Friday 24 April 2009

အမေနဲ့ ခွဲနေရတာ ( ၁၀ )နှစ်ရှိပြီ....

အမေ့ကိုတစ်ယောက်ထဲထားခဲ့ရတာ၊ ဘာလိုလိုနဲ့ (၁၀)နှစ်ရှိခဲ့ပြီ။
တစ်နှစ်တခါပြန်တွေ့ ခွင့်ရလို တော်ပါသေးတယ်လို့ ပြောရမယ်။
ကျမပြန်အလာကို နေ့ တိုင်းမျှော်နေမယ့်အမေ၊
ဖုန်းဆက်တိုင်း ဘယ်တော့ပြန်လာမှာလဲလို့ မေးတတ်တဲ့အမေ၊
နေကောင်းရဲ့ လားလို့ ဖုန်းတစ်ခါဆက်ရင် အထပ်ထပ်မေးတတ်တဲ့အမေ၊
ကျန်းမာရေးကိုဂရုစိုက်ဖို့ ၊အဝေးမှာနေရလို့ စိတ်ပူနေရတယ်ဆိုတဲ့အမေ၊
ငါ့သမီးနဲ့ ပြန်တွေဖို့ ကျန်းမာအောင်နေနေရတယ်ဆိုတဲ့အမေ၊

ဪ...အမေလွမ်းနေသလို ကျမလည်းလွမ်းတာပေါ့အမေ၊

ကျမပြန်လာရင်အားလုံးအဆင်သင့်ရှိစေဖို့ စီစဉ်နေမယ့်အမေ၊
ကျမကြိုက်တတ်တာတွေကို ချက်ပြုတ်ပြီးကျမကိုကြိုနေမယ့်အမေ၊
ကျမပြန်ရင်ယူသွားဖို့ မြန်မာဆေးပေါင်းစုံနဲ့ စားစရာတွေဝယ်ထားပြီး
စောင့်နေမယ့်အမေ၊
ကျမရောက်လာရင် ပျော်ရွှင်တက်ကြွနေတဲ့အမေ့မျက်နှာ၊
ကျမသူ့ အနားမှာရှိတုန်း ပြောချင်တာတွေရင်ဖွင့်တတ်တဲ့အမေ၊
ကျမပြန်မယ့်ရက်ကိုပြက္ခဒိန်မှာကြည့်ပြီး ၀မ်းနည်းစွာရေတွက်နေတဲ့
အမေ့မျက်နှာ၊
မခွဲချင်ခွဲချင်နဲ့ ကျမပြန်မယ့်နေ့ ဆိုစိတ်မကောင်းဖြစ်ကျန်ခဲ့တဲ့
အမေ့ရဲ့ မျက်နှာ၊
ငါ့သမီးပြန်ရင် အမေကတရားရိပ်သာသွားမှာ...ဘာမှမပူနဲ့ နော်တဲ့
ဆိုပြီးတစ်လတစ်ခါ ရိပ်သာဝင်တဲ့အမေ၊
တစ်နှစ်တစ်ခါပြန်တွေ့ တိုင်း သတိထားမိတဲ့ အမေနဲ့ ဇရာ၊
ကျေးဇူးတွေခဏခဏတင်ပြီး၊ဆုတွေပေးတတ်တဲ့အမေ၊
အမေ့ကိုအဝေးမှာတစ်ယောက်ထဲထားရတာ စိတ်မကောင်းပေမဲ့
ဘုရား၊တရား၊သံဃာရှိတဲ့နေရာမှာ အမေ့အသိုင်းအ၀ိုင်းနဲ့ နေရတာ
ပိုကောင်းမှာပါအမေ၊
ဒီမှာကမတူတဲ့ဓလေ့၊မသိတဲ့စကား၊နားမလည်နိုင်တဲ့အပြုအမူ။
အဲ့ဒီမတူတာတွေကြားထဲမှာ အမေနေနိုင်မှာမဟုတ်ဘူး။
ကျမအဝေးမှာနေပေမဲ့ အတွေးထဲ၊အိပ်မက်ထဲမှာတော့ အမေပါပဲ။

ဪ...အမေလွမ်းနေသလို ကျမလည်းလွမ်းတာပေါ့အမေ။

အမေ့ကိုဒီစာပေးဖတ်ရင် အမေမျက်ရည်ကျမလားပဲ။
ဒါကြောင့် Blog ထဲမှာပဲသိမ်းထားလိုက်တော့မယ်။
အမေစိတ်ချမ်းသာပါစေ၊ ကျန်းကျန်းမာမာရှိပါစေ၊
တရားထူးတရားမြတ်ရပြီး နိဗ္ဗာန်သို့ ရောက်ရန် အထောက်အပံ့များ
ရရှိပါစေလို့ ဆုတောင်းလျှက်....






6 comments:

zunelamoe said...

I feel sorry to read this post.

Shinlay said...

Moe...This is Life. I have to face it.
Take care

Phu Mon said...

ဒီ post လေးဖတ်ပြီး တကယ့်ကိုပဲခံစားရပါတယ်..

Shinlay said...

Phu Mon ရေ လာလည်တာကျေးဇူးပါပဲ။

သက်ဝေ said...

ငိုချင်တယ်...

မိုးကောင်းသူ said...

ဖတ်သွားတယ် အစ်မရေ။ ဖတ်ရင်း စိတ်ထဲတောင်မကောင်းဘူး။