ရန်ကုန် လေဆိပ်ကိုရောက်တာနဲ့  လ၀က မှာ ဘာမေးခွန်းတွေမဲ့ ရင်ဆိုင်ရမလဲ။
ဘယ်လိုမမျှော်လင့်တာတွေ ကြုံရမလဲဆိုတဲ့ အတွေးတွေနဲ့  စိတ်လှုပ်ရှားမိတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကို အဆင်သင့်ပြင်ထားရင်း ကျမအလှည့်ကို
စောင့်နေခဲ့ပါတယ်။ ကျမအလှည့်ရောက်တော့ လိုအပ်တဲ့စာရွက်တွေပေး။ ပုံစံဖြည့်၊
အားလုံးပြီးတော့ အရာရှိက မေးခွန်းမေးလာပါတယ်။
စာအုပ်သက်တမ်းတိုးထားတဲ့ အထောက်အထားပါပါသလားတဲ့။ ကျမက
အထောက်အထားကတော့ စာအုပ်မှာ တုံးထုထားတာရယ်၊ လာခါနီးသံရုံး က
ထောက်ခံစာ ပေးထားတာရယ်ပဲရှိတယ်ပေါ့။
ဒီတော့သူက ကျမစာအုပ်က တံဆိပ်တုံးက အတု မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲတဲ့။
ငွေရပြေစာမပါဘူးလား၊ သက်တမ်းတိုးကြောင်းစာထုတ်မပေးဘူးလားတဲ့။
ဘယ်လိုသက်တမ်းတိုးခဲ့တာလဲတဲ့။ ကျမလည်းသူမေးတာတွေဖြေပေးနေပါတယ်။
ကျမက ဆရာတို့ ဒီမှာ သက်တမ်းတိုးထားတဲ့ ထောက်အထားအတွက် လိုအပ်မဲ့
စာရွက်စာတမ်းကိုထုတ်ပေးဖို့ သံရုံးကို အကြောင်းကြားထားပေါ့၊ ကျမတို့ က ဆရာတို့ 
လိုအပ်တာဘယ်သိမှာလဲ လို့ ကျမပြောတော့ တခါ သူက ဒီသက်တမ်းတိုးတာက
နိုင်ငံခြားရေးဝန်ကြီးဌာနက တိုးတာ၊ သူက လ၀ကဌာနချင်းမတူဘူးဆိုတာလဲပါရဲ့ ။
ကျမကတခါ ၀န်ကြီးဌာနအချင်းချင်းပြောရတာပိုလွယ်တာပေါ့လို ဖြေပြန်ရော။
Thomas မှာလည်း ကျမထွက်လာမဲ့ နေရာထိပ်ကရပ်စောင့်နေပြီ။
ကျမတို့ က မေးလိုက်ဖြေလိုက်လုပ်ကောင်းနေတုန်း။ ဒီတော့မှ သူက ကျနော်က
တာဝန်အရမေးရတာပါတဲ့။ ဟုတ်ကဲ့ ကျမကလည်း တာဝန်အရ ပြန်ဖြေတာပါ
လို့ ပြောပြီး စာအုပ်ယူကာ ထွက်လာခဲ့ပါတယ်။ စာအုပ်ထဲရက်မှားရိုက်၊ ....မှာလားလို့ 
တောင်ပြန်စစ်ရသေးတယ်။
ဒုက္ခ..... ကျမစာအုပ်က ၂၀၀၈ မှာ တက်တမ်းတိုးထားတာပါ။
၂၀၀၈ နောက်ပိုင်း ဒီစာအုပ်နဲ့ ပဲ မြန်မာပြည်ပြန်လာတာ ဒီတခါပါဆိုရင် ၄ခါရှိနေတာ
စာအုပ်ထဲက တုံးတွေမြင်နိုင်တာပဲလေ။ သက်တမ်းကုန်နေတဲ့စာအုပ်အတွက် သံရုံးကရော
ထောက်ခံစာ ထုတ်ပေးပါ့မလား။ စာအုပ်ထဲက တုံးကို အတုလုပ်မှတော့ ပြေစာတို့  ၊
ဘာတို့ လည်းအတုလုပ်မှာပေါ့.....နားမလည်နိုင်ပါ။
ရန်ကုန်မှာပြန်ပြောတော့ ပိုက်ဆံလိုချင်လို့ ပါလို့ အားလုံးကပြောကြတယ်။
အဝေးကနေ ၁၈နာရီလောက် ပင်ပန်းစွာ ပြန်လာတဲ့ ကျမ ပိုက်ဆံပေးရမယ်ဆိုတာထက်၊ ပြန်လည်ချေပရမယ်ဆိုတဲ့ အတွေးပဲခေါင်းထဲမှာရှိပါတယ်။
အဲ နောက်နေ့ ကျတော့ Thomas အတွက်မြို့ နယ်လ၀က မှာ သတင်းသွားပို့ ရပါတယ်။
ဘာရယ်မဟုတ် အဲ့ဒီကိုသွားရမှာ အရင်တွေ့ အကြုံတွေအရ တက်တက်ကြွကြွမဖြစ်ဘူး။
ဘာပဲဖြစ်ဖြစ် အလှူသွားလုပ်တယ်လို့ ပဲစိတ်ထဲမှတ်ပြီးသွားလိုက်ပါတယ်။
အရာရှိက သူ့ ဆီမှာ ၆၀၀၀ ကျပ် ထားခဲ့ဖို့ နဲ့  ၊စာရွက်စာတမ်းကြေး ၆၀၀၀ ကို အပြင်မှာ သွင်းခဲ့
ဖို့ ပြောပါတယ်။ ပုံစံတွေထုတ်ပေးတဲ့ လူကိုတော့ အရင်ထဲကသိနေတာနဲ့  ၄၀၀၀
ပေးလိုက်ပါတယ်။ အဲ့ဒီနေ့ ကငွေ ၁၆၀၀၀ ကျပ် အလှူပေးခဲ့ပါတယ်။
ရန်ကုန်က တက္ကစီများလေဆိပ်ကထွက်တော့ တက္ကစီငှားရပါတယ်။ Marina residence မှာ Thomas ကို ချပေးပြီးမြေနီကုန်းကိုဆက်သွားဖို့  ၈၀၀၀ ပြောပါတယ်။ နောက် ၆၀၀၀ နဲ့ ဈေးတဲ့တယ်။
ကားပေါ်ရောက်တော့ ကားမောင်းတဲ့သူက မြေနီကုန်းအရင်ပို့ ပြီးMarina ကို
အပြန်မှာဝင်ပို့ မယ်။ သူ့ အိပ်က Marina နားမှာဆိုတော့ဝင်နားလို့ ပို အဆင်ပြေတယ်ဆိုပဲ။
မရကြောင်းပြောပြီး ကျမတို့ နဂို လမ်းကြောင်းအတိုင်းမောင်းခိုင်းရတယ်။
ကားပေါ်မှာ Thomas က ပူလိုက်တာဆိုတော့ Air Con. ရှိပါတယ်။ ဖွင့်ရင် ဈေးပိုပေးရ
မယ်ဆိုပြီး ဖွင့်ပေးပါတယ်။ ကျမတို့ လည်း တောသားမြို့ ရောက် အညာခံလိုက်ရတယ်ဆိုတာ နောက်မှသိရပါတယ်။ လူတွေမရိုးသားကြတော့ပါ။
တက္ကစီခကတော့ဟိုနားဒီနား ၁၀၀၀ ကျပ်ပါ။ မီတာတွေတတ်ထားတာတွေ့ ပေမဲ့ တခါမှ
မီတာဖွင့်မောင်းတာ မတွေ့ ရပါ။ တချို့ ကတော့ ရောက်ခါနီးမှဖွင့်တာတွေ့ ရပါတယ်။
Air Con. ပါတဲ့ တက္ကစီကို တော့ ၂ခါ။၃ခါလောက်စီးခဲ့ဖူးပါတယ်။ Thomas ကတော့
Air Con. ပါတဲ့တက္ကစီဆို ပိုက်ဆံပိုပေးရှာပါတယ်။ တချို့ ကတော့ ငှားရင်
ဈေးပိုတောင်းတယ်။ ဈေးဆစ်ရတာ မလုပ်ချင်ဆုံးပါ။ ပုံမှန်ဈေးအတိုင်းပြောတဲ့
သူဆိုရင်တော့ ကျမတို့  အပိုငွေ ထပ်ပေးပါတယ်။
တက္ကစီကားတွေက အားလုံးလိုလို အစုတ် တွေပါ။ တံခါးကို မ၀င်ခင်ကတည်းက
လက်ကိုင်ချပြီးမှ ပိတ်လို့ ရတဲ့ ကား၊ ဖွင့်ရင်အပြင်ကဖွင့်မှရတဲ့ကား၊ မိုးရွာရင်
မှန်တင်လို့ မရတဲ့ကား၊ ကားထဲက ကျိုးပဲ့ နေတာတွေနဲ့ ထိခိုက်မှု မဖြစ်အောင်
သတိထားစီးရတဲ့ကား။ အပြင်ဘက်က အသစ်လို့ ထင်ရပေမဲ့၊ ကားထဲမှာ
စုတ်ပြတ်နေတဲ့ကား။ ကြောင်သေးစော်နံနေတဲ့ကား စတဲ့တက္ကစီအမျိုးမျိုးကို
စီးခဲ့ပါတယ်။ Thomas မှာတော့ ဂရုစိုက်စီးနေတဲ့ကြားက မပြန်ခင်တရက်အလိုမှာ
တက္ကစီပေါ်အတွက် ကားပေါ်က ပြုတ်ထွက်နေတဲ့ အရာတခုနဲ့ တိုက်ပြီး ခြေမထိသွားလို့ 
အခုတော့ ခြေသည်းခွာလိုက်ရပါတယ်။ သူငယ်ချင်းတို့ ပြန်ရင် မေးခိုင်ရောဂါ
ကာကွယ်ဆေးထိုးပြီးမှ တက္ကစီ စီးကြဖို့ အကြံပေးပါတယ်။