Monday 23 November 2009

Adventskranz


ဒီနေ့ တော့ Adventskranz လုပ်ဖြစ်တယ်။ လိုမယ်ထင်တာလေးတွေကို
တဖြေးဖြေးခြင်း ၀ယ်စုထားတာ။ အခုတလော Christmas
ပွဲနဲ့ ပတ်သက်ပြီး လိုအပ်မယ့်ပစ္စည်းလေးတွေကို နေရာတိုင်းလိုလိုမှာ တွေ့ နေရတယ်။
ဖရောင်းတိုင်လေးတွေဆိုရောင်စုံ ၊ ဆိုဒ်စုံ၊ ပုံစံစုံပါပဲ။ ကျမလည်း အဲ့ဒီ ပစ္စည်းလေးတွေ
တွေ့ တော့ Adventskranz လုပ်ချင်စိတ်ပေါက်လာတယ်။ မနှစ်က စပြီး လုပ်ဖြစ်တယ်။
ဒီနှစ်တော့ နဲနဲ ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်လာတယ်။ ကျမ ယောက္ခမက ဖရောင်းတိုင်
အနီရောင်လေးတွေသုံးလေ့ရှိတော့ ကျမလည်း အနီရောင်ပဲ သုံးဖြစ်ပါတယ်။

Adventskranz မှာ ဖရောင်းတိုင် လေးတိုင်ပါပါတယ်။ ဖရောင်းတိုင် ကိုတော့
နှစ်သက်ရာ၊ စိတ်ကူးရရာ အရောင်ကိုသုံးကြပါတယ်။ ထုံးစံကတော့ အနီရောင်ကိုသုံးကြပါတယ်။
ထင်းရူးရွက်လေးတွေ ပတ်ထားတဲ့ ကွင်းလေးကို လုပ်ပြီးသားဝယ်လို့ ရသလို၊
မိမိစိတ်ကြိုက် ကွင်း၊ ထင်းရူးရွက်၊ တခြား အလှဆင်တာလေးတွေ ၀ယ်ပြီး၊
စိတ်တိုင်းကျ လုပ်လေ့လည်းရှိပါတယ်။ ဖရောင်းတိုင်လေးတွေပါ အပြီးအစီးပါတဲ့
Kranz ကိုဝယ်လို့ လည်းရပါတယ်။

Adventskranz မှာ ပါတဲ့ ဖရောင်းတိုင်လေးတိုင်ထဲက တစ်တိုင်ကို
ပထမ Adventssonntag နေ့ ( Christmas မရောက်ခင် လေးပတ်အလို တနင်္ဂနွေနေ့ / 29.11.09)
မှာမီးထွန်းပါတယ်။

နောက်တစ်တိုင်ကို ဒုတိယ Adventssonntag နေ့ ( Christmas မရောက်ခင်
သုံးပတ် အလို တနင်္ဂနွေ နေ့ / 06.12.09) မှာမီးထွန်းပါတယ်။ ပထမ အပတ်ကအတိုင်
နဲ့ ပေါင်းရင် နှစ်တိုင် မီးထွန်းတာပေါ့။

တတိယမြောက်ဖရောင်းတိုင်ကို တတိယ Adventssonntag နေ့ ( Christmas မရောက်ခင်
နှစ် ပတ်အလို တနင်္ဂနွေနေ့ / 13.12.09) မှာမီးထွန်းပါတယ်။ စုစုပေါင်း ၃ တိုင်ပေါ့။

နောက်ဆုံး ဖရောင်းတိုင်ကို စတုတ္ထ Adventsonntag နေ့ ( Christmas မရောက်ခင်
တစ်ပတ်အလို တနင်္ဂနွေနေ့ / 20.12.09) မှာမီးထွန်းပါတယ်။ အဲ့ဒီနေ့ မှာတော့
ဖရောင်းတိုင်လေးတိုင်လုံးမီးထွန်းပါတယ်။

3 comments:

PAUK said...

မရှင်လေးရေ..
အဲ့ဒါ ဂျာမန်တွေရဲ့ ဓလေ့လား မသိ။။
လူမျိုးတိုင်း ဘာသာတိုင်းမှာ သူ့ဓလေ့နဲ့ သူရှိကြတာချည်းပဲနော်..။

Vista said...

သူတို့ လည်းကျနော်တို့ သီတင်းကျွှတ်လိုပဲထင်တယ်နော်

စန္ဒကူး said...

X'mas decor လို့ထင်နေတာ..
ချစ်စရာလေးရယ်နော်..း)