Sunday 26 September 2010

ရာသီပြောင်းချိန်


ဘာလိုလိုနဲ့ နွေရာသီက ပြီးသွားပြန်ပြီ။၂၃.၉.၁၀ ကပဲ ဆောင်းဦးရာသီကိုရောက်
ပြီလို့ ပြောကြပါတယ်။ မနက်စောစော ဆိုရင်ပဲ အလင်းရောင်တော်တော်နဲ့ 
မရချင်တော့ဘူး။ မနက်အိပ်ရာက သွက်သွက်လက်လက် မထချင်တော့သတိထား
မိတယ်။
ပုံကို http://de.wikipedia.org/wiki/Jahreszeit ယူထားပါတယ်။
အပူချိန် လည်း လျှော့ကျလာတယ်။ မနက်ပိုင်းဆို အေးပြီး နေ့ ခင်းပိုင်းနေထွက်
လာရင်တော့အအေးနဲနဲသက်သာတယ်။ အနွေးထည်၊ ဂျာကင်အပါးတွေ စ၀တ်နေရပြီ။
နွေတုန်းကလို ပေါ့ပေါ့ပါးပါး အ၀တ်တွေ ၀တ်မရတော့ဘူး။
နွေရာသီ အ၀တ်တွေ ပြန်သိမ်းပြီး အအေးခံနိုင်မဲ့ အ၀တ်တွေပြန်ထုတ်....နွေစီးတဲ့
ဖိနပ်တွေလည်း သိမ်း၊ အအေးခံနိုင်မဲ့ဖိနပ်တွေ ပြန်ထုတ်.....

သစ်ပင်တွေကလည်း ၀ါစပြုနေကြပြီ။ မကြာခင်မှာပဲ သူတို့ လည်း အရိုးပြိုင်းပြိုင်း
ဖြစ်ကြတော့မှာ...
ငှက်တွေကလည်းနွေးတဲ့နေရာကို ပျံကြတော့မယ်။

ကျမလည်း အသက်ကြီးလာတော့ ရာသီပြောင်းတဲ့ ဒဏ်ကို သိသာလာတယ်။
ခေါင်းကိုက်တာ၊ ခြေလက်တွေနာတာ၊ ဒဏ်ဖြစ်ထားတဲ့ခါးက နာတာ စတဲ့
ဟိုနာဒီနာတွေ...

မိုတွေကရွာ၊ လေကတိုက်၊ အေးကအေးနဲ့ .... ရင်ဆိုင်ဖို့ အားမွေးထားပါတယ်။

8 comments:

မိုးစက်ပွင့် said...

မ ရေ... “ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ အပြင်ရောအတွင်းရော ဥပါဒ်ဝင်” ဆိုတဲ့ စိုင်းထီးဆိုင် သီချင်းစာသားလေးကို သတိရမိပါတယ်။ ဒီဖက်မှာတော့ ပူလွန်းတဲ့ အညာနွေရောက်မှာ တွေးကြောက် နေရတာလေ...။ လက်စွမ်းပြထားတဲ့ ဓါတ်ပုံလေးထဲမှာ သစ်ပင်ဝါ၀ါလေးနားက ထိုင်ခုံလေးက စာအုပ်လေးတအုပ်နဲ့ အေးအေးလူလူ ထိုင်ချင်စရာလေးပါလားနော်....

Shinlay said...

မိုးစံရေ.. အဲ့ဒီနေ့ ကတော့ မိုးတွေစွေရွာနေလို့ ထိုင်ခုံ
မှာ မထိုင်ခဲ့ရဘူး။

Anonymous said...

ဒီနှစ်နွေ သိပ်မနွေးခဲ့သလိုပဲ တပတ်လားပဲမှတ်မှတ်ရရ တော်တော်ပူလိုက်တယ်..ပြီးတော့ ပူတာကလည်း ကျိုးတိုးကျဲတဲနဲ့....ဆောင်းကူးတော့ သိပ်မဆိုးသလိုပဲနော်..မနေ့ကတနေ့ မိုးရွာပြီးအခုနေပြန်သာနေတယ်

စူးနွယ်လေး

PAUK said...

ရာသီပြောင်းချိန် ကလေးရော လူကြီးပါ
နေမကောင်းဖြစ်တတ်ပါတယ်..။
ချောင်းဆိုးနှာစေး အသာလေးပဲ။
ဂရုစိုက်ပါ မရှင်လေးရေ..။

လသာည said...

ဟုတ်တယ်။ ဒီမှာလည်း ၂၃ရက်နေ့က စပြီး ဆောင်းဦးဖြစ်သွားပြီ။ ရာသီပြောင်းချိန်လေး ကျန်းမာရေး ဂရုစိုက်မှ ဖြစ်မယ်နော်။

ညီလင်းသစ် said...

ဘာပဲပြောပြော July လတုန်းက နွေရာသီကို ပီပီပြင်ပြင် ခံစားလိုက်ရလို့ ဒီနှစ်နွေ မဆိုးဘူးလို့ပဲ ဆိုရမှာပါ...။

ဆောင်းဦးရွက်ကြွေတွေကို ကျနော်ကတော့ သဘောကျတယ်။

ဇွန်မိုးစက် said...

အစ်မရှင်လေးရေ...ပုံလေးကြည့်ပြီး လွမ်းစရာကောင်းသလိုပဲ။
ဆောင်ဦးဝင်ပြီဆိုတော့ အစ်မကျန်းမာရေးဂရုစိုက်ပါနော်။

Anonymous said...

အစ်မရေ...ရောက်ခဲ့တယ်။
သစ်ရွက်ဝါဝါလေးတွေနဲ့ 
အရိုးပြိုင်းပြိုင်း ဖြစ်ခါနီး သစ်ပင်
လေးကို မြင်မိတော့..လွမ်းသလိုလိုလေး။
ကြိုက်လည်း ကြိုက်တယ် ။
အဲဒီ အပင်အောက်က ခုံလေးမှာထိုင်ချင်မိတယ်။
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်...:)