ
ည်းရွာနေတာနဲ့ မြို့ ထဲမလည်တော့ပဲ အိမ်ပဲပြန်ဖို့ ဆုံး
ဖြတ်လိုက်တယ်။ Europe မှာမြီု့ တွေက ခပ်ဆင်ဆငိတွေပါပဲ။ ကြုံတောင့်ကြုံခဲ
ရတဲ့ မြန်မာ အငွေ့ အသက်လေးတွေ၊ မြန်မာစကားသံတွေ၊ အားရပါးရပြောရတဲ့
မြန်မာစကား၊ မြန်မာတွေနဲ့ နေရတာက ပိုပြီးတန်ဖိုးရှိပါတယ်။ ကျမတို့ ည ၁၀
နာရီလောက်အထိ စကားတွေပြောကြတယ်။...ပျော်လိုက်တာ...အခုမှတွေ့ ကြ
ပေမဲ့ တကယ့်မိသားစုေ
တွလိုပါပဲ။
နောက်နေ့ မနက်စာစားပြီး အိမ်နားက
တောင်ကုန်းလေးဆီ သွားကြတယ်။
တောင်ကုန်းလေးက သစ်ပင်တန်းလေး
တွေထိုင်ခုံလေးတွေနဲ့အပန်းဖြေစရာ၊
လေညှင်းခံစရာ နေရာလေးပါ။ အဝေးကို
လှမ်းကြည့်လိုက်ရင် ရေကန်ကြီးကို
မြင်ရတယ်။ အခုရာသီမှာတော့ သစ်ပင်တွေက
အရွက်တွေ ၀ါတာက၀ါ၊ နီတာကနီ၊
ကြွေတာကကြွေ......
ဒီလိုနေရာမျိုးလေးတွေက ကျမတို့ လို တစိမ်းတွေကြားမှာ နေရသူတွေအတွက်တော့
အပန်းဖြေရုံသာမက ရင်ထဲကပြောချင်တာတွေ ဖွင့်ထုတ်လို့ ရတဲ့ ရင်ဖွင်ရာနေရာလေးလို့ 
လည်း ပြောနိုင်မလ
ားပဲ။ ကျမအိမ်နားက ပန်းခြံလေးမှာ လိုလေ။ အမြဲတမ်းအိမ်မှာနေတာ
ကြာလာရင် အဲ့ဒီလိုနေရာမျိုးလေးက ကျမအတွက်စိတ်ထွက်ပေါက်လေးတစ်ခုပါ။
သူတပါးတိုင်းပြည်မှာနေရတဲ့ ကျမ အတွက်တော့ တစ်ရက်လောက် မြန်မာစကားပြော၊
မြန်မာအစားစား ၊မြန်မာအငွေ့ အသက်လေးပြန်ရရင်ပဲ ခွန်အားသစ်တွေ ပြန်ရလာပြီး
တက်ကြွလာတယ်။ ဒီလိုနဲ့ ကျမလည်း အချိန်တန်တော့ အိမ်ပြန်လာခဲ့ ရတယ်။

Freiburg ကနေ ကျမနေတဲ့ မြို့ ကို စီးရမယ့်ရထားပေါ်မှာပေါ့။ ကျမထိုင်နေတဲ့
ထိုင်ခုံရဲ့ နောက်ခုံမှာ Asian အမျိုးသားတယောက်က ထိုင်ခုံအားပါသလားလို့ 
အင်္ဂလိပ်လိုမေးသံကြားလိုက်တယ်။ ဂျာမန် အမျိုးသမီးတယောက်က လူရှိကြောင်း
ဂျာမန်လိုပြောသံကြားတယ်။ Asian အမျိုးသား ကနားမလည်တော့ ၀င်ထိုင်ဖို့ ပြင် ရှာတယ်။
ဘေးခုံတွေမှာထိုင်နေတဲ့ အသက် ၂၀ အရွယ်၈ျာမန် လူငယ်တွေက Asian အမျိုးသား
ကို ၀ိုင်းဟားကြတယ်။ ကျမလည်း မနေနိုင်တာနဲ့ ကျမဘေးမှာလာထိုင်ဖို့ 
ခေါ်လိုက်ပါတယ်။ သူက Indonesia ကဖြစ်ပြီး ဂျာမနီကို ၁၆ ရက် Training လာတာဖြစ်ပြီး၊ အခုမှ လေဆိပ်ကရောက်တ
ာဖြစ်ကြောင်းပြောပြပါတယ်။
သူ့ ခင်မျာ ပင်ပန်းနေတာနဲ့ ကျမလည်း မမိုးတို့ ထဲ့ပေးလိုက်တဲ့ လိမ္မော်သီးလေး
စားဖို့ ပေးလိုက်ပါတယ်။ ဒီ အတွေ့ အကြုံလေးကြောင့် ဪ်ငါအခု ဂျာမနီမှာပါလားလို့ 
အသိပြန်ဝင်လာခဲ့ရတယ်....

ကျေးဇူးတင်ပါတယ် မမိုး၊ကိုဖြိုးနဲ့ ပိုးပိုး ရေ....နောင်တချိန်ပြန်ဆုံကြသေးတာပေါ့။
ဒီကြားထဲမှာတော့ Internet နဲ့ Phone ထဲမှာပဲ တွေ့ ကြတာပေါ့နော်။



12 comments:

မမိုး said...

ရှင်လေးရေ တောင်ကုန်းလေးအကြောင်း
ရေးထားလို့ ၀မ်းသာသွားတယ်။ ဒို့ကစာကောင်းကောင်းမရေးတတ်လို့၊ အဲ့ဒီတောင်ကုန်းလေး
အကြောင်းသိပ်ရေးချင်တာ။ဒို့ချစ်တဲ့တောင်ကုန်းလေးခမျာ ခုမိုးတွေရွာ သစ်ပင်ကအရွက်တွေ ကြွေနဲ့
နဲနဲအကျည်းတန်နေရှာတယ်။
နွေတုန်းကဆို သိပ်ချစ်စရာကောင်းတာပဲ။ ရှမ်းကြိုက်တော့လဲ နွားချောသကိုးးးးးးးးး
ရှင်လေးရေ ဒို့တွေ မျှော်နေမယ်။ နောက်တခေါက် နွေကျရင်လာခဲ့ပါဦး။

စူးနွယ်လေး said...

ပျော်စရာပဲ

ThuHninSee said...

springဆိုပိုလှမယ်ထင်တယ်နော်။ အဲဒီကျ တစ်ခေါက်ထပ်သွားပြီး ဓါတ်ပုံရိုက်ခဲ့နော်။ ဒန်ပေါက်လဲပိုစားခဲ့ပါ။

PAUK said...

ရှုခင်းပုံတွေ အများကြီး ရိုက်လာပြီးတင်ရင်
တအားကောင်းမှာပဲ။။
မရှင်လေးလဲ အတော်ပျော်ခဲ့ပုံပဲနော်။။

rose of sharon said...

အတူတူလိုက်ပျော်သွားတယ်.... နောက်တစ်ခေါက်သွားရင် စားခဲ့တာတွေပါ ဓာတ်ပုံရိုက်ခဲ့နော်... သွားရည်ကျချင်လို့

Vista said...

ပျော်ခဲ့တယ်ပေါ့ ကောင်းတယ်မမ

မိုးစက်ပွင့် said...

လိုက် လည်ချင်တယ် မမရေ.... ဆွစ်ဇာလန်က သိပ်ချမ်းမြေ့တာပဲနော်...ဒီ့ထက်များများ ဓါတ်ပုံတင်ရင်ကောင်းမယ်...

ပြီးတော့ ဂျာမန်လိုမတတ်လို့ အင်္ဂလိပ်လိုမေးတဲ့ သူကို ဂျာမန်လိုပြန်ဖြေတာကတော့ စိတ်တိုစရာပဲ... တကယ်ဆို သူတို့ အင်္ဂလိပ်လို ပြောတတ်သားနဲ့....သြော် လူမျိုးရေး..လူမျိုးရေး...

Shinlay said...

လာလည်ကြတာကျေးဇူးတင်ပါတယ်။
ကျမရောက်သွားတဲ့ အချိန်က ညနေပိုင်း ဆိုတော့
မှောင်နေတာရယ်၊ နောက်နေ့ ကြတော့
မိုးရွာနေတာရယ်ကြောင့် ဓါတ်ပုံရိုက်ဖို့  အဆင်မပြေ
ဖြစ်ခဲ့ရတယ်။ နောက်တခါ မှ ပိုရိုက်ခဲ့ပါ့မယ်။
မိုးစက်ရေ... ဒီမှာတချို့ က ဂျာဂျာမှ ဂျာဂျာလေ။
တခါတလေ စိတ်ကုန်မိတယ်။

meemee said...

သွားဖူးချင်တယ် "ဂျာဂျာမှ ဂျာဂျာလေ" ဒီမှာလဲဂျာဂျာ စိတ်ကုန်တယ်

မြစ်ချေသူ said...

အစ်မရှင်လေး
ဆွတ်ကိုလိုက်လည်ရင်း ဆွတ်ရောက် မြန်မာမိသားစု ရဲ့ နွေးထွေးကြိုဆိုမှုကိုလည်း ခံစားသွားပါတယ်။
တောင်ကုန်းလေးကိုကြည့်ပြီး ဓာတ်ပုံထဲဝင် လမ်းရှောက်ချင်စိတ်တောင် ပေါက်လာတယ်း)

ဂျာဂျာမှ ဂျာဂျာ သမားတွေရှိတယ်ဆိုလို့ စိတ်ပျက်မိတယ်။ ဟိုဝိုင်းရယ်တဲ့ ခလေးအုပ်စုကို နရင်းဝင်တီးချင်တယ်း) နိုင်ငံခြားရေးဝန်ကြီး ကိုတော့ သူဘာတွေပြောနေလဲမသိပေမဲ့  သူ့ အသံနားထောင်ရတာ နားထောင်လို့ ကောင်းတယ် ရှင်းပြီးကြည်လင်နေတယ်။

မန့် တာရှည်သွားပီ ဒါပဲနော် အစ်မ

Shinlay said...

မြစ်ချေကညီမရေ..လာလည်တာကျေးဇူးပါပဲ။
နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ
ဘီဘီစီ က အင်္ဂလိပ်လိုမေးတာ ကို အခုသတင်းစာ ရှင်းလင်းပွဲဟာ ဂျာမနီမှာလုပ်တာဖြစ်လို့  ဂျာမန်လိုသာ
ပြောသင့်ကြောင်းနဲ့  အင်္ဂလန်မှာဆို အင်္ဂလိပ်လိုပြောမှာ
ဖြစ်ကြောင်းပြောသွားတာပါ။
အဲ့ဒီနောက်တော့ သူ အင်္ဂလိပ်လို မတတ်ဘူးဆိုပြီး
သူ့ ကို လှောင်တာတွေ ထွက်လာတာ။

Anonymous said...

မရှင်လေးရေ
မရှင်လေးရဲ.စာတွေကိုဖတ်နေကျပါ။ ကျမက ဂျပန်မှာနေပါတယ်။ ကြုံရင်ဝင်လည်ဖို.ဖိတ်ပါတယ်။
သူစိမ်းတွေကြားထဲမှာနေရတဲ.ခံစားမှုကိုနားလည်နိုင်ပါတယ်။
ဂျပန်မှာမြန်မာတွေအများကြီးရှိတယ်ပြောပေမယ်. ကျမနေတဲ.နေရာမှာတော. လုံးဝမရှိသလောက်မို.ပါ။
မရှင်လေးရေးတဲ. အရေးအသားရှင်းရှင်းလင်းလင်းနဲ. ရိုးသားမှုကိုသဘောကျမိပါတယ်။