Tuesday 28 September 2010

Grüne Erbsensuppe/ Green Peas Soup




ချက်ရတာလည်း မြန်၊ စားလို့ လည်းကောင်းတဲ့ Soup တစ်ခွက်ပါ။

စာအုပ်ထဲကတွေ့ တာနဲ့  ....အဖွင့်ပေါ့လေ။

ကြက်သွန်နီ (၂ လုံး)ကိုအတုံးလေးတွေတုံးပါတယ်။

ထောပတ်(သို့ )ဆီ (၂၀ ဂရမ်) နဲ့  ဆီသပ်ပြီး ကြက်သွန်နဲနဲနွမ်းရင်

ပဲစိမ်းလုံးလေးတွေ( ၃၀၀ ဂရမ်၊ ခဲထားတဲ့ အထုပ် ကိုသုံးပါတယ်။)နဲ့ 

အာလူး (၁လုံး ကိုခပ်သေးသေးတုံးပါတယ်။) ကိုထဲ့ပြီး ခဏလောက်မွှေပေးပါ။

ပြီးရင် ရေ ( 750 ml) ထဲ့ပါတယ်။ ကြက်သားဟင်းချိုမှုန့်  ထမင်းစားဇွန်း ၁ဖွန်း

မပြည့်တပြည့်ခန့် ထဲ့ပြီး ၁၂ မိနစ်ခန့် တည်ပေးပါ။

ပဲစိမ်းနဲ့ အာလူးနူးတော့ စက်နဲ့ ချေ ပေးပါတယ်။ ( အဖတ်လေးတွေတော့ကျန်နေပါလိမ့်မယ်။

မကြိုက်ရင် ဇကာနဲ့ စစ်ထုတ်လိုက်ပါ။) ပြီးတဲ့ အခါ Sahne ( Cream) 100 g ထည့်ပြီး

မွှေပါ။ ထပ်ပြီးဆူအောင်မတည်ပါနဲ့ တော့၊

ဆား အပေါ့၊အငန်မြည်းပါ။ ငရုပ်ကောင်းခပ်ပါတယ်။

Crouton နဲနဲဖြူးပေးပြီး ပွဲပြင်ပေးလိုက်ရုံပါပဲ။

9 comments:

မီးမီး said...

ဒေါ်ကြီးရေ..ရှင့်ကိုပေးမဲ့စာအုပ်ထဲမှာsoup ချက်နည်းတွေလည်းအများကြီးဘဲ...
ကျမအရမ်းကြိုက်တယ်..
ဝယ်မားတယ်ချက်တတ်ဘူး...

Shinlay said...

လာပြီးချက်ကျွှေးပါ့မယ်။ စားချင်တာသာစဉ်းစားထား
ကြီးဒေါ်ရေ....

Thomas (Ko Ko Naing) said...

I could eat today, delicious....
(delicious ahara is better than not delicious ahara - just joking...)

လသာည said...

မရှင်လေး..Sahne ( Cream) ဆိုတာ ဘာလဲဟင်။ တကယ်မသိလို့ပါ။ စွတ်ပြုတ်လေးက သောက်ချင်စရာလေး။

Anonymous said...

Solche Suppe ißt er gerne.

Suenwelay

Shinlay said...

လသာည ညီမရေ ဒီမှာကြည့်လို့ ရပါတယ်။
http://en.wikipedia.org/wiki/Cream
http://de.wikipedia.org/wiki/Sahne

Anonymous said...

လုပ်စားကြည့်ချင်တယ်..။
နောက်ဆုံးပြောသွားတဲ့ cream ဆိုတာ မလသာည
မေးသွားတဲ့အတိုင်းမို့ ဆက်မမေးတော့ဘူး။
ကျေးဇူး


ပေါက်

မိုးစက်ပွင့် said...

Cream က ဗမာလို “မလိုင်” ပေါ့နော်...
ပဲရယ် အာလူးရယ် မလိုင်ရယ် ဆိုတော့ အဆိမ့်ကဲတဲ့ ဟင်းချိုတခွက် နေမှာပဲ။ ပဲစိမ်းဆိုတော့ အရောင်လေး လှတယ်။ ဦးသောမတ်စ်ကို မနာလိုဘူး။

ဇွန်မိုးစက် said...

ပဲစိမ်းလုံးလေးတွေကို ပြုတ်ပြီးပဲ စားဖူးတယ်။ အစ်မရှင်လေးချက်သလို cream soup အနေနဲ့ မစားဖူးဘူး။ အတော်စိမ့်ပြီး အာဟာရဖြစ်မှာပဲနော်။