Monday 16 November 2009

Cookies လုပ်ကြစို့ ....

Vanilla crescents (အခု ၆၀ လောက်ရမယ်။)
၁။ ဂျုံမှုန့်  = ၂၅၀ ဂရမ်

၂။ ထောပတ် = ၂၀၀ ဂရမ် (မုန့် မလုပ်ခင်ကတည်းက ရေခဲသေတ္တာထဲ ကထုတ်ထားပါ။
ထောပတ်ပျော့ဖို လိုပါတယ်။)

၃။ Almonds အမှုန့် = ၁၀၀ ဂရမ်
၎။ သကြား = ၇၀ ဂရမ်
၅။ ဆား အနည်းငယ်


၆။ Powder Sugar = ၁၀၀ ဂရမ်
၇။ Vanillin Sugar = ၂ ထုပ်( တစ်ထုပ် ကို ၈၀ ဂရမ်)



၁ ကနေ ၅ အထိပါတာတွေကို ရောပြီးနယ်ပါ။ အမှုန့် တွေအားလုံး သမပြီး
မုန့် သားချောလာတဲ့ အထိ နယ်ပါ။ ပလတ်စတစ် Folia နဲ့ ထုတ်ပြီး
ရေခဲသေတ္တာ ထဲမှာ (၁)နာရီ ထားပါ။

၆ နဲ့  ၇ မှာပါတာကိုရောထားပါ။


(၁)နာရီ အချိန်ပြည့်ရင် oven ကို 180°C အပူပေးထားပါ။

မုန့် သားကို နဲနဲစီခွဲ ပြီး လက်နဲ့ လှိမ့်ပါ။ အချောင်းလေးတွေရမယ်။
အဲ့ဒီအချောင်းလေးတွေကို နဲနဲကွေးပြီး ပုံဖေါ် လိုက်ပါ။

ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင်ြ
ပီး
180°C နဲ့  10-12 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေးခံပါ။
အေးရင် ၆ နဲ့ ၇ ရောထားတာ ကို ဖြူးပေးပါ။


Nusstaler ( 30 pic.)



၁။ ဂျုံ = ၂၅၀ ဂရမ်

၂။ Hazelnuts အမှုန့် = ၅၀ ဂရမ်
၃။ သကြား = ၁၀၀ ဂရမ်
၎။ ကြက်ဥ = ၁ လုံး

၅။ ကြက်ဥအကာ = ၁ လုံး
၆။ ထောပတ် (ပျော့) = ၁၂၀ ဂရမ်
၇။ ဆား အနည်းငယ်

၈။ Hazelnuts လေးစိပ်ကွဲ = ၁၀၀ ဂရမ်
၁ ကနေ ၇ အထိ ပါတာတွေကို ရောနယ်ပါ။ အမှုန့် တွေအားလုံး
သမပြီး
မုန့် သားချောလာတဲ့ အထိ နယ်ပါ။ ပလတ်စတစ် Folia နဲ့ ထုတ်ပြီး ရေခဲသေတ္တာ ထဲမှာ (၁)နာရီ ထားပါ။

(၁)နာရီ အချိန်ပြည့်ရင် oven ကို 180°C အပူပေးထားပါ။


လုံးပတ် ၃ - ၄ cm ခန့်  လှိမ့်ယူပါ။ ပြီးရင် ½ cm ခန့် ဖြတ်ပြီး
အ၀ိုင်းလေးတွေလုပ်ပါ။ နှစ်ဘက် စလုံးကို Hazelnuts အကြေများ
နဲ့ ဖိလူပေးပါ။


ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင် ပြီး
180°C - 200°C နဲ့  10 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေးခံပါ။



Cinnamon Star

၁။ ကြက်ဥအကာ = ၄ လုံး

၂။ Powder Suger = ၅၀၀ ဂရမ်
၃။ Cinnamon ( သစ်ကြပိုးမှုန့် ) = ၃၀ ဂရမ်
၎။ သံပုရာရည် = စားဇွန်း ၁ဇွန်းခွဲ
၅။ Almonds အမှုန့်  = ၅၅၀ ဂရမ်
၆။ ဆား အနည်းငယ် (တချို့ ကမထည့်ဘူး)

ကြက်ဥ အကာ ကို စက်နဲ့  လုံးဝ ခဲလာအောင်မွှေပါ။ ခွက်ကို မှောက်ကြည့်ရင်
အောက်ကို မကျနိုင်တော့တဲ့ အထိ မွှေပါ။


ကြက်ဥအကာခဲလာရင် Powder Suger ထည့် ပြီးထပ် မွှေပါ။ ကြက်ဥ သကြားအရော
ပြောင်လက် လာတဲ့အထိ စက်နဲ့ ထပ်မွှေပါ။
အဲ့ဒီထဲကမှ စားဇွန်း (၅)ဇွန်းလောက် ဖယ်ထားလိုက်ပါ။

(မုန့် ကျက်ရင် အပေါ်ကသုပ်ဖို့ ပါ။)

ပြီးရင် ၃ ကနေ ၆ အထိပါတာတွေ ထည့်ပြီးမွှေပေး ပြီး နှံ့ အောင်နယ်ပါ။
အမှုန့် တွေအားလုံး သမပြီး မုန့် သားချောလာတဲ့ အထိ နယ်ပါ။ ပလ
တ်စတစ် Folia နဲ့ 
ထုတ်ပြီး ရေခဲသေတ္တာ ထဲမှာ (၁)နာရီ ထားပါ။


ပြီးရင် 1cm ခန့် အထူရအောင် ဒလိမ့်တုန်းနဲ့ လှိမ့်ပါ။
ကြယ်ပုံလေးတွေရအောင် ပုံစံခွက်နဲ့ ဖိပြီး ပုံဖေါ်ယူပါ။ ဒါမှမဟုတ်လည်း
ဆနွင်းမကင်းပုံလေးတွေရအောင် ဓါးနဲ့ လှီးးယူပါ။

ထပ်ပြီးအအေးခံပါ။ ( ကျမတော့ မလုပ်ဘူး။)

ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင် ပြီး
130°C - 150°C နဲ့  20 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေ
းခံပါ။
ပြီရင် ဖယ်ထားတဲ့ သကြားရည် ကို သုပ်ပေးပါ။
(ကျမကတော့ ချိုလွန်းလို့  သိပ်မကြိုက်ဘူး)


Cocosmakrone

၁။ ကြက်ဥအကာ = ၃လုံး
၂။ Powder Suger = 200 gm
၃။ အုန်းသီးမှုန့်  = 150 gm

ကြက်ဥ အကာ ကို စက်နဲ့  လုံးဝ ခဲလာအောင်မွှေပါ။ ခွက်ကို မှေ
ာက်ကြည့်ရင်
အောက်ကို မကျနိုင်တော့တဲ့ အထိ မွှေပါ။

ကြက်ဥအကာခဲလာရင် Powder Suger ထည့် ပြီးထပ် မွှေပါ။ ကြက်ဥ သကြားအရော
ပြောင်လက် လာတဲ့အထိ စက်နဲ့ ထပ်မွှေပါ။


အုန်းသီးမှုန့် ထည့်ပြီးထပ်မွှေပါ။ ( အရမ်းကျဲနေရင် အုန်းသီးမှုန့် ထပ်ထ
ည့်ပါ။)
Oven ကို ကြိုပြီးအပူပေးထားပါ။
မုန့် ဖုတ်တဲ့ အပြားပေါ် ပြီးရင် Baking Paper ခင်း ပါ။
Oblate လေးတွေ ခပ်ခွာခွာခင်းပါ။ oblate ပေါ်မှာ အုန်းသီးအရောကို ဇွန်းနဲ့ ခပ်ပြီးတင်ပေးပါ။
170°C နဲ့  ၁၅ မိနစ်ခန့် ဖုတ်ပါ။ ပြီးရင် အအေးခံပါ။ အနည်းငယ်အေးလာရင် Baking Grid
ပေါ်တင်ပြီး အအေးခံပါ။

Cookies


၁။ ကြက်ဥ = ၃လုံး

၂။ သကြား = ၂၅၀ ဂရမ်
၃။ ဂျုံမှုန့် = ၅၀၀ ဂရမ်
၎။ ထောပတ် (ပျော့) = ၂၅၀ ဂရမ်

ကြက်ဥ၊ သကြား တို့ ကို ရောပြီး သကြားကြေပြီး ခရင်မ် ဖြစ်လာတဲ့အထိ မွှေပါ။
ထောပတ်ထဲ့ ပြီး ဆက်မွှေပါ။
ဂျုံမှုန့် ထဲ့ပြီး အားလုံးနှံ့ သွားအောင်မွှေပါ။ လက်နှင့် နယ်လည်းရပါတယ်။
ဇလုံထဲ ထဲ့ ပြီးရေခဲသေတ္တာထဲမှာ (၁)နာရီခန့်  ထားပါ။ ဇလုံပေါ်မှာ အ၀တ်အုပ်ထားပါ။

(၁)နာရီပြည့်ရင် မထူမပါး အပြားရအောင် ဒလိမ့်တုံးနဲ့  လှိမ့်ပါ။ လှိမ့်တဲ့ကခါ ဂျုံနဲနဲဖြူးပြီး
လှိမ့်ပါ။

ပုံစံခွက်လေတွေနဲ့  ဖိပြီးပုံဖေါ်ယူပါ။

ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင် ပြီး
200°C နဲ့  10 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေးခံပါ။

7 comments:

meemee said...

I know only how to eat...hehe,for me difficult to make like you.Ma Ma Shinlay....I love it.

Shinlay said...

Mee mee.. It is already good that you know how to eat...:)
When you will come to me? You can eat then.

amk said...

ကျေးဇူးအမရေ နောက်မှလုပ်စား၇အုံးမယ်

Evy said...

မုန့်လုပ်နည်းတွေအတွက်ကျေးဇူးပါ အစ်မရေ။ ညီမက မုန့်ဖုတ်တာ အရမ်းဝါသနာပါတာ။ အိမ်နည်းရင်ကောင်းသားနော်။ မုန့်အတူလုပ်လို့ရတယ် :-)

Yu Ya said...

သင်တန်းလာတက်သွားတယ် အစ်မရှင်းလေးရေ.. အဟီး။ နောက်မှ လက်တည့်စမ်းကြည့်ရအုံးမယ်..

yu ya

Anonymous said...

Thank you for sharing make cake.
I visit your blog almost everyday.
Sann

Shinlay said...

amk နဲ့ ကိုယုယ လုပ်စားတဲ့အခါ ခေါ်လိုက်နော်။
လာကူလုပ်ပေးပါမယ်။
Evy ရေ နောက်တခါ ကိတ်လုပ်ရင် တင်ပေးမယ်။
လက်တည့်စမ်းကြတာပေါ့။
Anonymous ကိုလည်းလာအားပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်။