Tuesday 2 February 2010
ကျမနဲ့ DHL
ပြီးခဲ့တဲ့ အပတ်က အိန္ဒိယ၊ ဗုဒ္ဓဂါယာ ကျောင်းက ဦးပဉ္ဖင်းကို အရေးကြီးတဲ့
စာရွက်စာတမ်းတွေပို့ စရာရှိတာနဲ့  ရိုးရိုး Deutsche Post ကမထည့်ပဲ
DHL နဲ့ ပို့ လိုက်ပါတယ်။
စာတိုက်ကပြောတော့ DHL နဲ့ ဆို ၂ရက်နဲ့ ၃ရက်ပဲကြာမယ်။ ပို့ ခက ( ၈၆) ယူရို
ပေးရပါတယ်။ သာမန်စာပို့ နဲ့နို့ ရင် ၇ရက်ကနေ ၁၀ရက်ကြာမယ်။ ဒါပေမဲ့
ပို့ ခက မှတ်ပုံတင်ထည့်ရင် (၁၀) ယူရို လောက်ပဲကျပါတယ်။
ကျမတို့ လည်း အရေးကြီးတဲ့စာရွက်တွေ အချိန်မီရောက် ချင်တာနဲ့  DHLနဲ့ 
ပို့ လိုက်ပါတယ်။
အခု ၇ ရက်ရှိပြီ စာက ရောက်သေးဘူး။ ကျမတို့ လည်း တနေ့ အခါ ၂၀ လောက်
Internet ကနေ စာဘယ်ရောက်နေပြီလဲဆိုတာ ကြည့်ကြည့်နေရတာ
ဂဏန်း ၁၀လုံးရှိတဲ့ နံပတ်တောင် အလွတ်ရနေပြီ။
ဦးပဉ္ဖင်း ကလည်းစာတမျှော်မျှော်နဲ့ ပေါ့။ ကျမလည်း စိတ်တွေပူပေါ့။
အချိန်မီရောက်ပါ့မလား။ စာပျောက်ပြီလားပေါ့။
တစ်ခုခု၊ တစ်ယောက်ယောက်ကို မျှော်ရတာ အလွန်ပင်ပန်းတယ်လို့ 
ထင်ပါတယ်။ ကျမကိုယ်တိုင် မျှော်ရတာ၊စောင့်ရတာ မကြိုက်သလို၊ သူများ
ကိုလည်း မမျှော်စေချင်၊မစောင့်စေချင်ဘူး။
ဒီနေ့ တော့ Thomas က DHL ကိုဖုန်းဆက်ပြီး ပြောတော့တာပေါ့။
စာကပြောတဲ့ရက်မရောက်ဘူး။ စာဘယ်ရောက်နေလဲ။စသဖြင့်ပေါ့။
DHL ကလူတွေကလည်း စာဘယ်ကိုလောလောဆယ်ရောက်နေမှန်း
မသိကြဘူး။ ကျမတို့ စာပျောက်ရင်...ဆိုပြီးစိတ်ပူနေကြတာ။
ဒါနဲ့ အိန္ဒိယကိုဖုန်းဆက်တော့ စာ ခုနကပဲရောက်ပြီတဲ့။
တော်ပါသေးရဲ့ ။
DHL ကလည်း ပြောတဲ့ရက်(ရောက်ရမဲ့ရက်) ထက်နောက်ကျပြီးရောက်လို့ 
ပိုက်ဆံပြန်ပေးမယ်တဲ့။ ဘယ်လောက်ပြန်ရမလဲတော့မသိဘူး။
ဘာပဲဖြစ်ဖြစ် အခုတော့ ကျမပျော်သွားပြီ။
8 comments:
Anonymous said...
အဲဒါ ဖြစ်ခဲပါတယ်..အမ..
တော်သေးတာပေါ့..နောက်ဆုံးတော့ရောက်သွားလို့..။
Anonymous said...
ကျနော့်ဆီကနေ..အင်္ဂလန်ပို့တာတော့ ၃ရက်လောက်ပဲကြာတယ်..မရှင်လေး
သူတို့ဆီကပို့ရင်လည်း ၃ရက်လောက်ပဲကြာတယ်..။။
ပိုက်ဆံပြန်ပေးမယ်ဆိုတော့..တော်သေးတာပေါ့နော်။။
Anonymous said...
အဟီးး..အပေါ်က ..ကျနော်ပါ.။။
Anonymous said...
အဲ..မေ့ပြီး မရေးမိပြန်ဘူး။။
ပေါက်
Anonymous said...
Ah Ma Shinlay,
when i sent something to my home with DHL they need to take time always between 7 to 10 days...
for me that is normal still never missing...but they say if i have something missing they will refund.
Su
ဇွန်မိုးစက် said...
အရောက်နောက်ကျပေမယ့် ပိုက်ဆံပြန်ပေးမယ်ဆိုတော့ ဝန်ဆောင်မှုကောင်းတယ်လို့ ပြောလို့ရတာပေါ့နော်
rose of sharon said...
၃ရက်ထက်တော့DHL ကပိုမကြာတတ်ပါဘူး... တခါတလေဖြစ်တတ်တာမျိုးကို ရှင်လေးကတိုက်တိုက်ဆိုင်ဆိုင်ကြုံလိုက်ရတာပေါ့... ရောက်သွားလို့တော်ပါသေးရဲ့နော်
မြစ်ချေသူ said...
အစ်မရှင်လေးရေ လာလည်သွားပါတယ်။
DHL ကို မကြာခဏတော့ သုံးတယ်။ တစ်ခါမှ အစ်မလို့ တော့ မဖြစ်ဘူးသေးဘူး။