Saturday, 31 December 2011

2012

မကြာခင်မှာ ၂၀၁၂ ကိုရောက်တော့မယ်။
နှစ်သစ်ကိုကြိုတဲ့အချိန်တိုင်းမှာ ငယ်ငယ်က အတူတူရှိခဲ့ကြတဲ့
မောင်နှမတွေကို သတိရမိပါတယ်။ တယောက်တနေရာဆီမှာ
ရောက်နေကြပေမဲ့ ဒီအချိန်ဆိုရင် ကျမလိုပဲ သူတို့ လည်း ငယ်ငယ်
ဒီလိုနေ့ မျိုးတွေ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ အနားမှာရှိနေတဲ့
သူတွေကို ပြောပြဖြစ်မလားပဲ။
မောင်နှမတွေ စုပြီး ဗီဒီယိုအခွေတွေကြည့်ရင်း ည ၁၂နာရီကိုစောင့်
ကြတယ်။ ကျမအမေနဲ့ အဒေါ်တွေက ညလည်မှာ စားဖို့ ပြင်ဆင်ကြ
တယ်။ အမြဲလိုလို လုပ်ဖြစ်တာကတော့ ကြေးအိုး၊ ကော်ပြန့် စိမ်း၊
အစားအသောက်တွေ အဆင်သင့်ဖြစ်ရင် ကိုကြီးတို့ အိမ်က စားပွဲ
ကြီးမှာ တစ်ခြံလုံးက မောင်နှမတွေစုဝေးကြပြီး စားကြ၊ ပြောကြ၊
ရီကြနဲ့ ပေါ့။
ဒီညတော့ ကျမ နဲ့ ကိုသောမတ်စ်နှစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်
နဲ့ နှစ်သစ်ကူး ညစာ(raclette) စားဖြစ်တယ်။ စားရင်းနဲ့ ငယ်ငယ်က
အကြောင်းတွေပြန်ပြောဖြစ်တယ်။ နှစ်စဉ် ကျမပြောနေကြဖြစ်လို့ 
အကြောင်းတွေ ကိုအလွတ်ရနေပြီဖြစ်ပေမဲ့ စိတ်ရှည်စွာနားထောင်ပေး
လို့ ကျေးဇူးတင်ပါတယ်။
ကျမသတိရနေသလို ကျမအမေ၊ ကျမအဒေါ်တွေ၊ မောင်နှမ၀မ်းကွဲတွေ
အားလုံးလည်း သတိရနေကြမှာပါ။
နှစ်သစ်မှာ ပျော်ရွှင်မှုတွေ၊အောင်မြင်မှုတွေ၊ လိုအင်ဆန္ဒတွေ အားလုံးပြည့်
ဝပြီး၊ ကျန်မာရွှင်လန်းကြပါစေလို့  သူငယ်ချင်းများ၊ ဆွေမျိုးများအားလုံးကို
နှုတ်ဆက်လိုက်ပါတယ်။
၃၁.၁၂.၂၀၁၁ ညနေ ၈နာရီ ၅၈မိနစ်။

Sunday, 25 December 2011

လက်ဆောင်များနဲ့ အတူ

မနေ့ ညက လေယာဉ်နောက်ကျတာနဲ့  ၁၂နာရီကျော်မှ ကိုသောမတ်စ်ပြန်ရောက်ပါတယ်။
ဒီနေ့ မနက်မှ သူ့ ခရီးစဉ်တလျှောက်ရိုက်လာတဲ့ဓါတ်ပုံတွေပြ၊ လက်ဆောင်တွေ ပေးနဲ့ 
စကားတွေလည်းအများကြီးပြောဖြစ်ကြပါတယ်။
သူ က စင်္ကာပူမှာ တော်တော်ပျော်ခဲ့ပုံရပါတယ်။ ကျမအမျိုးတွေ၊သူငယ်ချင်းတွေနဲ့ တွေ့ ၊
စင်္ကာပူက တရားထိုင်တဲ့ ဓမ္မမိတ်ဆွေတွေနဲ့ တွေ့ ၊ ဘုန်းကြီးကျောင်းသွားဆိုတော့
သူတော်တော်ပျော်တဲ့ပုံပါပဲ။ ကျမတောင်ဓါတ်ပုံတွေကြည့်ပြီး သွားချင်စိတ်ဖြစ်သွားပါတယ်။

ကျမအတွက်အမှတ်တရယူလာတာလေးတွေပါ။

အိန္ဒိယက ယူလာတဲ့ ခြေကျင်း ။


စင်္ကာပူက ကိုကြီးပေးလိုက်တဲ့ ဆနွင်းမကင်း



တရုတ်သီချင်းမှာလိုက်လို့  ကိုကြီးတဲ့ပေးလိုက်တာ။


ကိုသောမတ်ယူလာတဲ့ ဒညင်းဝက်။ ကျမကြိုက်တတ်မယ်ထင်လို့ တဲ့။ တကယ်တော့ ကျမအရင်က
အလွန်ကြိုက်ပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီးမှ မစားဖြစ်တော့တာ။ အခုတော့ ၃ခြမ်း ရေစိမ်ထားတယ်။
ကျန်တာကိုတော့ကြော်စားမယ်လေ။ အနံ့ နံတယ်လို့ တော့ ကြိုပြောထားပါတယ်။
ကိစ္စမရှိဘူးတဲ့။



ခရစ္စမတ် လက်ဆောင်။ ကျမအလုပ်မှာ သုံးဖို့ တဲ့
အင်္ကျီတထည်လည်းပါသေးတယ်။ ကျမအခုဝတ်ထားလို့ ဓါတ်ပုံမရိုက်လိုက်ရပါ။

ဒါကတော့ ကျမအိမ်က ဒီနှစ်ခရစ္စမတ်

ကိုသောမတ်စ်ခရီးတလျှောက်မှာ အစစ ကူညီပေးကြတဲ့ မိတ်ဆွေ၊သူငယ်ချင်း၊ ဆွေမျိုးတွေ
အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အထူးသဖြင့်မတွေ့ ရတာကြာပြီဖြစ်တဲ့ ကိုကြီး၊
ကိုမျိုး၊ ကိုဖြိုး တို့ မိသားစုနဲ့  ပေါက်ပေါက်တို့ ရဲ့ ဓါတ်ပုံတွေကြည့်ပြီး ငယ်ငယ်က အတူတူ
နေခဲ့ကြတုန်းက အကြောင်းတွေကို သတိရမိပါတယ်။ ရှေ့နှစ်ထဲတော့ ကျမတို့ အားလုံး ပြန်တွေ့ 
နိုင်မယ်ထင်ပါတယ်။

Thursday, 15 December 2011

သတိရခြင်း

အိမ်မှာတစ်ယောက်ထဲဆိုတော့ တခါတလေလည်းသတိရမိပါတယ်။
သူခရီးမသွားခင်ကတော့ တယောက်ထဲဆိုရင် ဇိမ်ပဲ၊လွတ်လပ်ပြီပေါ့။
စားချင်တာချက်စားမယ်။ လုပ်ချင်တာလုပ်မယ်... တွေးထားပေမဲ့
တကယ်တမ်းကြတော့ ထင်သလိုမဟုတ်ပါ။

သူခရီးသွားနေစဉ် လမ်းခရီးမှာ အစစ အဆင်ပြေပါစေလို့ ဆုတောင်းရသလို၊
အဆင်ပြေပါ့မလားလို့ လည်း စိတ်ပူရပါသေးတယ်။

အရင်ကပုံမှန်လုပ်နေကြ အရာတွေကို တစ်ယောက်ထဲလုပ်ရတဲ့အခါမှာ တစ်ခုခု
လိုနေသလိုပါပဲ။ သူ့ အတွက်ကျမလုပ်ပေးနေကြအရာတွေ ကိုလုပ်ပေးနေကြ
အချိန်တွေမှာ မလုပ်ပေးရတော့ ဘာလိုနေမှန်းမသိ။
ဒီလိုပဲ သူကျမအတွက် လုပ်ပေးတတ်တာလေးတွေ ကိုလည်းအခုအချိန်မှာ သတိရပါ
တယ်။
အတူတူရှိနေချိန်မှာ မသိသာတဲ့ အရာ အသေးအဖွဲလေးတွေဟာ အခုလို ဝေးနေချိန်မှာ
သတိရစရာတွေပါ။

မနက်စာစားရင် သူသောက်နေကြကော်ဖီနံ့ မရတာ၊ ကျမအလုပ်ကပြန်လာရင်
စားပွဲပေါ်မှာတွေ့ ရလေ့ရှိတဲ့ သူ ဘယ်သွားတယ်။ ဘယ်အချိန်ပြန်လာမယ်။ ဘာတွေ
လုပ်ထားတယ်... ... ... စသဖြင့်ရေးထားတဲ့စာရွက်လေးကို လည်း မျက်စိက အကျင့်ပါ
ပြီးရှာကြည့်တတ်သေးတယ်။ ထမင်းစားပြီးရင် ပန်းကန်တွေကူဆေးပေးတဲ့သူ့ ကိုလည်း
သတိရပါတယ်။ အိမ်မှာ နေရတာ ကြိုက်တဲ့ကျမကို ညနေစောင်းရင် အပြင်တနေရာရာ
အတင်းခေါ်ပြီးလျောက်လည်တတ်တာ။ အခု ကျမအကျင့်များပါသွားပြီလားမသိ။

ညဘက်၈နာရီ သတင်းလာရင်အတူတူ ကြည့်ပြီးကျမနားမလည်တာတွေမေးသမျှ ရှင်းပြပေး
နေကြဆိုတော့ တစ်ယောက်ထဲသတင်းကြည့်တဲ့အခါ သိပ်နားမလည်တော့သလားလို့ 
ထင်မိတယ်။
ညအိပ်ခါနီး Jataka ထဲက ပုံတွေဖတ်ပြမယ့်သူမရှိမှ ပိုနားထောင်ချင်သလားလို့ ။

သူပြန်လာမှ ကျမသူ့ ကိုသတိရတဲ့အကြောင်းရေးထားတဲ့ဒီစာကို ဘာသာပြန်ပြလိုက်
ပါမယ်။ သူ ရီမလားမသိပါ။

Friday, 9 December 2011

ခရစ္စမတ်ဈေးပွဲ (Bad Krozingen)

မနေ့ ကမှစဖွင့်တဲ့ ကျမတို့ မြို့ လေးက ခရစ္စမတ်ဈေးပွဲ ကို ရောက်ဖြစ်ပါတယ်။
ညနေ ၅ နာရီ ဆိုပေမဲ့ နဲနဲမှောင်နေပါပြီ။ လေအေးတွေတိုက်လာရင်တော့ အေးစိမ့်စိမ့်ဖြစ်
ပေမဲ့ ရာသီဥတုက သိပ်မအေးသေးပါဘူး။ ဒီနှစ်ဆောင်းတွင်းက သိပ်မအေးသေးပါ။
ကျမအတွက်တော့ နေလို့ ကောင်းရုံပဲအေးသေးတယ်လို့ ဆိုလိုရပါတယ်။

ပွဲဈေးတန်းလေးက သိပ်မကြီးသလို၊ လူလည်းသိပ်မများပါဘူး။ ဆိုင်တွေကလည်း သိပ်ရောင်း
ကောင်းပုံမရပါ။ ကျမလည်း တစ်ယောက်ထဲဟိုငေး၊ဒီမော့နဲ့ ... စိတ်ဝင်စားစရာ လည်းမတွေ့ 
ခဲ့ပါဘူး။ မြို့ ကြီးတွေကဈေးတန်းတွေကတော့ ပိုစည်ကားမှာ အမှန်ပါပဲ။

ကြော်ငြာ ဆိုင်းဘုတ်

ဖျော်ဖြေရေးစင်ပါ။
အချိန်လိုက် ခရစ္စမတ် သီချင်းတွေ အနီးအနားမြို့ လေးတွေကလာဖျော်ဖြေကြပါတယ်။

ကျမရောက်တော့ ဘာအစီအစဉ်မှမရှိလို့ ကလေးတွေပဲတက်ကစားနေကြတယ်။


ကလေးတွေကို ပန်းသီးလိုက်ဝေနေတာပါ။ ကျမတော့မရခဲ့ပါဘူး။


ယုန်လေးတွေ၊ ပူးလေးတွေ၊ဆိတ်တွေ၊မြင်းလေးတွေ ရှိပါတယ်။ အစာကျွေးလို့ ရပါတယ်။





ဆိုင်တစ်ဆိုင်ကရောင်းတဲ့ ပစ္စည်းတွေပါ။ အိမ်ရှေ့ တံခါးဝမှာ ထားလေ့ရှိပါတယ်။


လူသိပ်မများတဲ့ ခရစ္စမတ်ဈေးတန်းလေးပါ။


ခရစ္စမတ်ဈေးပွဲ တန်းကိုလိုက်လည်ကြတဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Wednesday, 30 November 2011

Tipitaka Chanting Bodhgaya 2011

ဗုဒ္ဓဂါယာမှာ ၂.၁၂.၂၀၁၁ မှ ၁၂.၁၂.၂၀၁၁ အထိ ကျင်းပမယ့် တိပိဋိက ရွတ်ဖတ်
ပူဇော်ပွဲ အစီအစဉ်တွေကို ဒီနေရာမှာ http://www.tipitakachantingcouncil.org/pdfs/Inter.%20Tipitka%20Chanting%20Ceremony%202011.pdf
ဖတ်ကြည့်လို့ ရပါတယ်။

ဒီနှစ်မှာလည်းကျမ ဗုဒ္ဓဂါယာကိုမရောက်ဖြစ်ပါဘူး။ ဒါပေမဲ့ ကိုသောမတ်စ် ကတော့
သွားပါလိမ့်မယ်။ သူ့ အလုပ်ကိစ္စတွေ မပြတ်တာကြောင့် ၆.၁၂. ၂၀၁၁ မှ ဗုဒ္ဓဂါယာ
ကိုရောက်မှာပါ။ အခုတော့ သူ့ ခရီးစဉ်အတွက်လိုအပ်တာတွေပြင်ဆင်နေပါတယ်။
ကျမလည်းအခုလိုပွဲမျိုးကို ရောက်ချင်ပေမဲ့ အလုပ်မှာ ခွင့်ကဒီရက်တွေမှာမရတာကြောင့်
အဝေးကပဲ မှန်းပြီး ကုသိုလ်ယူရမှာပါ။

ဒီနေရာမှာ မနှစ်ကပုံတွေ ကြည့်လို့ ရပါတယ်။

ကိုသောမတ်စ်က ဒီနှစ်တော့ ဗုဒ္ဓဂါယာမှာ ၈ရက်ပဲနေပြီးစင်္ကာပူ နဲ့ ဘန်ကောက်
ကိုခရီးဆက်ပါမယ်။ ကျမလည်း သူနဲ့ လိုက်သွားချင်နေတာ။ အမျိုးတွေ၊ သူငယ်ချင်း
တွေနဲ့ လည်းတွေ့ ချင်ပါတယ်။

သူငယ်ချင်းတို့ လည်း ကိုသောမတ်စ်ကိုလမ်းမှာတွေ့ ရင်နှုတ်ဆက်လိုက်ပါနော်။

Saturday, 19 November 2011

တရုတ်စကားနှင့် ကျမ

ဂျာမန်စကား မတောက်တခေါက်ရပြီဆိုတော့ နောက်ထပ်ဘာသာစကား
တစ်မျိုးဆက်သင်ချင်လာတယ်။ အလုပ်မှာ ရုရှားက လူနာတွေလည်းလာကြတော့
ရုရှားသင်မလားစိတ်ကူးမိပေမဲ့ စိတ်မ၀င်စားဘူး။

ကိုသောမတ်စ်ကတော့ဟော်လန်စကားသင်ပါလား။ သူနဲ့ ပြောလို့ ရတာပေါ့တဲ့။
ဟော်လန်စကားက ဂျာမန်နဲ့ အင်္ဂလိပ် ရောနေသလိုပဲဆိုတော့ နဲနဲမှန်းကြည့်လို့ 
ရပါတယ်။ နောက် တချို့ အသံထွက်တွေကျမ မထွက်တတ်ဘူး။ ဒတ်ခ်ျတွေနဲ့ က
ဂျာမန်လို၊ အင်္ဂလိပ်လိုပြောလည်းအဆင်ပြေတော့ သူတို့ နဲ့ တွေ့ ရင်အဆင်ပြေပါတယ်။

ပြင်သစ်ကလည်း ရန်ကုန်မှာတုန်းက ၃ နှစ်လောက်သင်ထားရတော့ အရေးအကြောင်း
ပြောရတော့မယ်ဆိုရင် ပြန်ထွက်လာပါသေးတယ်။ ဒါကိုတော့ဆက်မသင်ချင်တော့ဘူး။

ဒီလိုနဲ့ ဘာသာစကားတွေရွေးလိုက်တာ အခုတော့ တရုတ်စကားသင်ဖြစ်ပါတယ်။
ကျမတို့  တရုတ်သွေးပါပေမဲ့ ဆွေမျိုးတွေထဲမှာ တရုတ်စကား မတတ်ကြပါဘူး။
ငယ်ငယ်က ကျမတို့ အိမ်ရှေ့မှာ တရုတ်စာသင်တဲ့အိမ်ရှိပေမဲ့လည်း သင်ရဖို့ တောင်
စိတ်မကူးခဲ့မိပါဘူး။ နေ့ ခင်းဆိုရင် ကလေးတွေ စာအော်ဆိုနေတာတွေတော့ကြား
နေရတာပဲ။

ကျမကို ဘုရားစာတွေသင်ပေးခဲ့တဲ့ ဆရာကလည်း တရုတ်ဘာသာသင်တဲ့
ဆရာပါ။ ဆရာက ဘုရားစာသာသင်ပေးပြီးတရုတ်စာတော့မသင်ပေးခဲ့ပါဘူး။
နိုင်ငံခြားဘာသာသင်ကျောင်းမှာ ဘာသာစကားတစ်ခု ထပ်သင်တော့လည်း
ဆရာသင်ပေးနေတဲ့ တရုတ်ဘာသာကို ကျမမရွေးခဲ့ပါဘူး။
ကျမရဲ့ ညီမ၀မ်းကွဲက အိမ်မှာ တရုတ်စကားသင်ဖို့  ဆရာမခေါ်၊ လူစုပြီးသင်ပေမဲ့
ကျမစိတ်မ၀င်စားခဲ့ပါ။

အခုတော့ ဘာရယ်ကြောင့်မှန်းမသိပဲ တရုတ်စာသင်ချင်စိတ်ပေါက်လာပြီး
တရုတ်စာသင်နေပါတယ်။ ကျမရဲ့ ကွိကွိ၊ကွကွ။ ရှရှ၊ ရှိရှိ တွေကို စိတ်ရှည်
စွာ နားထောင်ပေးနေသူကတော့ ကိုသောမတ်စ်ပါပဲ။
ကျမ တရုတ်စာတွေ အရေးကျင့်ရတာ ကိုကြိုက်ပါတယ်။ စာကြောင်းလေးတွေ
ရေးကြည့်ရတာကိုကြိုက်ပါတယ်။ အသံထွက် ကွိကွိ၊ကွကွ။ ရှရှ၊ ရှိရှိ
တွေကိုလည်း တဖြေးဖြေး ကြိုက်လာပါတယ်။ တခါတလေ ဘူတာမှာ ရထားစောင့်
ရင်း၊ ရထားပေါ်မှာ ထိုင်ရင်း စာလုံးတွေကျက်နေရင် ဘေးကလူတွေက ကျမဆီက
တခါတလေထွက်လာတဲ့ ကွိကွိ၊ကွကွ။ ရှရှ၊ ရှိရှိ တွေကြောင့်လှည့်ကြည့်လေ့ရှိတာ
လည်း မဆန်းတော့သလိုပါပဲ။

ကိုသောမတ်စ်မှာတော့ ကျမရဲ့  အသံထွက်တွေကိုနားထောင်လိုက်၊ ကျမရေးတာတွေကို
မှန်မမှန်တိုက်ကြည့်ပေးလိုက်၊ ကျမကိုစာမေးလိုက်နဲ့ သူလည်း ကပြား နီးပါးဖြစ်နေပါပြီ။
တခါတလေ သူတောင် ထွက်ချင်တဲ့အသံတွေထွက်ပြီး တယောက်ထဲ အော်ဆိုနေလေရဲ့ ။
ကျမရဲ့ တရုတ်ဓါတ်ကူးသွားတာထင်ပါရဲ့ ။
ဘာပဲဖြစ်ဖြစ် စိတ်ရှည်စွာ နားထောင်ပေးနေတဲ့ ကိုသောမတ်စ်ကို ကျေးဇူးတင်မိပါတယ်။

Wednesday, 16 November 2011

စတုဂတ် (Stuttgart) အမှတ်တရ

မြန်မာသူငယ်ချင်းတွေနဲ့ တွေ့ ရမှာမို့ တလမ်းလုံးကျမ ပျော်နေမိတာပါ။
စတုဂတ်ဘူတာရောက်တော့ လာကြိုနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို
တွေ့ တာနဲ့ စိတ်ထဲက မြန်မာပြည်ရောက်နေသလိုဖြစ်သွားရပါတယ်။
စကားတွေပြောရင်း မြို့ ထဲကိုခဏသွားဖြစ်ကြပါတယ်။ အပြန်လမ်းမှာ
အာရှဆိုင်ကိုဝင်ပြီး ငါးကင်စားဖို့ ငါး နဲ့ လိုအပ်တာတွေဝယ်ကြတယ်။
သူငယ်ချင်းအဆောင်ရောက်တော့ ငါးကင်ပြီး၊ မာလာဟင်းချက်ဖိုပြင်ဆင်ကြ
တယ်။ ဒီကြားထဲမှာ အဆာပြေစားဖို့  ပန်းငရုပ်ပွ အစာသွပ်ဟင်း၊ Mozzarella နဲ့ 
ခရမ်းချဉ်သီးသုပ်တို့ လည်းလုပ်ထားကြသေးတယ်။ အရသာရှိလှတဲ့ မာလာဟင်းနဲ့ 
ငါးကင် ကိုရှူးရှူးရှဲရှဲ နဲ့ စားလိုက်ကြတာ။
ညကျတော့ စကားတွေပြောရင်း အတော်နောက်ကျမှအိပ်ဖြစ်ကြပါတယ်။
မနက်ရောက်တော့ တခြားသူငယ်ချင်း နှစ်ယောက်ထပ်ရောက်လာတယ်။
သူတို့  နဲ့ ကအခုမှတွေ့ ကြတာဆိုတော့ မိတ်ဆွေဖွဲ့ ကြ၊ ဘယ်ကလဲ၊ဘာတွေလုပ်တာလဲ
မေးကြ၊ပြောကြ... ...။ သူငယ်ချင်းတွေက ဈေးသွားပြီး ဟင်းချက်စရာတွေသွားဝယ်ကြတယ်။
အဲ့ဒီနေ့ က ဟင်းကောင်းတယ်။ ကြက်သားဟင်း၊ ၀က်သားချဉ်သုပ် ...
အပြင်ဘက် နေရောင်အောက်က ခုံတန်းမှာ ထိုင်ကြရင်း ထမင်းဟင်းကောင်း စားရတာ
ဘယ်တော့မှမေ့မှာမဟုတ်ပါ။
ကျမလည်းကြုံတုန်း အိန္ဒိယ က မိတ်ဆွေများရဲ့  ပူရီလုပ်ကြပုံ၊ ကြက်သားဟင်းချက်ကြ
ပုံကို လေ့လာခဲ့သေးတယ်။ အဲ့ဒီနေ့ က အိန္ဒိယ မိတ်ဆွေတွေကလည်း မိတ်ဆုံစား
ပွဲရှိလို့ ကျမတို့ နဲ့ အပြိုင်ချက်ကြတယ်လေ။ မီးဖိုထဲမှာပျော်စရာကြီး။ ဟင်းနံ့ တွေကို
မွှေးနေတာပါပဲ။

နေ့ ခင်းရောက်တော့ မယ်ဇလီဖူးသုပ်နဲ့ ရေနွေးချမ်း.... နောက်ထပ်ရောက်လာတဲ့
သူငယ်ချင်းတွေနဲ့ ဆို စုစုပေါင်းမြန်မာ (၇)ယောက်။ ပျော်စရာကောင်းလိုက်တာ။
စကားတွေပြောကြ၊ အစားတွေစားကြ၊ ... အချိန်တွေက ကုန်တာမြန်လိုက်တာ။

အချိန်တန်လို့ အိမ်ပြန်ကြတော့ ပြန်ရမယ့်သူတွေက မပြန်ချင်သလို၊ ကျန်ခဲ့ရတဲ့သူ
တွေကလည်း မခွဲချင်ကြပါဘူး။ ကျမလည်းအိမ်ပြန်လာရပေမဲ့ ခဏလေးတွေ့ ခွင့်ရ
သိခွင့်ရကြတဲ့ သူငယ်ချင်းတွေအကြောင်းကို တွေးရင်း အပြန်လမ်းမှာ လွမ်းနေမိပါတယ်။

ှုဧည့်ဝတ်ကျေကြတဲ့ သူငယ်ချင်းတို့ ကို အထူးကျေးဇူးတင်လျှက်ပါ။

Tuesday, 8 November 2011

ဘာလုပ်နေလဲ

အခုတလောပျောက်နေလို့ သူငယ်ချင်းတွေက မေးကြတယ်။ ဘာတွေလုပ်နေလဲ။
နေကောင်းရဲ့လား။....စသဖြင့်ပေါ့။ မြန်မာပြည်ကပြန်လာကတည်းက အလုပ်မှာ
၃ပတ်လောက် အချိန်ပိုတွေဆင်းရတဲ့အထိများလိုက်တဲ့အလုပ်။
အလုပ်တွေပါးသွားတော့ မိတ်ဆွေသူငယ်ချင်းတွေရှိတဲ့ ဟိုနား၊ဒီနားတွေ အလည်သွား
ဖြစ်ခဲ့ပါတယ်။ ကိုလုံး ( Köln/ Cologne) ကသူငယ်ချင်းဆီမှာ ၄ရက်လောက်အနားယူ၊
စကားတွေပြော၊လျှောက်လည်ဖြစ်ခဲ့ပါတယ်။ ဘလော့ ကတဆင့်ခင်ခွင့်ရခဲ့တဲ့ သူငယ်
ချင်းဆီလည်းရောက်တယ်။ သူချက်ကျွေးတဲ့ အုန်းနို့ ခေါက်ဆွဲကလည်းအလွန်ကောင်းပါတယ်။
ပြီးတော့ ကိုလုံးရဲ့ ညဈေးတန်းကိုလျှောက်ခဲ့ကြပြီး ရေခဲ့မုန့် ဆိုင်ထိုင်ကြတာကို ဘယ်တော့မှ
မေ့မှာမဟုတ်ပါ။ ကျမစိတ်ထဲ မြန်မာပြည်က သီတင်းကျွတ်ပွဲဈေးလျှောက်နေရသလို
ခံစားရပါတယ်။ ( သူငယ်ချင်းတို့ ရေ ကျေးဇူးပါနော်။)

ပြီးခဲ့တဲ့ တပတ်ကြတော့ မိတ်ဆွေ ဇနီးမောင်နှံ က အသက် (၄၀) ပြည့် မွေးနေ့ လုပ်တာနဲ့ 
Black Forest ကမြို့ လေးဆီရောက်ဖြစ်ခဲ့သေးပါတယ်။

သူတို့ က အိမ်တလုံးငှားပြီး မွေးနေ့ ပွဲလုပ်ပါတယ်။ အရင်က အဲ့ဒီအိမ်က စားသောက်ဆိုင်ပါ။
အခုတော့ ပါတီပွဲတွေအတွက်ငှားပါတယ်။ ကျမတို့ အဖွဲ့ က သောက်ကြာနေ့  နေ့ လည်
(၁)နာရီကနေ စနေနေ့ နေ့ လည် (၁း၃၀) အထိငှားထားပါတယ်။
အိမ်အောက်ထပ်မှာ စားပွဲခုံတွေ၊ ကုလားထိုင်တွေ လူ ၅၀ စာလောက်ရှိပါတယ်။
မီးဖိုထဲမှာတော့ ပန်းကန်ခွက်ရောက်အားလုံးရှိပါတယ်။ ရေနဲ့ မီး ကိုတော့ သုံးသလောက်
ပေးရပါတယ်။ အပေါ်ထပ်မှာတော့ အခန်း ၃ ခန်းရှိပြီး၊ လူ ၁၅ ယောက်လောက်အိပ်လို့ 
ရပါတယ်။
ကျမအရင်နေခဲ့ဖူးတဲ့ Black Forest ကမြို့ လေးနဲ့ သိပ်မဝေးပါဘူး။ ကိုယ့်ဒေသကိုပြန်
ရောက်သလို ခံစားရတယ်။ မနက်မိုးလင်းတော့ Black Forest ရဲ့ လေကောင်းလေသန့် ကို
ရှူရင်း နေရောင်အောက်မှာ တောင်တန်းတွေ၊ထင်းရူးပင်တွေ၊မြက်ခင်းတွေနဲ့ လှနေတဲ့
Black Forest ကို အလွမ်းပြေပြန်ရောက်ခဲ့တယ်။

လာမယ့်စနေ၊တနင်္ဂနွေ ကျရင်တော့ စတုဂတ် (Stuttgart) က သူငယ်ချင်းတွေဆီ
ရောက်ဖြစ်ပါမယ်။
အခုတလောခရီးယာယီများနေပါတယ်။ နှင်းတွေမကျခင် အပြေးအလွား ခရီးများနေတာပါ။
မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ ရရင် စိတ်ထဲမှာလွတ်လပ်ပျော်ရွှင်ရပါတယ်။
ကျမကို လာလည်ခွင့်ပေးတဲ့သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Wednesday, 19 October 2011

လူတိုင်းမှာ မိမိတို့ က ပေးနိုင်တဲ့ အရာတွေရှိပါတယ်(Die Tafel)


Die Tafel ဆိုတာ ဂျာမနီက လူမှုရေးအဖွဲ့ အစည်းတစ်ခုပါ။ ဂျာမနီမှာ တနေ့ တနေ့ 
လွှတ်ပစ်နေရတဲ့ အစားအသောက်တွေ အများကြီးပါ။ အဲ တဘက်မှာလည်း အစား
အသောက်လိုအပ်နေတဲ့ သူတွေလည်းရှိနေပါတယ်။ အဲ့ဒီအခြေအနေ နှစ်ခုကို
ပေါင်းစည်းပေး လိုက်တာကတော့ Die Tafel ပါပဲ။ ဒီအဖွဲ့ က ပိုနေတဲ့ အရာတွေကို
လိုနေတဲ့ နေရာမှာ အသုံးပြုပေးပါတယ်။



ဒီအဖွဲ့ က ပိုလျှံနေပြီးပစ်ရတော့မဲ့ အစားအစာတွေ၊ ဥပမာ စူပါမတ်တွေ၊ ပေါင်မုန့် ဆိုင်တွေ
မှာ ရက်လွန်ခါနီးနေတဲ့  အစားအသောက်တွေ၊ ရောင်းပန်းသိပ်မလှတော့တဲ့ ဟင်းသီး
ဟင်းရွက်တွေ၊ ရာသီချိန်ကုန်သွားတဲ့ ပစ္စည်းတွေကို အလှူခံပြီး လိုအပ်နေတဲ့သူတွေက
ိုဝေပေးပါတယ်။

လိုအပ်နေတဲ့သူတွေဆိုတာကတော့ ပင်စင်ငွေအနည်းငယ်နဲ့ ရပ်တည်နေရသူတွေ၊
အလုပ်လက်မဲ့ တွေ၊ အစိုးရရဲ့ အတောက်အပံ့ကို ယူထားတဲ့ သူတွေ ဖြစ်ပါတယ်။
ဒီသူတွေဟာ အထောက်အထားပြရပါတယ်။ စီစစ်ပြီးရင် လိုအပ်တဲ့ အစားအသောက်
တွေကို အလကားဖြစ်ဖြစ်၊ အချို့ ကတော့ ပိုက်ဆံ အလွန်နဲနဲလေးနဲ့ ဝယ်ယူခွင့်ရပါတယ်။
ဒါအပြင် တဦးတယောက် က အစားအသောက်နဲ့ ပတ်သက်ပြီး အရေးပေါ် လိုအပ်
နေရင်လည်းသူ့ ကိုကူညီပေးပါတယ်။

အခုအချိန်မှာ ဂျာမနီတနိုင်ငံလုံး Die Tafel ဆိုင်ပေါင်း ၈၈၀ ကျော် ရှိနေပါပြီ။
Die Tafel ဟာ အလှူငွေတွေနဲ့ ရပ်တည်ပါတယ်။ Die Tafel ရဲ့ ဆောင်ပုဒ်ကတော့
လူတိုင်းမှာ မိမိတို့ က ပေးနိုင်တဲ့ အရာတွေရှိပါတယ်တဲ့။ ဒီတော့ မိမိမှာရှိတဲ့ အစား
အသောက်ကအစ၊ Die Tafel မှာသုံးနေတဲ့ ကားတွေပြင်ပေးဖို့ လုပ်အားပေးတာ
အထိ လုပ်ပေးလို့ ရပါတယ်။ အဲ့ဒီအဖွဲ့ မှာ လုပ်နေတဲ့ သူတွေကလည်း ပရဟိတ္တ လုပ်နေ
သူတွေပါပဲ။ ဂျာမနီတနိုင်ငံလုံးမှာ Die Tafel မှာလုပ်အားပေးနေသူပေါင်း ၅၀ ၀၀၀
ရှိပါတယ်။ သူတို့ အပြင် မိမိတို့ အားတဲ့အချိန်တွေမှာ ပစ္စည်းတွေ သယ်ပေးဖို့ 
ကားမောင်းပေးတဲ့သူတွေ၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးနေသူတွေ စသဖြင့်
ထောင့်စုံကကူညီနေသူတွေလည်းရှိပါတယ်။ သူတို့ တွေဟာ မိမိတို့ ရဲ့ အားလပ်ချိန်တွေမှာ
တစ်ပတ်ကို ၊ တစ်လကို ဘယ်နှစ်နာရီ လာကူမယ်ဆိုပြီး လုပ်အားပေးကြပါတယ်။

Die Tafel ကိုစတင်တီထောင်တာကတော့ ၁၉၉၃ မှာ ဘာလင်မြို့ က
Initiativgruppe Berliner Frauen e.V ဆိုတဲ့  အမျိုးသမီး အဖွဲ့  ဖြစ်ပါတယ်။
အိမ်ခြေမဲ့နေတဲ့သူတွေကို ကူညီပေးခဲ့တာကစတင်ခဲ့တာပါ။
၁၉၉၅ မှာတော့ Bundesverband Deutsche Tafel e.V. ကို တည်ထောင်ခဲ့ပါတယ်။

Sunday, 16 October 2011

ကျန်းမာရေးပြခန်းများ... (Bad Krozingen)

ဒီတပတ် ကျမတို့ နေတဲ့မြို့ လေးမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြပွဲလုပ်တာနဲ့ သွားကြည့်
ဖြစ်ပါတယ်။ တခုတလော အလုပ်တွေကများ၊ ရာသီဥတုကလည်း အေးလာတာကြောင့်
လူက ပင်ပန်းနေသလို ကိုယ်ခန္ဓာကလည်းဟိုနားကနာ၊ဒီနားကနာနဲ့ ဆိုတော့ ကျန်းမာရေး
ပြခန်းတွေသွားကြည့်ရတာ ပိုလိုက်ဖက်သွားပါတယ်။


ပြခန်းတွေကို ကျမတို့ မြို့ ရဲ့  အပန်းဖြေပန်းခြံက ခန်းမထဲမှာလုပ်ပါတယ်။ ပြခန်းတွေ ၈၀
လောက်ရှိပါတယ်။ အနီးအနားမှာရှိတဲ့ ဆေးရုံတွေ၊ နာလန်ထ ဆေးရုံတွေ၊ ပုဂ္ဂလိက
ဆေးခန်းတွေ၊ ကျန်းမာရေးအထောက်အကူပစ္စည်းရောင်းတဲ့ဆိုင်တွေ၊ ဓါတ်ခွဲခန်းတွေ၊
အစားအသောက် ရောင်းတာတွေက ပြခန်းတွေဖွင့်ပြီး သက်ဆိုင်တဲ့ သတင်းအချက်အလက်
တွေ ရှင်းပြပေးပါတယ်။



ပြခန်းတွေအပြင် ကျန်းမာရေးဟောပြောပွဲတွေလည်း ရှိပါတယ်။ နှလုံးရောဂါ၊
သွေးတိုးရောဂါ၊ အစာအိမ်လမ်းကြောင်းဆိုင်ရာရောဂါတွေ၊ အရိုးအဆစ်ဆိုင်ရာ
ရောဂါတွေ၊ သွားဘက်ဆိုင်ရာရော ဂါတွေနဲ့ ဆိုင်တဲ့ဟောပြောပွဲတွေကို ဆေးရုံတွေက
ပါမောက္ခတွေ၊ ဆရာဝန်ကြီးတွေလာရောက်ဟောပြောပါတယ်။

ပြခန်းတွေကြည့်ရင်း သွေးစစ်တာတို့ ၊ သွေးတိုင်းတာတို့ ၊ လေ့ကျင့်ခန်းလုပ်တဲ့စက်
တွေကိုစမ်းကြည့်တာတို့ ကိုလည်း အခမဲ့လုပ်ပေးပါတယ်။ မိမိရောဂါနဲ့ ပတ်သက်လို့ 
သိချင်တာတွေကို ပညာရှင်တွေနဲ့ တနေရာထဲမှာ မေးမြန်းဆွေးနွေးလို့ ရပါတယ်။
မိမိနဲ့ သင့်တော်မဲ့ ကုထုံးတွေကိုလည်း ပိုမို နားလည်သိရှိခွင့်ရပါတယ်။

လာကြည့်ကြတဲ့သူတွေကတော့ လူကြီးပိုင်းတွေများပါတယ်။ ကျမကတော့ ဟိုငေး
ဒီမော့နဲ့ လျှောက်ကြည့်ရင်း သွေးလည်းစစ်ခဲ့တယ်။ လေ့ကျင့်ခန်းလုပ်တဲ့ စက်ကို
လည်းစမ်းကြည့်ခဲ့ပါတယ်။ အရိုးအဆစ်နာတာနဲ့ ပတ်သက်တဲ့ ဟောပြောပွဲ၊
တရုတ်တိုင်းရင်းဆေး (TCM) နဲ့ ပတ်သက်တဲ့ဟောပြောပွဲတွေကို နားထောင်ခဲ့
ပါတယ်။ ဒါ့အပြင် မျက်မမြင်တွေဖတ်တဲ့ စာလုံးတွေကိုလည်း လေ့ကျင့်ခဲ့ပြီး၊ အိမ်မှာ
ဆက်လေ့ကျင့်ဖို့  စာရွက်တွေပါယူလာခဲ့ပါတယ်။ အနှိပ်ခံမလားလို့ ကြည့်လိုက်တော့
၁၀မိနစ်ကို ၅ယူရိုတဲ့၊ လူတွေများနေတာနဲ့ အဆင်မပြေခဲ့ပါ။

ကျမတို့ မြို့ မှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ကျန်းမာရေးပြခန်းတွေဟာ ကျန်းမာရေး
လေ့လာလိုက်စားသူတွေအတွက်အလွန်အကျိုးရှိပါတယ်။ မိမိရဲ့ ရောဂါ အကြောင်း၊
ကုထုံးတွေအကြောင်း၊ ကြိုတင်ကာကွယ်ရေးတွေအကြောင်း စတဲ့ အကြောင်းအရာ
များစွာကို တနေရာထဲ တနေ့ ထဲမှာ သိခွင့်ရပါတယ်။

Thursday, 29 September 2011

Kürbisküchlein (ရွှေဖရုံသီးပန်ကိတ်)


Heute habe ich wieder Kürbis gekocht. Das sind Kürbisküchlein.
Es ist schnell und lecker.
Dafür braucht man für 4 Personen:
200 g Mehl (ဂျုံမှုန့် )
1 TL Salz (ဆား)
3 Eier (ကြက်ဥ)
200ml Milch (နွားနို့ )
259 g Kürbisfleisch (ရွှေဖရုံသီးအသား)
1 Bund gehackte Petersilie (parsley)
30 g Butter zum Braten (ထောပတ်)

In einer Schüssel Mehl, Salz, Eier und Milch zu einem
dickflüssigen Teig rühren und dann zugedeckt mindestens 1 Stunde ruhen
lassen.

Das Kürbisfleisch grob raspeln. Mit der Petersilie unter den Teig
mischen.

In einer Pfanne die Butter erhitzen. Jeweils 2 EL Kürbisteig in
der Pfanne zu Küchlein verstreichen und auf beiden Seiten goldbraun
braten. Warm stellen bis alle Küchlein gebraten sind.

Zusammen mit gebratenem Lauch und Zucchini haben wir also
ein vollwertiges Mittagessen genossen.

Man kann das Gericht auch als kleinen Imbiss essen.

အခုတလောရွှေဖရုံသီးတွေပေါတာနဲ့  အိမ်မှာ ရွှေဖရုံသီးခဏခဏချက်ဖြစ်နေပါတယ်။
ဒီနေ့ တော့ ရွှေဖရုံသီးပန်ကိတ်လုပ်ဖြစ်ပါတယ်။ လွယ်လည်းလွယ်၊စားလို့ လည်းကောင်း
ပါတယ်။
ဂျုံ၊ကြက်ဥ၊ဆား၊နို့ တွေကိုရောပြီး ခပ်ပြစ်ပြစ် မွှေထားပြီး တစ်နာရီခန့် အဖုံးအုပ်ထားပါ။

ရွှေဖရုံသီးကို အခွံနွှာ၊ အစေ့တွေဖယ်ပြီး ခြစ်နဲ့  ခြစ်ပါ။ ပြီးရင် မွှေထားတဲ့ ဂျုံအရောထဲ
ထည့်ရောပါ။ parsley ကို နုတ်နုတ်စင်းပြီးထဲ့ပါ။ (ကျမတော့အိမ်မှာ အသင့်မရှိတာနဲ့ 
မထဲ့ထားပါဘူး)


ထောပတ်ကို ဒယ်အိုးအပြားထဲမှာ အပူပေးပါ။ ဂျုံအရောကို ထမင်းစားဇွန်း ၂ဇွန်း
ခန့် ထည့်ပြီး ၂ဘက်စလုံညိုလာတဲ့အထိလှည့်ပေးပါ။
ပြီးသွားတဲ့ ပန်ကိတ်လေးတွေကိုနွေးနေအောင်ထားပါ။ အားလုံးပြီးသွားတဲ့အခါ
ပူပူနွေးနွေးလေးစားလို့ ရတာပေါ့။

ရွှေဖရုံသီးပန်ကိတ်လေးတွေကို ကျမကတော့ အရွက်ကြော်လေးနဲ့ တွဲစားပါတယ်။
ဒီအတိုင်းစားလည်းကောင်းပါတယ်။

Sunday, 25 September 2011

ပျော်ရွှင်ချမ်းမြေ့ပါစေ... ... ...

၂၅.၀၉.၂၀၁၁ ဒီနေ့ တော့ မိတ်ဆွေညီမလေးတယောက် မြန်မာပြည် ပြန်တော့မှာမို့ လို့ 
နှုတ်ဆက်ပွဲလေးလုပ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် သူ ဒီကိုလာတုန်းက ကျမနဲ့ အတူတူ
လေယာဉ်တစ်စီးထဲ။ သူက ကျမတို့ နားက မြို့ မှာနေပါတယ်။ အမြဲတမ်းမတွေ့ ဖြစ်ကြပေမဲ့
အကြောင်းရှိရင်တော့ တွေ့ ကြ၊ပြောကြ၊စားကြနဲ့ ပေါ့။ အခုလိုသူပြန်တော့မယ်ဆိုတော့
လည်း စိတ်ထဲမှာ ၀မ်းနည်းသလိုပါပဲ။ တွေ့ ၊ကြုံ၊ဆုံ၊ကွဲ .... လောကဓမ္မပါပဲလေ။
ကျမတို့ ရန်ကုန်ပြန်တော့လည်းတွေ့ ဖြစ်မှာပဲ၊ အခုလို အင်တာနက်ဆက်သွယ်ရေး
ကောင်းနေတဲ့ခေတ်မှာ ဆက်သွယ်ရတာပိုအဆင်ပြေပါတယ်လေ... ၀မ်းနည်းစိတ်ကို
ဖြေတွေးလိုက်ပါတယ်။
ညီမ.. .. .. ပျော်ရွှင်ချမ်းမြေ့သော အနာဂတ် ကိုရရှိ၊ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်။


ထွေထွေထူးထူး မဟုတ်ပါဘူး။ ခေါက်ဆွဲပြုပ်ပါ။

အချိုပွဲ ကတော့ မုန့် လုံးရေပေါ်

Friday, 23 September 2011

ပုပ်ရဟန်းမင်းကြီးလာရောက်မယ့် Freiburg

24.09.11 -25.09.11 မှာ Freiburg ကို ပုပ်ရဟန်းမင်းကြီး လာပါမယ်။
http://www.papst-in-freiburg.de မှာတော့ ပုံတချို့ ကိုကြည့်လို့ ရပါတယ်။
ပုပ်ရဟန်းမင်းကြီး မလာခင် ၂ပတ်လောက်ကတည်းက လူတိုင်းရဲ့ စကားဝိုင်း
မှာ ဒီအကြောင်းရေပန်းစားနေပါတယ်။ လူ တစ်သိန်းကျော်လောက်လာကြမဲ့
ပွဲမှာ ဘယ်လိုစီစဉ်ကြမှာလဲ၊ ဘာတွေလုပ်ကြမှာလဲ၊ဘယ်တွေကိုသွားလဲ။
ပုပ်ရဟန်းမင်းကြီး ဘယ်မှာတည်းမှာလဲ.....။
လမ်းတွေလည်းပိတ်မယ်။ ဈေးဆိုင်တွေလည်းပိတ်မယ်။ ဘယ်နေရာတွေပိတ်မှာလဲ။
ဘယ်အချိန်အထိလဲ...စသဖြင့် မေးခွန်းတွေများစွာနဲ့  အလုပ်များနေကြပါတယ်။
ဒီအထဲမှာကျမလည်းပါတာပေါ့။ သိချင်တာကို....
လုံခြုံရေးအတွက် လုံခြုံရေးအဖွဲဝင် ၅၀၀၀ ကိုချထားမယ်တဲ့။


အရေးပေါ်ဖုန်းနံပါတ်

လမ်းပိတ်မှာမလို့ လမ်းလွှဲပြထားတာပါ။ Freiburg ကိုလာမဲ့အဝေးပြေးလည်းမကြီးကို ပိတ်ပါမယ်။



လမ်းစုံတွေမှာ ချိတ်ထားတဲ့ လုံခြုံရေး ဇုံနေရာပြပုံပါ။ အနီ၊လိမ္မော်၊ အပြာပါ။ အနီရောင် နေရာ
မှာနေသူတွေဆို ပြူတင်းပေါက်တောင်မဖွင်ရဘူးလို့ သိရပါတယ်။ အပြင်ထွက်ပြီးပြန်ဝင်ရင်
အဲ့ဒီဇုံအတွင်းမှာ နေထိုင်တဲ့ ကဒ်( နေထိုင်ကြောင်းစာရွက်)ကိုပြရပါမယ်။ စက်ဘီးတွေကား
တွေလည်းမ၀င်ရပါ။မြို့ထဲကဆိုင်များလည်းပိတ်ကြရပါတယ်။ ဘတ်စကား၊ဓါတ်ရထားများ
လည်းမထွက်ကြရပါ။




Freiburg မှာလုပ်တဲ့ ပုပ်ရဟန်းမင်းကြီး ၀တ်ပြုပွဲလုပ်မဲ့စင်ပါ။ လူ တစ်သိန်းကျော်လာမယ်လို့ 
တွက်ထားကြပါတယ်။

အမှတ်တရလက်ဆောင်ပစ္စည်းများ ကိုလည်းရောင်းကြပါတယ်။


ခဲဖျက်ပါ။

ရေခဲမုန့် ဆိုင်ကလည်း Papst Benedikt XVI. ရေခဲ့မုန့် ဝယ်လို့ ရသတဲ့။ ဒီနေရာမှာ
http://www.fr-online.de/der-papst-kommt,10846758,10885770.html
တခြားအမှတ်တရပစ္စည်းတွေ ကို ကြည့်လို့ ရပါတယ်။

အဲ့ဒီလို ပုပ်ရဟန်းမင်းကြီးလာလို့ ဝမ်းမြောက်ကြိုဆိုကြသလို သူလာတာကို ကန့် ကွက်
ကြတဲ့အဖွဲ့ တွေလည်းရှိပါသေးတယ်။ http://freiburgohnepapst.de/wp/

ကျမတော့ တီဗီက တိုက်ရိုက်ပြတာပဲကြည့်မှာပါ။ လူတွေကများတော့ သွားလည်း ဘာမှ
မြင်ရမယ်မဟုတ်ပါလား။

Tuesday, 20 September 2011

Friday, 16 September 2011

ဒီရောက်နေတဲ့ သူငယ်ချင်း

ဒီနေ့ ဖုန်းမြည်လို့ ကိုင်လိုက်တော့ ကြားဘူးသလိုရှိတဲ့ အသံကိုကြားလိုက်
ရပါတယ်။ နောက်တော့မှ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကရန်ကုန်မှာသိခဲ့ခင့်ခဲ့ရတဲ့သူ
တစ်ယောက်ဖြစ်နေပါတယ်။ သူက အခု အိမ်ထောင်ကျပြီး ဂျာမနီကိုရောက်နေ
ကြောင်းပြောတော့ ၀မ်းသာ အံသြသွားရပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်ကျော်က သူနဲ့ ကျမ ဂျာမန်သင်တန်းမှာတွေ့ တာပါ။ အဲ့ဒီတုန်းက
ကျမက အမေ့ဆီ ၃လပြန်နေတဲ့အချိန်ပါ။ ဂျာမန်စာမေ့မှာစိုးတာရယ်၊ တစ်ခုခု
လုပ်နေချင်တာရယ်၊မိတ်ဆွေသစ်တွေရချင်တာရယ်ကြောင့် ဂျာမန်စကားပြော
သင်တန်းကို သွားတက်ခဲ့ပါတယ်။ အဲ့ဒီမှာ သူနဲ့ သိခဲ့တာပါ။သူက ကျမထက်အများ
ကြီးငယ်တာပေါ့။

သင်တန်းဆင်းရင် ကျမက ရွှေဧည့်သည် (၁) ကိုစီးပြီးမြေနီကုန်းကို
ပြန်တယ်။ တခါတလေသူလည်းပါတာပေါ့။ရွှေဘုန်းပွင့်ဘုရားကိုသွားကြတယ်။
ပုဇွန်တောင်ဈေးကိုဝင်ကြတယ်။လက်ဖက်ရည်သောက်ကြတယ်။ အဲ့ဒီတုန်းက
စုစုပေါင်း ၅ယောက်အဖွဲ့ ပါ။

ကျမ ဒီကိုပြန်လာတော့ Email တစ်ခါနှစ်ခါပို့ ဖြစ်တယ်။ ရန်ကုန်ရောက်တော့
သူနဲ့ ပြန်တွေ့ ဖြစ်သေးပါတယ်။ သူ့ အိမ်ကိုကျမသွားလည်သလို ကျမဆီလည်း
သူလာလည်တယ်။ သူလက်ဆောင်ပေးထားတဲ့ မြန်မာလုံချည်အပြာလေးတောင်
အိမ်မှာရှိနေသေးတယ်။

ဒီတခါပြန်တော့ သူ တို့ လမ်းထိပ်ကိုရောက်ပြီးမ၀င်ခဲ့ရဘူး။ စိတ်ထဲမှာတော့သတိ
ရနေတယ်။ အခုသူဒီကိုရောက်နေတယ်ဆိုတော့ ကျမအတွက် သူငယ်ချင်း
တစ်ယောက်တိုးတာပေါ့။ ကျမတကယ်ပဲပျော်နေပါတယ်။ သူနဲ့ နေတဲ့နေရာချင်း
မနီးပေမဲ့ တနေ့ တော့ ကျမတို့ တွေ့ ဖြစ်ကြမှာပါ။ စကားတွေအများကြီးပြော၊
အစားတွေအများကြီးစားရင်း.... .... ....

သူငယ်ချင်း အစစအဆင်ပြေ၊ပျော်ရွှင်ချမ်းမြေ့ပါစေ.....

Wednesday, 14 September 2011

မြန်မာ့ယဉ်ကျေးမှုဆိုပဲ

ရန်ကုန်မှာရှိနေချိန်အများစုကကြည်နူးစရာအချိန်တွေပါ။ ဒါအပြင် စိတ်
ကသိကအောက် ဖြစ်ရတဲ့ အချိန်တွေလည်းရှိခဲ့တာပေါ့။
အထူးသဖြင့် အိမ်နီးချင်း
ကြောင့်ဖြစ်ရတဲ့ ဒုက္ခပါ။ ကျမတို့ တိုက်က ရုံးခန်းတွေ
ရော၊ အိမ်ခန်းတွေပါရောနေတယ်။
ကျမတို့ အရှေ့အခန်းက ကုမ္ပဏီရုံးခန်းပါ။ သူတို့ က တ
ံခါးကို အမြဲဖွင့်ထားပြီး
ဝန်ထမ်းတွေ စကားစုပြောကြတာတော်တော်ဆူညံပါတယ်။ ကျမတို့ အခန်းက
သူတို့ ရဲ့စကားသံတွေ၊ရီသံတွေ၊ သီချင်းဆိုသံ၊အော်သ
ံ၊သီချင်းဖွင့်သံ၊ ဖုန်းပြောသံ
တွေကို အကုန်လုံးကိုကြားနေရပါတယ်။ အစပိုင်းတော့ တိုးတိုးပြောကြဖို့ 
ကိုသေ
ာမတ်စ်ကသွားပြောပါတယ်။
၃ရက်လောက်ပြောလည်း မထူးပါဘူး။ ပြောမြဲပြော၊ရီမြဲရီ နေတာပါပဲ။ သူ့ အလုပ်ရှင်
ရှိနေချိန်လောက်ပဲနဲနဲငြိမ်ပါတယ်။


၎ ရက်မြောက်တဲ့နေ့ မှာတော့ သူတို့ ရဲ့ တံခါးကိုပိတ်ဖို့ သွားပြောပါတယ်။ကိုသောမတ်စ်
ပြောတာကိုလည်းနားလည်ပုံမရလို့ သူက တံခါးပိတ်ဖို့ လက်ကိုင်ကိုဆွဲပိတ်ပြပါတယ်။
အဲ့ဒီအချိန်မှာကျမကလည်းအပြင်ရောက်နေပါတယ်။ ကျမပြန်လာတော့ ကိုသောမတ်
အပြင်သွားပါတယ်။ အဲဒီအချိန်မှာ အိမ်ရှေ့ခန်းက အလုပ်ရှင်ရဲ့ အဖေဆိုတဲ့  အသက်
၆၀ ကျော်ခန့်  လူကြီးတံခါးလာခေါက်ပြီ မင်းယောင်္ကျားကိုရဲတိုင်မယ်ဆိုပဲ။
သူ့ အိမ်တံခါးကို လာပိတ်လို့  ပိုင်နက်ကျူးလွန်မှုနဲ့ ရဲတိုင်မယ်ဆိုပဲ။

ကျမက ကျမယောင်္ကျားမရှိကြောင်း၊ပြန်လာရင်သူနဲ့ ပြောရန်ပြောပါတယ်။ မရပါ။
နိုင်ငံခြားသားက လာအနိုင်ကျင့်တာလုံးဝမခံ နိုင်ဘူးဆိုပြီးနိုင်ငံခြားသားမုန်းတီရေး
စပါတယ်။။ ကျမက ဦးလေးတို့ အခန်းကအလွန်ဆူတာကြောင့်သူလာပိတ်ခိုင်းတာနေ
မှာပါ။ တံခါးပိတ်ထားတော့ကျမတို့ နားဆူတာနဲနဲသက်သာတာပေါ့လို့ ပြောမိတယ်။
လူကြီးက ဒါသူ ပိုင်တဲ့အခန်း သူဘာလုပ်လုပ်အော်အော်ဆူဆူ နားငြီးရင် ကိုယ့်အခန်းကို
အင်္ဂျင်နီယာခေါ်ပြီး အသံလုံအောင်လုပ်ဆိုပဲ။ ဒီမှာလာပြီးဗိုလ်ကျလို့ မရဘူးဆိုပဲ။

သူတို့ က မြန်မာ့ယဉ်ကျေးမှု အတိုင်းဆူဆူလောင်လောင်ပဲ နေတယ်တဲ့။ သူတို့ 
စင်္ကာပူသွားလည်း မြန်မာ့ဓလေ့အတိုင်းဆူဆူလောင်လောင်ပဲနေသတဲ့။ အနောက်နိုင်ငံ
မှာသူတို့ အခန်းလိုဆူနေရင်ရဲကိုဖုန်းဆက်တိုင်ပြီးလောက်ပြီတဲ့။(ဒါတော့သိသားပဲ)
ငါးစိမ်းတမ်းလာပြီးငါးညှီနံ့ နံတာကိုလာမပြောနဲ့ ဆိုပဲ။ ကျမက ဦးလေးဘာတွေလာပြော
နေတာလဲ။ ကျမ ဦးလေးနဲ့ ရန်ဖြစ်ရမဲ့သူမဟုတ်ပါဘူးလို့ ပြောလည်းမရ။ ဒေါသတွေနဲ့ 
မဆိုင်တာတွေပြော။ ကျမက ဦးလေးတို့ ဆူညံမှုက တဖက်လူကိုအနှောက်အယှက်ဖြစ်စေ
ပါတယ်။ မြန်မာယဉ်ကျေးမှုမှာ မိမိကြောင့်သူတပါးအနှောက်အယှက်မဖြစ်စေအောင်နေရ
မယ်လိုဆိုထားတာပဲ။

ပြောနေဆိုနေတုန်း ကိုသောမတ်စ်ရောက်လာပါတယ်။ ကျမက အကျိုးအကြောင်းရှင်းပြပါတယ်။
သူက ဟုတ်တယ်။သူပြောတာကို ခင်များဝန်ထမ်းတွေနားလည်ပုံမရတာနဲ့  တံခါးပိတ်ပြတာလို့ 
ပြောပြီးခင်များအလုပ်ကတံခါးဖွင့်လုပ်ရမယ်ဆိုလည်းဖွင့်ပေါ့။ ဒါပေမဲ့ တိုးတိုးသက်သာတော့
ပြောကြပေါ့ပြောပါတယ်။ အဲ့ဒီအခါကျတော့ ဒေါသကြီးနေတဲ့လူကြီးက Please apologise me
and just forget it ဆိုပဲ။
နောက်နေ့ တွေမှာလည်းအဲ့ဒီအခန်းကဆူမြဲပါပဲ။

အဲ့ဒီနေ့ က ကျမစိတ်ပျက်မိပါတယ်။ ကျမငယ်ငယ်ကသိထားတဲ့ စကားတိုးတိုးပြောရမယ်။
စကားအော်ကျယ်ပြောတာရှက်စရာကောင်းကြောင်း (အထူးသဖြင့်မိန်းကလေးတွေ)၊
ခေါ်ကျယ်၊ပြောကျယ်၊ရယ်ချေကျယ်၊သန်းကျယ် ကျယ်ငါးအပယ်သားဆိုတာတွေ ဘယ်လို
ဖြစ်ကုန်ပြီလဲ။ မိမိကြောင့်ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက်မဖြစ်စေနဲ့ ဆိုတဲ့ ဆုံးမ
မှုတွေဘယ်မှာလဲ။ ပိုစိတ်မကောင်းဖြစ်ရတာက ကျမသိထားတဲ့ အဆုံးအမတွေနဲ့ 
ဆန့် ကျင်ဘက်ပြောနေတဲ့သူက လူကြီးအရွယ်။ သူ့ ဝန်ထမ်းတွေဆူညံနေရင်တောင် သူက
ဆုံးမရမဲ့သူ။ အခုတော့ဒီလိုလူကြီးက မဆုံးမတဲ့အပြင် ငါလုပ်ချင်တာလုပ်မယ်၊ ဆူချင်သလို
ဆူမယ်။ဒါဟာ မြန်မာ့ယဉ်ကျေးမှုဆိုပဲ။





မြန်မာ့ယဉ်ကျေးမှုအရ အမှိုက်မပြစ်ရတဲ့နေရာမှာ သူတို့ ချထားတဲ့ပစ္စည်းတွေ ကိုတွေ့ တော့
သြော် သူ တို့ မှာ ...... ....... မရှိဘူးဆိုတာသိလိုက်ရပါတယ်။

အဲ့ဒီနေ့ ကအကြောင်းကို ကျမ လူတွေနဲ့ တွေ့ တိုင်းပြောပြမိတယ်။ မြန်မာ့ယဉ်ကျေးမှုကိုဆွေး
နွေးမိတယ်။ ကိုသောမတ်စ်ကိုတော့ ကျမသိပြီးသူ့ ကိုသင်ထားတာနဲ့ တခြားစီဖြစ်နေတဲ့
မြန်မာ့ယဉ်ကျေးမှုအကြောင်းကိုရှင်းပြမိတယ်။

Tuesday, 13 September 2011

ရန်ကုန်မှဓမ္မမိတ်ဆွေများ

ကျမရဲ့ မိတ်ဆွေတယောက်ဆီက တဆင့် ရန်ကုန်မှာရောက်နေတဲ့ ဂျာမန်
ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအကြောင်းကိုသိရပါတယ်။ အရှင် Hiridhammo ပါ။
ဥုးဇင်းက ကိုသောမတ်စ် တက်ခဲ့တဲ့ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်မှာ ကျောင်း
တက်နေတာပါ။ ဒါနဲ့ ကျမတို့ လည်း ဥုးဇင်းဆီသွားရောက်ခဲ့ပါတယ်။
နောက်နေ့ ကျတော့ ကျမ Emailထဲမှာ ကိုAustin Thet win က သူ့ အသိ
ဂျာမန်ဘုန်းကြီးရှိကြောင်းသွားလည်ဖို့  နှိုးဆော်စာရပါတယ်။ ကျမတို့ က သွားတွေ
့ပြီးကြောင်းနဲ့ ဆွမ်းပင့်ထားကြောင်းစာပြန်လိုက်ပါတယ်။


ဆွမ်းပင့်ထားတဲ့နေ့ ကတော့ တကယ်ကြည်နူးစရာပါ။ ကိုသောမတ်စ်ရဲ့  ဂျာမန် ဧည့်
လမ်းညွှန်မိတ်ဆွေများနဲ့  ရန်ကုန်မှာရှိနေတဲ့ ကျမတို့ မိတ်ဆွေ ဂျာမန်အမျိုးသမီးတယောက်
(မခိုင်)ကိုလည်းဖိတ်ထားပါတယ်။ မခိုင်က လည်းအဲ့ဒီ ဗုဒ္ဓတက္ကသိုလ်ကျောင်းထွက်ပါ။
မြန်မာပြည်မှာနေတာကြာတော့ ဥုးဇင်းကိုအများကြီးရှင်ပြနိုင်ပါတယ်။


ကျမကတော့ သက်သတ်လွတ်ဟင်းများပြင်ဆင်ထားပြီး၊ မုန်လာဥချဉ်ရည်ဟင်း
ချက်ထားပါတယ်။ ကျန်တဲ့ သူငယ်ချင်းတွေက တစ်ယောက်တစ်မျိုးယူလာကြတာ
ဟင်းတွေကိုစုံနေရော။ အချိုပွဲကလည်းကိတ်မုန့် တွေ၊ အသီးတွေစုံလို့ ပါပဲ။


ဥုးဇင်းလည်းဂျာမန်စကားပြော မြန်မာတွေကိုအစုတဝေးတွေ့ လိုက်ရလို့ ဝမ်းသာ
အံ့သြနေပါတယ်။ ကျမတို့ ကလည်း ဥုးဇင်းဆီကသိချင်တာတွေမေးကြ၊ဥုးဇင်း
ကလည်း သူသိချင်တာတွေမေးနဲ့ ... ... ...ဒါနဲ့  ကိုAustin Thet win ရဲ့  Email
အကြောင်းပြောပြတော့ ကမ္ဘာလေးဟာအလွန်ကျဉ်းကြောင်းပြောဖြစ်ပါတယ်။
ကိုAustin Thet win ဟာဥုးဇင်းရဲ့ ဒါယိကာ ဖြစ်နေလို့ ပါပဲ။


ဆွမ်းစားပြီးတော့ ကျမတို့ တွေစားကြပါတယ်။နောက်တော့ မေတ္တာသုတ်ကို
ဂျာမန်ဘာသာနဲ့ ဟောပါတယ်။ ပြီးတော့ရေစက်ချ၊အမျှဝေကြပါတယ်။
တကယ့်ကို ကြည်နူးစရာနေ့ တစ်နေ့ ပါ။


နောက်တစ်ပါးကတော့ ကိုသောမတ်စ် ဗုဒ္ဓဂါယာမှာသိလာတဲ့ သီလရှင်ဆရာလေးပါ။
ဆရာလေးတို့ က ကျမတို့ နားမှာကျောင်းတတ်နေကြလို့ အိမ်ကို မကြာခဏ
ရောက်ပါတယ်။ ဆရာလေးတို့ လာရင် ပဌာန်း ရွတ်ပေးပါတယ်။ တကယ့်ကို
စိတ်ကြည်နူးရပါတယ်။ ဆရာလေးတို့ ရဲ့ ကျောင်းကိုလည်းကျမတို့ သွားလည်ကြပါ
သေးတယ်။

တခါတတော့ ကိုသောမတ်စ် ဗုဒ္ဓဂါယာမှာသိလာတဲ့ မိတ်ဆွေအိမ်က ပဌာန်းပွဲပါ။
ပဌာန်းပွဲကို၅ရက်ကျင်းပပါတယ်။ ဆရာတော်အပါအ၀င် ရဟန်းသံဃာ ၁၄ ပါး
ရွတ်ဖတ်ကြပါတယ်။ ထို ပဌာန်းပွဲကိုလည်း မိတ်ဆွေမိသားစုရဲ့ ဖိတ်ကြားမှုကြောင့်
သွားရောက်နာယူခွင့်ရခဲ့ပါတယ်။ ဆွမ်းကပ်တာကိုလည်းကြည်နူးစွာ ကုသိုလ်ယူ
ခဲ့ရပါတယ်။

တနင်္ဂနွေတစ်မနက်မှာတော့ ကျမတို့  IMC တရားရိပ်သာကိုရောက်ဖြစ်ပါတယ်။
အမေ့ကိုပါခေါ်သွားပြီး စုပေါင်းတရားထိုင်ကြပါတယ်။ အမေလည်းသူ့ ရဲ့ ဓမ္မမိတ်ဆွေ
တွေပြန်တွေ့ ရလို့ ဝမ်းသာနေပါတယ်။

နောက်တယောက်ကတော့ ကျမငယ်ငယ်က တရားဓမ္မနဲ့ ရင်းနှီးလာအောင်လုပ်ပေးခဲ့
တဲ့ ဆရာ ဦးသစ်ဆန်းလွင်ပါ။ ကျမနဲ့  ကိုသောမတ်စ် ဆရာဆီသွာပြီး ကန်တော့ခဲ့ပါတယ်။
ကျမ ၃တန်းကနေ ၉တန်းအထိ လိမ္မာယဉ်ကျေးအောင်သင်ကြားပေးခဲ့တဲ့ဆရာပါ။
ကျမ ၁၀တန်းအောင်ပြီးတော့ ဆရာ့ရဲ့ အဆုံးအမတွေနဲ့ အခိုက်အတန့် ဝေးနေခဲ့ပါတယ်။
အိမ်ထောင်ကျပြီးတော့မှ ဆရာသင်ပေးခဲ့တဲ့ စာတွေဟာ အဖိုးတန်လာခဲ့ပါတယ်။
ကိုသောမတ်စ်ကလည်း သူဟာ တရားထိုင်၊သီလဆောက်တည် တာသာရှိခဲ့ပြီး
ကျမကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့  နေထိုင် ကျင်ကြံရမဲ့ စာရိတ္တသီလကို
ပိုပြီးသိရှိနားလည်လာကြောင်း ဆရာ့ကိုပြောပြပါတယ်။ ဒါကြောင့် သူကလည်း
ဆရာ့ရဲ့  အဆုံးအမကို သွယ်ဝိုက်ပြီးရတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြပါတယ်။


ဆရာကလည်း ကျမတို့ ကို အဖိုးတန်စကားများ လက်ဆောင်ပေးလိုက်ပါတယ်။
စာရိတ္တပညာ အလိမ္မာဝတ်ရွတ်စဉ် စာအုပ်အသစ်လေးကိုလည်း လက်ဆောင်
ပေးလိုက်ပါတယ်။ ကိုသောမတ်စ်က သူ့ ကို ဘာသာပြန်ပေးဖို့  ပြောထားပါတယ်။

ရန်ကုန်မှာရှိနေချိန် အခုလို ကုသိုလ်လေးတွေလုပ်ခွင့်ရတာ တကယ်ဝမ်းသာရပါတယ်။
ဂျာမနီမှာဒီလိုသံဃာတော်ဖူးခွင့်၊ဆွမ်းကပ်ခွင့်၊ပဌာန်းတရားနာခွင့်ရဖို့ ဆိုတာမလွယ်ပါဘူး။
အခုလို ကောင်းမှုတွေလုပ်ခွင့်ရအောင် အစစ စီစဉ် ဆောင်ရွက်ပေးတဲ့ ကိုသောမတ်စ်နဲ့ 
မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ရှင်။

Sunday, 11 September 2011

အမေ...


အမေ နေကောင်းနေတာတွေ့ ရလို့ ဝမ်းသာရပါတယ်။ အသက်ကြီးလာတော့
သတိတွေ ပိုပြီး မေ့တတ်လာတယ်။ ကျမရောက်တော့ သူ့ ကိုကျမတို့ နေတဲ့
အိမ်မှာခေါ်ထားပါတယ်။ နေရာအသစ်မှာ အသားကျဖို့ အမေ့မှာ ၂ရက်လောက်
အချိန်ယူရတယ်။ ညညထရင် သူဘယ်ရောက်နေမှန်းမသိရှာဘူး။ တခါတလေ
သူနဲ့ နေနေတဲ့ ကလေးတွေကိုရှာတတ်တယ်။ ၃ရက်လောက်ကြာတော့မှ အသား
ကျသွားတယ်။
ကိုသောမတ်စ် ကအမေ့ကို ဂရုစိုက်တယ်။ အမေကလည်း သူ့ ကိုတော်တော်လေး
ခင်ပါတယ်။ သူတို့ နှစ်ယောက်အဆင်ပြေကြတော့ကျမလည်း ပျော်တာပေါ့။
ဒီတခေါက်တော့ အမေ့ကို ဘုရားတွေ၊ဘုန်းကြီးကျောင်းတွေတော်တော်လေး
လိုက်ပို့ ပေးဖြစ်ပါတယ်။ အမေကိုတွဲခေါ်ဖို့ လိုတာ ကြောင့် ကိုသောမတ်စ် ပါတော့
ကျမနဲ့ အမေအတွက် အပြင်သွားရတာပိုအဆင်ပြေသွားတာ။


ကျမကတော့ အမေစားချင်တာတွေချက်ပေးတယ်။ အမေ့သွားတွေက စိုက်ထား
တာဆိုတော့ အသားမာရင်၊ အရွက်ကြော်မာရင်မစားနိုင်ရှာဘူးလေ။ ဒီတော့
နေ့ တိုင်းနီးပါး ငါး၊ပုဇွန်၊ပဲပြား၊အာလူး၊ခေါက်ဆွဲစတဲ့ အမေလည်းကြိုက်၊ ပျော့ပျော့
ပျောင်းပျောင်းလည်းရှိတဲ့ဟင်းတွေပဲချက်ဖြစ်ပါတယ်။

အမေက(၇၉)နှစ်ရှိပြီ။ သူ့ ဆံပင်တွေကသန်တုန်းပဲ။ အမြဲတမ်းဆံထုံး ထုံးတုန်းပဲ။
တိုတိုညှပ်ဖို့ ပြောတော့ ကျမစိတ်ကျေနပ်အောင် နဲနဲတိခွင့်ပေးရှာတယ်။

အမေကငယ်ငယ်တုန်းကဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်ရတာကြိုက်တယ်လေ။
ကျမကတော့ထိုင်လေ့မရှိဘူး။ အခုတော့ ကိုသောမတ်စ် နဲ့ နေ့ လည်ဆို လက်ဖက်ရည်
ဆိုင်သွားထိုင်ကြတယ်။ ကိုသောမတ်စ်ကလည်းစိတ်ရှည်လက်ရှည်နဲ့ အမေ့ကို
ခေါ်သွားတယ်။ လက်ဖက်ရည်ဆိုင်ကပြန်လာရင် အမေ့မျက်နှာကပြုံးနေရော။

ကျမတို့ အပြင်သွားရင်အမေ့ကိုခေါ်သွားလို့ ရတဲ့နေရာဆိုရင်ခေါ်သွားလေ့ရှိပါတယ်။
တချို့ နေရာတွေကြတော့ ခေါ်လို့ မဖြစ်ပြန်ဘူး။ သွားလည်ရမဲ့နေရာက ၄ထပ်၊၅ထပ်
တို ၊့ ဟိုနားဒီနားဈေးဝယ်သွားတာတို့ ဆိုရင်အိမ်မှာ အမေ့ကို တယောက်ထဲထားခဲ့ရတယ်။
အမေက နေ့ ခင်းပိုင်းဆိုတယောက်ထဲနေခဲ့ရတာအဆင်ပြေပေမဲ့ ညနေစောင်းဆိုရင်
ကြောက်တတ်တယ်။ ကျမတို့ ပြန်မလာရင်စိတ်ပူတတ်တယ်။ သူ့ ကိုဘယ်သွားမယ်လို့ 
ပြောခဲ့ပေမဲ့ မေ့သွားတတ်တယ်။ ဒီတော့ ဘယ်သွားမယ်ဆိုတာစာရေးထားခဲ့ရတယ်။
ကျမတို့ ပြန်လာတိုင်းသူပြောလေ့ရှိတာက နင်တို့ ဘယ်တုန်းကထွက်သွားတာလဲ၊
ငါအိပ်ပျော်နေလို့ မသိလိုက်ဘူးတဲ့။ တကယ်တော့သူမေ့သွားတာပါ။
အမေကပြောတယ် တခါတခါ အိပ်ပျော်သွားသလိုပဲ အကြောင်းအရာတွေကို မသိလိုက်
တော့ဘူးတဲ့။

ညနေစောင်းသွားစရာရှိရင် ကျမနဲ့ ကိုသောမတ်စ် တလှည့်ဆီထွက်ရတယ်။ ကျမနောက်
ကျရင်အမေက ကိုသောမတ်စ်ကို ကျမကိုသွားရှာ ခိုင်းလေ့ရှိတယ်။
ကျမလည်း အပြင်ရောက်တာနဲ့ အိမ်ပဲပြန်ဖို့ စိတ်စောနေတာပဲ။ အကြောင်းသိကြတဲ့
သူငယ်ချင်းတွေက ကျမကိုလာတွေ့ ကြတယ်။ သူတို့ ကိုကျမတကယ်ကျေးဇူးတင်မိပါတယ်။
ကျမကို မအားတဲ့ကြားက အချိန်ပေးပြီးလာတွေ့ လို့ ပါ။

ကိုသောမတ်စ်က ၄ရက်စောပြီး ဘန်ကောက်ကိုသွားပါတယ်။ အမေ့မှာ ကိုသောမတ်စ်
ပျောက်သွားလို့ လိုက်ရှာနေရှာတယ်။ ၂ရက်လောက်ကြာမှာ သူမှတ်မိသွားတယ်။
အခုကျမပြန်လာတော့လည်းသူကျမကိုရှာနေမှာ။

ကိုသောမတ်စ် ပြန်သွားပြီး ကျမတို့ အိမ်က ဓါတ်လှေကားတစ်စီးကပျက်ပါတယ်။
တပတ်လောက်ကြာမယ်ဆိုတာနဲ့ အမေ့ကို သူ့ အိမ်ကိုပြန်ပို့ ဖို့ စီစဉ်ရပါတယ်။
အမေ့ကိုပြန်ပို့ ပြီး ကျမရဲ့ အိမ်ကိုပြန်တော့ အမေက ကျမကိုစိတ်ပူနေရှာတယ်။
ကျမတယောက်ထဲအိပ်လို့ ဖြစ်ပါ့မလားပေါ့။
သူ့ ကိုကျမဆီပြန်ပို့ ပေးပို့ ပြောနေရှာတယ်။ ဓါတ်လှေကားက ညနေကျတော့
ပြန်ကောင်းလာတာနဲ့ ကျမလည်းအမေ့ကိုပြေးသွားခေါ်လိုက်တယ်။ အမေကလေ
ကျမသူ့ ကိုလာခေါ်တော့ပျော်နေလိုက်တာ။ သူခမျာကျမရှိနေချိန်မှာ ကျမအနားမှာ
အချိန်ပြည့်နေချင်တာတဲ့။ ကျမစိတ်မကောင်းဖြစ်ရပါတယ်။

ကျမပြန်လာတော့ သြော် တစ်နှစ်တော့ပြီးသွားပြန်ပြီလို့ အမေကပြောရှာတယ်။
လာမယ်ဆိုရင်ပျော်ရသလို ပြန်မယ်ဆိုတော့လည်းစိတ်မကောင်းဘူးတဲ့။
ကျမလည်းအမေ့ကို အဝေးမှာထားခဲ့ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဂျာမနီရောက်လို့ 
ဖုန်းဆက်တော့ အမေ့အိမ်ကဖုန်းကပျက်နေလို့ ခေါ်မရပြန်ဘူး။ အဒေါ်ဆီဖုန်းဆက်ပြီး
ကျမကောင်းမွန်စွာရောက်ကြောင်းသတင်းပေးခိုင်းလိုက်ရပါတယ်။
အမေ ကျန်းမာပါစေ။

အမေ့ဆီက အပြန်

မနေ့ ည ကရန်ကုန်ကပြန်ရောက်ပါတယ်။ ရန်ကုန်မှာ ရှိနေချိန်အတွင်းမှာ
အစစ ကူညီ ကြတဲ့မိတ်ဆွေသူငယ်ချင်းများ၊ မအားတဲ့ကြားက အချိန်ပေးပြီး
လာလည်ကြတဲ့မိတ်ဆွေ၊သူငယ်ချင်းများ အားလုံးကို အထူးကျေးဇူးတင်
ပါတယ်။ ပျော်ရွင်စရာရက်တွေ ကို အမှတ်ရနေမှာပါ။
နောက်နေ့ မှပဲ ကြုံခဲ့ တာလေးတွေရေးတော့မယ်နော်။

ဘလော့ သူငယ်ချင်းများကိုလည်း သတိရနေမိပါတယ်။

Sunday, 7 August 2011

အမေ့ဆီသို့ 

ကျမအလာကိုစောင့်နေတဲ့ အမေ့ဆီ သွားရတော့မယ်ဆိုတော့ စိတ်ထဲမှာ
ပျော်နေတာပါ။ အမေကလည်းကျမလိုပဲပျော်နေမှာပါ။ သူကပိုလို့ တောင်ပျော်မှာ။
အမေက အသက်ကြီးလာတာနဲ့ အမျှ ကျမကိုသူ့ အနားမှာနေစေချင်လာတယ်။
ဒီကိုရောက်စက လူကြီးမိဘတွေနားမှာ သားသမီးတွေမနေကြပဲ အထီးကျန်
ဆန်နေကြတာတွေ့ ရတော့ နားမလည်ခဲ့မိဘူး။ အခုတော့ ကျမလည်း
သူတို့ လိုဖြစ်နေပြီလေ။ ကျမကိုလည်း တချို့ က နားလည်ကြပါ့မလာပဲ။

အိမ်ပြန်ရမယ်ဆိုတော့ ပြင်ဆင်ရတာတွေကလည်းအများသားပဲ။ ဒီကြားထဲ
အလုပ်မှာက လုပ်စရာတွေများ၊ ကျမကသူများတွေထက်တစ်ပတ်ခွင့်စောပြီး
ယူလိုက်တော့ လုပ်စရာတွေပြီးအောင်လုပ်ပေးနေရတယ်။ တနေ့ တနေ့ 
အချိန်ပိုတောင်ဆင်းနေရတော့ ရန်ကုန်အတွက် ဈေးဝယ်ချိန်တောင်သိပ်မရှိ
လိုက်ဘူး။

ဒီတခါတော့ ကျမတို့ နှစ်ယောက်စလုံးပြန်ကြမှာဆိုတော့ လမ်းခရီးမှာ
သိပ်စိတ်မပင်ပန်းဘူးပေါ့။ ကိုသောမတ်စ်လည်း ရန်ကုန်ပြန်ရမယ်ဆို
ပျော်နေရော။ ဟိုရောက်ရင် တွေ့ ဖြစ်ကြမယ့်သူငယ်ချင်းတွေရဲ့ စာရင်း
ကတော့ အသင့်ဖြစ်နေပါပြီ။

နောက်တပတ်ဒီအချိန်ဆိုရင်တော့ အမေ့နားမှာရောက်နေမှာ။ ဘလော့
သူငယ်ချင်းတွေကိုတော့ နှုတ်ဆက်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ဒီကြားထဲ
ရန်ကုန်ကို ရောက်ဖြစ်မယ်ဆိုရင်ကျမတို့ နဲ့ တွေ့ ကြတာပေါ့။

Thursday, 4 August 2011

ယနေ့ ကြုံရတာ

ဒီနေ့ ဒေါသထွက်မိတယ်။ အလုပ်ထဲမှာပါ။ ကျမတို့ အလုပ်မှာ ပင်စင်ယူ
ပြီးတဲ့နောက် တစ်ပတ် ၂ရက် (တစ်ပတ် ၈နာရီ) လာလုပ်နေတဲ့ အမျိုးသမီး
တစ်ယောက်ရှိပါတယ်။ သူဟာ အခုဆိုရင် အသက် ၆၅ နှစ်ကျော်လာပါပြီ။
သူရှိတဲ့အတွက် ကျမအဖို့ ဂျာမနီနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီး
ရခဲ့ပါတယ်။ ကိတ်မုန့် ဖုတ်တာ၊ဟင်းချက်တာကအစမေးလို့ ရသလို၊
စိတ်ရှည်စွာနဲ့ လည်းရှင်းပြတတ်ပါတယ်။

အခုတလောသူဟာ စိတ်တိုလာတာတွေ့ ရတယ်။ တခုခုပြောရင်သူ့ ကို
စောင်းပြောတယ်ထင်လာတတ်တယ်။ သူ့ အတွေးထဲမှာဘာဖြစ်နေမှန်းမသိပေမဲ့
သူ့ စိတ်တွေလှုတ်ရှားပြီး ပျာယာခတ်နေတာ တွေ့ ရတယ်။ လူတွေ ရှေ့မှာ
သူအရေးပါတာကို ပြချင်လာတာတွေ့ ရပြီး။ သူများတွေအလုပ်များနေလို့ 
သူ့ ကိုစကားမပြောနိုင်ရင် သူ့ ကိုစိတ်ဆိုးတယ်လို့ ထင်နေပြန်ရော။

အခုတလောအလုပ်မှာက တော်တော်လေးအလုပ်ပိနေတော့ လူတွေဟာ
ပင်ပန်းနေကြတယ်။ ဘာမဟုတ်တာလေးတွေမှာ နားလည်မှုတွေလွဲတတ်
ကြတယ်။ အလွန်သတိထားနေပါတယ်ဆိုမှ ဒီနေ့ တော့ ကျမတို့  သူနဲ့ ထိတ်
တိုက်တိုးပါရော။

လူနာတွေကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခု လုပ်ပါတယ်။ ကြာချိန်က
၂၇ မိနစ်ပါ။ အဲ့ဒီစမ်းသပ်မှုထဲမှာ အဆင့်(၃)ဆင့်ပါပါတယ်။ လူနာက ကွန်ပြူ
တာထဲကညွှန်ကြားချက်အတိုင်းလုပ်ရမှာပါ။ ဒီနေ့ သူ ဟာလူနာ တစ်ယောက်
နဲ့  အဲ့ဒီစမ်းသပ်မှုကိုလုပ်ပါတယ်။ မိနစ် (၅၀)ကျော်ကြာပါတယ်။ အပြင်မှာ
စောင့်နေ တဲ့သူတွေ ထပ်ကုန်တာပေါ့။ ဆရာဝန်ကလည်း ဘာလို့ ကြနေတာလဲ
သွားကြည့်ပါဆိုလို့ ဝင်ကြည့်ပေးပါသေးတယ်။ အဲ့ဒီလူနာပြီးသွားတော့
နောက်လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်က ကြာတယ်လို့ ပြောလို့ သူနဲ့ 
စကားများကြတယ်။
ကျမကတော့ ဘာလို့ ကြာတာလဲဆိုတာအဖြေထုတ်ဖို့  ကွန်ပြူတာရှေ့ရောက်
နေပါတယ်။ အဲ့ဒီ ပရိုဂရမ်က ကျမတင်ထားတာဆိုတော့ ကျမများ မှားရေးထား
မလားလို့ သွားစစ်တာပါ။ ပရိုဂရမ်က ၂၇ မိနစ်စာပဲ ရေးထာတာတွေ့ ပါတယ်။
အဲ့ဒီအချိန်မှာ သူရောက်လာပြီး ကျမကို ဆက်ရမ်းပါတော့တယ်။ ကျမကသူ
လုပ်တာမှန်မမှန် စစ်တယ်ပေါ့။ ဘာပေါ့၊ညာပေါ့လေ။
ကျမက ရှင့်အမှားကိုစစ်တာမဟုတ်၊ကျမမှားရေးထားသလားလို့ုစစ်တာလို့ ပြော
တာလည်းမရ၊ သူ့ ခမျာဒေါသတွေထွက်နေရှာရော။
ကျမတို့ လည်း ဆက်မပြောတော့ပဲရှောင်ထွက်လာခဲ့ကြတယ်။

တကယ်တော့ သူက လူနာတွေကို ရှင်းပြလိုက်၊ပြန်လုပ်လိုက်၊လုပ်နေတာကို။
ဒါကြောင့်အချိန်တွေက ပေးထားတဲ့အချိန်ထက်ကြာနေတာ။
ဆရာဝန်ကိုတော့ဒီနေ့ အဲ့ဒီအကြောင်းဆက်မဆွေးနွေးဖို့ ပြောထားတယ်။
ဒီနေ့ လူနာတွေအကုန်လုံး မှန်းထားချိန်ထက်ကြာကုန်တယ်။

ပေးထားတဲ့ညွှန်ကြားချက်အတိုင်းမလုပ်ပဲ၊ ငါလုပ်ချင်တာလုပ်မယ်ဆိုရင် အတူတူ
တွဲလုပ်ရတာပျော်စရာမကောင်းတော့ပါ။ ဒါ့အပြင်လူနာအတွက် ရလာမဲ့ ရလဒ်တွေ
ကရော မှန်နိုင်ပါ့မလား။

နောက်နေ့ မှ ဆရာဝန်တွေကြည့်ပြီးပြောကြပစေတော့၊ ကျမတို့ တော့ လက်ရှောင်
နေလိုက်ပါတယ်။

Sunday, 31 July 2011

အိမ်လည်ထွက်ခြင်း

တနေ့ က ဧည့်သည်ပြန်သွားပြီးနောက်နေ့ မှာပဲ ကျမကိုယ်တိုင်ဧည့်သည်
အဖြစ်နဲ့ အိမ်လည်ထွက်ခဲ့ပါတယ်။ သူနဲ့ ကျမ မတွေ့ တာကြာပါပြီ၊ ကျောင်း
မှာအတူတူပညာသင်ခဲ့ကြတာဆိုပေမဲ့ သူကကျမထက် တစ်တန်းငယ်ပါတယ်။
ကျမတို့ ဌာနက လူကလည်းနည်းတော့ တစ်တန်းနဲ့ တစ်တန်း ခင်မင်ကြပါတယ်။
ညီအစ်မတွေ၊မောင်နှမတွေလိုပဲချစ်ကြတယ်။ ကူညီကြတယ်။
အခုလိုရေခြားမြေခြားမှာပြန်ဆုံရလို့ ဝမ်းသာရပါတယ်။ သူက ဒီမှာခဏ
သာနေမှာဆိုတော့ မမျှော်လင်ပဲတွေ့ ခွင်ရလို့ ပိုဝမ်းသာရပါတယ်။

သူငယ်ချင်းတွေ တစ်ယောက်တစ်နေရာမှာရောက်နေကြတော့ ပြန်တွေ့ ဖို့ ဆိုတာ
တကယ်မလွယ်တော့တာပါ။

ငယ်ငယ်ကရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း အများကြီးရီခဲ့ရတယ်။
တစ်ယောက်နဲ့တစ်ယောက် လေးစားမှု၊ညှာတာမှုတွေနဲ့ တကယ့်ကို ပျော်
ခဲ့ရတဲ့ ရက်လေးတွေပါ။

သူက ဟင်းတွေမျိုးစုံအောင်ချက်ကျွေး၊ ကျမက အားရပါးရစား၊ စကားတွေ
ပြော၊ သီချင်းတွေနားထောင်၊ အိပ်လိုက်စားလိုက်နဲ့ ... ... ...

သူငယ်ချင်းရေ.. .. .. ဧည့်ဝတ်ကျေလှတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။
စိတ်ပျှော်ရွှင်မှုတွေ ရလို့ လည်းကျေးဇူးတင်ပါတယ်။
တစ်နေ့ နေ့  တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်ဆုံချင်ပါသေးတယ်။
နောက်တခါတော့ ကျမ ဧည်ဝတ်ပြုပါရစေနော်။

Sunday, 24 July 2011

ဧည့်သည်

ဧည်သည်... ... ... သူမလာခင်မျှော်ရ
သူ့ အတွက်ပြင်ရဆင်ရ၊
လာတော့မယ်ဆိုတော့ ပျှော်ရ၊

ဧည့်သည်... ... ... သူရှိနေတော့ စကားတွေပြောကြ၊
ရယ်ကြမောကြ၊ ဟိုနားဒီနားလျှောက်လည်ကြ၊
ဟိုဟိုဒီဒီဈေးဝယ်ထွက်ကြ၊
ဖွယ်ဖွယ်ရာရာချက်စားကြ၊ မြည်းကြ၊စမ်းကြ၊
စကားတွေ ဟိုရောက်ဒီရောက် ပြောကြ၊မေးကြ၊

ဧည့်သည်... ... ... သူပြန်သွားတော့ စိတ်ထဲမှာဟာတာတာ၊
နေရတာ တစ်ခုခုလိုနေသလို၊ စားရတာ အရသာမရှိတော့သလို၊
သူ့ အသံပဲကြားနေသလို၊ သူ့ မျက်နှာပဲမြင်နေသလို၊
စိတ်ထဲမှာလွမ်းသလိုလို...

ဧည့်သည်... ... ... အချိန်တန်လို့ အိမ်ပြန်သွားတဲ့သူကတော့
သူ့ အိမ်ပြန်ရလို့ ပျှော်နေပေမဲ့၊ ကျန်ခဲ့တဲ့ သူမှာတော့
တစ်ရက်နှစ်ရက်နေလို့ မသာဘူးကွယ်။

ဧည့်သည်... ... ... ကျမတို့ ဆီအချိန်ပေးပြီး
တကူးတက လာလည်ပေးလို့  အတိုင်းမသိ
ကျေးဇူးတင်မိပါတယ်။
နောင်လည်း အချိန်ရရင် တစ်ခေါက်လောက်
လာလည်ပါအုံးနော်။

Monday, 11 July 2011

ကျေးဇူးပါ ...Kyaw Hnin Se Lwin

တကယ်တော့ .Kyaw Hnin Se Lwin ရေးထားတဲ့ ဂျပန်စတိုင်ကြက်ဥကြော်နည်း
အကြောင်းဖတ်ပြီး ကတည်းကရောဂါထနေတာပါ။ အိမ်မှာရှိတဲ့ ဒယ်အိုးအ၀ိုင်းနဲ့ 
လုပ်ကြည့်ပေမဲ့ ဒီ Tamagoyaki ဒယ်အိုးကို လိုက်ရှာနေတာ။ အင်တာနက်မှာ
ဈေးတွေကလည်းကြီးတာနဲ့  မ၀ယ်ဖြစ်ခဲ့တာ။ ဒီနေ့ အလုပ်မှာ စကားစပ်မိရာက
ရောဂါပြန်ထလာတာနဲ့  အာရှဆိုင်တစ်ဆိုင်ကို အပြေးသွားရှာတော့ တွေ့ ပါပြီ
Tamagoyaki ဒယ်အိုး။ ၁၆ ယူရို ၉၆ ဆင့် ပါ။ အိုးက သေးသေးပါပဲ။ ကြက်ဥ ၂လုံးစာ
လောက်ပဲရပါတယ်။ အိမ်အပြန်လမ်းမှာ ဒယ်အိုးတကိုင်ကိုင်နဲ့ ပျော်ရွှင်စွာပြန်လာ
ခဲ့ပါတယ်။
ဒီမှာဒယ်အိုးသားလေးပါ။
လက်စွမ်းပြလိုက်တာ နဲနဲ ညိုသွားသလားလို့ ....

စားတော့မယ် အဆင်သင်ပဲ။
လုပ်ကြည့်ချင်တာလုပ်ကြည့်ရလို့ ပျော်နေပါတယ်။ စားလို့ လည်းကောင်းပါတယ်။
ကျေးဇူးအထူးတင်ပါတယ် Kyaw Hnin Se Lwin ရှင့်.....

Saturday, 9 July 2011

ဒီတစ်ပတ်မှာ... ... ...

ဒီတစ်ပတ်တော့ ကိုသောမတ်စ် တရားစခန်းဝင်နေလို့  ကျမတစ်ယောက်
ထဲပေါ့။ သောကြာနေ့ အလုပ်အပြန်တာနဲ့  အာရှဆိုင်ပြေး စားချင်တာတွေ
ဝင်ဝယ်လာခဲ့တယ်။ အမဲပုဆိုးကြမ်းရတာနဲ့ ၊ အမဲနံရိုး၊ အမဲသားလုံးလုပ်ဖို့ 
အသားစင်းထားတာတွေဝယ်လာခဲ့တယ်။ အိမ်ရောက်တော့ အချိန်ယူပြီး
အမဲသားစွပ်ပြုတ်အိုးကို ပြင်ဆင်ချက်ပြုတ်စားလိုက်တာ၊ ကောင်းလိုက်တာ။
ရန်ကုန်မှာ စားမယ်လို့ အားခဲထားတဲ့ အမဲအူပြုတ်ကို မစားခဲ့ရလို့  အတိုးချ
စားမလို့ လေ။ ရန်ကုန်ကဆိုင်လက်ရာကိုတော့ဘယ်မီပါ့မလဲ၊ ဟိုမှာက
အစုံပါတယ်။ အခုတော့ ရှိတာလေးနဲ့ ပဲ.......။

ညနေကြတော့ ကျမတို့ မြို့ မှာ Samba Night ဆိုပြီး ဘရာဇီးနိုင်ငံကအက
တွေ၊သီချင်းတွေနဲ့ ပွဲလုပ်တယ်။ ဆိုင်တွေဆိုရင်ည ၂၃နာရီ (ည၁၁နာရီ)
အထိဖွင့်တယ်လေ။ ကျမကတော့ ညနေ ၈နာရီလောက်သွားငေးလိုက်
သေးတယ်။ ဆိုင်တွေဖွင့်ထားတော့ ဟိုငေး၊ဒီငေးပေါ့။

ဒီနေ့  စနေနေ့ တော့ မနက်စာကို ပဲပလာတာနဲ့ ကော်ဖီစားပြီးဇိမ်ယူလိုက်ပါ
တယ်။ အမေ့ဆီဖုန်းဆက်၊အ၀တ်တွေလျှော်၊ အိမ်နဲနဲရှင်း၊ နောက်ကြောနာနေ
တာနဲ့  ကိကိလေးဘလော့ထဲကလေ့ကျင့်ခန်းလိုက်လုပ်၊ အလှပြင်ပြီး မြို့ 
ထဲသွား... ... ...။

ဝယ်စရာကလည်းသိပ်မရှိပါဘူး။ အမေ့အတွက်ရေမွှေးတစ်ပုလင်း၊ သူငယ်ချင်း
တယောက်အတွက် အားကစားလုပ်တဲ့ DVDတစ်ခွေ၊ ကျမငယ်ငယ်ကဓါတ်ပုံ
လေးထဲ့ဖို့ မှန်ဘောင်တစ်ခု၊ ချက်ပြုတ်ရင်းထွက်လာတဲ့အနံ့ တွေကို နှိမ်နင်း
ဖို့  စပရေးဘူးတစ်ဘူး၊ အလှပြင်ပစ္စည်းလေးတစ်ခု... ၀ယ်လာခဲ့ပါတယ်။

နေကလည်းအလွန်ပူပါတယ်။ နေပူရင်ထီးဆောင်းဖို့ သတိပေးလေ့ရှိတဲ့အမေ့
ကိုသတိရမိသေးတယ်။ ဒီကလူတွေက နေပူထဲမှာထီးမဆောင်းကြသလို၊ဆောင်းတဲ့
သူကိုလည်း ခပ်ကြောင်ကြောင်လို့ သဘောထားပြီးကြည့်ကြသေးတယ်။
လမ်းမှာ တရုတ်မလေးတစ်ယောက်တော့ထီးဆောင်းပြီးသွားနေတာတွေ့ ခဲ့တယ်။

အိမ်ပြန်ရောက်တော့ ဆန်ခေါက်ဆွဲသုပ်နဲ့ အမဲစွပ်ပြုတ်လက်ကျန်ရှင်းလိုက်ပါတယ်။
အချိုပွဲကတော့ အုန်းနို့ သာကူပါ။ စားသောက်ပြီး အင်တာနက်ဝင်၊ဟိုကြည့်ဒီကြည့်၊
ပြီတော့အိပ်လိုက်တာ... တစ်နာရီလောက်ကြာတယ်။ အိမ်မက်ထဲမှာ ရန်ကုန်ရောက်
နေသေးတယ်။ ပြောင်းဖူးပြုတ်ဝယ်ထားတာရှိနေလို့  စားလိုက်တယ်။ လတ်လတ် ဆပ်ဆပ်ပြုတ်ထားတာမဟုတ်ပေမဲ့ စားလို့ ဖြစ်ပါတယ်။
(မနက်ဖြန်တော့ ၀မ်းနှုတ်ဆေးသောက်ရမယ်ထင်တယ်။)
ဒီညနေ တော့ သူငယ်ချင်းဆီဖုန်းဆက်ပြီး တစ်ပတ်စာရင်ဖွင့်လိုက်အုံးမယ်။
သီချင်းနားထောင်မယ်။....

မနက်ဖြန်တော့ မီးပူတိုက်၊ အိမ်သန့် ရှင်းရေးလူသန့် ရှင်းရေးလုပ်ရင်း အချိန်ကုန်
မယ်ထင်ပါတယ်။

တခါတလေ တယောက်ထဲနေရတာ ကောင်းသားပဲနော်။ လုပ်ချင်တာတွေကို၊
လုပ်ချင်တဲ့အချိန်မှာလုပ်လို့ ရတာကိုတော့ သဘောကျမိသား။
ရက်ကြာလာရင်တော့... ... ... မပြောတတ်ပါ။

Sunday, 3 July 2011

ဓမ္မမိတ်ဆွေ


မနေ့ က စိတ်ဝင်စားစရာကောင်းတဲ့ တွေဆုံပွဲတစ်ခုကိုရောက်ဖြစ်ပါတယ်။
အဲ့ဒီပွဲလေးကို လာရောက်တဲ့သူတွေကတော့ ဂျာမန်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။
စုစုပေါင်း အယောက် ၂၀ခန့် ဓမ္မမိတ်ဆွေ တယောက်အိမ်မှာ တွေ့ ကြတာပါ။
အဲ့ဒီပွဲကို သွားရတဲ့အကြောင်းကတော့ ကျမနဲ့ ကိုသောမတ်စ်တို့ လေးစားရတဲ့၊
ဗုဒ္ဓဘာသာစာအုပ်တွေကို ဂျာမန်လိုရေးနေတဲ့ စာရေးဆရာကြီး နဲ့ တွေ့ ပြီး
ဂါရ၀ ပြုဖို့ ပါ။

တခါက ဓမ္မစာအုပ်တစ်အုပ် ၀ယ်ဖြစ်ပါတယ်။ စာရေးတဲ့သူက (ဦး)Fritz Schäfer
ဖြစ်ပြီး ခေါင်းစဉ်ကတော့ "Der Buddha sprach nicht nur für Mönche und Nonnen"
ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ "ဘုရားဟောခဲ့တာတွေဟာ ဘုန်းကြီးတွေ သီလရှင်တွေ
အတွက်ပဲမဟုတ်ပါဘူး"လို့ ဆိုပါတယ်။ စာမျက်နှာ ၈၈၀ ရှိပါတယ်။ စာရေးသူဟာ
ဂျာမနီနိုင်ငံမှာ အစောပိုင်း ဗုဒ္ဓဘာသာ နဲ့ ပတ်သက်တဲ့ ကျော်ကြားတဲ့ ပညာရှင်
တစ်ယောက်ပါ။ သူဟာ အရင်က ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပါဠိစာပေကို
ကိုယ်တိုင်လေ့လာခဲ့သူတစ်ဦးပါ။ စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ပါ။
အထူးသဖြင့် ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြတဲ့သူတွေအတွက် အခြေခံသိသင့်
သိထိုက်တာတွေပါလို့ အလွန်အဖိုးတန်တဲ့ စာအုပ်တစ်အုပ်ပါ။

ကျမတို့ က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ် ရတနာသုံးပါးဆုံးမမှုတွေနဲ့ ကြီးပြင်း
လာရတော့ အခြေခံသဘောထားတွေကို သိနေပေမဲ့ သူတို့ တွေကတော့ ဒါတွေကို
သိအောင်ပြန်လုပ်ရပါတယ်။ ဟောပြောညွှန်ပြပေးမဲ့ သံဃာတော်တွေကလည်းမရှိလေ
တော့ တော်တော်အချိန်ယူလေ့လာကြရပါတယ်။

မနေ့ ကပွဲမှာတော့ အသက် ၈၈နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ (ဦး) Fritz Schäfer
လာပါတယ်။
ဒီအဖွဲလေးဟာ တစ်လတစ်ကြိမ်တွေ့ ကြပြီး တရားဆွေးနွေးကြတာပါ။ ပထမပိုင်း
(ဦး)Fritz Schäfer က သူ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ Realität nach der Lehre des
Buddha
စာအုပ်ထဲက စာတွေဖတ်ပြပါတယ်။ နောက် အားလပ်ချိန်မှာ လာရောက်
သူတွေ အတွက်စားစရာလေးတွေချထားပေးပြီးစားရင်းသောက်ရင်း မိတ်ဖွဲ့ ကြ၊
ဆွေးနွေးကြ၊ အတွေ့ အကြုံတွေ ဖလှယ်ကြပါတယ်။ နောက်တော့

(ဦး) Fritz Schäfer ကစာကိုအပြီးသတ်ဖတ်ပြီး ကျန်တဲ့သူတွေက နားမလည်
တာတွေကို မေးကြ၊ဆွေးနွေးကြပါတယ်။
သူတို့ မေးတာတွေက နေ့ စဉ်ကြုံနေရတဲ့ ကိစ္စတွေထဲမှာ တရားသဘောနဲ့ ဘယ်လို
ဆင်ချင်ပြီးနေဖြစ်တယ်၊ နေရမယ်ဆိုတာတွေ ပြောကြဆွေးနွေးကြပါတယ်။
စိတ်ဝင်စားစရာပါ။

အသက် ၈၈နှစ်အရွယ် (ဦး) Fritz Schäfer ဟာ လူရောစိတ်ပါကျန်းမာလျှက်ပါပဲ။
အေးချမ်းဖေါ်ရွေတဲ့မျက်နှာရှိပြီး အလွန်သဘောကောင်းပါတယ်။ သူ့ ကို့ တွေ့ ခွင့်၊
စကားပြောခွင့်ရလို့ ကျမတို့ အလွန်ဝမ်းသာမိပါတယ်။
သူအပါအ၀င် တခြားဓမ္မမိတ်ဆွေ အသစ်များရရှိလို့  မနေ့ က ကျမအတွက်
မင်္ဂလာရှိတဲ့နေ့ တစ်နေ့ ပါ။