Saturday 5 March 2011

Helau....Helau....


ဒီနေ့ တော့ နေကလည်းသာ၊ ရာသီဥတုကလှနေတာနဲ့ မြို့ ထဲရောက်ဖြစ်တယ်။
Fastnacht ( Karneval) ပွဲ ( ဒီနေရာမှာရေးဖူးပါတယ်။) က တနလာၤေန ့မွာ
လှည့်လည် ကြမှာဆိုတော့ လူတွေလည်း တက်ကြွနေကြတယ်။ ၀တ်ရုံတွေ အမျိုးမျိုး
ဝတ်ပြီး အတီးအမှုတ်တွေ နဲ့ ဟိုနားဒီနားမှာဖျော်ဖြေနေကြတာလည်းတွေ့ ရတယ်။
ပွဲဈေးတန်းလို မင်းလမ်းဘေးမှာ ဆိုင်တွေဖွင့်ပြီး ဘီယာ၊ ၀က်အူချောင်းကြော် စတာတွေ
ရောင်းနေကြတာလည်းတွေ့ ခဲ့တယ်။
ကလေးတွေကလည်း ၀တ်ရုံတွေဝတ်၊မျက်နှာတွေချယ်ပြီး ဟိုသွားဒီလာနဲ့ ပျော်နေကြတယ်။
သူတို့ ကိုကြည့်ပြီး တနလာင်္နေ့ အတွက် အပျော်တွေကူးလာတယ်။

ဒီနှစ် တော့ တနလာင်္နေ့  Rosenmontag မှာ အလုပ်မသွားရပါဘူး။ အိမ်မှာလည်း
ကျမတယောက်ထဲ၊ ဆရာဝန်ပြောင်းပေးထားတဲ့ အလာဂျီ ဆေးကြောင့်
နေရောင်ထဲသွားလို့ ရနေပြီ၊ နေကလည်းသာမယ်ဆိုတော့ ဟိုဟိုဒီဒီလျှောက်လည်
အုံးမယ် လို့ စဉ်းစားထားပါတယ်။ သူငယ်ချင်းတို့ အတွက် ဓါတ်ပုံတွေရိုက်ခဲ့မယ်။

Helau.... Helau ဆိုတာကတော့ ကာနေဗယ်ပွဲ က လူနောက်လူပြောင်(Narren)
တွေအချင်းချင်းနှုတ်ဆက်ကြတာပါ။ သူတို့ ဟာ စီတန်းလှည့်လည်ကြရင်း
ဘေးကရပ်ကြည့်နေတဲ့ ပရိသတ်ကို Helau... လို့ အော်ပြီးနှုတ်ဆက် သလို၊
ပရိတ်သတ်ကလည်း Helau... လို့ ပြန်ပြီး အော် လေ့ရှိပါတယ်။
နှုတ်ဆက်ကြတဲ့ စကားတွေကတော့ ဒေသအလိုက်ကွဲပြားပါတယ်။
ကျမတို့ Baden-Württemberg မှာတောင် မြို့ အလိုက်ကွဲပြားပါတယ်။
စတုဂတ် က Komma Gschwomma! လို့ အော်ကြသလို၊
Mittlerer Schwarzwald, Bodensee, Schwäbische Alb ကတော့
Narri – Narro လို့ အော်ကြပါတယ်။

Rottach – dolé ၊ Bluntz Blautz ၊ လို့  Bayern ဘက် က အော်ကြသ လို
Hei-Jo လို့ ဘာလင်ကအော်ကြပြန်သတဲ့၊
Hummel, Hummel – Mors, Mors ကတော့ ဟမ်းဘွတ် က အော်တဲ့ အသံ
ဆိုပဲ။ Franken ဒေသက Helau တဲ့။ စသဖြင့် နှုတ်ဆက်ပုံတွေ ကွဲကြပါတယ်။
အသေးစိတ်ကြည့်ချင်ရင်တော့ ဒီမှာကြည့်လို့ ရပါတယ်။

Rosenmontag ( လာမဲ့တနလာင်္နေ့ ) မှာ သူငယ်ချင်းတို့ လည်း စိတ်လွတ်၊
ကိုယ်လွတ် ပျော်ရွှင်နိုင်ကြပါစေ၊ ...

Narri.... Narro

Helau....Helau

6 comments:

လပြည့်ရိပ် said...

ဟုတ်လား အစ်မ တနလာင်္နေ့က ပိတ်ရက်ပေါ့။ သိတောင်မသိဘူး... ဒီမှာ ဘယ်လိုအော်လို့အော်မှန်းလည်းမသိဘူး ..လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတာကြာပေါ့...

ညီလင်းသစ် said...

ကဲ..ဒါဆိုတော့လည်း Helau, Helau ပေါ့ဗျာ..၊း)
ဒီမှာတော့ ဒီနေ့ (စနေနေ့)က Karneval ပွဲပါပဲ..၊ ဘယ်လို အော်ကြသလဲတော့ မသိပါဘူး...၊ ပြီးတော့ ပြီးသွားခဲ့ပြန်ပြီ...။

အိမ်မက်စေရာ said...

ဒီမှာက အလုပ်ပိတ်ဖူး ဟင့်...Helau ပါမမ..

Anonymous said...

စိတ်လွတ်ကိုယ်လွတ်ပျော်ပြီးရင်တော့ ဥပုသ်စောင့်ကြရတော့မယ် :)

စူးနွယ်လေး

Sunny said...

ဟင့် ဒီမှာ မပိတ်ဘူး.. Karneval ကလည်း ခြောက်တိခြောက်ကပ်နဲ့..

ကောင်းမွန်ဝင်း said...

ဒီလိုလေးတွေဖတ်ရတာ စိတ်ဝင်စားစရာပဲ။
အဲဒီဘက်မှာများနေတောင်သာလို့နော်။
ဒီနေ့ တိုကျိုမှာ နှင်းကျပြန်ပြီ။
ချမ်းလိုက်တာ မရှင်လေးရေ။
Helau Helau....